ေရွးဆရာေတာ္ႀကီးမ်ားႏွင့္ ျမန္မာျပည္မွာ ဗုဒၶသာသနာ ႏွစ္ေထာင္ခ်ီ ရွိလာျခင္း ေနာက္ကြယ္

(၁၃-၁-၂၀၂၁) မန္တလေးမြို့မှာရှိတဲ့ နာမည်ကြီးစာသင်တိုက်ကြီးတစ်ခုရဲ့‌ စာချဆရာတော်တစ်ပါးဖြစ်တော်မူတဲ့ သက်တော် (၇၅) နှစ်၊ ဝါတော် (၅၅) ဝါရှိတဲ့ ဆရာတော်ကြီးတစ်ပါးဟာ ၁၃၈၂-ခုနှစ်၊ပြာသိုလဆန်း (၁) ရက်၊ (၁၃-၁-၂၀၂၁)၊ နံနက် (၀၀:၂၅) မိနစ်အချိန်မှာ ပျံလွန်တော်မူသွားတယ်။ (ကိုဗစ်နဲ့မဟုတ်ပါ(၁၃-၁-၂၀၂၁) မှာပဲ ဆရာတော်ကြီးရဲ့ဈာပနပွဲကို အကျဥ်းချုပ်ကျင်းပပြုလုပ်တယ်။ ဒီမြင်ကွင်းတွေကိုကြည့်ပြီး နေထိုင်စဉ်ကာလတစ်လျောက်လုံးနဲ့ ဘဝရဲ့‌နောက်ဆုံးခရီးမှာပါ ရှေးဆရာတော်ကြီးများရဲ့ ပကာသနမပါ ရိုးရှင်းစွာဖြတ်သန်းမှုကို ရှင်းလင်းပြတ်သားစွာမြင်လိုက်ရတယ်။

ဒီနှစ် (၂၀၂၁ ခုနှစ်) ရောက်မှ အငယ်တန်းစာချဘွဲ့ဆက်ကပ်ခံရတဲ့ ဆရာတော်ကြီးတစ်ပါးဆိုရင် မျက်စိနှစ်လုံးကွယ်သည်အထိပင် နှစ်ပေါင်းများစွာစာသင်စာချ‌ပေးနေတဲ့ ဆရာတော်ကြီးတစ်ပါးဖြစ်တယ်။ (ယခုထိ သက်ရှိထင်ရှားရှိဆဲ/စာချဆဲ) အဲ့ဒီစာချဘွဲ့ရတာတောင်.. ဆရာတော်ကြီးတင်လို့ မဟုတ်ဘူး။ သူတို့ဘဝမှာ လောကီလူသားတွေ အထင်ကြီးကြတဲ့ ဘာဘွဲ့/ဘာဂုဏ်ထူးမှ မလိုဘူး။ လူသိဖို့ မလိုဘူး။ လူသိအောင်လည်း မလုပ်ဘူး။ ထင်ရှားဖို့ မလိုဘူး။ ထင်ရှားအောင်လည်း မလုပ်ဘူး။

ဂုဏ်/ ပကာသန/ လာဘ်လာဘကို မစင်ထက် ရွံရှာစက်ဆုပ်တယ်။ စာသင်/ စာချဘဝနဲ့ နှစ်ပေါင်းများစွာ သာသနာပြုလုပ်ငန်းထဲမှာ ဘဝကိုမြုပ်နှံထားတယ်။ ဘဝကိုရိုးရှင်းစွာဖြတ်သန်းတယ်။ ဒီလိုမျိုး.. ဆရာတော်ကြီးတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ အများကြီးရှိသေးတယ်။ ဒီလိုမျိုး.. ဆရာတော်ကြီးတွေကြောင့်လည်း ဗုဒ္ဓသာသနာ‌တော်ဟာ မြန်မာ့မြေမှာ နှစ်‌ပေါင်းထောင်ချီ တည်ရှိခဲ့ပါလားဆိုတာကိုပါ တစိမ့်စိမ့်တွေးမိပြီး ကြည်ညိုစိတ်တွေ.. တဖွားဖွားဖြစ်‌ပေါ်မိတယ်။

နောင်လာနောက်သား မျိုးဆက်သစ်သံဃာများအနေနဲ့ ရှေးဆရာတော်ကြီးများရဲ့ထုံးကို နည်းယူကျင့်သုံးနိုင်ကြရင်ဖြင့် မြန်မာ့မြေမှာ ဗုဒ္ဓသာသနာတော်ဟာ ကမ္ဘာတည်သရွေ့ တည်ရှိနေမည်မှာ အမှန်ပင်ဖြစ်ပါတယ်။စာချဘုန်းကြီးများကို အစဉ်ထာဝရ.. ဦးခိုက်လျက်.. ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု..

အရှင်တေဇနိယ(မန်းတောင်ခြေ)

zawgyi

(၁၃-၁-၂၀၂၁) မႏၲေလးၿမိဳ႕မွာရွိတဲ့ နာမည္ႀကီးစာသင္တိုက္ႀကီးတစ္ခုရဲ႕‌ စာခ်ဆရာေတာ္တစ္ပါးျဖစ္ေတာ္မူတဲ့ သက္ေတာ္ (၇၅) ႏွစ္၊ ဝါေတာ္ (၅၅) ဝါရွိတဲ့ ဆရာေတာ္ႀကီးတစ္ပါးဟာ ၁၃၈၂-ခုႏွစ္၊ျပာသိုလဆန္း (၁) ရက္၊ (၁၃-၁-၂၀၂၁)၊ နံနက္ (၀၀:၂၅) မိနစ္အခ်ိန္မွာ ပ်ံလြန္ေတာ္မူသြားတယ္။ (ကိုဗစ္နဲ႔မဟုတ္ပါ(၁၃-၁-၂၀၂၁) မွာပဲ ဆရာေတာ္ႀကီးရဲ႕ဈာပနပြဲကို အက်ဥ္းခ်ဳပ္က်င္းပျပဳလုပ္တယ္။ ဒီျမင္ကြင္းေတြကိုၾကည့္ၿပီး ေနထိုင္စဥ္ကာလတစ္ေလ်ာက္လုံးနဲ႔ ဘဝရဲ႕‌ေနာက္ဆုံးခရီးမွာပါ ေရွးဆရာေတာ္ႀကီးမ်ားရဲ႕ ပကာသနမပါ ႐ိုးရွင္းစြာျဖတ္သန္းမႈကို ရွင္းလင္းျပတ္သားစြာျမင္လိုက္ရတယ္။

ဒီႏွစ္ (၂၀၂၁ ခုႏွစ္) ေရာက္မွ အငယ္တန္းစာခ်ဘြဲ႕ဆက္ကပ္ခံရတဲ့ ဆရာေတာ္ႀကီးတစ္ပါးဆိုရင္ မ်က္စိႏွစ္လုံးကြယ္သည္အထိပင္ ႏွစ္ေပါင္းမ်ားစြာစာသင္စာခ်‌ေပးေနတဲ့ ဆရာေတာ္ႀကီးတစ္ပါးျဖစ္တယ္။ (ယခုထိ သက္ရွိထင္ရွားရွိဆဲ/စာခ်ဆဲ) အဲ့ဒီစာခ်ဘြဲ႕ရတာေတာင္.. ဆရာေတာ္ႀကီးတင္လို႔ မဟုတ္ဘူး။ သူတို႔ဘဝမွာ ေလာကီလူသားေတြ အထင္ႀကီးၾကတဲ့ ဘာဘြဲ႕/ဘာဂုဏ္ထူးမွ မလိုဘူး။ လူသိဖို႔ မလိုဘူး။ လူသိေအာင္လည္း မလုပ္ဘူး။ ထင္ရွားဖို႔ မလိုဘူး။ ထင္ရွားေအာင္လည္း မလုပ္ဘူး။

ဂုဏ္/ ပကာသန/ လာဘ္လာဘကို မစင္ထက္ ႐ြံရွာစက္ဆုပ္တယ္။ စာသင္/ စာခ်ဘဝနဲ႔ ႏွစ္ေပါင္းမ်ားစြာ သာသနာျပဳလုပ္ငန္းထဲမွာ ဘဝကိုျမဳပ္ႏွံထားတယ္။ ဘဝကို႐ိုးရွင္းစြာျဖတ္သန္းတယ္။ ဒီလိုမ်ိဳး.. ဆရာေတာ္ႀကီးေတြ ျမန္မာႏိုင္ငံအႏွံ႔အျပားမွာ အမ်ားႀကီးရွိေသးတယ္။ ဒီလိုမ်ိဳး.. ဆရာေတာ္ႀကီးေတြေၾကာင့္လည္း ဗုဒၶသာသနာ‌ေတာ္ဟာ ျမန္မာ့ေျမမွာ ႏွစ္‌ေပါင္းေထာင္ခ်ီ တည္ရွိခဲ့ပါလားဆိုတာကိုပါ တစိမ့္စိမ့္ေတြးမိၿပီး ၾကည္ညိဳစိတ္ေတြ.. တဖြားဖြားျဖစ္‌ေပၚမိတယ္။ေနာင္လာေနာက္သား မ်ိဳးဆက္သစ္သံဃာမ်ားအေနနဲ႔ ေရွးဆရာေတာ္ႀကီးမ်ားရဲ႕ထုံးကို နည္းယူက်င့္သုံးႏိုင္ၾကရင္ျဖင့္ ျမန္မာ့ေျမမွာ ဗုဒၶသာသနာေတာ္ဟာ ကမာၻတည္သေ႐ြ႕ တည္ရွိေနမည္မွာ အမွန္ပင္ျဖစ္ပါတယ္။စာခ်ဘုန္းႀကီးမ်ားကို အစဥ္ထာဝရ.. ဦးခိုက္လ်က္.. ဗုဒၶသာသနံ စိရံ တိ႒တု..

အရွင္ေတဇနိယ(မန္းေတာင္ေျခ)

Leave a Reply

Your email address will not be published. Required fields are marked *