အိႏၵိယေလတပ္က ျပည္တြင္းထုတ္တိုက္ေလယာဥ္စနစ္မ်ားစြာဝယ္ယူ

အိန္ဒိယနိုင်ငံသည် AESA ရေဒါနှင့် Brahmos ဒုံးကျည်စနစ်များ တပ်ဆင်ပစ်ခတ်နိုင်မည့် Tejas Mk-1A ပြည်တွင်းထုတ်တိုက်လေယာဉ် ၈၃ စီးအား ဝယ်ယူတော့မည်ဖြစ်သည်။အဆိုပါသဘောတူညီချက်ကို ဝန်ကြီးချုပ်ဖြစ်သူမိုဒီက အတည်ပြုခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မတ်လက Defence Acquisition Council က အတည်ပြုပြီး ၁၀ လအကြာ၌ ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဖြစ်သူ Rajnath Singh က ယခုကဲ့သို့ ဝယ်ယူမှုသည် ပြည်တွင်း ကုမ္ပဏီများကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု၌ အားပေးအားမြောက်ဖြစ်စေရန် ရည်ရွယ်ချင်းလည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ တန်ဖိုးအားဖြင့် အိန္ဒိယငွေကြေး ၄၈၀၀၀ ကုဋေခန့်ရှိမည်ဖြစ်သည်။လက်မှတ်ထိုးခဲ့ပြီးသည့်နောက် ကုမ္ပဏီအနေဖြင့် Nasik နှင့် Bengaluru ဒေသများတွင် တိုက်လေယာဉ်ထုတ်လုပ်မှုအတွက် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ယခုဝယ်ယူမှုသည် နောက်ထပ် ထပ်တိုး၍ ဝယ်ယူခြင်းဖြစ်ပြီး ယခင်က ၄၀ စီးသာ ဝယ်ယူရန်ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း သိရှိရသည်။

Ref-News18 / Kuntal Biswas
#Myanmarnews24
(ပြန်လည်ကူးယူဖော်ပြခွင့်မပြု၊ ပို့စ်လင့်ခ်ဖြင့် ပြန် Share နိုင်ပါသည်)

zawgyi

အိႏၵိယႏိုင္ငံသည္ AESA ေရဒါႏွင့္ Brahmos ဒုံးက်ည္စနစ္မ်ား တပ္ဆင္ပစ္ခတ္ႏိုင္မည့္ Tejas Mk-1A ျပည္တြင္းထုတ္တိုက္ေလယာဥ္ ၈၃ စီးအား ဝယ္ယူေတာ့မည္ျဖစ္သည္။အဆိုပါသေဘာတူညီခ်က္ကို ဝန္ႀကီးခ်ဳပ္ျဖစ္သူမိုဒီက အတည္ျပဳခဲ့ၿပီး ၂၀၂၀ ျပည့္ႏွစ္ မတ္လက Defence Acquisition Council က အတည္ျပဳၿပီး ၁၀ လအၾကာ၌ ထြက္ေပၚလာခဲ့ျခင္းလည္းျဖစ္သည္။

ကာကြယ္ေရးဝန္ႀကီးျဖစ္သူ Rajnath Singh က ယခုကဲ့သို႔ ဝယ္ယူမႈသည္ ျပည္တြင္း ကုမၸဏီမ်ားကို ကာကြယ္ေရးပစၥည္းထုတ္လုပ္မႈ၌ အားေပးအားေျမာက္ျဖစ္ေစရန္ ရည္႐ြယ္ခ်င္းလည္းျဖစ္သည္ဟု ေျပာၾကားခဲ့သည္။ တန္ဖိုးအားျဖင့္ အိႏၵိယေငြေၾကး ၄၈၀၀၀ ကုေဋခန႔္ရွိမည္ျဖစ္သည္။လက္မွတ္ထိုးခဲ့ၿပီးသည့္ေနာက္ ကုမၸဏီအေနျဖင့္ Nasik ႏွင့္ Bengaluru ေဒသမ်ားတြင္ တိုက္ေလယာဥ္ထုတ္လုပ္မႈအတြက္ စတင္ေဆာင္႐ြက္ေနၿပီျဖစ္သည္။ယခုဝယ္ယူမႈသည္ ေနာက္ထပ္ ထပ္တိုး၍ ဝယ္ယူျခင္းျဖစ္ၿပီး ယခင္က ၄၀ စီးသာ ဝယ္ယူရန္ေဆာင္႐ြက္ျခင္းလည္းျဖစ္ေၾကာင္း သိရွိရသည္။

Ref-News18 / Kuntal Biswas
#Myanmarnews24
(ျပန္လည္ကူးယူေဖာ္ျပခြင့္မျပဳ၊ ပို႔စ္လင့္ခ္ျဖင့္ ျပန္ Share ႏိုင္ပါသည္)

Leave a Reply

Your email address will not be published. Required fields are marked *