လူ႔အခြင့္အေရးေကာ္မရွင္ကို တိုင္ၾကားခ်က္ေတြထဲ ရဲတပ္ဖြဲ႕နဲ႔ပတ္သက္တာက ဒုတိယအမ်ားဆုံးျဖစ္

၂၀၂၀ ခုနှစ်ထဲ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ရဲတပ်ဖွဲ့နဲ့ပတ်သက်တဲ့ တိုင်ကြားချက်တွေဟာ ဒုတိယအများဆုံးဖြစ်တယ်လို့ ကော်မရှင်က သိရပါတယ်။“အန်ကယ်တို့ ကိုင်တွယ်ရတဲ့အထဲမှာ ရဲကိုတိုင်တာက ဒုတိယအများဆုံးပဲ။ ရဲကိုတိုင်တာမှာ ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်တာတို့ သူတို့ဘက်ကမှားယွင်းတဲ့ အမှုတွေရှိတာပေါ့နော်။ အဲဒါက (၁၂၅) မှုနဲ့ ဒုတိယအများဆုံးပါ။”လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးလှမြင့်က O Media ကို ပြောပါတယ်။

၂၀၂၀ ခုနှစ်ထဲ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားမှုပေါင်း (၂၀၂၀) ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်က လက်ကျန်တိုင်ကြားချက်ဟောင်းတွေက (၃၁၆) ခုရှိတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားချက်တွေထဲမှာတော့ မြေယာကိစ္စတိုင်ကြားချက် ပေါင်း (၂၇၀) နဲ့အများဆုံးဖြစ်ပြီး အုပ်ချုပ်ရေးအပိုင်းနဲ့ တရားရေးအပိုင်းတွေကိုလည်း တိုင်ကြားမှု (၅၀)စီလောက် ရှိခဲ့တယ်လို့ သိရပါတယ်။ကော်မရှင်က ကိုင်တွယ်ခဲ့တဲ့ တိုင်ကြားချက် (၂၃၃၆) ခုမှာ အရေးယူခဲ့တဲ့ အရေအတွက်ဟာ (၈၁၃) ခုရှိပြီး ကျန်တဲ့ကိစ္စတွေကတော့ အရေးယူစရာမလိုတာ၊ တရားရုံးမှာ စစ်ဆေးနေတာနဲ့ ဆုံးဖြတ်ပြီးသားကိစ္စတွေဖြစ်လို့ မှတ်တမ်းပဲတင်ထားတယ်လို့ သိရပါတယ်။

#Omedia #Covid19 #Myanmar #MNHRC #Police #TH

zawgyi

၂၀၂၀ ခုႏွစ္ထဲ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ကို ရဲတပ္ဖြဲ႕နဲ႔ပတ္သက္တဲ့ တိုင္ၾကားခ်က္ေတြဟာ ဒုတိယအမ်ားဆုံးျဖစ္တယ္လို႔ ေကာ္မရွင္က သိရပါတယ္။“အန္ကယ္တို႔ ကိုင္တြယ္ရတဲ့အထဲမွာ ရဲကိုတိုင္တာက ဒုတိယအမ်ားဆုံးပဲ။ ရဲကိုတိုင္တာမွာ ရဲလုပ္ထုံးလုပ္နည္းနဲ႔အညီ မလုပ္တာတို႔ သူတို႔ဘက္ကမွားယြင္းတဲ့ အမႈေတြရွိတာေပါ့ေနာ္။ အဲဒါက (၁၂၅) မႈနဲ႔ ဒုတိယအမ်ားဆုံးပါ။”လို႔ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္ ဥကၠ႒ဦးလွျမင့္က O Media ကို ေျပာပါတယ္။

၂၀၂၀ ခုႏွစ္ထဲ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ကို တိုင္ၾကားမႈေပါင္း (၂၀၂၀) ရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္က လက္က်န္တိုင္ၾကားခ်က္ေဟာင္းေတြက (၃၁၆) ခုရွိတယ္လို႔ ဆိုပါတယ္။ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ကို တိုင္ၾကားခ်က္ေတြထဲမွာေတာ့ ေျမယာကိစၥတိုင္ၾကားခ်က္ ေပါင္း (၂၇၀) နဲ႔အမ်ားဆုံးျဖစ္ၿပီး အုပ္ခ်ဳပ္ေရးအပိုင္းနဲ႔ တရားေရးအပိုင္းေတြကိုလည္း တိုင္ၾကားမႈ (၅၀)စီေလာက္ ရွိခဲ့တယ္လို႔ သိရပါတယ္။ေကာ္မရွင္က ကိုင္တြယ္ခဲ့တဲ့ တိုင္ၾကားခ်က္ (၂၃၃၆) ခုမွာ အေရးယူခဲ့တဲ့ အေရအတြက္ဟာ (၈၁၃) ခုရွိၿပီး က်န္တဲ့ကိစၥေတြကေတာ့ အေရးယူစရာမလိုတာ၊ တရား႐ုံးမွာ စစ္ေဆးေနတာနဲ႔ ဆုံးျဖတ္ၿပီးသားကိစၥေတြျဖစ္လို႔ မွတ္တမ္းပဲတင္ထားတယ္လို႔ သိရပါတယ္။

#Omedia #Covid19 #Myanmar #MNHRC #Police #TH

Leave a Reply

Your email address will not be published. Required fields are marked *