ကိုဗစ္ေၾကာင့္ ကမာၻ႔စီးပြားေရး အင္အားအႀကီးဆုံးႏိုင္ငံ တ႐ုတ္ျဖစ္လာမယ္လို႔ ၿဗိတိန္စစ္တမ္းတစ္ခု ေဖာ္ျပ

တရုတ်နိုင်ငံဟာ လာမယ့် ၂၀၂၈ ခုနှစ်မှာ အမေရိကန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတစ်ခု ဖြစ်လာမယ်လို့ ဗြိတိန်အခြေစိုက် ဗဟိုစီးပွားရေးသုတေသနအဖွဲ့ CEBR ရဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ကနဦး ခန့်မှန်းချက်တွေအရ တရုတ်နိုင်ငံဟာ ၂၀၃၃ ခုနှစ်မှ အမေရိကန်ကိကျော်ဖြတ်ပြီး ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်လာမယ်လို့ ဆိုထားတာပါ။ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါကာလမှာ တရုတ်နိုင်ငံက စီမံခန့်ခွဲမှုတွေ အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့အတွက် အမေရိကန်ထက် ငါးနှစ်ပိုစောပြီး စီးပွားရေးတိုးတက်လာနိုင်တယ်လို့ ခန့်မှန်းခဲ့တာပါ။

ဒါ့အပြင် အိန္ဒိယနိုင်ငံဟာလည်း ၂၀၃၀ ပြည့်နှစ်မှာ တတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်လာမယ်လို့ ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ CEBR ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။တရုတ်နိုင်ငံဟာ ကိုဗစ်စတင်ဖြစ်ပွားတဲ့ နိုင်ငံဖြစ်ပေမယ့် စနစ်တကျ စီစဉ်တိုက်ဖျက်နိုင်ခဲ့တဲ့အတွက် ဥရောပနိုင်ငံကြီးတွေလို စီးပွားရေးယိမ်းယိုင်မသွားဘဲ အင်အားကြီးနိုင်ငံတွေထဲ ကပ်ဆိုးကာလအတွင်း စီးပွားရေးတိုးတက်တဲ့နိုင်ငံအဖြစ် ဦးမော့လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။လတ်တလော စီးပွားရေးအင်အားကြီး အမေရိကန်နိုင်ငံကတော့ ကိုဗစ်ကူးစက်ခံရသူပေါင်း (၁၈.၅) သန်း၊ သေဆုံးသူပေါင်း (၃၃၀,၀၀၀) ယောက်ရှိခဲ့တဲ့အတွက် ထိခိုက်မှုအများဆုံး ခံစားရတဲ့နိုင်ငံဖြစ်လာပြီး စီးပွားရေးလုပ်ငန်းတွေ ဆိုးဆိုးရွားရွား ထိခိုက်နေတာပါ။

CEBR ရဲ့ စစ်တမ်းအရ အမေရိကန်နိုင်ငံဟာ ဒီကပ်ဆိုးကြောင့် စီးပွားရေးပြန်လည်နာလန်ထူဖို့နဲ့ ပြည်သူတွေကို ပြန်လည်ရပ်တည်နိုင်ဖို့ ထောက်ပံ့ရမယ့်ကိစ္စတွေမှာလည်း စီမံခန့်ခွဲမှုလိုအပ်ချက်တွေရှိနေတဲ့အတွက် အခုနှစ်ကုန်ပိုင်းအထိ အလုပ်လက်မဲ့ပေါင်း (၁၄) သန်းအထိ ရှိနေပြီ ဖြစ်ပါတယ်။စီးပွားရေးတိုးတက်မှု သုံးသပ်ချက်တွေအရ အမေရိကန်နိုင်ငံဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ နှစ်စဉ် စီးပွားရေးပြန်လည်တိုးတက်မှုနှုန်းက (၁ .၉) ရာခိုင်နှုန်းရှိမှာဖြစ်ပြီး အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ (၁.၆) ရာခိုင်နှုန်းသာ ရှိတော့မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကတော့ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်တိုးတက်မှု (၅.၇) ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ တစ်နှစ်တိုးတက်မှုနှုန်းက (၄.၅) ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တခြားခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံဟာ ၂၀၁၉ ခုနှစ်က ဗြိတိန်ကိုကျော်ပြီး ပဉ္စမစီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်လာပေမယ့် ကိုဗစ်ကပ်ဆိုးကြောင့် လက်ရှိမှာ ဗြိတိန်နောက်ကို ပြန်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ဗြိတိန်ကို ပြန်ကျော်ဖြတ်နိုင်သွားမယ်လို့ ဆိုပါတယ်။
Ref : BBC
Photo : AFP
CRD…..Omedia #Business #US #China #TZ

ZAWGYI

တ႐ုတ္ႏိုင္ငံဟာ လာမယ့္ ၂၀၂၈ ခုႏွစ္မွာ အေမရိကန္ကို ေက်ာ္ျဖတ္ၿပီး ကမာၻ႔စီးပြားေရး အင္အားအႀကီးဆုံး ႏိုင္ငံတစ္ခု ျဖစ္လာမယ္လို႔ ၿဗိတိန္အေျခစိုက္ ဗဟိုစီးပြားေရးသုေတသနအဖြဲ႕ CEBR ရဲ႕ စစ္တမ္းတစ္ခုမွာ ေဖာ္ျပထားပါတယ္။ကနဦး ခန႔္မွန္းခ်က္ေတြအရ တ႐ုတ္ႏိုင္ငံဟာ ၂၀၃၃ ခုႏွစ္မွ အေမရိကန္ကိေက်ာ္ျဖတ္ၿပီး ကမာၻ႔စီးပြားေရး အင္အားအႀကီးဆုံး ႏိုင္ငံျဖစ္လာမယ္လို႔ ဆိုထားတာပါ။ဒါေပမဲ့ ကိုဗစ္ကပ္ေရာဂါကာလမွာ တ႐ုတ္ႏိုင္ငံက စီမံခန႔္ခြဲမႈေတြ အေကာင္းဆုံးလုပ္ႏိုင္ခဲ့တဲ့အတြက္ အေမရိကန္ထက္ ငါးႏွစ္ပိုေစာၿပီး စီးပြားေရးတိုးတက္လာႏိုင္တယ္လို႔ ခန႔္မွန္းခဲ့တာပါ။

ဒါ့အျပင္ အိႏၵိယႏိုင္ငံဟာလည္း ၂၀၃၀ ျပည့္ႏွစ္မွာ တတိယစီးပြားေရး အင္အားအႀကီးဆုံး ႏိုင္ငံျဖစ္လာမယ္လို႔ ဒီဇင္ဘာလ (၂၆) ရက္ေန႔မွာ ထုတ္ျပန္လိုက္တဲ့ CEBR ခန႔္မွန္းခ်က္မွာ ေဖာ္ျပထားပါတယ္။တ႐ုတ္ႏိုင္ငံဟာ ကိုဗစ္စတင္ျဖစ္ပြားတဲ့ ႏိုင္ငံျဖစ္ေပမယ့္ စနစ္တက် စီစဥ္တိုက္ဖ်က္ႏိုင္ခဲ့တဲ့အတြက္ ဥေရာပႏိုင္ငံႀကီးေတြလို စီးပြားေရးယိမ္းယိုင္မသြားဘဲ အင္အားႀကီးႏိုင္ငံေတြထဲ ကပ္ဆိုးကာလအတြင္း စီးပြားေရးတိုးတက္တဲ့ႏိုင္ငံအျဖစ္ ဦးေမာ့လာႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။လတ္တေလာ စီးပြားေရးအင္အားႀကီး အေမရိကန္ႏိုင္ငံကေတာ့ ကိုဗစ္ကူးစက္ခံရသူေပါင္း (၁၈.၅) သန္း၊ ေသဆုံးသူေပါင္း (၃၃၀,၀၀၀) ေယာက္ရွိခဲ့တဲ့အတြက္ ထိခိုက္မႈအမ်ားဆုံး ခံစားရတဲ့ႏိုင္ငံျဖစ္လာၿပီး စီးပြားေရးလုပ္ငန္းေတြ ဆိုးဆိုး႐ြား႐ြား ထိခိုက္ေနတာပါ။

CEBR ရဲ႕ စစ္တမ္းအရ အေမရိကန္ႏိုင္ငံဟာ ဒီကပ္ဆိုးေၾကာင့္ စီးပြားေရးျပန္လည္နာလန္ထူဖို႔နဲ႔ ျပည္သူေတြကို ျပန္လည္ရပ္တည္ႏိုင္ဖို႔ ေထာက္ပံ့ရမယ့္ကိစၥေတြမွာလည္း စီမံခန႔္ခြဲမႈလိုအပ္ခ်က္ေတြရွိေနတဲ့အတြက္ အခုႏွစ္ကုန္ပိုင္းအထိ အလုပ္လက္မဲ့ေပါင္း (၁၄) သန္းအထိ ရွိေနၿပီ ျဖစ္ပါတယ္။စီးပြားေရးတိုးတက္မႈ သုံးသပ္ခ်က္ေတြအရ အေမရိကန္ႏိုင္ငံဟာ ၂၀၂၂ ခုႏွစ္ကေန ၂၀၂၄ ခုႏွစ္အထိ ႏွစ္စဥ္ စီးပြားေရးျပန္လည္တိုးတက္မႈႏႈန္းက (၁ .၉) ရာခိုင္ႏႈန္းရွိမွာျဖစ္ၿပီး အဲဒီေနာက္ပိုင္းႏွစ္ေတြမွာေတာ့ (၁.၆) ရာခိုင္ႏႈန္းသာ ရွိေတာ့မယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးကေတာ့ ၂၀၂၅ ခုႏွစ္အထိ တစ္ႏွစ္တိုးတက္မႈ (၅.၇) ရာခိုင္ႏႈန္း၊ ၂၀၂၆ ခုႏွစ္ကေန ၂၀၃၀ ျပည့္ႏွစ္အထိ တစ္ႏွစ္တိုးတက္မႈႏႈန္းက (၄.၅) ရာခိုင္ႏႈန္း ရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။ တျခားခန႔္မွန္းခ်က္အရ အိႏၵိယႏိုင္ငံဟာ ၂၀၁၉ ခုႏွစ္က ၿဗိတိန္ကိုေက်ာ္ၿပီး ပၪၥမစီးပြားေရးအင္အားအႀကီးဆုံး ႏိုင္ငံျဖစ္လာေပမယ့္ ကိုဗစ္ကပ္ဆိုးေၾကာင့္ လက္ရွိမွာ ၿဗိတိန္ေနာက္ကို ျပန္ေရာက္ခဲ့ၿပီး ၂၀၂၄ ခုႏွစ္မွာေတာ့ ၿဗိတိန္ကို ျပန္ေက်ာ္ျဖတ္ႏိုင္သြားမယ္လို႔ ဆိုပါတယ္။
Ref : BBC
Photo : AFP
CRD…..Omedia #Business #US #China #TZ

Leave a Reply

Your email address will not be published. Required fields are marked *