တ႐ုတ္ရဲ႕ အာရွလႊမ္းမိုးမႈကို အေမရိကန္က ထိုးေဖာက္ဖို႔လိုသည္ဟု လွ်ိဳ႕ဝွက္အဆင့္ေလ်ာ့ခ်ထားေသာ စီမံကိန္းကေျပာ

ထွက်တော်မူနန်းကမခွာမီ ရက်ပိုင်းအတွင်းမှာပင် ထရမ့်အစိုးရသည် ၎င်း၏အင်ဒို-ပစိဖိတ် မဟာဗျူဟာနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းတစ်စောင်ကို ထုတ်ဖော်ပြသခဲ့သည်။ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ၎င်းသည် တရုတ်၏ မြင့်တက်မှုကို အထူးအာရုံစိုက်ထားသည်။ ၎င်းတွင် တရုတ်အစိုးရ၏ ဒေသဆိုင်ရာလွှမ်းမိုးမှုကို ရှောင်လွှဲ၍မရကြောင်း၊ ပီကင်း၏ဇာတ်အိမ်ကို အစိုးရက ဘယ်လိုဘယ်နည်းဖြေရှင်းရန်ကြိုးပမ်းခဲ့ပုံနှင့် အမေရိကန်အနေဖြင့် စီးပွားရေးအကြောင်းပြချက်များအရ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးဒေသသို့ ဝင်ရောက်နိုင်ရန် မည်သို့ကြိုးပမ်းခဲ့သည်ကို ဖော်ပြထားသည်။

အင်ဒို – ပစိဖိတ်ဒေသအတွက် အမေရိကန်မဟာဗျူဟာမူဘောင်ကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပြီး ထိုစဉ်က အာရှဆိုင်ရာ လုံခြုံရေးကောင်စီ အကြီးအကဲညွှန်ကြားရေးမှူး မက်သူး ပွန်တီဂါက လုံခြုံရေးကန့်သတ်အဆင့်သတ်မှတ်ခဲ့သည်။ ၎င်းအား ထရမ့်အစိုးရ၏ နောက်ဆုံးသောနေ့ရက်ကာလ၌ အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်က ပြီးခဲ့သည့်အပတ်က လျို့ဝှက်အဆင့်လျော့ချခဲ့ကာ အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

အများပြည်သူ မိန့်ခွန်းများတွင် များသောအားဖြင့် တွေ့ရလေ့မရှိသော စကားလုံးအသုံးအနှုန်းများဖြင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း တိုင်းပြည်အတွက် အဓိကအကျိုးစီးပွားများထဲမှ တစ်ခုမှာ “ကမ္ဘာ၏ လူဦးရေအများဆုံးဒေသနှင့် ကမ္ဘာ့စီးပွားရေး၏ သုံးပုံတစ်ပုံတွင် အမေရိကန်၏ စီးပွားရေး၊ သံတမန်ရေးနှင့် စစ်ရေးအရပိုင်ဆိုင်ခွင့်အား ထိန်းသိမ်းထားရန်”ဖြစ်သည်ဟု စာရွက်စာတမ်းတွင် ဖော်ပြပါရှိသည်။

စာရွက်စာတမ်းတွင် မှတ်သားထားသည့် ထိပ်တန်း အမျိုးသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုမှာ တရုတ်ဖြစ်သည်။ ပေဂျင်းသည် “ဒေသတွင်းရှိ အမေရိကန်၏ မဟာမိတ်များနှင့် မိတ်ဖက်များကို ဖျက်သိမ်းရန်နှင့် ရရှိလာသော အခွင့်အလမ်းများအပေါ် အမြတ်ထုတ်ရန်ရည်ရွယ်ကာ ထိုင်ဝမ်နှင့် ပေါင်းစည်းရေးကို အားကောင်းစေရန် ခြေလှမ်းများ ပိုမိုလှမ်းလာမည်”ဟု ၎င်းက ယူဆသည်။

စာရွက်စာတမ်းတွင် စိန်ခေါ်မှုအား ရင်ဆိုင်ရန် hard power(ရုပ်ပိုင်းဆိုင်ရာ စွမ်းအား) နှင့် soft power( နူးညံ့သော စွမ်းအား) အစီအမံများ နှစ်ခုလုံး ဖော်ပြထားသည်။

Hard Power တွင် ဝါရှင်တန်သည် ထိုင်ဝမ်၊ အိုကီနာဝါနှင့် ဖိလစ်ပိုင်တို့ပါဝင်သည့် “ပထမကျွန်းကွင်းဆက်” အတွင်း၌ ပေကျင်း၏ လွှမ်းမိုးမှုကို ငြင်းပယ်နိုင်သည့် ကာကွယ်ရေးမဟာဗျူဟာကို တီထွင်သင့်ကြောင်း၊ ထိုင်ဝမ်ဟု အမည်တပ်ဖော်ပြထားသော ကွင်းဆက်အတွင်းမှ နိုင်ငံများအား ကာကွယ်ကာ ကွင်းဆက်ပြင်ပ ဒေသများကို လွှမ်းမိုးရန်ဟူ၍ ပါရှိသည်။

ထိုင်ဝမ်အား ကာကွယ်ရေးစွမ်းရည်များ တိုးမြှင့်စေခြင်းအားဖြင့် ၎င်း၏ ကိုယ်ပိုင်အခြေအနေများဖြင့် တရုတ်အား ဆွဲဆောင်ရန် စွမ်းရည်အား သေချာစေခြင်းသည်လည်း နောက်ထပ် ရည်မှန်းချက်တစ်ခုဖြစ်သည်။

ရည်မှန်းချက်မှာ ပထမဦးဆုံးကျွန်းကွင်းဆက်အတွင်း အရှေ့နှင့် တောင်တရုတ်ပင်လယ်ရှိအမေရိကန်တပ်များအား မောင်းထုတ်ရန်ရည်ရွယ်သည့် ပေကျင်း၏ “ဝင်ခွင့်မရှိ/ ငြင်းပယ်ခွင့်မရှိ” မဟာဗျူဟာကို ချိုးဖျက်ရန်ဖြစ်သည်။ တရုတ်သည် ဂျပန် အရှေ့တောင်ပိုင်းမှ ဂူအမ်နှင့် တောင်ဘက်တွင် အင်ဒိုနီးရှားထိရှိသော ပစိဖိတ်အနောက်ပိုင်းရှိ “ဒုတိယကျွန်းကွင်းဆက်”သို့ အမေရိကန်၏တပ်များ ချဉ်းကပ်ခြင်းအား တားဆီးရန် လုပ်ဆောင်နေသည်။

Soft power ဘောင်တွင် အိမ်ဖြူတော်၏စာရွက်စာတမ်းက ဥရောပနှင့် အာရှကို ဆက်သွယ်ရန် ကြိုးပမ်းနေသော တရုတ်သမ္မတရှီကျင့်ဖျင်၏ ကြီးမားသော အခြေခံအဆောက်အအုံ ဆောက်ရွက်ချက်ဖြစ်သော တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း Belt and Road Initiative နှင့် ဆက်စပ်သောကြိုးများကို ဆက်သွယ်စဉ် တရားဥပဒေစိုးမိုးရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများကို မြှင့်တင်ရန် ဖော်ရွေသောအစိုးရများအား နည်းပညာအကူအညီများပေးရန် အားပေးသည်။

၎င်းသည် ဝါရှင်တန်အား တရုတ်၏ သတင်းအချက်အလက် စည်းရုံးလှုံ့ဆော်ရေးများနှင့် ယှဉ်ပြိုင်နိုင်သည့် ခိုင်မာသော ပြည်သူ့သံတမန်ရေးစွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တရုတ်ဒေသတွင်း လွှမ်းမိုးမှုသည် မလွှဲမရှောင်သာဟူသော ဇာတ်ကြောင်းထိုးဖောက်ရန် တောင်းဆိုသည်။

ဗုဒ္ဓဟူးနေ့တွင် တရုတ်နိုင်ငံခြားရေးဝ န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်းက ၎င်းစာတမ်းကို ဝေဖန်၍ “တရုတ်နိုင်ငံအား ထိန်းချုပ်ရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ဖျက်စီးရန် ၎င်း၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာအား အသုံးပြုရန် အမေရိကန်၏ မကောင်းသော ရည်ရွယ်ချက်ကိုသာ ဖော်ပြခြင်းဖြစ်သည်”ဟု ဆိုခဲ့သည်။

ကျောက်လိကျင်းက ၎င်းမဟာဗျူဟာကို “တရုတ်အတွက် ထိုင်ဝမ်အပေါ် ထားရှိသော အမေရိကန်အစိုးရ၏ အလေးအနက် ကတိပြုချက်ကို ပြင်းထန်စွာချိုးဖောက်ခြင်း”ဟု ခေါ်ဆိုခဲ့ပြီး၊ ပေကျင်းသည် “အချုပ်အခြာအာဏာနှင့် နယ်မြေဂုဏ်သိက္ခာကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်”ဟု ပြောခဲ့သည်။

အမေရိကန် စာရွက်စာတမ်းသည် ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယတို့နှင့် ရင်းနီးသော ပူးပေါင်းဆောင်ရွက်မှုကို ပြောဆိုပြီး “Quad”လုံခြုံရေး မိတ်ဖက်မှုကို ပိုမိုတိုးတက်စေသကဲ့သို့ တိုကျိုနှင့် ကင်ဘာရာတို့နှင့်အတူ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြင့်ကာ “ဂျပန်အား အင်ဒို-ပစိဖိတ် လုံခြုံရေး ဗိသုကာအတွက် မဏ္ဏိုင်တစ်ရပ်ဖြစ်လာစေရန် အင်အားပေးသင့်ကြောင်း” ဖော်ပြထားသည်။

ဝါရှင်တန်၏ ရည်မှန်းချက်များတွင် အိန္ဒိယနှင့် “ပိုမိုခိုင်မာသော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု”ကို တည်ဆောက်ကာ ဒေသတွင်း လုံခြုံရေးတွင် အခန်းကဏ် တစ်ခုပါဝင်နိုင်ရန် အိန္ဒိယ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးရန်လည်း ပါဝင်သည်။

“ပြီးခဲ့သည့်နှစ်က ဟိမဝန္တာတွင် တရုတ်နှင့် နယ်စပ်အငြင်းပွားမှုကဲ့သို့သော တိုက်ကြီးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် အမေရိကန်သည် အိန္ဒိယအား သံတမန်ရေးရာ၊ စစ်ရေးနှင့် ထောက်လှမ်းရေးလမ်းကြောင်းများမှ အထောက်အပံ့ပေးသင့်သည်”ဟု စာရွက်စာတမ်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားဆိုင်ရာ ကဏ္ဍတွင် ကင်မ်ဂျုံအန်းစစ်အစိုးရအား “၎င်း၏ရှင်သန်ရပ်တည်ရေးအတွက် တစ်ခုတည်းသောလမ်းကြောင်းမှာ ၎င်း၏နျူကလီးယားလက်နက်များကို စွန့်လွှတ်ရန်ဖြစ်ကြောင်း”နားချနိုင်ရန် ရည်မှန်းချက်ဖြစ်သည်။ “အမေရိကန်သည် နျူကလိယနှင့် ဒုံးကျည်အစီအစဉ်များအား နောက်ပြန်ဆုတ်ရန် စေ့စပ်ညှိုနှိုင်းမှုအတွက် အခြေအနေများ ချမှတ်ရန်” စီးပွားရေး၊ သံတမန်ရေး၊ ထောက်လှမ်းရေးနှင့် အခြားနည်းလမ်းများမှတဆင့် ဖိအားပေးရန် လုပ်ဆောင်မည်”ဟူ၍ ပါရှိသည်။ ၎င်းစာရွက်စာတမ်းတွင် လူ့အခွင့်အရေးများကို ဖော်ပြထားခြင်းမရှိပါ။

သြစတြေးလျားရုပ်သံ ABC ၏ အဆိုအရ အဆိုပါစာရွက်စာတမ်းသည် ပုံမှန်ထက် နှစ်ပေါင်း ၃၀ စော၍ လျှို့ဝှက်အဆင့်လျော့ချခဲ့ကြောင်း သိရသည်။ ABC မှ ကျွမ်းကျင်သူတစ် ဦး က ပြောကြားသည်မှာ အဆိုပါပြောင်းလဲမှုသည် လာမည့်အပတ်တွင် တာဝန်ယူမည့် သမ္မတရွေးချယ်တင်မြှောက်ခံရသူ ဂျိုးဘိုင်ဒန် လက်အောက်တွင် ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်သော အရာရှိများက အချက်ပြခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

source : MIzzimza

zawgyi

ထြက္ေတာ္မူနန္းကမခြာမီ ရက္ပိုင္းအတြင္းမွာပင္ ထရမ့္အစိုးရသည္ ၎၏အင္ဒို-ပစိဖိတ္ မဟာဗ်ဴဟာႏွင့္ သက္ဆိုင္သည့္ စာ႐ြက္စာတမ္းတစ္ေစာင္ကို ထုတ္ေဖာ္ျပသခဲ့သည္။ အံ့အားသင့္စရာ ေကာင္းေလာက္ေအာင္ပင္ ၎သည္ တ႐ုတ္၏ ျမင့္တက္မႈကို အထူးအာ႐ုံစိုက္ထားသည္။ ၎တြင္ တ႐ုတ္အစိုးရ၏ ေဒသဆိုင္ရာလႊမ္းမိုးမႈကို ေရွာင္လႊဲ၍မရေၾကာင္း၊ ပီကင္း၏ဇာတ္အိမ္ကို အစိုးရက ဘယ္လိုဘယ္နည္းေျဖရွင္းရန္ႀကိဳးပမ္းခဲ့ပုံႏွင့္ အေမရိကန္အေနျဖင့္ စီးပြားေရးအေၾကာင္းျပခ်က္မ်ားအရ ကမာၻ႔လူဦးေရ အထူထပ္ဆုံးေဒသသို႔ ဝင္ေရာက္ႏိုင္ရန္ မည္သို႔ႀကိဳးပမ္းခဲ့သည္ကို ေဖာ္ျပထားသည္။

အင္ဒို – ပစိဖိတ္ေဒသအတြက္ အေမရိကန္မဟာဗ်ဴဟာမူေဘာင္ကို ၂၀၁၈ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ သမၼတ ေဒၚနယ္ထရမ့္က အတည္ျပဳခဲ့ၿပီး ထိုစဥ္က အာရွဆိုင္ရာ လုံၿခဳံေရးေကာင္စီ အႀကီးအကဲၫႊန္ၾကားေရးမႉး မက္သူး ပြန္တီဂါက လုံၿခဳံေရးကန႔္သတ္အဆင့္သတ္မွတ္ခဲ့သည္။ ၎အား ထရမ့္အစိုးရ၏ ေနာက္ဆုံးေသာေန႔ရက္ကာလ၌ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ေရာဘတ္အိုဘ႐ိုင္ယန္က ၿပီးခဲ့သည့္အပတ္က လ်ိဳ႕ဝွက္အဆင့္ေလ်ာ့ခ်ခဲ့ကာ အဂၤါေန႔တြင္ ထုတ္ျပန္ခဲ့သည္။

အမ်ားျပည္သူ မိန႔္ခြန္းမ်ားတြင္ မ်ားေသာအားျဖင့္ ေတြ႕ရေလ့မရွိေသာ စကားလုံးအသုံးအႏႈန္းမ်ားျဖင့္ အင္ဒို-ပစိဖိတ္ေဒသအတြင္း တိုင္းျပည္အတြက္ အဓိကအက်ိဳးစီးပြားမ်ားထဲမွ တစ္ခုမွာ “ကမာၻ၏ လူဦးေရအမ်ားဆုံးေဒသႏွင့္ ကမာၻ႔စီးပြားေရး၏ သုံးပုံတစ္ပုံတြင္ အေမရိကန္၏ စီးပြားေရး၊ သံတမန္ေရးႏွင့္ စစ္ေရးအရပိုင္ဆိုင္ခြင့္အား ထိန္းသိမ္းထားရန္”ျဖစ္သည္ဟု စာ႐ြက္စာတမ္းတြင္ ေဖာ္ျပပါရွိသည္။

စာ႐ြက္စာတမ္းတြင္ မွတ္သားထားသည့္ ထိပ္တန္း အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈမွာ တ႐ုတ္ျဖစ္သည္။ ေပဂ်င္းသည္ “ေဒသတြင္းရွိ အေမရိကန္၏ မဟာမိတ္မ်ားႏွင့္ မိတ္ဖက္မ်ားကို ဖ်က္သိမ္းရန္ႏွင့္ ရရွိလာေသာ အခြင့္အလမ္းမ်ားအေပၚ အျမတ္ထုတ္ရန္ရည္႐ြယ္ကာ ထိုင္ဝမ္ႏွင့္ ေပါင္းစည္းေရးကို အားေကာင္းေစရန္ ေျခလွမ္းမ်ား ပိုမိုလွမ္းလာမည္”ဟု ၎က ယူဆသည္။

စာ႐ြက္စာတမ္းတြင္ စိန္ေခၚမႈအား ရင္ဆိုင္ရန္ hard power(႐ုပ္ပိုင္းဆိုင္ရာ စြမ္းအား) ႏွင့္ soft power( ႏူးညံ့ေသာ စြမ္းအား) အစီအမံမ်ား ႏွစ္ခုလုံး ေဖာ္ျပထားသည္။

Hard Power တြင္ ဝါရွင္တန္သည္ ထိုင္ဝမ္၊ အိုကီနာဝါႏွင့္ ဖိလစ္ပိုင္တို႔ပါဝင္သည့္ “ပထမကြၽန္းကြင္းဆက္” အတြင္း၌ ေပက်င္း၏ လႊမ္းမိုးမႈကို ျငင္းပယ္ႏိုင္သည့္ ကာကြယ္ေရးမဟာဗ်ဴဟာကို တီထြင္သင့္ေၾကာင္း၊ ထိုင္ဝမ္ဟု အမည္တပ္ေဖာ္ျပထားေသာ ကြင္းဆက္အတြင္းမွ ႏိုင္ငံမ်ားအား ကာကြယ္ကာ ကြင္းဆက္ျပင္ပ ေဒသမ်ားကို လႊမ္းမိုးရန္ဟူ၍ ပါရွိသည္။

ထိုင္ဝမ္အား ကာကြယ္ေရးစြမ္းရည္မ်ား တိုးျမႇင့္ေစျခင္းအားျဖင့္ ၎၏ ကိုယ္ပိုင္အေျခအေနမ်ားျဖင့္ တ႐ုတ္အား ဆြဲေဆာင္ရန္ စြမ္းရည္အား ေသခ်ာေစျခင္းသည္လည္း ေနာက္ထပ္ ရည္မွန္းခ်က္တစ္ခုျဖစ္သည္။

ရည္မွန္းခ်က္မွာ ပထမဦးဆုံးကြၽန္းကြင္းဆက္အတြင္း အေရွ႕ႏွင့္ ေတာင္တ႐ုတ္ပင္လယ္ရွိအေမရိကန္တပ္မ်ားအား ေမာင္းထုတ္ရန္ရည္႐ြယ္သည့္ ေပက်င္း၏ “ဝင္ခြင့္မရွိ/ ျငင္းပယ္ခြင့္မရွိ” မဟာဗ်ဴဟာကို ခ်ိဳးဖ်က္ရန္ျဖစ္သည္။ တ႐ုတ္သည္ ဂ်ပန္ အေရွ႕ေတာင္ပိုင္းမွ ဂူအမ္ႏွင့္ ေတာင္ဘက္တြင္ အင္ဒိုနီးရွားထိရွိေသာ ပစိဖိတ္အေနာက္ပိုင္းရွိ “ဒုတိယကြၽန္းကြင္းဆက္”သို႔ အေမရိကန္၏တပ္မ်ား ခ်ဥ္းကပ္ျခင္းအား တားဆီးရန္ လုပ္ေဆာင္ေနသည္။

Soft power ေဘာင္တြင္ အိမ္ျဖဴေတာ္၏စာ႐ြက္စာတမ္းက ဥေရာပႏွင့္ အာရွကို ဆက္သြယ္ရန္ ႀကိဳးပမ္းေနေသာ တ႐ုတ္သမၼတရွီက်င့္ဖ်င္၏ ႀကီးမားေသာ အေျခခံအေဆာက္အအုံ ေဆာက္႐ြက္ခ်က္ျဖစ္ေသာ တ႐ုတ္ႏိုင္ငံ၏ ပိုးလမ္းမစီမံကိန္း Belt and Road Initiative ႏွင့္ ဆက္စပ္ေသာႀကိဳးမ်ားကို ဆက္သြယ္စဥ္ တရားဥပေဒစိုးမိုးေရးႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ားကို ျမႇင့္တင္ရန္ ေဖာ္ေ႐ြေသာအစိုးရမ်ားအား နည္းပညာအကူအညီမ်ားေပးရန္ အားေပးသည္။

၎သည္ ဝါရွင္တန္အား တ႐ုတ္၏ သတင္းအခ်က္အလက္ စည္း႐ုံးလႈံ႕ေဆာ္ေရးမ်ားႏွင့္ ယွဥ္ၿပိဳင္ႏိုင္သည့္ ခိုင္မာေသာ ျပည္သူ႔သံတမန္ေရးစြမ္းရည္ကို ဖြံ႕ၿဖိဳးတိုးတက္ေစရန္ႏွင့္ တ႐ုတ္ေဒသတြင္း လႊမ္းမိုးမႈသည္ မလႊဲမေရွာင္သာဟူေသာ ဇာတ္ေၾကာင္းထိုးေဖာက္ရန္ ေတာင္းဆိုသည္။

ဗုဒၶဟူးေန႔တြင္ တ႐ုတ္ႏိုင္ငံျခားေရးဝ န္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေက်ာက္လိက်င္းက ၎စာတမ္းကို ေဝဖန္၍ “တ႐ုတ္ႏိုင္ငံအား ထိန္းခ်ဳပ္ရန္ႏွင့္ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းမႈကို ဖ်က္စီးရန္ ၎၏ အင္ဒို-ပစိဖိတ္ မဟာဗ်ဴဟာအား အသုံးျပဳရန္ အေမရိကန္၏ မေကာင္းေသာ ရည္႐ြယ္ခ်က္ကိုသာ ေဖာ္ျပျခင္းျဖစ္သည္”ဟု ဆိုခဲ့သည္။

ေက်ာက္လိက်င္းက ၎မဟာဗ်ဴဟာကို “တ႐ုတ္အတြက္ ထိုင္ဝမ္အေပၚ ထားရွိေသာ အေမရိကန္အစိုးရ၏ အေလးအနက္ ကတိျပဳခ်က္ကို ျပင္းထန္စြာခ်ိဳးေဖာက္ျခင္း”ဟု ေခၚဆိုခဲ့ၿပီး၊ ေပက်င္းသည္ “အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမဂုဏ္သိကၡာကို ျပတ္ျပတ္သားသား ကာကြယ္သြားမည္”ဟု ေျပာခဲ့သည္။

အေမရိကန္ စာ႐ြက္စာတမ္းသည္ ဂ်ပန္၊ ဩစေၾတးလ်ႏွင့္ အိႏၵိယတို႔ႏွင့္ ရင္းနီးေသာ ပူးေပါင္းေဆာင္႐ြက္မႈကို ေျပာဆိုၿပီး “Quad”လုံၿခဳံေရး မိတ္ဖက္မႈကို ပိုမိုတိုးတက္ေစသကဲ့သို႔ တိုက်ိဳႏွင့္ ကင္ဘာရာတို႔ႏွင့္အတူ သုံးႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈပိုမိုတိုးျမင့္ကာ “ဂ်ပန္အား အင္ဒို-ပစိဖိတ္ လုံၿခဳံေရး ဗိသုကာအတြက္ မဏၰိဳင္တစ္ရပ္ျဖစ္လာေစရန္ အင္အားေပးသင့္ေၾကာင္း” ေဖာ္ျပထားသည္။

ဝါရွင္တန္၏ ရည္မွန္းခ်က္မ်ားတြင္ အိႏၵိယႏွင့္ “ပိုမိုခိုင္မာေသာ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈ”ကို တည္ေဆာက္ကာ ေဒသတြင္း လုံၿခဳံေရးတြင္ အခန္းကဏ္ တစ္ခုပါဝင္ႏိုင္ရန္ အိႏၵိယ၏ စြမ္းေဆာင္ရည္ကို တိုးျမႇင့္ေပးရန္လည္း ပါဝင္သည္။

“ၿပီးခဲ့သည့္ႏွစ္က ဟိမဝႏၲာတြင္ တ႐ုတ္ႏွင့္ နယ္စပ္အျငင္းပြားမႈကဲ့သို႔ေသာ တိုက္ႀကီးဆိုင္ရာ စိန္ေခၚမႈမ်ားကို ေျဖရွင္းရန္ အေမရိကန္သည္ အိႏၵိယအား သံတမန္ေရးရာ၊ စစ္ေရးႏွင့္ ေထာက္လွမ္းေရးလမ္းေၾကာင္းမ်ားမွ အေထာက္အပံ့ေပးသင့္သည္”ဟု စာ႐ြက္စာတမ္းတြင္ ေဖာ္ျပထားသည္။

ေျမာက္ကိုရီးယားဆိုင္ရာ က႑တြင္ ကင္မ္ဂ်ဳံအန္းစစ္အစိုးရအား “၎၏ရွင္သန္ရပ္တည္ေရးအတြက္ တစ္ခုတည္းေသာလမ္းေၾကာင္းမွာ ၎၏န်ဴကလီးယားလက္နက္မ်ားကို စြန႔္လႊတ္ရန္ျဖစ္ေၾကာင္း”နားခ်ႏိုင္ရန္ ရည္မွန္းခ်က္ျဖစ္သည္။ “အေမရိကန္သည္ န်ဴကလိယႏွင့္ ဒုံးက်ည္အစီအစဥ္မ်ားအား ေနာက္ျပန္ဆုတ္ရန္ ေစ့စပ္ညႇိဳႏႈိင္းမႈအတြက္ အေျခအေနမ်ား ခ်မွတ္ရန္” စီးပြားေရး၊ သံတမန္ေရး၊ ေထာက္လွမ္းေရးႏွင့္ အျခားနည္းလမ္းမ်ားမွတဆင့္ ဖိအားေပးရန္ လုပ္ေဆာင္မည္”ဟူ၍ ပါရွိသည္။ ၎စာ႐ြက္စာတမ္းတြင္ လူ႔အခြင့္အေရးမ်ားကို ေဖာ္ျပထားျခင္းမရွိပါ။

ၾသစေၾတးလ်ား႐ုပ္သံ ABC ၏ အဆိုအရ အဆိုပါစာ႐ြက္စာတမ္းသည္ ပုံမွန္ထက္ ႏွစ္ေပါင္း ၃၀ ေစာ၍ လွ်ိဳ႕ဝွက္အဆင့္ေလ်ာ့ခ်ခဲ့ေၾကာင္း သိရသည္။ ABC မွ ကြၽမ္းက်င္သူတစ္ ဦး က ေျပာၾကားသည္မွာ အဆိုပါေျပာင္းလဲမႈသည္ လာမည့္အပတ္တြင္ တာဝန္ယူမည့္ သမၼတေ႐ြးခ်ယ္တင္ေျမႇာက္ခံရသူ ဂ်ိဳးဘိုင္ဒန္ လက္ေအာက္တြင္ ဆက္လက္လုပ္ေဆာင္ရန္ ေမွ်ာ္လင့္ေသာ အရာရွိမ်ားက အခ်က္ျပျခင္းျဖစ္သည္ဟု ေျပာၾကားခဲ့သည္။

source : MIzzimza

Leave a Reply

Your email address will not be published. Required fields are marked *