တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ မြရည်ပုလဲလမ်းတွင် ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၀၀ ၄၅ အချိန်က ဂက်စ်အိုးသယ်ဆောင်လာသော FUSO ၁၀ဘီး အဖြူရောင်ယာဉ် တိမ်းမှောက်ပြီး
ဂက်စ်အိုးများပေါက်ကွဲ၍ မီးလောင်ခဲ့ရာ လူ(၁)ဦး သေဆုံးခဲ့ပြီး နေအိမ် (၄) လုံးနှင့် FUSO ၁၀ဘီး ယာဉ်(၁)စီး မီးလောင်ခံရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
zawgyi