ဂ်ိဳးဘိုင္ဒန္ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲမွာ ေလဒီဂါဂါနဲ႔ ဂ်နီဖာလိုပက္ဇ္တို႔ ေဖ်ာ္ေျဖမယ္

လာမယ့် ဇန်နဝါရီ (၂၀) ရက်နေ့ အမေရိကန်အိမ်ဖြူတော်မှာ ကျင်းပမယ့် သမ္မတသစ်ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကမ္ဘာ ကျော်အဆိုတော်တွေဖြစ်တဲ့ လေဒီဂါဂါနဲ့ ဂျနီဖာလိုပက်ဇ်တို့ သီဆို ဖျော်ဖြေမယ်လို့ သိရပါတယ်။

လေဒီဂါဂါဟာ နိုဝင်ဘာလက ရွေးကောက်ပွဲနေ့မတိုင်ခင် ဂျိုးဘိုင်ဒန်အတွက် မဲဆွယ်ပေးခဲ့သူဖြစ်ပြီး ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ နိုင်ငံတော်သီချင်းကိုသီဆိုမှာ ဖြစ်သလို ဂျနီဖာလိုပက်ဇ်လည်း တခြားဖျော်ဖြေသီဆိုမှုတစ်ရပ် လုပ်သွားမှာမယ်လို့ ဆိုပါတယ်။

ကမ္ဘာကျော်မင်းသားကြီးတွမ်ဟင့် ပင်တိုင်တင်ဆက်မယ့် မိနစ် (၉၀) ကြာ ရုပ်သံအစီအစဉ်တစ်ရပ်ကိုလည်း ဂီတာပညာရှင်တွေဖြစ်တဲ့ ဂျွန်ဘွန်ဂျိုဗီ၊ ဒီမီလိုဗာတာ၊ ဂျက်စတင်တင်းဘားလိတ်၊ အန့် ကလီမွန်တို့ ပါဝင်တင်ဆက်သွားမှာဖြစ်ပြီး ABC, CBS, CNN, NBC နဲ့ MSNBC ရုပ်သံလိုင်းတွေက တိုက်ရိုက် ထုတ်လွင့်ပြသသွားမယ်လို့ ဘိုင်ဒန်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက အတည်ပြု ထုတ်ပြန်ပါတယ်။

ဘိုင်င်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကော်မတီက နိုင်ငံသစ်တစ်ခုရဲ့ အောင်ပွဲခံခြင်းအစ၊ အမေရိကန် ပေါင်းစည်းခြင်းနိမိတ်၊ အမေရိကန်ပြည်သူတွေရဲ့ သူရဲကောင်းဆန်မှုနဲ့ ခံနိုင်ရည်ရှိမှုတွေကို ချင်းကျင်းပြသမယ့် အခင်းအကျင်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

လေဒီဂါဂါဟာ ၂၀၁၆ ခုနှစ်ကလည်း ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ လိင်အကြမ်းဖက်မှုဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူဖြစ်ပြီး ဂျနီဖာလိုပက်ဇ်ဟာလည်း အောက်တိုဘာလက ဂျိုးဘိုင်ဒန်နဲ့ ချက်တင်ပြောဆိုလို့ ထောက်ခံကြောင်းပြသခဲ့သူ ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုမယ့် အခမ်းအနားနေ့မှာ ဝါရှင်တန်ဒီစီမြို့တော်ဟာ ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်စီးနင်းခံရမှု ကြောင့် အရေးပေါ်အခြေအနေ ချမှတ်ထားတုန်းပဲ ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးတပ်သား တစ်သောင်းကို မြို့တော်မှာ စောင့်ကြပ်ထားရှိမှာဖြစ်သလို လိုအပ်ရင် အသင့်ဝင်နိုင်မယ့် တပ်သား ငါးထောင်ကိုလည်း အသင့်ထားရှိသွားမယ်လို့ သိရပါတယ်။ ကိုဗစ်ထုတ်ပြန်ချက်တွေက လည်းရှိနေသေးတဲ့အတွက် ကျမ်းသစ္စာကျိန်ဆိုပွဲကို သတ်မှတ်အကွာအဝေး စည်းမျဉ်းတွေနဲ့ပဲ လုပ်သွားမှာဖြစ်ပြီး အခြားမြို့ကလူတွေ မလာကြဖို့လည်း ပန်ကြားထားပါတယ်။

ဒီနှစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကတော့ အငြင်းပွားဖွယ်ရာ ပြဿနာတွေကြောင့် တက်ရောက်မှာမဟုတ်လို့ သူဟာ ၁၈၆၉ ခုနှစ်နောက်ပိုင်း သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ မတက်တဲ့ ပထမဆုံး သမ္မတဖြစ်လာမှာပါ။

Ref : BBC

zawgyi

လာမယ့္ ဇန္နဝါရီ (၂၀) ရက္ေန႔ အေမရိကန္အိမ္ျဖဴေတာ္မွာ က်င္းပမယ့္ သမၼတသစ္ဂ်ိဳးဘိုင္ဒန္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲမွာ ကမာၻ ေက်ာ္အဆိုေတာ္ေတြျဖစ္တဲ့ ေလဒီဂါဂါနဲ႔ ဂ်နီဖာလိုပက္ဇ္တို႔ သီဆို ေဖ်ာ္ေျဖမယ္လို႔ သိရပါတယ္။

ေလဒီဂါဂါဟာ ႏိုဝင္ဘာလက ေ႐ြးေကာက္ပြဲေန႔မတိုင္ခင္ ဂ်ိဳးဘိုင္ဒန္အတြက္ မဲဆြယ္ေပးခဲ့သူျဖစ္ၿပီး က်မ္းသစၥာက်ိန္ဆိုပြဲ အခမ္းအနားမွာ ႏိုင္ငံေတာ္သီခ်င္းကိုသီဆိုမွာ ျဖစ္သလို ဂ်နီဖာလိုပက္ဇ္လည္း တျခားေဖ်ာ္ေျဖသီဆိုမႈတစ္ရပ္ လုပ္သြားမွာမယ္လို႔ ဆိုပါတယ္။

ကမာၻေက်ာ္မင္းသားႀကီးတြမ္ဟင့္ ပင္တိုင္တင္ဆက္မယ့္ မိနစ္ (၉၀) ၾကာ ႐ုပ္သံအစီအစဥ္တစ္ရပ္ကိုလည္း ဂီတာပညာရွင္ေတြျဖစ္တဲ့ ဂြၽန္ဘြန္ဂ်ိဳဗီ၊ ဒီမီလိုဗာတာ၊ ဂ်က္စတင္တင္းဘားလိတ္၊ အန႔္ ကလီမြန္တို႔ ပါဝင္တင္ဆက္သြားမွာျဖစ္ၿပီး ABC, CBS, CNN, NBC နဲ႔ MSNBC ႐ုပ္သံလိုင္းေတြက တိုက္႐ိုက္ ထုတ္လြင့္ျပသသြားမယ္လို႔ ဘိုင္ဒန္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူေတြက အတည္ျပဳ ထုတ္ျပန္ပါတယ္။

ဘိုင္င္ဒန္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲေကာ္မတီက ႏိုင္ငံသစ္တစ္ခုရဲ႕ ေအာင္ပြဲခံျခင္းအစ၊ အေမရိကန္ ေပါင္းစည္းျခင္းနိမိတ္၊ အေမရိကန္ျပည္သူေတြရဲ႕ သူရဲေကာင္းဆန္မႈနဲ႔ ခံႏိုင္ရည္ရွိမႈေတြကို ခ်င္းက်င္းျပသမယ့္ အခင္းအက်င္းျဖစ္တယ္လို႔ ထုတ္ျပန္ပါတယ္။

ေလဒီဂါဂါဟာ ၂၀၁၆ ခုႏွစ္ကလည္း ဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့ လိင္အၾကမ္းဖက္မႈဆန႔္က်င္ေရး လႈပ္ရွားမႈမွာ ပါဝင္ခဲ့သူျဖစ္ၿပီး ဂ်နီဖာလိုပက္ဇ္ဟာလည္း ေအာက္တိုဘာလက ဂ်ိဳးဘိုင္ဒန္နဲ႔ ခ်က္တင္ေျပာဆိုလို႔ ေထာက္ခံေၾကာင္းျပသခဲ့သူ ျဖစ္ပါတယ္။ ဂ်ိဳးဘိုင္ဒန္ က်မ္းသစၥာက်ိန္ဆိုမယ့္ အခမ္းအနားေန႔မွာ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္ဟာ ဇန္နဝါရီ ၆ ရက္ေန႔က လႊတ္ေတာ္စီးနင္းခံရမႈ ေၾကာင့္ အေရးေပၚအေျခအေန ခ်မွတ္ထားတုန္းပဲ ျဖစ္ပါတယ္။

အမ်ိဳးသားလုံၿခဳံေရးတပ္သား တစ္ေသာင္းကို ၿမိဳ႕ေတာ္မွာ ေစာင့္ၾကပ္ထားရွိမွာျဖစ္သလို လိုအပ္ရင္ အသင့္ဝင္ႏိုင္မယ့္ တပ္သား ငါးေထာင္ကိုလည္း အသင့္ထားရွိသြားမယ္လို႔ သိရပါတယ္။ ကိုဗစ္ထုတ္ျပန္ခ်က္ေတြက လည္းရွိေနေသးတဲ့အတြက္ က်မ္းသစၥာက်ိန္ဆိုပြဲကို သတ္မွတ္အကြာအေဝး စည္းမ်ဥ္းေတြနဲ႔ပဲ လုပ္သြားမွာျဖစ္ၿပီး အျခားၿမိဳ႕ကလူေတြ မလာၾကဖို႔လည္း ပန္ၾကားထားပါတယ္။

ဒီႏွစ္ က်မ္းသစၥာက်ိန္ဆိုပြဲကို လက္ရွိသမၼတ ေဒၚနယ္ထရမ့္ကေတာ့ အျငင္းပြားဖြယ္ရာ ျပႆနာေတြေၾကာင့္ တက္ေရာက္မွာမဟုတ္လို႔ သူဟာ ၁၈၆၉ ခုႏွစ္ေနာက္ပိုင္း သမၼတသစ္ က်မ္းသစၥာက်ိန္ဆိုပြဲ မတက္တဲ့ ပထမဆုံး သမၼတျဖစ္လာမွာပါ။

Ref : BBC

Leave a Reply

Your email address will not be published. Required fields are marked *