ပဲခူးျမစ္ကူး တံတားသစ္(ၿမိဳ႕ဦးကင္း)အား ေဖေဖာ္ဝါရီ လတြင္ ဖြင့္လွစ္မည္

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့ တွင် မြို့တွင်းယာဉ်ကြောကြပ်တည်းမှုများ ဖြေလျော့နိုင်စေရန် ပဲခူးမြစ်ကူးတံတားသစ်(မြို့ဦးကင်း)အား ၂၀၁၉ခုနှစ် မတ်လ (၂)ရက်နေ့မှ စတင် တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြစ်ကူးတံတားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် (၄၂၀၀)သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် (၅၁၈.၄)ပေ၊အကျယ် (၄၀)ပေ ရှိ သံကူကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ တန်(၆၀)ဖြစ်ကြောင်း သိရသည်။

ယင်းမြစ်ကူးတံတားသည်း သမိန်ဗရမ်းလမ်းနှင့်။ စိန်သာလျောင်းလမ်းမကို ဆက်သွယ် ထားခြင်းဖြစ်ပြီး တံတားကြီးဖွင့်လှစ်ပြီးပါက ပဲခူးမြို့အတွင်း ယာဉ်ကြောကြပ်တည်းမှုများ လျော့ကျသွားမည်ဖြစ်ကာလမ်း ကွန်ရက်ချိတ်ဆက်မှုများအား အထောက်အကူဖြစ်စေပြီး ပြည်သူလူထု၏ နေ့စဉ် လှုပ်ရှားသွားလာမှုများ အချိန်တိုအတွင်း လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

source : ဖြိုးပြည့်စုံ/D-Wave

zawgyi

ပဲခူးတိုင္းေဒသႀကီး ၊ ပဲခူးၿမိဳ႕တြင္ ၿမိဳ႕တြင္းယာဥ္ေၾကာၾကပ္တည္းမႈမ်ား ေျဖေလ်ာ့ႏိုင္ေစရန္ ပဲခူးျမစ္ကူးတံတားသစ္(ၿမိဳ႕ဦးကင္း)အား ၂၀၁၉ခုႏွစ္ မတ္လ (၂)ရက္ေန႔မွ စတင္ တည္ေဆာက္ခဲ့ရာ ယခုအခ်ိန္တြင္ ရာႏႈန္ းျပည့္ၿပီးစီးေနၿပီျဖစ္ၿပီး လာမည့္ ေဖေဖာ္ဝါရီလတြင္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမစ္ကူးတံတားကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ရန္ပုံေငြ က်ပ္ (၄၂၀၀)သန္းျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး အရွည္ (၅၁၈.၄)ေပ၊အက်ယ္ (၄၀)ေပ ရွိ သံကူကြန္ကရစ္ၾကမ္းခင္းအမ်ိဳးအစားျဖစ္ၿပီး တံတားခံႏိုင္ဝန္မွာ တန္(၆၀)ျဖစ္ေၾကာင္း သိရသည္။

ယင္းျမစ္ကူးတံတားသည္း သမိန္ဗရမ္းလမ္းႏွင့္။ စိန္သာေလ်ာင္းလမ္းမကို ဆက္သြယ္ထားျခင္းျဖစ္ၿပီး တံတာ းႀကီးဖြင့္လွစ္ၿပီးပါက ပဲခူးၿမိဳ႕အတြင္း ယာဥ္ေၾကာၾကပ္တည္းမႈမ်ား ေလ်ာ့က်သြားမည္ျဖစ္ကာလမ္းကြန္ရက္ခ်ိတ္ဆက္မႈမ်ားအား အေထာက္အကူျဖစ္ေစၿပီး ျပည္သူလူထု၏ ေန႔စဥ္ လႈပ္ရွားသြားလာမႈမ်ား အခ်ိန္တိုအတြင္း လြယ္ကူစြာ သြားလာႏိုင္မည္ ျဖစ္ေၾကာင္း တံတားဦးစီးဌာနမွ သိရသည္။

source : ၿဖိဳးျပည့္စုံ/D-Wave

Leave a Reply

Your email address will not be published. Required fields are marked *