အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ မလျှော်ကန်တဲ့ လုပ်ရပ်တွေလု ပ်တယ်ဆိုပြီး အရေးယူဖို့ အမေရိကန်အောက် လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
လူငါးယောက်သေဆုံးခဲ့ရတဲ့ လွှတ်တော်ရုံ းဝင်ရောက် စီးနင်းမှုမှာ ထရမ့်ဟာသူ့ထောက်ခံသူတွေ အုံကြွသောင်းကျန်းစေဖို့ လှုံဆော်စကားတွေပြောဆိုခဲ့သလို ရွေးကောက်ပွဲမှာလည်း မဲခိုးတယ်ဆိုတဲ့ မဟုတ်မမှန်တဲ့စကားတွေကို အကြိမ်ကြိမ်ပြောဆိုခဲ့လို့ အရေးယူဖို့ အောက်လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီအမှုဟာ ရာဇဝတ်မှုမဟုတ်တဲ့ နိုင်ငံရေးအမှုဖြစ်တာကြောင့် ထရမ့်ကိုအရေးယူတာ အတွက် အထက်လွှတ်တော်က ကြားနာစစ်ဆေးမှု ဆက်လုပ်လို့ အပြစ်ထင်ရှားရင် ဘယ်တော့မှ အစိုးရအာဏာစက်ထဲ ပြန်လည်ဝင်ရောက်ခွင့်မရှိ (သမ္မတရွေးကောက်ပွဲ ထပ်ဝင်ရောက်ခွင့်ပါပါဝင်) ဆိုတဲ့ နှင်ဒဏ်မျိုးကိုခံရမှာ ဖြစ်ပါတယ်။
အမေရိကန်မှာ သမ္မတဖြစ်သူက မလျှော်မကန်ပြုလုပ်တာကို အရေးယူတဲ့ ကိစ္စကို Impeachment လုပ်တယ်လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ထရမ့်ကို သမ္မတသက်တမ်းကျန်နေသေးတဲ့အချိန်အတွင်း အထက် လွှတ်တော်က စုံစမ်းအရေးယူခြင်းမလုပ်နိုင်တာကြောင့် နောက်လာမယ့် ဗုဒ္ဓဟူးနေ့ သမ္မတ အိမ်တော်က အဆင်း သမ္မတရာထူးက ဆင်းပေးပြီးချိန်မှ အထက်လွှတ်တော်က စုံစမ်းစစ်ဆေး အရေးယူမှုစတင်လုပ်ဆောင်နိုင်မှာပါ။
ထရမ့်ဟာ ၂၀၁၉ ခုနှစ်အတွင်း ကလည်း ယူကရိန်းအရေးမှာ ပါဝင်ပတ်သက်မှုကြောင့် အောက်လွှတ်တော်က Impeachment လုပ်ခြင်းခံရပြီး အထက် လွှတ်တော်တက်ရောက်တော့မှ အမှုကနေ တရားသေလွတ်မြောက်ခဲ့တာပါ။
ဒါကြောင့် အခု အောက်လွှတ်တော်ရဲ့ အရေးယူမှုကြောင့် ထရမ့်ဟာ အမေရိကန်သမ္မ တသမိုင်းမှာ နှစ်ကြိမ်အရေးယူခံရတဲ့ ပထမဆုံး သမ္မတဖြစ်လာပါတယ်။အထက်လွှတ်တော်မှာ ထရမ့်ကိုဆက်လက်အရေးယူဖို့အရေးမှာ လွှတ်တော်အမတ်ပေါင်း (၁၀၀) ကျော် ရှိတဲ့အနက် သုံးပုံနှစ်ပုံက အရေးယူဖို့မဲပေးနိုင်မှ အထမြောက်မှာပါ။
ထရမ့်ရဲ့ ပြိုင်ဘက်ပါတီ ဒီမိုကရက်တွေကတော့ အရေးယူဖို့ အားလုံးမဲပေးကြမှာဖြစ်ပေမယ့် သုံးပုံနှစ်ပုံမဲ ရအောင် ထရမ့်ရဲ့ ရီပက်ဘလစ်ကန်ပါတီအမတ် အနည်းဆုံး (၁၇) ယောက်ကပါ ထပ်ပြီးမဲပေးမှသာ အရေးယူနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ရီပက်ဘလစ်ကန်အမတ် (၂၀) ယောက် အထိ ထရမ့်ကို အရေးယူစေချင်ကြတယ်လို့ ဆိုပါတယ်။FBI က သမ္မတသစ်ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီ (၂၀) ရက်မတိုင်ခင်ရက်တွေမှာ လက်နက်ကိုင် အကြမ်းဖက်လာမှုတွေ ရှိလာနိုင်တယ်လို့ ယူဆတဲ့အတွက် သမ္မတရုံးအခြေစိုက်ရာ ဝါရှင်တန်ဒီစီမှာရော အခြာ းပြည်နယ် (၅၀) က အစိုးရရုံးတွေအားလုံးမှာ လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားမယ်လို့ သိရပါတယ်။
source : Omedia
zawgyi
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အေနနဲ႔ မေလွ်ာ္ကန္တဲ့ လုပ္ရပ္ေတြလု ပ္တယ္ဆိုၿပီး အေရးယူဖို႔ အေမရိကန္ေအာက္ လႊတ္ေတာ္က အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။
လူငါးေယာက္ေသဆုံးခဲ့ရတဲ့ လႊတ္ေတာ္႐ုံ းဝင္ေရာက္ စီးနင္းမႈမွာ ထရမ့္ဟာသူ႔ေထာက္ခံသူေတြ အုံႂကြေသာင္းက်န္းေစဖို႔ လႈံေဆာ္စကားေတြေျပာဆိုခဲ့သလို ေ႐ြးေကာက္ပြဲမွာလည္း မဲခိုးတယ္ဆိုတဲ့ မဟုတ္မမွန္တဲ့စကားေတြကို အႀကိမ္ႀကိမ္ေျပာဆိုခဲ့လို႔ အေရးယူဖို႔ ေအာက္လႊတ္ေတာ္က အတည္ျပဳလိုက္တာျဖစ္ပါတယ္။
ဒါေပမဲ့လည္း ဒီအမႈဟာ ရာဇဝတ္မႈမဟုတ္တဲ့ ႏိုင္ငံေရးအမႈျဖစ္တာေၾကာင့္ ထရမ့္ကိုအေရးယူတာ အတြက္ အထက္လႊတ္ေတာ္က ၾကားနာစစ္ေဆးမႈ ဆက္လုပ္လို႔ အျပစ္ထင္ရွားရင္ ဘယ္ေတာ့မွ အစိုးရအာဏာစက္ထဲ ျပန္လည္ဝင္ေရာက္ခြင့္မရွိ (သမၼတေ႐ြးေကာက္ပြဲ ထပ္ဝင္ေရာက္ခြင့္ပါပါဝင္) ဆိုတဲ့ ႏွင္ဒဏ္မ်ိဳးကိုခံရမွာ ျဖစ္ပါတယ္။
အေမရိကန္မွာ သမၼတျဖစ္သူက မေလွ်ာ္မကန္ျပဳလုပ္တာကို အေရးယူတဲ့ ကိစၥကို Impeachment လုပ္တယ္လို႔ ေခၚဆိုတာ ျဖစ္ပါတယ္။ထရမ့္ကို သမၼတသက္တမ္းက်န္ေနေသးတဲ့အခ်ိန္အတြင္း အထက္ လႊတ္ေတာ္က စုံစမ္းအေရးယူျခင္းမလုပ္ႏိုင္တာေၾကာင့္ ေနာက္လာမယ့္ ဗုဒၶဟူးေန႔ သမၼတ အိမ္ေတာ္က အဆင္း သမၼတရာထူးက ဆင္းေပးၿပီးခ်ိန္မွ အထက္လႊတ္ေတာ္က စုံစမ္းစစ္ေဆး အေရးယူမႈစတင္လုပ္ေဆာင္ႏိုင္မွာပါ။
ထရမ့္ဟာ ၂၀၁၉ ခုႏွစ္အတြင္း ကလည္း ယူကရိန္းအေရးမွာ ပါဝင္ပတ္သက္မႈေၾကာင့္ ေအာက္လႊတ္ေတာ္က Impeachment လုပ္ျခင္းခံရၿပီး အထက္ လႊတ္ေတာ္တက္ေရာက္ေတာ့မွ အမႈကေန တရားေသလြတ္ေျမာက္ခဲ့တာပါ။
ဒါေၾကာင့္ အခု ေအာက္လႊတ္ေတာ္ရဲ႕ အေရးယူမႈေၾကာင့္ ထရမ့္ဟာ အေမရိကန္သမၼ တသမိုင္းမွာ ႏွစ္ႀကိမ္အေရးယူခံရတဲ့ ပထမဆုံး သမၼတျဖစ္လာပါတယ္။အထက္လႊတ္ေတာ္မွာ ထရမ့္ကိုဆက္လက္အေရးယူဖို႔အေရးမွာ လႊတ္ေတာ္အမတ္ေပါင္း (၁၀၀) ေက်ာ္ ရွိတဲ့အနက္ သုံးပုံႏွစ္ပုံက အေရးယူဖို႔မဲေပးႏိုင္မွ အထေျမာက္မွာပါ။
ထရမ့္ရဲ႕ ၿပိဳင္ဘက္ပါတီ ဒီမိုကရက္ေတြကေတာ့ အေရးယူဖို႔ အားလုံးမဲေပးၾကမွာျဖစ္ေပမယ့္ သုံးပုံႏွစ္ပုံမဲ ရေအာင္ ထရမ့္ရဲ႕ ရီပက္ဘလစ္ကန္ပါတီအမတ္ အနည္းဆုံး (၁၇) ေယာက္ကပါ ထပ္ၿပီးမဲေပးမွသာ အေရးယူႏိုင္မွာ ျဖစ္ပါတယ္။
လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြအရ ရီပက္ဘလစ္ကန္အမတ္ (၂၀) ေယာက္ အထိ ထရမ့္ကို အေရးယူေစခ်င္ၾကတယ္လို႔ ဆိုပါတယ္။FBI က သမၼတသစ္ဂ်ိဳးဘိုင္ဒန္ က်မ္းသစၥာက်ိန္ဆိုမယ့္ ဇန္နဝါရီ (၂၀) ရက္မတိုင္ခင္ရက္ေတြမွာ လက္နက္ကိုင္ အၾကမ္းဖက္လာမႈေတြ ရွိလာႏိုင္တယ္လို႔ ယူဆတဲ့အတြက္ သမၼတ႐ုံးအေျခစိုက္ရာ ဝါရွင္တန္ဒီစီမွာေရာ အျခာ းျပည္နယ္ (၅၀) က အစိုးရ႐ုံးေတြအားလုံးမွာ လုံၿခဳံေရးတင္းတင္းၾကပ္ၾကပ္ ခ်ထားမယ္လို႔ သိရပါတယ္။
source : Omedia