ႏ်ဴကလီးယား စြမ္းအင္ တင္ပို႔မႈ အေမရိကန္ကို တရုတ္ ယွဥ္ႏိုင္ၿပီ

နျူကလီးယားစွမ်းအားသုံး စက်ရောင်းချ ထုတ်လုပ်မှုအတွက် ဦးဆောင်နေတဲ့ အမေရိကန်ရဲ့ နေရာကို တရုတ်က အစားထိုးဝင်ရောက်နေပြီဖြစ်တဲ့အတွက် တရုတ်ဟာ ကမ္ဘာ့ စီးပွါးရေးနဲ့ သံတမန်ရေးအင်အားကြီး နိုင်ငံတနိုင်ငံ အဖြစ် ဦးဆောင်ဖို့ လမ်းတခုပွင့်လာနေပြီဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။

သက္ကရာဇ် ၂၀၀၀ ကစပြီး တည်ဆောက်ခဲ့တဲ့ နျူကလီးယား ဓါတ်ပေါင်းဖို ၉၆ ခုဟာ နိုင်ငံပေါင်း ၁၃ နိုင်ငံထဲမှာ ရှိပြီး အဲဒီထဲက ၄၅ ခုဟာ တရုတ်နိုင်ငံတွင်းတည်ဆောက်ထားသလို ၁၂ ခုက ရုရှားနိုင်ငံထဲမှာရှိတယ်လို့ မကြာသေးခင်ကမှ ထုတ်ဝေတဲ့ အမေရိကန်လေတပ်ရဲ့ အထောက်အပံ့ပေးထားတဲ့ Strategic Studies Quarterly မဟာဗျူဟာ ဆိုင်ရာ ဂျာနယ် မှာ ဖေါ်ပြထားပါတယ်။

ကမ္ဘာတလွှား လက်ရှိ တည်ဆောက်ဆဲ ဓါတ်ပေါင်းဖို ၅၄ ခုကိုကြည့်ရင်လည်း အခု ၂၀ က တရုတ် ဒါမှမဟုတ် ရုရှားနဲ့ ဆက်နွယ်နေတာတွေ့ရသလို တရုတ် ဒီဇိုင်းဆွဲထားတာက ၁၃ ခုရှိနေတယ်လို့လည်း ဖေါ်ပြပါတယ်။

အထူးသဖြင့် တိုးတက်ဆဲနိုင်ငံတွေရဲ့ စီးပွါးရေးနဲ့ လ ျှပ်စစ်ဓါတ်အား လိုအပ်ချက် ရုတ်ချည်း တိုးလာနေသလို ကမ္ဘာ့နေရာ အနှံ့မှာ လည်း လိုအပ်ချက်တွေ တိုးလာနေချိန်မှာပဲ အမေရိကန်နိုင်ငံမှာ နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေးကို သိပ်စိတ်ဝင်စားမှု မရှိကြ တော့ကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုလုံးဝမရှိသလောက် နီးပါး ဖြစ်တဲ့ သန့်ရှင်းတဲ့ စွမ်းအင်ပေးတဲ့ နျူကလီယား စွမ်းအင်ဟာ စီးပွါးရေးဖွံ့ဖြိုးမှုအတွက် သန့်ရှင်းတဲ့ စွမ်းအင်သုံးချင်တဲ့ နိုင်ငံအများအပြားအတွက် သိပ်ကို အရေးပါတာပါ။

IAE နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီကလည်း ၂၀၅၀ မှာ နျူကလီးယား စွမ်းအင်ကို အခုထက် ၂ ဆ ပိုသုံးလာမှာ ဖြစ်ကြောင့် မနှစ်က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

source : VOA
zawgyi

န်ဴကလီးယားစြမ္းအားသုံး စက္ေရာင္းခ် ထုတ္လုပ္မႈအတြက္ ဦးေဆာင္ေနတဲ့ အေမရိကန္ရဲ႕ ေနရာကို တ႐ုတ္က အစားထိုးဝင္ေရာက္ေနၿပီျဖစ္တဲ့အတြက္ တ႐ုတ္ဟာ ကမာၻ႔ စီးပြါးေရးနဲ႔ သံတမန္ေရးအင္အားႀကီး ႏိုင္ငံတႏိုင္ငံ အျဖစ္ ဦးေဆာင္ဖို႔ လမ္းတခုပြင့္လာေနၿပီျဖစ္ေၾကာင္း ကြၽမ္းက်င္သူေတြက သုံးသပ္ေနပါတယ္။

သကၠရာဇ္ ၂၀၀၀ ကစၿပီး တည္ေဆာက္ခဲ့တဲ့ န်ဴကလီးယား ဓါတ္ေပါင္းဖို ၉၆ ခုဟာ ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံထဲမွာ ရွိၿပီး အဲဒီထဲက ၄၅ ခုဟာ တ႐ုတ္ႏိုင္ငံတြင္းတည္ေဆာက္ထားသလို ၁၂ ခုက ႐ုရွားႏိုင္ငံထဲမွာရွိတယ္လို႔ မၾကာေသးခင္ကမွ ထုတ္ေဝတဲ့ အေမရိကန္ေလတပ္ရဲ႕ အေထာက္အပံ့ေပးထားတဲ့ Strategic Studies Quarterly မဟာဗ်ဴဟာ ဆိုင္ရာ ဂ်ာနယ္ မွာ ေဖၚျပထားပါတယ္။

ကမာၻတလႊား လက္ရွိ တည္ေဆာက္ဆဲ ဓါတ္ေပါင္းဖို ၅၄ ခုကိုၾကည့္ရင္လည္း အခု ၂၀ က တ႐ုတ္ ဒါမွမဟုတ္ ႐ုရွားနဲ႔ ဆက္ႏြယ္ေနတာေတြ႕ရသလို တ႐ုတ္ ဒီဇိုင္းဆြဲထားတာက ၁၃ ခုရွိေနတယ္လို႔လည္း ေဖၚျပပါတယ္။

အထူးသျဖင့္ တိုးတက္ဆဲႏိုင္ငံေတြရဲ႕ စီးပြါးေရးနဲ႔ လ ွ်ပ္စစ္ဓါတ္အား လိုအပ္ခ်က္ ႐ုတ္ခ်ည္း တိုးလာေနသလို ကမာၻ႔ေနရာ အႏွံ႔မွာ လည္း လိုအပ္ခ်က္ေတြ တိုးလာေနခ်ိန္မွာပဲ အေမရိကန္ႏိုင္ငံမွာ န်ဴကလီးယားစြမ္းအင္ထုတ္လုပ္ေရးကို သိပ္စိတ္ဝင္စားမႈ မရွိၾက ေတာ့ေၾကာင္း ေတြ႕ရတယ္လို႔ ဆိုပါတယ္။

ဖန္လုံအိမ္ဓါတ္ေငြ႕ ထုတ္လႊတ္မႈလုံးဝမရွိသေလာက္ နီးပါး ျဖစ္တဲ့ သန႔္ရွင္းတဲ့ စြမ္းအင္ေပးတဲ့ န်ဴကလီယား စြမ္းအင္ဟာ စီးပြါးေရးဖြ႕ံ့ၿဖိဳးမႈအတြက္ သန႔္ရွင္းတဲ့ စြမ္းအင္သုံးခ်င္တဲ့ ႏိုင္ငံအမ်ားအျပားအတြက္ သိပ္ကို အေရးပါတာပါ။

IAE ႏိုင္ငံတကာအႏုျမဴစြမ္းအင္ ေအဂ်င္စီကလည္း ၂၀၅၀ မွာ န်ဴကလီးယား စြမ္းအင္ကို အခုထက္ ၂ ဆ ပိုသုံးလာမွာ ျဖစ္ေၾကာင့္ မႏွစ္က ထုတ္ျပန္တဲ့ ႏွစ္ပတ္လည္ အစီရင္ခံစာမွာ ခန႔္မွန္းထားပါတယ္။

source : VOA

Leave a Reply

Your email address will not be published. Required fields are marked *