ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တခုလုံး တိုင်းစစ်ဌာနချုပ်ကနေတစ်ဆင့် နုတ်ထွက်ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့က စာတင်လိုက်တယ်လို့ BGF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်စစ်ရုံးက တာဝန်ရှိသူတွေ ဇန်နဝါရီ ၁၅ ရက်နေ့မှာ လာရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှာလည်း အစည်းအဝေးရှိတယ်လို့ BGF တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း BGF တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစောမိုသို နုတ်ထွက်စာတင်ခဲ့ပါတယ်။
ဗိုလ်မှူးစောမိုသို နုတ်ထွက်တာဟာ ရွှေကုက္ကိုလ်စီမံကိန်းနဲ့ပတ်သတ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပါတယ်။ BGF ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူကိုလည်း နုတ်ထွက်ဖို့ ပြောထားတယ်လို့ သိရပါတယ်။
ရွှေကုက္ကိုလ်စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာရှိသလို တပ်မတော်ဘက်ကလည်း တွေ့ရှိချက်တွေကိုတင်ပြပြီး ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်သားတွေကိုလည်း အရေးယူဆောင်ရွက်ခဲ့သလို ပါဝင်ပတ်သက်တဲ့ နယ်ခြားစောင့်တပ်အဖွဲ့တွေရှိရင် စည်းမျဉ်းစည်းကမ်းတွေအရ ဆောင်ရွက်ရမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရရဲ့စစ်ဆေးမှုတွေကို လွတ်လွတ်လပ်လပ် စစ်ဆေးစေခဲ့ပြီး ကန့်သတ်ပိတ်ဆို့တာ ဘာမှမရှိခဲ့ဘူးလို့ BGF ဘက်က ပြန်လည်ပြောဆိုထားပါတယ်။
source : DVB
zawgyi
ကရင္ျပည္နယ္က နယ္ျခားေစာင့္တပ္ဖြဲ႕ (BGF) တခုလုံး တိုင္းစစ္ဌာနခ်ဳပ္ကေနတစ္ဆင့္ ႏုတ္ထြက္ေၾကာင္း ဇန္နဝါရီ ၁၄ ရက္ေန႔က စာတင္လိုက္တယ္လို႔ BGF တပ္ဖြဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေနျပည္ေတာ္စစ္႐ုံးက တာဝန္ရွိသူေတြ ဇန္နဝါရီ ၁၅ ရက္ေန႔မွာ လာေရာက္ေဆြးေႏြးၾကမယ္လို႔ သိရပါတယ္။
ဇန္နဝါရီ ၁၅ ရက္ေန႔ မနက္ပိုင္းမွာလည္း အစည္းအေဝးရွိတယ္လို႔ BGF တပ္ဖြဲ႕ တာဝန္ရွိသူက ေျပာပါတယ္။ ၿပီးခဲ့တဲ့ အပတ္ကလည္း BGF တပ္ဖြဲ႕က တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဗိုလ္မႉးေစာမိုသို ႏုတ္ထြက္စာတင္ခဲ့ပါတယ္။
ဗိုလ္မႉးေစာမိုသို ႏုတ္ထြက္တာဟာ ေ႐ႊကုကၠိဳလ္စီမံကိန္းနဲ႔ပတ္သတ္တယ္လို႔ တပ္မေတာ္ဘက္က ေျပာဆိုထားပါတယ္။ BGF ေခါင္းေဆာင္ေတြျဖစ္တဲ့ ဗိုလ္မႉးႀကီး ေစာခ်စ္သူကိုလည္း ႏုတ္ထြက္ဖို႔ ေျပာထားတယ္လို႔ သိရပါတယ္။
ေ႐ႊကုကၠိဳလ္စီမံကိန္းနဲ႔ပတ္သက္ၿပီး အစိုးရဘက္ကလည္း စုံစမ္းစစ္ေဆးမႈေတြ လုပ္ခဲ့တာရွိသလို တပ္မေတာ္ဘက္ကလည္း ေတြ႕ရွိခ်က္ေတြကိုတင္ျပၿပီး ပါဝင္ပတ္သက္ခဲ့တဲ့ တပ္မေတာ္သားေတြကိုလည္း အေရးယူေဆာင္႐ြက္ခဲ့သလို ပါဝင္ပတ္သက္တဲ့ နယ္ျခားေစာင့္တပ္အဖြဲ႕ေတြရွိရင္ စည္းမ်ဥ္းစည္းကမ္းေတြအရ ေဆာင္႐ြက္ရမယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုထားပါတယ္။
အဲဒီစီမံကိန္းနဲ႔ပတ္သက္ၿပီး အစိုးရရဲ႕စစ္ေဆးမႈေတြကို လြတ္လြတ္လပ္လပ္ စစ္ေဆးေစခဲ့ၿပီး ကန႔္သတ္ပိတ္ဆို႔တာ ဘာမွမရွိခဲ့ဘူးလို႔ BGF ဘက္က ျပန္လည္ေျပာဆိုထားပါတယ္။
source : DVB