ေဆးလိပ္ေသာက္သုံးသူ၏ အဆုတ္ထက္ ကိုဗစ္ျပင္းထန္လူနာ၏ အဆုတ္က ပိုမိုဆိုး႐ြားေၾကာင္း ဓာတ္မွန္မ်ားက ေဖာ္ျပေန

တုန်လှုပ်စေသော ရင်ဘတ်ဓာတ်မှန် ပုံရိပ်များအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှ ပြန်လည် နာလန်ထူလာသည့် လူနာများ၏ အဆုတ်မှ အမာရွတ်များသည် ဆေးလိပ်သောက်သူများ၏ အဆုတ်များထက် ပိုမိုဆိုးရွားကြောင်း ပြသနေသည်။

တက္ကဆက်နည်းပညာ တက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနမှ လက်ထောက် ပါမောက္ခ ဒေါက်တာ ဘရစ်တတ်နီ ဘန့်ခ်ဟက်ဒ်-ကန်ဒယ်က ယင်းဓာတ်ပုံများကို တွစ်တာတွင် မျှဝေခဲ့သည်။ ဒေါက်တာသည် ပြီးခဲ့သည့်နှစ် ကူးစက်မှု စတင်ကတည်းက ကိုဗစ် လူနာ လူနာ ထောင်ပေါင်းများစွာကို ကုသပေးနေခဲ့သည်။

ပုံတစ်ပုံတွင် ပုံမှန်ကျန်းမာသော အဆုတ်တစ်စုံ၊ အခြားတစ်ပုံတွင် ဆေးလိပ် သောက်သူ၏ အဆုတ်နှင့် တတိယပုံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာ၏ အဆုတ်ကိုပြထားသည်။ပုံမှန် အဆုတ်များသည် မှောင်မိုက်နေသည်။ ဆေးလိပ်သောက်သူများ၏ အဆုတ်သည် တစ်စိတ်တစ်ပိုင်း ခပ်ဖျော့ဖျော့ ဖြစ်ကာ အမာရွတ်များရှိနေပြီး ကိုဗစ်လူနာ၏ အစိတ်အပိုင်း များမှာမူ လုံး၀ မူမမှန်သည် အသွင်ကို တွေ့ရသည်။

ဒေါက်တာက -“ ကိုဗစ် လူနာဟောင်းရဲ့ အဆုတ်တွေဟာ ကျွန်မတို့ တစ်ခါမှ မတွေ့ဖူးတဲ့ ကြောက်မက်ဖွယ်ပဲ။ ဆေးလိပ်သောက်သူရဲ့ အဆုတ်တွေထက် ပိုဆိုးနေတယ်။ သူတို့က ပြိုကျသွားတယ်။ ပြီးတော့ သူတို့က သွေးခဲတယ်။ ပြီးတော့ အသက်ရှူမဝတာတွေ ဆက်ဖြစ်နေ နိုင်တယ်”ဟု တွစ်တာတွင် ရေးသားထားသည်။

ကိုရိုနာဗိုင်းရပ်စ်မှ ပြန်လည်နာလန်ထူလာ သူများစွာ ကြုံတွေ့ခဲ့ရသော ကိုဗစ်-၁၉ သက်ရောက်မှုများနှင့် ပတ်သက်၍ ယခင်က ဆရာဝန်များကလည်း သတိပေးခဲ့ဖူးသည်။ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်တို့ ဖြစ်နိုင်ကြောင်း သတိပေးထားသည်။

ဒေါက်တာ ဘန့်ခ်ဟက်ဒ်-ကန်ဒယ်က“ ဒီအကြောင်းကို တွစ်တာမှာ ကျွန်မဖြန့်ဝေပြီးတဲ့အခါမှာ လူတွေ ဘယ်နှစ်ယောက်မှာ ဒီအဖြစ်အပျက်မျိုး အတိုင်း ကြုံတွေ့နေရသလဲဆိုတာကို အတိအကျ မပြောနိုင်ပါဘူး” ဟုဆိုသည်။ဒေါက်တာက ပြင်းပြင်းထန်ထန် ရောဂါလက္ခဏာများ ခံစားခဲ့ရသူအားလုံး၏ ရင်ဘတ် ဓာတ်မှန်တိုင်း မကောင်းကြဟု ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်ကြောင့် အဆုတ်တွင် ဖြစ်ပေါ်လာသော အမာရွတ်များ ပျောက်ကင်းသွား မလားဆိုသည်ကိုမူ မသိကြရသေးပေ။ သို့သော် အသက်ရှူရကျပ်နေသည့် သူတိုင်း ဆရာဝန်နှင့် ပြန်ပြသင့်သည်ဟု ဒေါက်တာက တိုက်တွန်းထားသည်။

source : ChannelKeyMyanmar

zawgyi

တုန္လႈပ္ေစေသာ ရင္ဘတ္ဓာတ္မွန္ ပုံရိပ္မ်ားအရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမွ ျပန္လည္ နာလန္ထူလာသည့္ လူနာမ်ား၏ အဆုတ္မွ အမာ႐ြတ္မ်ားသည္ ေဆးလိပ္ေသာက္သူမ်ား၏ အဆုတ္မ်ားထက္ ပိုမိုဆိုး႐ြားေၾကာင္း ျပသေနသည္။

တကၠဆက္နည္းပညာ တကၠသိုလ္ က်န္းမာေရးသိပၸံဌာနမွ လက္ေထာက္ ပါေမာကၡ ေဒါက္တာ ဘရစ္တတ္နီ ဘန႔္ခ္ဟက္ဒ္-ကန္ဒယ္က ယင္းဓာတ္ပုံမ်ားကို တြစ္တာတြင္ မွ်ေဝခဲ့သည္။ ေဒါက္တာသည္ ၿပီးခဲ့သည့္ႏွစ္ ကူးစက္မႈ စတင္ကတည္းက ကိုဗစ္ လူနာ လူနာ ေထာင္ေပါင္းမ်ားစြာကို ကုသေပးေနခဲ့သည္။

ပုံတစ္ပုံတြင္ ပုံမွန္က်န္းမာေသာ အဆုတ္တစ္စုံ၊ အျခားတစ္ပုံတြင္ ေဆးလိပ္ ေသာက္သူ၏ အဆုတ္ႏွင့္ တတိယပုံမွာ ကို႐ိုနာဗိုင္းရပ္စ္ လူနာ၏ အဆုတ္ကိုျပထားသည္။ပုံမွန္ အဆုတ္မ်ားသည္ ေမွာင္မိုက္ေနသည္။ ေဆးလိပ္ေသာက္သူမ်ား၏ အဆုတ္သည္ တစ္စိတ္တစ္ပိုင္း ခပ္ေဖ်ာ့ေဖ်ာ့ ျဖစ္ကာ အမာ႐ြတ္မ်ားရွိေနၿပီး ကိုဗစ္လူနာ၏ အစိတ္အပိုင္း မ်ားမွာမူ လုံး၀ မူမမွန္သည္ အသြင္ကို ေတြ႕ရသည္။

ေဒါက္တာက -“ ကိုဗစ္ လူနာေဟာင္းရဲ႕ အဆုတ္ေတြဟာ ကြၽန္မတို႔ တစ္ခါမွ မေတြ႕ဖူးတဲ့ ေၾကာက္မက္ဖြယ္ပဲ။ ေဆးလိပ္ေသာက္သူရဲ႕ အဆုတ္ေတြထက္ ပိုဆိုးေနတယ္။ သူတို႔က ၿပိဳက်သြားတယ္။ ၿပီးေတာ့ သူတို႔က ေသြးခဲတယ္။ ၿပီးေတာ့ အသက္ရႉမဝတာေတြ ဆက္ျဖစ္ေန ႏိုင္တယ္”ဟု တြစ္တာတြင္ ေရးသားထားသည္။

ကို႐ိုနာဗိုင္းရပ္စ္မွ ျပန္လည္နာလန္ထူလာ သူမ်ားစြာ ႀကဳံေတြ႕ခဲ့ရေသာ ကိုဗစ္-၁၉ သက္ေရာက္မႈမ်ားႏွင့္ ပတ္သက္၍ ယခင္က ဆရာဝန္မ်ားကလည္း သတိေပးခဲ့ဖူးသည္။ ပင္ပန္းႏြမ္းနယ္ျခင္း၊ အသက္ရႉမဝျခင္တို႔ ျဖစ္ႏိုင္ေၾကာင္း သတိေပးထားသည္။

ေဒါက္တာ ဘန႔္ခ္ဟက္ဒ္-ကန္ဒယ္က“ ဒီအေၾကာင္းကို တြစ္တာမွာ ကြၽန္မျဖန႔္ေဝၿပီးတဲ့အခါမွာ လူေတြ ဘယ္ႏွစ္ေယာက္မွာ ဒီအျဖစ္အပ်က္မ်ိဳး အတိုင္း ႀကဳံေတြ႕ေနရသလဲဆိုတာကို အတိအက် မေျပာႏိုင္ပါဘူး” ဟုဆိုသည္။ေဒါက္တာက ျပင္းျပင္းထန္ထန္ ေရာဂါလကၡဏာမ်ား ခံစားခဲ့ရသူအားလုံး၏ ရင္ဘတ္ ဓာတ္မွန္တိုင္း မေကာင္းၾကဟု ေျပာၾကားခဲ့သည္။

ကို႐ိုနာဗိုင္းရပ္ေၾကာင့္ အဆုတ္တြင္ ျဖစ္ေပၚလာေသာ အမာ႐ြတ္မ်ား ေပ်ာက္ကင္းသြား မလားဆိုသည္ကိုမူ မသိၾကရေသးေပ။ သို႔ေသာ္ အသက္ရႉရက်ပ္ေနသည့္ သူတိုင္း ဆရာဝန္ႏွင့္ ျပန္ျပသင့္သည္ဟု ေဒါက္တာက တိုက္တြန္းထားသည္။

source : ChannelKeyMyanmar

Leave a Reply

Your email address will not be published. Required fields are marked *