အေမရိကန္ကုမၸဏီေတြ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇပ္ႏွံမႈေတြပိုလုပ္ဖို႔ ျမန္မာအစိုးရဖိတ္ေခၚ

၂၀၂၁ မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းရရှိမယ်လို့ ခန့်မှန်းထားလို့ ဒေသတွင်း စီးပွားရေးအတိုးတက်ဆုံးနိုင်ငံများထဲ ပါဝင်နေအမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေပိုလုပ်ဖို့ မြန်မာအစိုးရကဖိတ်ခေါ်လိုက်ပါတယ်။

အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာမှုစင်တာ (APCSS) က ဦးဆောင်ကျင်းပတဲ့ “ကိုဗစ်-၁၉ အလွန်ကာလ – ကြံ့ကြံ့ခံနိုင်မှု မြင့်မားရေး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု” အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာအစိုးရကိုယ်စားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတက်ရောက်ဆွေးနွေးစဉ် ဖိတ်ခေါ်ခဲ့တာပါ။

အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာ့အအောင်မြင်ဆုံး ကုမ္ပဏီတွေ၊ ကမ္ဘာ့အဆင့်မီ နည်းပညာနဲ့ ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်တွေမှာ ပြိုင်စံကင်း ချိတ်ဆက်ထားနိုင်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံမှာတော့ အခြားသော ဒေသတွင်းနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အမေရိကန်ကို နှိုင်းယှဉ်မယ်ဆိုရင် အမေရိကန်ရဲ့ ရင်းနှီး မြှုပ်နှံမှုက အနည်းငယ်သာ ရှိနေသေးတာကြောင့် အခုလိုဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ဒီဇင်ဘာလအထိ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ စစ်တမ်းတွေအရ အမေရိကန်ရဲ့ ရင်းနှီးမြှပ်နှံမှုဟာ အမေရိကန်ဒေါ်လာ သန်း၃၀၀ကျော်ပဲ ရှိတာတွေ့ရပါတယ်။စင်ကာပူ၊တရုတ်၊ဗီယက်နမ်၊ဂျပန်၊ထိုင်း၊ကိုရီးယားတွေနဲ့ နှိုင်းယှဉ်ရင်အတော်လေးကို နည်းပါတယ်။

ပြည်ထောင်စုဝန်ကြီးက တစ်နေ့တစ်ခြား တိုးတက်ထင်ပေါ်လာတဲ့ အာရှဒေသကို လုံခြုံရေးအရ စိန်ခေါ်မှု တစ်ခုအဖြစ်မမြင်ဘဲ စီးပွားရေးအရ အခွင့်အလမ်း ကောင်း ရှိတဲ့ ဒေသအဖြစ် ပြောင်းလဲရှုမြင်သင့်တယ်လို့ ဆွေးနွေးပွဲမှာ ဆိုလိုက်ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုကို ၆ ရာခိုင်နှုန်း ရရှိရမယ်လို့ ခန့်မှန်းတာမို့ ဒေသတွင်း စီးပွားရေးအတိုးတက်ဆုံးနိုင်ငံတွေထဲ ပါဝင်နေဆဲပဲလို့လည်း နိုင်ငံတကာကိုဆိုပါတယ်။ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက မကြာမီကာလများအတွင်း ရောဂါကူးစက်မှုနှုန်းထက် ကာကွယ်ဆေးထိုး နှံနိုင်မှုနှုန်းက ပိုမိုလာမှာဖြစ်လို့ တစ်ကမ္ဘာလုံး လူသားများ ရင်ဆိုင်နေရတဲ့ ကပ်ရောဂါ အမှောင်ထုကနေ လွန်မြောက်မယ့် အလင်းရောင်ကို စတင်မြင်ရတော့မယ်လို့ပြောပါတယ်။

source : မြတ်မင်း/Myanmar Harp

zawgyi

၂၀၂၁ ျမန္မာႏိုင္ငံရဲ႕ GDP တိုးတက္မႈႏႈန္း ၆ ရာခိုင္ႏႈန္းရရွိမယ္လို႔ ခန႔္မွန္းထားလို႔ ေဒသတြင္း စီးပြားေရးအတိုးတက္ဆုံးႏိုင္ငံမ်ားထဲ ပါဝင္ေနအေမရိကန္ကုမၸဏီေတြ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇပ္ႏွံမႈေတြပိုလုပ္ဖို႔ ျမန္မာအစိုးရကဖိတ္ေခၚလိုက္ပါတယ္။

အာရွ-ပစိဖိတ္ လုံၿခဳံေရးဆိုင္ရာ ေလ့လာမႈစင္တာ (APCSS) က ဦးေဆာင္က်င္းပတဲ့ “ကိုဗစ္-၁၉ အလြန္ကာလ – ႀကံ့ႀကံ့ခံႏိုင္မႈ ျမင့္မားေရး ႏိုင္ငံတကာ ပူးေပါင္း ေဆာင္႐ြက္မႈ” အလုပ္႐ုံေဆြးေႏြးပြဲမွာ ျမန္မာအစိုးရကိုယ္စားရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းတက္ေရာက္ေဆြးေႏြးစဥ္ ဖိတ္ေခၚခဲ့တာပါ။

အေမရိကန္ႏိုင္ငံအေနနဲ႔ ကမာၻ႔အေအာင္ျမင္ဆုံး ကုမၸဏီေတြ၊ ကမာၻ႔အဆင့္မီ နည္းပညာနဲ႔ ကမာၻ႔ကုန္ထုတ္လုပ္မႈကြင္းဆက္ေတြမွာ ၿပိဳင္စံကင္း ခ်ိတ္ဆက္ထားႏိုင္မႈေတြရွိေနေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ အျခားေသာ ေဒသတြင္းႏိုင္ငံမ်ားရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ အေမရိကန္ကို ႏႈိင္းယွဥ္မယ္ဆိုရင္ အေမရိကန္ရဲ႕ ရင္းႏွီး ျမႇဳပ္ႏွံမႈက အနည္းငယ္သာ ရွိေနေသးတာေၾကာင့္ အခုလိုဖိတ္ေခၚလိုက္တာျဖစ္ပါတယ္။

၂၀၁၆-၂၀၁၇ ခုႏွစ္ကေန ၂၀၂၀ ဒီဇင္ဘာလအထိ ရင္းႏွီးျမႇပ္ႏွံမႈဆိုင္ရာ စစ္တမ္းေတြအရ အေမရိကန္ရဲ႕ ရင္းႏွီးျမႇပ္ႏွံမႈဟာ အေမရိကန္ေဒၚလာ သန္း၃၀၀ေက်ာ္ပဲ ရွိတာေတြ႕ရပါတယ္။စင္ကာပူ၊တ႐ုတ္၊ဗီယက္နမ္၊ဂ်ပန္၊ထိုင္း၊ကိုရီးယားေတြနဲ႔ ႏႈိင္းယွဥ္ရင္အေတာ္ေလးကို နည္းပါတယ္။

ျပည္ေထာင္စုဝန္ႀကီးက တစ္ေန႔တစ္ျခား တိုးတက္ထင္ေပၚလာတဲ့ အာရွေဒသကို လုံၿခဳံေရးအရ စိန္ေခၚမႈ တစ္ခုအျဖစ္မျမင္ဘဲ စီးပြားေရးအရ အခြင့္အလမ္း ေကာင္း ရွိတဲ့ ေဒသအျဖစ္ ေျပာင္းလဲရႈျမင္သင့္တယ္လို႔ ေဆြးေႏြးပြဲမွာ ဆိုလိုက္ပါတယ္။

ဒါ့အျပင္ ၂၀၂၁ ခုႏွစ္မွာ ျမန္မာႏိုင္ငံရဲ႕ GDP တိုးတက္မႈကို ၆ ရာခိုင္ႏႈန္း ရရွိရမယ္လို႔ ခန႔္မွန္းတာမို႔ ေဒသတြင္း စီးပြားေရးအတိုးတက္ဆုံးႏိုင္ငံေတြထဲ ပါဝင္ေနဆဲပဲလို႔လည္း ႏိုင္ငံတကာကိုဆိုပါတယ္။ျပည္ေထာင္စုဝန္ႀကီးဦးေသာင္းထြန္းက မၾကာမီကာလမ်ားအတြင္း ေရာဂါကူးစက္မႈႏႈန္းထက္ ကာကြယ္ေဆးထိုး ႏွံႏိုင္မႈႏႈန္းက ပိုမိုလာမွာျဖစ္လို႔ တစ္ကမာၻလုံး လူသားမ်ား ရင္ဆိုင္ေနရတဲ့ ကပ္ေရာဂါ အေမွာင္ထုကေန လြန္ေျမာက္မယ့္ အလင္းေရာင္ကို စတင္ျမင္ရေတာ့မယ္လို႔ေျပာပါတယ္။

source : ျမတ္မင္း/Myanmar Harp

Leave a Reply

Your email address will not be published. Required fields are marked *