ျမန္မာ့အေရးမွာ မွန္ကန္တဲ့ဖက္ကိုသာ ရပ္တည္ခဲ့တဲ့ တ႐ုတ္နဲ႔ သာဝတို႔ ကြဲတဲ့ပြဲ

တရုတ်သမ္မတ ရှီကျင့်ဖင်သည် ၂၀၁၃ စက်တင်ဘာလ မှစ၍ ၎င်း၏ ရပ်ဝန်း နှင် လမ်းစီမံကိန်းကြီးဖြင့် ကမ္ဘာတဝှမ်း ရှိ နိုင်ငံပေါင်း ၇၀ ခန့်တွင်ရှိ အခြေခံ အဆောက်အအုံ ပိုင်း များ အား ရင်းနှီးမြုပ်နှံရန် စတင် လာခဲ့သည်။ထိုအချိန်မှစ၍ တရုတ်သည် ၎င်းတို့အတွက် စွမ်းအင်ဖူလုံရေး နှင့် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရှိရေး အတွက် မြန််မာ အပေါ် လုံးဝ မျက်စိကျလာခဲ့ကြသည်။ထို့အတွက်လည်း ၂၀၁၇ တွင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းဆိုကာ ကချင် နှင့် ရှမ်းပြည်နယ်များတွင် စက်မှုဇုံများ တည်ဆောက်ရေး၊ ကျောက်ဖြူတွင် ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံများ၊ ယူနန်- မန္တလေး- ရန်ကုန်၊ မန္တလေး-ကျောက်ဖြူ အဝေးပြေးလမ်း စီမံကိန်းများ၊ ရန်ကုန် ခေတ်မီ မြို့သစ် တိုးချဲ့ရေး စီမံကိန်းများ အဆိုပြုလာခဲ့သည်။

ထို့ပြင် မြန်မာတွင် တူးဖေါ်၍ ရမည့် ရေနံ နှင့် သဘာဝဓါတ်ငွေ့ အကွက်ပေါင်း ၁၀၄ ကွက်လည်း ရှိနေပြီး အရှေ့တောင်အာရှ တွင် ပမာဏ အများဆုံး ဖြစ်မည်ဟု ထင်ကြေးပေးခံနေရသည်။ ထိုစီမံကိန်းများ အကောင်အထည် ဖေါ်ရေးအတွက် မြန်မာတွင် နိုင်ငံရေးအရ တည်ငြိမ်ပြီး လူထု ထောက်ခံမှု ရထားသည့်။အစိုးရတရပ် ပေါ်ထွန်းရေးသည် တရုတ်အတွက် သေရေးရှင်ရေး တမျှ အရေးကြီးနေရပြီ ဖြစ်သည်။ထိုအချက်ကို ပေါ်လွင်စေရန် တရုတ်သမ္မတ ရှီကျင့်ဖင်သည် မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံနှင့် ဆွေးနွေးခဲ့သဖြင့် နှစ်ပေါင်း နှစ်ဆယ်အတွင်း မြန်မာပြည်သို့ ရောက်ရှိလာသော တရုတ်သမ္မတ ၏ သမိုင်းဝင် ခရီး ဖြစ်သွားခဲ့ရသည်။

တရုတ်ဖက်ကလည်း နိုင်ငံရေး တည်ငြိမ်မှု လည်း ရှိမည် ဗိုလ်ချုပ်ကြီးများ အလိုကျလည်း ဖြစ်မည်ဆိုက တရုတ်တို့ အဖို့ အတိုင်းထက်အလွန် တံခွန်နှင့် ကုက္ကား ဖြစ်ပေမည်သာ။ လိုချင်တာ မှန်သမျှ ပံ့ပိုးပေးခဲ့ရှာသော မိတ်ဆွေဟောင်းများနှင့်သာ ဆက်ဆံချင်ကြပေလိမ့်မည်သာ။သို့သော် ထိုအခြင်းအရာ နှစ်ရပ်ကား တပြိုင်တည်း မည်သို့မျှ ဖြစ်လာနိုင်ဖွယ်မရှိ၊ ဗိုလ်ချုပ်ကြီးများ အလိုကျ ဖြစ်က တိုင်းပြည်တဝှမ်းဆူပူ ကာ မတည်မငြိမ် အခြေအနေကို အမြဲလို ရင်ဆိုင်သွားရပေတော့မည်။ နိုင်ငံတွင်းရှိ တရုတ်ထောက်လှမ်းရေး သတင်းရပ်ကွက်များကလည်း ၎င်းတို့၏ အဓိပ္ပါယ်မဲ့ လုပ်ရပ်များကို ထောက်ခံမှု မရှိကြောင်းကို ရှီကျင့်ပင်ထံ အပြည့်အစုံ အစီရင်ခံထားပြီးလည်း ဖြစ်ပေမည်။

ထို့အတွက်လည်း တရုတ် အစိုးရ အာဘော် သတင်းစာများက အရေးတယူလုပ်၍ ဖေါ်ပြရေးသားခဲ့ခြင်း မရှိသည်ကပင် ထင်ရှားစွာ ပြဆိုနေပေသည်။ ထို့အတွက် မိမိအာဏာရရေး ကို ဦးတည်ပြီး နိုင်ငံတကာ နှင့် ပြည်သူများက အတည်ပြုပြီးသား ရွေးကောက်ပွဲ ရလဒ်ကို ဘာမဟုတ်သည့် အကြောင်းလေးများဖြင့် ဆီလို အပေါက်ရှာပြီး မှောက်လှန် ပြစ်ရန် ကြံစည်လာမှု မျိုးကို အဘယ်သို့များ အားပေးပေမည်နည်း။ထိုမှတဆင့် ကြိမ်းသေ ဖြစ်ပေါ်လာဖွယ်ရှိနေသည့် ပြည်တွင်း‌ရေး မတည်ငြိမ်မှုများဖြင့် တိုင်းပြည်သည် ကျွမ်းထိုးမှောက်ခုံ ဖြစ်လာက တရုတ်တို့ ခဲလေသမျှ သဲရေကျ ရပေတော့မည်သာ ဖြစ်သည်။ မိမိတို့နိုင်ငံ စွမ်းအင် ဖူလုံရေး နှင့် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရေးထက် တစုံတဦး အာဏာတည်မြဲရေးကို ဦးစားပေးရန်က ပို၍အရေးကြီး နေသလော။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် မြန်မာနိုင်ငံ မှ တဆက်တည်းသွားခဲ့သည့် အင်ဒိုနီရှား၊ ဖိလစ်ပိုင် နှင့် ဘရူးနိုင်းတို့တွင်လည်း ဒေသတွင်း တည်ငြိမ်မှူ ရှိရေး ကို တဖွဖွ ပြောဆိုသွားခဲ့သည်။နောက်တကြောင်းက မြန်မာသည် တရုတ်-အာဆီယံ ဆက်ဆံရေး ဆိုင်ရာ ညှိနှိုင်းရေး တာဝန်ခံ ရာထူးကို ရယူရတော့မည်ဖြစ်သည့်အပြင် တောင်တရုတ် ပင်လယ်တွင် နိုင်ငံများ လိုက်နာရမည့် Code of Conduct (COC) တွင် မြန်မာသည် ပူးတွဲဥက္ကဌ တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။ တရုတ်သည် တောင်တရုတ် ပင်လယ်တွင် ဖြစ်ပွားနေသော အငြင်းပွားမှုများကို နိုင်ငံ တနိုင်ငံချင်းစီ နှင့် ဖြေရှင်းရန် လုံးဝ ဆန့်ကျင်နေပြီး အာဆီယံ အဖွဲ့လိုက် နှင့်သာ ဆွေးနွေးလိုသည်၊

ဒီအတွက် အများ၏ ယုံကြည် လေးစားခြင်းခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံကသာ အာဆီယံကို စည်းရုံးနိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်၊ ထိုအရေးကို သာဝ-ကြံ့ခိုင် မဟာမိတ် အဖွဲ့ကဆောင်ကျဉ်းပေးနိုင်ပေမည်လော။ I don’t think so.

လှစိုးဝေ

zawgyi

တ႐ုတ္သမၼတ ရွီက်င့္ဖင္သည္ ၂၀၁၃ စက္တင္ဘာလ မွစ၍ ၎၏ ရပ္ဝန္း ႏွင္ လမ္းစီမံကိန္းႀကီးျဖင့္ ကမာၻတဝွမ္း ရွိ ႏိုင္ငံေပါင္း ၇၀ ခန႔္တြင္ရွိ အေျခခံ အေဆာက္အအုံ ပိုင္း မ်ား အား ရင္းႏွီးျမဳပ္ႏွံရန္ စတင္ လာခဲ့သည္။ထိုအခ်ိန္မွစ၍ တ႐ုတ္သည္ ၎တို႔အတြက္ စြမ္းအင္ဖူလုံေရး ႏွင့္ အိႏၵိယ သမုဒၵရာသို႔ ထြက္ေပါက္ရရွိေရး အတြက္ ျမန္္မာ အေပၚ လုံးဝ မ်က္စိက်လာခဲ့ၾကသည္။ထို႔အတြက္လည္း ၂၀၁၇ တြင္ တ႐ုတ္-ျမန္မာ စီးပြားေရး စၾကၤန္လမ္း စီမံကိန္းဆိုကာ ကခ်င္ ႏွင့္ ရွမ္းျပည္နယ္မ်ားတြင္ စက္မႈဇုံမ်ား တည္ေဆာက္ေရး၊ ေက်ာက္ျဖဴတြင္ ေရနက္ ဆိပ္ကမ္းႏွင့္ အထူးစီးပြားေရးဇုံမ်ား၊ ယူနန္- မႏၲေလး- ရန္ကုန္၊ မႏၲေလး-ေက်ာက္ျဖဴ အေဝးေျပးလမ္း စီမံကိန္းမ်ား၊ ရန္ကုန္ ေခတ္မီ ၿမိဳ႕သစ္ တိုးခ်ဲ႕ေရး စီမံကိန္းမ်ား အဆိုျပဳလာခဲ့သည္။

ထို႔ျပင္ ျမန္မာတြင္ တူးေဖၚ၍ ရမည့္ ေရနံ ႏွင့္ သဘာဝဓါတ္ေငြ႕ အကြက္ေပါင္း ၁၀၄ ကြက္လည္း ရွိေနၿပီး အေရွ႕ေတာင္အာရွ တြင္ ပမာဏ အမ်ားဆုံး ျဖစ္မည္ဟု ထင္ေၾကးေပးခံေနရသည္။ ထိုစီမံကိန္းမ်ား အေကာင္အထည္ ေဖၚေရးအတြက္ ျမန္မာတြင္ ႏိုင္ငံေရးအရ တည္ၿငိမ္ၿပီး လူထု ေထာက္ခံမႈ ရထားသည့္။အစိုးရတရပ္ ေပၚထြန္းေရးသည္ တ႐ုတ္အတြက္ ေသေရးရွင္ေရး တမွ် အေရးႀကီးေနရၿပီ ျဖစ္သည္။ထိုအခ်က္ကို ေပၚလြင္ေစရန္ တ႐ုတ္သမၼတ ရွီက်င့္ဖင္သည္ ျမန္မာႏိုင္ငံသို႔ ကိုယ္တိုင္ကိုယ္က် ေရာက္ရွိလာခဲ့ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံႏွင့္ ေဆြးေႏြးခဲ့သျဖင့္ ႏွစ္ေပါင္း ႏွစ္ဆယ္အတြင္း ျမန္မာျပည္သို႔ ေရာက္ရွိလာေသာ တ႐ုတ္သမၼတ ၏ သမိုင္းဝင္ ခရီး ျဖစ္သြားခဲ့ရသည္။

တ႐ုတ္ဖက္ကလည္း ႏိုင္ငံေရး တည္ၿငိမ္မႈ လည္း ရွိမည္ ဗိုလ္ခ်ဳပ္ႀကီးမ်ား အလိုက်လည္း ျဖစ္မည္ဆိုက တ႐ုတ္တို႔ အဖို႔ အတိုင္းထက္အလြန္ တံခြန္ႏွင့္ ကုကၠား ျဖစ္ေပမည္သာ။ လိုခ်င္တာ မွန္သမွ် ပံ့ပိုးေပးခဲ့ရွာေသာ မိတ္ေဆြေဟာင္းမ်ားႏွင့္သာ ဆက္ဆံခ်င္ၾကေပလိမ့္မည္သာ။သို႔ေသာ္ ထိုအျခင္းအရာ ႏွစ္ရပ္ကား တၿပိဳင္တည္း မည္သို႔မွ် ျဖစ္လာႏိုင္ဖြယ္မရွိ၊ ဗိုလ္ခ်ဳပ္ႀကီးမ်ား အလိုက် ျဖစ္က တိုင္းျပည္တဝွမ္းဆူပူ ကာ မတည္မၿငိမ္ အေျခအေနကို အၿမဲလို ရင္ဆိုင္သြားရေပေတာ့မည္။ ႏိုင္ငံတြင္းရွိ တ႐ုတ္ေထာက္လွမ္းေရး သတင္းရပ္ကြက္မ်ားကလည္း ၎တို႔၏ အဓိပၸါယ္မဲ့ လုပ္ရပ္မ်ားကို ေထာက္ခံမႈ မရွိေၾကာင္းကို ရွီက်င့္ပင္ထံ အျပည့္အစုံ အစီရင္ခံထားၿပီးလည္း ျဖစ္ေပမည္။

ထို႔အတြက္လည္း တ႐ုတ္ အစိုးရ အာေဘာ္ သတင္းစာမ်ားက အေရးတယူလုပ္၍ ေဖၚျပေရးသားခဲ့ျခင္း မရွိသည္ကပင္ ထင္ရွားစြာ ျပဆိုေနေပသည္။ ထို႔အတြက္ မိမိအာဏာရေရး ကို ဦးတည္ၿပီး ႏိုင္ငံတကာ ႏွင့္ ျပည္သူမ်ားက အတည္ျပဳၿပီးသား ေ႐ြးေကာက္ပြဲ ရလဒ္ကို ဘာမဟုတ္သည့္ အေၾကာင္းေလးမ်ားျဖင့္ ဆီလို အေပါက္ရွာၿပီး ေမွာက္လွန္ ျပစ္ရန္ ႀကံစည္လာမႈ မ်ိဳးကို အဘယ္သို႔မ်ား အားေပးေပမည္နည္း။ထိုမွတဆင့္ ႀကိမ္းေသ ျဖစ္ေပၚလာဖြယ္ရွိေနသည့္ ျပည္တြင္း‌ေရး မတည္ၿငိမ္မႈမ်ားျဖင့္ တိုင္းျပည္သည္ ကြၽမ္းထိုးေမွာက္ခုံ ျဖစ္လာက တ႐ုတ္တို႔ ခဲေလသမွ် သဲေရက် ရေပေတာ့မည္သာ ျဖစ္သည္။ မိမိတို႔ႏိုင္ငံ စြမ္းအင္ ဖူလုံေရး ႏွင့္ အိႏၵိယ သမုဒၵရာသို႔ ထြက္ေပါက္ရေရးထက္ တစုံတဦး အာဏာတည္ၿမဲေရးကို ဦးစားေပးရန္က ပို၍အေရးႀကီး ေနသေလာ။

တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယီသည္ ျမန္မာႏိုင္ငံ မွ တဆက္တည္းသြားခဲ့သည့္ အင္ဒိုနီရွား၊ ဖိလစ္ပိုင္ ႏွင့္ ဘ႐ူးႏိုင္းတို႔တြင္လည္း ေဒသတြင္း တည္ၿငိမ္မႉ ရွိေရး ကို တဖြဖြ ေျပာဆိုသြားခဲ့သည္။ေနာက္တေၾကာင္းက ျမန္မာသည္ တ႐ုတ္-အာဆီယံ ဆက္ဆံေရး ဆိုင္ရာ ညႇိႏႈိင္းေရး တာဝန္ခံ ရာထူးကို ရယူရေတာ့မည္ျဖစ္သည့္အျပင္ ေတာင္တ႐ုတ္ ပင္လယ္တြင္ ႏိုင္ငံမ်ား လိုက္နာရမည့္ Code of Conduct (COC) တြင္ ျမန္မာသည္ ပူးတြဲဥကၠဌ တာဝန္ကို ထမ္းေဆာင္ရမည္ ျဖစ္သည္။ တ႐ုတ္သည္ ေတာင္တ႐ုတ္ ပင္လယ္တြင္ ျဖစ္ပြားေနေသာ အျငင္းပြားမႈမ်ားကို ႏိုင္ငံ တႏိုင္ငံခ်င္းစီ ႏွင့္ ေျဖရွင္းရန္ လုံးဝ ဆန႔္က်င္ေနၿပီး အာဆီယံ အဖြဲ႕လိုက္ ႏွင့္သာ ေဆြးေႏြးလိုသည္၊

ဒီအတြက္ အမ်ား၏ ယုံၾကည္ ေလးစားျခင္းခံထားရသည့္ ႏိုင္ငံေတာ္ အတိုင္ပင္ခံကသာ အာဆီယံကို စည္း႐ုံးႏိုင္စြမ္း ရွိလိမ့္မည္ဟု ယုံၾကည္ေနသည္ဟု သတင္းမ်ား ထြက္ေပၚေနသည္၊ ထိုအေရးကို သာဝ-ႀကံ့ခိုင္ မဟာမိတ္ အဖြဲ႕ကေဆာင္က်ဥ္းေပးႏိုင္ေပမည္ေလာ။ I don’t think so.

လွစိုးေဝ

Leave a Reply

Your email address will not be published. Required fields are marked *