ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးမွန္တံတားနဲ႔ အပန္းေျဖစခန္း လာမယ့္ႏွစ္မွာ ဖြင့္လွစ္ႏိုင္ဖို႔လ်ာထား…

ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး မွန္တံတားနဲ႔ အပန္းေျဖစခန္းကိရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲခ႐ိုင္ ေနာင္ခ်ိဳၿမိဳ႕နယ္မွာတည္ေဆာက္ေနၿပီး လာမယ့္ႏွစ္ျဖစ္တဲ့ ၂၀၂၂ ခုႏွစ္မွာဖြင့္လွစ္ႏိုင္ဖို႔လ်ာထားတယ္လို႔ ခ်ယ္ရီမူဆယ္ကုမၸဏီ၏ဒါ႐ိုက္တာ (အဖြဲ႕၀င္)ျဖစ္သူ မလင္းလင္းထက္ဦး ကေျပာပါတယ္။အဲဒီစီမံကိန္းကို လက္ရွိမွာ လမ္းပိုင္းဆိုင္ရာမ်ားစတင္လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

စီမံကိန္းမွာ ျပည္တြင္းက စိတ္၀င္စားတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြကိုလည္း အက်ိဳးတူဖိတ္ေခၚထားၿပီးရင္းႏွီးျမႇဳပ္ႏွံမႈေငြ ေဒၚလာ ငါးသန္းေအာက္ခန္႔မွန္းထားတယ္လို႔ သိရပါတယ္။ဒီမွန္တံတားစီမံကိန္းကို ဂုတ္ထိပ္တံတားႀကီးရဲ႕၁ ဒသမ ၇၅ ကီလိုမီတာအနီးဝန္းက်င္မွာ စီစဥ္တည္ေဆာက္ေနၿပီး ၁၇ ဧကေက်ာ္ က်ယ္ဝန္းေသာေနရာမွာ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံက ပညာရွင္ေတြအင္ဂ်င္နီယာေတြနဲ႔ တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။

မွန္သားျပင္ ေလွ်ာက္လမ္းတံတားက အျမင့္ ၁၆၀ ေပ၊အလ်ား ၂၀၀ ေပႏွင့္ အက်ယ္ ၁၂၀ ေပ ရွိမယ္လို႔သိရၿပီးလုံၿခဳံေရး ေကာင္းမြန္မႈကို အဓိကထားၿပီး ႏို၀င္ဘာမွာစတင္ေဖာ္ေဆာင္ေနၿပီျဖစ္တယ္လို႔ သူက ေျပာပါတယ္။ဒီမွန္တံတားႀကီး ၿပီးဆုံးရင္ အပန္းေျဖအနားယူစရာေတြစိတ္လႈပ္ရွားေပ်ာ္႐ႊင္ဖြယ္ဖန္တီးမႈေတြ သက္တန္႔ေလွ်ာစီးနဲ႔သဘာ၀နားခိုရန္တဲအိမ္ေတြ ပါရွိမွာျဖစ္တယ္လို႔ သိရပါတယ္။ဒီေနရာကို ေန႔စဥ္လည္ပတ္သူဦးေရ ၁၀၀၀ ေက်ာ္ခန္႔မွန္းထားၿပီး ေဒသခံျပည္သူေတြအတြက္အလုပ္အကိုင္အခြင့္အလမ္းေတြကို ဖန္တီးေပးႏိုင္မယ္လို႔ မလင္းလင္းထက္ဦး က ေျပာပါတယ္။

Crd

unicode

မြန်မာနိုင်ငံရဲ့ ပထမဆုံး မှန်တံတားနဲ့ အပန်းဖြေစခန်းကိရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ်မှာတည်ဆောက်နေပြီး လာမယ့်နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာဖွင့်လှစ်နိုင်ဖို့လျာထားတယ်လို့ ချယ်ရီမူဆယ်ကုမ္ပဏီ၏ဒါရိုက်တာ (အဖွဲ့ဝင်)ဖြစ်သူ မလင်းလင်းထက်ဦး ကပြောပါတယ်။အဲဒီစီမံကိန်းကို လက်ရှိမှာ လမ်းပိုင်းဆိုင်ရာများစတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

စီမံကိန်းမှာ ပြည်တွင်းက စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း အကျိုးတူဖိတ်ခေါ်ထားပြီးရင်းနှီးမြှုပ်နှံမှုငွေ ဒေါ်လာ ငါးသန်းအောက်ခန့်မှန်းထားတယ်လို့ သိရပါတယ်။ဒီမှန်တံတားစီမံကိန်းကို ဂုတ်ထိပ်တံတားကြီးရဲ့၁ ဒသမ ၇၅ ကီလိုမီတာအနီးဝန်းကျင်မှာ စီစဉ်တည်ဆောက်နေပြီး ၁၇ ဧကကျော် ကျယ်ဝန်းသောနေရာမှာ တရုတ်နဲ့ မြန်မာနိုင်ငံက ပညာရှင်တွေအင်ဂျင်နီယာတွေနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

မှန်သားပြင် လျှောက်လမ်းတံတားက အမြင့် ၁၆၀ ပေ၊အလျား ၂၀၀ ပေနှင့် အကျယ် ၁၂၀ ပေ ရှိမယ်လို့သိရပြီးလုံခြုံရေး ကောင်းမွန်မှုကို အဓိကထားပြီး နိုဝင်ဘာမှာစတင်ဖော်ဆောင်နေပြီဖြစ်တယ်လို့ သူက ပြောပါတယ်။ဒီမှန်တံတားကြီး ပြီးဆုံးရင် အပန်းဖြေအနားယူစရာတွေစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ဖန်တီးမှုတွေ သက်တန့်လျှောစီးနဲ့သဘာဝနားခိုရန်တဲအိမ်တွေ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ဒီနေရာကို နေ့စဉ်လည်ပတ်သူဦးရေ ၁၀၀၀ ကျော်ခန့်မှန်းထားပြီး ဒေသခံပြည်သူတွေအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ်လို့ မလင်းလင်းထက်ဦး က ပြောပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *