ထပ္မံတပ္ေတာ္ဝင္လာမည့္ကမ္းလြန္ကင္းလွည့္ေရယာဥ္(OPV)အင္းမ

ထပ်မံတပ်တော်ဝင်လာမည့်ကမ်းလွန်ကင်းလှည့်ရေယာဥ်(OPV)အင်းမ(Hullno.56)ယခုရေးသားထားမှုမှာကမ်းလွန်ကင်းလှည့်ရေယာဥ်(OPV)အင်းလေး(Hullno.54)တပ်တော်ဝင်စဥ်ကရေးသားထားမှုအားပြန်လည်းဖော်ပြပေးခြင်းဖြစ်ပါသည်-ဒီဇင်ဘာ၂၄ရက်နေ့တပ်မတော်(ရေ)နေ့မှာပြည်တွင်းထုတ်ကမ်းလွန်ကင်းလှည့်ရေယာဉ်(OffshorePatrolVessel-OPV)Hullno.54အင်းလေးစစ်ရေယာဉ်တပ်တော်ဝင်လာသည်ကိုဂုဏ်ယူဖွယ်တွေ့မြင်ရသည်။ပြည်တွင်းထုတ်များ၏နောက်ပိုင်းပုံစံများအတိုင်းRCSကိုလျှော့ချပေးသည့်Stealthပုံစံဖြင့်ပွဲထွက်လာခဲ့သည်။စစ်ရေယာဉ်မှာ၈၁မီတာရှည်

ပြီးNavalMainGunအနေဖြင့်၅၇မမ၂လက်တွဲပင်မအမြောက်ကိုသင်္ဘောဦးပိုင်းတွင်တပ်ဆင်ထားပြီးရေယာဉ်နောက်ပိုင်းတွင်ပွိုင့်၅လေယာဉ်ပစ်စက်သေနတ်ကြီး၂လက်တပ်ဆင်ထားသဖြင့်တိုက်ခိုက်ရေးတာဝန်အတွက်အားနည်းသည်ဟုထင်နိုင်သော်လည်းစစ်ရေယာဉ်၏အဓိကတာဝန်မှာကမ်းလွန်ကင်းလှည့်ခြင်းနှင့်ရှာဖွေကယ်ဆယ်ရေး(SAR)အတွက်အဓိကထားသည်ဟုယူဆရသည်။ရေယာဉ်နောက်ပိုင်းတွင်ရဟတ်ယာဉ်၁စီးဆင်းသက်ရန်helideckပါဝင်ကာရဟတ်ယာဉ်သိုလှောင်ရုံHangarပါထည့်သွင်းတည်ဆောက်ထားသည်။တပ်မတော်(လေ)တွင်အသုံးပြုသည့်Eurocopterအားတင်ဆောင်နိုင်ချေရှိကာအဆိုပါရဟတ်ယာဉ်

သည်ရှာဖွေကယ်ဆယ်ရေး(SAR)အတွက်အသုံးပြုသောရဟတ်ယာဥ်အမျိုးအစားဖြစ်သည်။စစ်ရေယာဉ်တွင်မီးငြိမ်းသတ်ရန်watercannonများပါဝင်သည်ဟုဆိုသဖြင့်ရှာဖွေကယ်ဆယ်ရေးအတွက်အဓိကထားသည်ကိုပိုမိုပေါ်လွန်စေသည်။ကမ်းလွန်ကင်းလှည့်ရေယာဉ်ဖြစ်သည့်အတွက်သာမန်ကင်းလှည့်ရေယာဉ်ကဲ့သို့မဟုတ်ဘဲကမ်းဝေးပင်လယ်တွင်ကြာရှည်စွာတာဝန်ထမ်းဆောင်ခြင်း(Endurance)ရှိသည့်စစ်ရေယာဥ်အမျိုးအစားဖြစ်သည်။အရှေ့တောင်အာရှတွင်ဖရီးဂိတ်စစ်

ရေယာဉ်အတန်းအစားအားတပ်မတော်(ရေ)သာကိုယ်တိုင်တည်ဆောက်နိုင်သေးအခြေအနေတွင်ဖျက်သင်္ဘောကဲ့သို့စစ်သင်္ဘောကြီးများကိုဆက်လက်တည်ဆောက်မည်ဆိုပါကကမ္ဘာ့ထိပ်တန်းရေတပ်အဖြစ်ရောက်ရှိလာနိုင်ချေပိုမိုနီးစပ်သည်ဟုသုံးသပ်မိပါသည်။

CRD……

ZAWGYI

ထပ္မံတပ္ေတာ္ဝင္လာမည့္ကမ္းလြန္ကင္းလွည့္ေရယာဥ္(OPV)အင္းမ(Hullno.56)ယခုေရးသားထားမႈမွာကမ္းလြန္ကင္းလွည့္ေရယာဥ္(OPV)အင္းေလး(Hullno.54)တပ္ေတာ္ဝင္စဥ္ကေရးသားထားမႈအားျပန္လည္းေဖာ္ျပေပးျခင္းျဖစ္ပါသည္-ဒီဇင္ဘာ၂၄ရက္ေန႔တပ္မေတာ္(ေရ)ေန႔မွာျပည္တြင္းထုတ္ကမ္းလြန္ကင္းလွည့္ေရယာဥ္(OffshorePatrolVessel-OPV)Hullno.54အင္းေလးစစ္ေရယာဥ္တပ္ေတာ္ဝင္လာသည္ကိုဂုဏ္ယူဖြယ္ေတြ႕ျမင္ရသည္။ျပည္တြင္းထုတ္မ်ား၏ေနာက္ပိုင္းပုံစံမ်ားအတိုင္းRCSကိုေလွ်ာ့ခ်ေပးသည့္Stealthပုံစံျဖင့္ပြဲထြက္လာခဲ့သည္။စစ္ေရယာဥ္မွာ၈၁မီတာရွည္

ၿပီးNavalMainGunအေနျဖင့္၅၇မမ၂လက္တြဲပင္မအေျမာက္ကိုသေဘၤာဦးပိုင္းတြင္တပ္ဆင္ထားၿပီးေရယာဥ္ေနာက္ပိုင္းတြင္ပြိဳင့္၅ေလယာဥ္ပစ္စက္ေသနတ္ႀကီး၂လက္တပ္ဆင္ထားသျဖင့္တိုက္ခိုက္ေရးတာဝန္အတြက္အားနည္းသည္ဟုထင္ႏိုင္ေသာ္လည္းစစ္ေရယာဥ္၏အဓိကတာဝန္မွာကမ္းလြန္ကင္းလွည့္ျခင္းႏွင့္ရွာေဖြကယ္ဆယ္ေရး(SAR)အတြက္အဓိကထားသည္ဟုယူဆရသည္။ေရယာဥ္ေနာက္ပိုင္းတြင္ရဟတ္ယာဥ္၁စီးဆင္းသက္ရန္helideckပါဝင္ကာရဟတ္ယာဥ္သိုေလွာင္႐ုံHangarပါထည့္သြင္းတည္ေဆာက္ထားသည္။တပ္မေတာ္(ေလ)တြင္အသုံးျပဳသည့္Eurocopterအားတင္ေဆာင္ႏိုင္ေခ်ရွိကာအဆိုပါရဟတ္ယာဥ္

သည္ရွာေဖြကယ္ဆယ္ေရး(SAR)အတြက္အသုံးျပဳေသာရဟတ္ယာဥ္အမ်ိဳးအစားျဖစ္သည္။စစ္ေရယာဥ္တြင္မီးၿငိမ္းသတ္ရန္watercannonမ်ားပါဝင္သည္ဟုဆိုသျဖင့္ရွာေဖြကယ္ဆယ္ေရးအတြက္အဓိကထားသည္ကိုပိုမိုေပၚလြန္ေစသည္။ကမ္းလြန္ကင္းလွည့္ေရယာဥ္ျဖစ္သည့္အတြက္သာမန္ကင္းလွည့္ေရယာဥ္ကဲ့သို႔မဟုတ္ဘဲကမ္းေဝးပင္လယ္တြင္ၾကာရွည္စြာတာဝန္ထမ္းေဆာင္ျခင္း(Endurance)ရွိသည့္စစ္ေရယာဥ္အမ်ိဳးအစားျဖစ္သည္။အေရွ႕ေတာင္အာရွတြင္ဖရီးဂိတ္စစ္ေရယာဥ္အတန္းအစားအားတပ္မေတာ္(ေရ)သာကိုယ္တိုင္တည္ေဆာက္ႏိုင္ေသးအေျခအေနတြင္ဖ်က္သေဘၤာကဲ့သို႔စစ္သေဘၤာႀကီးမ်ားကိုဆက္လက္တည္ေဆာက္မည္ဆိုပါကကမာၻ႔ထိပ္တန္းေရတပ္အျဖစ္ေရာက္ရွိလာႏိုင္ေခ်ပိုမိုနီးစပ္သည္ဟုသုံးသပ္မိပါသည္။

CRD……

Leave a Reply

Your email address will not be published. Required fields are marked *