တရုတ်ပြည်မှာ ရေခဲမုန့်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ။





unicode

တရုတ်ပြည် ပေကျင်းအနီး တရန်ဂျင်း Tianjinဆိပ်ကမ်းမြို့ရှိ Daqiaodao Food ကုမ္ပဏီ လုပ်သားများမှာကိုရိုနာဗိုင်းရပ်စ် Positive အဖြစ်စမ်းသပ်တွေ့ရှိခဲ့ပါတယ်။စက်ရုံဝန်ထမ်း ၁၆၆၂ ယောက်ကို ကွာရန်တင်းဝင်ခိုင်းထားတယ်လို့ ဆိုပါတယ်။ကုမ္ပဏီထုတ် ရေခဲမုန့်များမှာ ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

ကုမ္ပဏီက အခုအကြိမ် batch နံပါတ်အတူတူထုတ်ခဲ့တဲ့ရေခဲမုန့်ကာတွန်ပုံးပေါင်း ၂၉၀၀၀ အနက်အတော်များများက မရောင်းရသေးဘူးလို့ ဆိုပါတယ်။အဲ့ဒီအထဲက ကာတွန်ပုံး ၃၉၀ ဟာ တရန်ဂျင်းမြို့မှာရောင်းခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကဘယ်ရောင်းခဲ့သလဲကိုလိုက်ရှာနေပါတယ်။တရုတ်ပြည်မှာတော့ အစားအသောက်ကကူးစက်နိုင်တယ်လို့ သတိပေးထားပြီး WHO ကတော့အစားအသောက်ပေါ်မှာတွေ့တာနဲ့ရောဂါကူးစက်နိုင်ခြေနည်းတယ်လို့ ဆိုထားပါတယ်

Richard Myo Thant (ဆရာအား လေးစားစွာ ခရက်ဒစ် ပေးပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *