ျပင္သစ္ၾကည္းတပ္က အစီးေရ ၃၀၀ လက္ခံရရွိမယ့္ အေသးစားဒ႐ုန္းစနစ္အေၾကာင္း

Parrot လို့အမည်ရတဲ့ ဒရုန်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဟာ ပြင်သစ်ကြည်းတပ်အတွက် ANAFI Unmanned Aerial Systems စနစ်ပေါင်း ၃၀၀ ကို ထောက်ပံ့ပေးဖို့အတွက် တင်ဒါလက်ခံရရှိခဲ့တယ်လို့ သိရှိရပါတယ်။ စာချုပ်သက်တမ်းအားဖြင့်တော့ ၅ နှစ်အတွင်းမှာ ထုတ်လုပ်ပေးရမှာပါ။ ကုမ္ပဏီအဆိုအရ များစွာသော ကုမ္ပဏီထဲကမှ Parrot ကို ပြင်သစ် ကာကွယ်ရေးပစ္စည်း ဝယ်ယူရေးအေဂျင်စီ (French Defense Procurement Agency-DGA) က ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ဉက္ကဌ Henri Seydoux က DGA အနေနဲ့ သူတို့အပေါ် ရွေးချယ်ခဲ့တဲ့အတွက် ဂုဏ်ယူမိသလို ဆက်လက်ပြီး အနာဂတ်အခွင့်အရေးတွေအပေါ် အတူဆက်လက်ဆောင်ရွက်ကြမယ်လို့လည်း ပြောဆိုလိုက် ပါတယ်။ ဒါ့အပြင် ဒီလိုဆောင်ရွက်နိုင်တာဟာလည်း ၁၀ နှစ်ကာလ ကြိုးစားလုပ်ဆောင်ခဲ့ရ တာတွေကို အသီးအပွင့်အဖြစ် ပြန်လည်ခံစားနေရတာလို့ ပြောကြားခဲ့ပါသေးတယ်။
တကယ်တော့ ယခုတီထွင်ခဲ့တဲ့ ANAFI စနစ်တွေဟာ ဘက်စုံသုံးအတွက် ရည်ရွယ်ထုတ်လုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် လိုသလို အသုံးပြုနိုင်တယ်လို့ ဆိုရမှာပါ။ ကျွမ်းကျင်သူတွေအတွက် လိုအပ်ချက်တွေဖြည့်ဆည်းဖို့ အသုံးချခံနိုင်စေမှာဖြစ်သလို စစ်ဘက်ဆိုင်ရာအတွက်လည်း လုံခြုံရေးလိုအပ်ချက်အတွက် အသုံးချနိုင်မှာလည်းဖြစ်ပါတယ်။

ကမ္ဘာကြီးအတွက် ယနေ့အချိန်အခါမှာတော့ Parrot ကုမ္ပဏီဟာ လုံခြုံရေး ဆိုင်ရာတပ်ဖွဲ့တွေ၊ စစ်တပ်တွေအနေနဲ့ အဓိက အသုံးချခြင်းခံနေရတဲ့ စစ်လက်နက် ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ ၎င်းရဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ လုံခြုံမှုစနစ်တွေ ကောင်းမွန်လွန်းတဲ့အတွက်ကြောင့်လည်း ယုံကြည်စွာ အသုံးပြုနေကြတာပါ ကမ္ဘာတဝန်းမှာရှိတဲ့ တပ်ဖွဲ့တွေအနေနဲ့ ANAFI စနစ်ကို ကျယ်ပြန့်စွာအသုံးပြုလျက်ရှိ နေပါပြီ။ အလေးချိန် ၅၀၀ ဂရမ်သာလေးတဲ့ အဆိုပါဒရုန်းအသေးစားစနစ်ဟာ နေညမရွေး ကင်းထောက်လှမ်းနိုင်စွမ်းရှိပါတယ်။ ၃၂ မိနစ်ကြာ ပျံသန်းနိုင်ပြီး ထိုကဲ့သို့ စွမ်းဆောင်နိုင်တဲ့ အမျိုးအစားတူထဲမှာ အကောင်းဆုံးလို့တောင်ဆိုရမှာလည်းဖြစ်ပါတယ်။ အစီးရေ ရာကျော် စာချုပ်ချုပ်ဆိုရောင်းချခဲ့တဲ့ အခြေအနေမှာ ပြုပြင်ထိန်းသိမ်းရေးအချက်တွေလည်း ပါဝင်ထား တယ်လို့ဆိုပါတယ်။

ယခုရောင်းချမှုရဲ့ ပထမအသုတ်ကို လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ပေးပို့နိုင်လိမ့် မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီစနစ်တွေကို တပ်ဆင်ပေးလိုက်တာဟာ ပြင်သစ်ကြည်း တပ်ဖွဲ့ဝင်တွေ ရဲ့ ကင်းထောက်လှမ်းခြင်း စွမ်းဆောင်ရည်ကိုတိုးတက်စေတော့မှာ လည်းဖြစ် ပါတယ်။ ၃၂ ဆ ချဲ့ကြည့်နိုင်တဲ့ စွမ်းအားမြင့်မှန်ဘီလူး၊ 4K 21-megpixel အရည်အသွေးရှိတဲ့ ကင်မရာ ၂ လုံးတပ်ဆင်ထားတဲ့ ဒီစနစ်ဟာ ပစ်မှတ်ကို ၂ ကီလိုမီတာ အကွာအဝေးကနေ တိကျမှုရှိစေဖို့ ၁၃ စင်တီမီတာအကွာအထိ ထောက်လှမ်းပေးနိုင်မယ်လို့ဆိုပါတယ်။

ဒရုန်းစနစ်ရဲ့ မှန်ဘီလူးကနေရရှိတဲ့ပုံရိပ်တွေကို FLIR Boson ရဲ့ အပူပုံရိပ်ရှာကင်မရာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကြည့်ရှုလိုတဲ့နေရာကို နေ့ညထောက်လှမ်းနိုင်တော့တာလည်း ဖြစ်ပါတယ်။ ဒီဒရုန်းစနစ်ဟာ တပ်ဖြန့်ရ လျင်မြန်ပါတယ်။ အချိန်ကာလအားဖြင့် ၅၅ စက္ကန့် သာကြာမြင့်ပြီး တပ်ဖြန့်လို့ဖြန့်လိုက်မှန်းတောင်မသိပါဘူး။ ဒရုန်းကနေ ထွက်ရှိတဲ့ အသံအား ဖြင့်လည်း ၁ မီတာအကွာကနေ နားထောင်ရင် ၇၀ ဒက်ဆီဘယ်သာရှိတာကြောင့် ၁၃၀ မီတာဆိုရင်ဘာသံမှကို ကြားရမှာမဟုတ်တော့ပါဘူး။

ယခုအခါ ပြင်သစ် DGA အနေနဲ့ ANAFI USA စနစ်ကို ရွေးချယ်ခဲ့တာကြောင့် ၎င်းတပ်ဖွဲ့ ဝင်တွေအတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ ဆောင်ရွက်ပေးဦးမှာဖြစ်တယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။ ပြင်သစ်ကြည်းတပ်ရဲ့ အဓိကလိုအပ်ချက်က လုံခြုံမှုပါ။ အချက်အလက် လုံခြုံရေးဖြစ်ပြီး ဆိုက်ဘာနှောင့်ယှက်မှု (ဟက်ကင်း) မဖြစ်စေရပါဘူး။ ဆိုက်ဘာတိုက်ခိုက်မှု ဒဏ်ကို ကောင်းစွာခံနိုင်ရမှာလည်းဖြစ်ပါတယ်။

ဒရုန်းစနစ်ဟာ မြေပြင်အပေါ်က အချက်အလက်တွေကို မှတ်တမ်းတင်သိမ်းဆည်ပေး နိုင်ရုံသာမက လေထဲကနေ ဖမ်းယူရရှိတဲ့သတင်းအချက်အလက်တွေကို လည်း မှတ်တမ်းတင်နိုင်မှာလည်းဖြစ်ပါတယ်။ သူ့မှာ WPA2 ကြိုးမဲ့ချိတ်ဆက်မှုစနစ်ရှိပြီး အပြန် အလှန် အသုံးပြုဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ကွန်ရက်စနစ်ကိုတည်ဆောက်ထားတယ်လို့ဆိုပါ တယ်။ ဒီဒရုန်းစနစ်ကို ပြင်သစ်မှာတည်ဆောက်ပြီး အမေရိကန်မှာ ထုတ်လုပ်နေတာပါ။ အကောင်းဆုံးကတော့ ဒရုန်းမှာ တရုတ်ထုတ်ပစ္စည်းတွေကို တစ်ခုမှ မသုံးထားဘူးဆိုတာပါပဲ။
Ref-DB
crd…Myanmarnews24
(ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ၊ လွတ်လပ်စွာဖြင့် Share နိုင်သည်)

zawgyi

Parrot လို႔အမည္ရတဲ့ ဒ႐ုန္းထုတ္လုပ္တဲ့ကုမၸဏီတစ္ခုဟာ ျပင္သစ္ၾကည္းတပ္အတြက္ ANAFI Unmanned Aerial Systems စနစ္ေပါင္း ၃၀၀ ကို ေထာက္ပံ့ေပးဖို႔အတြက္ တင္ဒါလက္ခံရရွိခဲ့တယ္လို႔ သိရွိရပါတယ္။ စာခ်ဳပ္သက္တမ္းအားျဖင့္ေတာ့ ၅ ႏွစ္အတြင္းမွာ ထုတ္လုပ္ေပးရမွာပါ။ ကုမၸဏီအဆိုအရ မ်ားစြာေသာ ကုမၸဏီထဲကမွ Parrot ကို ျပင္သစ္ ကာကြယ္ေရးပစၥည္း ဝယ္ယူေရးေအဂ်င္စီ (French Defense Procurement Agency-DGA) က ေ႐ြးခ်ယ္ခဲ့တာလည္းျဖစ္ပါတယ္။

ကုမၸဏီရဲ႕ တည္ေထာင္သူလည္းျဖစ္၊ အမႈေဆာင္အရာရွိခ်ဳပ္လည္းျဖစ္တဲ့ ဉကၠဌ Henri Seydoux က DGA အေနနဲ႔ သူတို႔အေပၚ ေ႐ြးခ်ယ္ခဲ့တဲ့အတြက္ ဂုဏ္ယူမိသလို ဆက္လက္ၿပီး အနာဂတ္အခြင့္အေရးေတြအေပၚ အတူဆက္လက္ေဆာင္႐ြက္ၾကမယ္လို႔လည္း ေျပာဆိုလိုက္ ပါတယ္။ ဒါ့အျပင္ ဒီလိုေဆာင္႐ြက္ႏိုင္တာဟာလည္း ၁၀ ႏွစ္ကာလ ႀကိဳးစားလုပ္ေဆာင္ခဲ့ရ တာေတြကို အသီးအပြင့္အျဖစ္ ျပန္လည္ခံစားေနရတာလို႔ ေျပာၾကားခဲ့ပါေသးတယ္။
တကယ္ေတာ့ ယခုတီထြင္ခဲ့တဲ့ ANAFI စနစ္ေတြဟာ ဘက္စုံသုံးအတြက္ ရည္႐ြယ္ထုတ္လုပ္ေပးခဲ့တာလည္းျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ လိုသလို အသုံးျပဳႏိုင္တယ္လို႔ ဆိုရမွာပါ။ ကြၽမ္းက်င္သူေတြအတြက္ လိုအပ္ခ်က္ေတြျဖည့္ဆည္းဖို႔ အသုံးခ်ခံႏိုင္ေစမွာျဖစ္သလို စစ္ဘက္ဆိုင္ရာအတြက္လည္း လုံၿခဳံေရးလိုအပ္ခ်က္အတြက္ အသုံးခ်ႏိုင္မွာလည္းျဖစ္ပါတယ္။

ကမာၻႀကီးအတြက္ ယေန႔အခ်ိန္အခါမွာေတာ့ Parrot ကုမၸဏီဟာ လုံၿခဳံေရး ဆိုင္ရာတပ္ဖြဲ႕ေတြ၊ စစ္တပ္ေတြအေနနဲ႔ အဓိက အသုံးခ်ျခင္းခံေနရတဲ့ စစ္လက္နက္ ပစၥည္းတစ္ခုလည္းျဖစ္ပါတယ္။ ၎ရဲ႕ အဆင့္ျမင့္နည္းပညာေတြနဲ႔ လုံၿခဳံမႈစနစ္ေတြ ေကာင္းမြန္လြန္းတဲ့အတြက္ေၾကာင့္လည္း ယုံၾကည္စြာ အသုံးျပဳေနၾကတာပါ ကမာၻတဝန္းမွာရွိတဲ့ တပ္ဖြဲ႕ေတြအေနနဲ႔ ANAFI စနစ္ကို က်ယ္ျပန႔္စြာအသုံးျပဳလ်က္ရွိ ေနပါၿပီ။ အေလးခ်ိန္ ၅၀၀ ဂရမ္သာေလးတဲ့ အဆိုပါဒ႐ုန္းအေသးစားစနစ္ဟာ ေနညမေ႐ြး ကင္းေထာက္လွမ္းႏိုင္စြမ္းရွိပါတယ္။ ၃၂ မိနစ္ၾကာ ပ်ံသန္းႏိုင္ၿပီး ထိုကဲ့သို႔ စြမ္းေဆာင္ႏိုင္တဲ့ အမ်ိဳးအစားတူထဲမွာ အေကာင္းဆုံးလို႔ေတာင္ဆိုရမွာလည္းျဖစ္ပါတယ္။ အစီးေရ ရာေက်ာ္ စာခ်ဳပ္ခ်ဳပ္ဆိုေရာင္းခ်ခဲ့တဲ့ အေျခအေနမွာ ျပဳျပင္ထိန္းသိမ္းေရးအခ်က္ေတြလည္း ပါဝင္ထား တယ္လို႔ဆိုပါတယ္။

ယခုေရာင္းခ်မႈရဲ႕ ပထမအသုတ္ကို လာမယ့္ ေဖေဖာ္ဝါရီလအတြင္းမွာ ေပးပို႔ႏိုင္လိမ့္ မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒီစနစ္ေတြကို တပ္ဆင္ေပးလိုက္တာဟာ ျပင္သစ္ၾကည္း တပ္ဖြဲ႕ဝင္ေတြ ရဲ႕ ကင္းေထာက္လွမ္းျခင္း စြမ္းေဆာင္ရည္ကိုတိုးတက္ေစေတာ့မွာ လည္းျဖစ္ ပါတယ္။ ၃၂ ဆ ခ်ဲ႕ၾကည့္ႏိုင္တဲ့ စြမ္းအားျမင့္မွန္ဘီလူး၊ 4K 21-megpixel အရည္အေသြးရွိတဲ့ ကင္မရာ ၂ လုံးတပ္ဆင္ထားတဲ့ ဒီစနစ္ဟာ ပစ္မွတ္ကို ၂ ကီလိုမီတာ အကြာအေဝးကေန တိက်မႈရွိေစဖို႔ ၁၃ စင္တီမီတာအကြာအထိ ေထာက္လွမ္းေပးႏိုင္မယ္လို႔ဆိုပါတယ္။

ဒ႐ုန္းစနစ္ရဲ႕ မွန္ဘီလူးကေနရရွိတဲ့ပုံရိပ္ေတြကို FLIR Boson ရဲ႕ အပူပုံရိပ္ရွာကင္မရာနဲ႔ ေပါင္းစပ္လိုက္တဲ့အခါမွာေတာ့ ၾကည့္ရႈလိုတဲ့ေနရာကို ေန႔ညေထာက္လွမ္းႏိုင္ေတာ့တာလည္း ျဖစ္ပါတယ္။ ဒီဒ႐ုန္းစနစ္ဟာ တပ္ျဖန႔္ရ လ်င္ျမန္ပါတယ္။ အခ်ိန္ကာလအားျဖင့္ ၅၅ စကၠန႔္ သာၾကာျမင့္ၿပီး တပ္ျဖန႔္လို႔ျဖန႔္လိုက္မွန္းေတာင္မသိပါဘူး။ ဒ႐ုန္းကေန ထြက္ရွိတဲ့ အသံအား ျဖင့္လည္း ၁ မီတာအကြာကေန နားေထာင္ရင္ ၇၀ ဒက္ဆီဘယ္သာရွိတာေၾကာင့္ ၁၃၀ မီတာဆိုရင္ဘာသံမွကို ၾကားရမွာမဟုတ္ေတာ့ပါဘူး။

ယခုအခါ ျပင္သစ္ DGA အေနနဲ႔ ANAFI USA စနစ္ကို ေ႐ြးခ်ယ္ခဲ့တာေၾကာင့္ ၎တပ္ဖြဲ႕ ဝင္ေတြအတြက္ လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီဖို႔ ေဆာင္႐ြက္ေပးဦးမွာျဖစ္တယ္လို႔လည္း ကုမၸဏီက ဆိုပါတယ္။ ျပင္သစ္ၾကည္းတပ္ရဲ႕ အဓိကလိုအပ္ခ်က္က လုံၿခဳံမႈပါ။ အခ်က္အလက္ လုံၿခဳံေရးျဖစ္ၿပီး ဆိုက္ဘာေႏွာင့္ယွက္မႈ (ဟက္ကင္း) မျဖစ္ေစရပါဘူး။ ဆိုက္ဘာတိုက္ခိုက္မႈ ဒဏ္ကို ေကာင္းစြာခံႏိုင္ရမွာလည္းျဖစ္ပါတယ္။

ဒ႐ုန္းစနစ္ဟာ ေျမျပင္အေပၚက အခ်က္အလက္ေတြကို မွတ္တမ္းတင္သိမ္းဆည္ေပး ႏိုင္႐ုံသာမက ေလထဲကေန ဖမ္းယူရရွိတဲ့သတင္းအခ်က္အလက္ေတြကို လည္း မွတ္တမ္းတင္ႏိုင္မွာလည္းျဖစ္ပါတယ္။ သူ႔မွာ WPA2 ႀကိဳးမဲ့ခ်ိတ္ဆက္မႈစနစ္ရွိၿပီး အျပန္ အလွန္ အသုံးျပဳဖို႔အတြက္ ယုံၾကည္စိတ္ခ်ရတဲ့ ကြန္ရက္စနစ္ကိုတည္ေဆာက္ထားတယ္လို႔ဆိုပါ တယ္။ ဒီဒ႐ုန္းစနစ္ကို ျပင္သစ္မွာတည္ေဆာက္ၿပီး အေမရိကန္မွာ ထုတ္လုပ္ေနတာပါ။ အေကာင္းဆုံးကေတာ့ ဒ႐ုန္းမွာ တ႐ုတ္ထုတ္ပစၥည္းေတြကို တစ္ခုမွ မသုံးထားဘူးဆိုတာပါပဲ။
Ref-DB
crd…Myanmarnews24
(ျပန္လည္ကူးယူေဖာ္ျပခြင့္မျပဳပါ၊ လြတ္လပ္စြာျဖင့္ Share ႏိုင္သည္)

Leave a Reply

Your email address will not be published. Required fields are marked *