အရည္ႀကိဳ အဖမ္းခံရျခင္း ျဖစ္စဥ္ရဲ႕ ေနာက္ကြယ္က ဟာကြက္တခု (ျမင္ေအာင္ ၾကည့္ၾကပါ)

အရည်ကြို ကေတီဗီ သွားတယ်။ ခရိုင် အုပ်ချုပ်ရေးမှူးက သတင်းရ၊ ဖုန်းနဲ့ သတင်းပို့ပြီး ခရိုင်တပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကိုယ်တိုင် သွားဖမ်းတယ်။ မိတယ်။ မနက်ကျ အာမခံရပြီး ဖွင့်ပွဲတွေ ဘာတွေ လုပ်တော့ ဥပဒေ အထက်တွင် အရည်ကြို မရှိစေရ ဘလာဘလာပေါ့လေ။

မှန်တယ်၊ အရည်ကြိုမှားရင် အရည်ကြိုကို အရေးယူ။ သားရေကွင်း ဥပဒေကို ကျွန်တော် မကြိုက်ဘူး။ ဟိုလူကျ လွတ်ပြီး ဒီလူကျ ထောင်ကျ ဆိုတာမျိုး သဘောမတူဘူး။ ဒါ့ကြောင့် အရည်ကြိုကို သူများနဲ့ တန်းတူ အရေးယူဖို့ အားပေးတယ်။ အခွင့်အရေး မပေးဖို့ သဘောတူတယ်။

ဒါပေမယ့် တနေရာမှာ ဖတ်လိုက်ရတာတော့ ပုဒ်မ ကွာလို့ အာမခံ ပေးတယ် ပြောတယ်။ အရည်ကြိုကို သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀(က) နဲ့ အမှုဖွင့်ပြီး ဆိုင်ရှင်ကိုတော့ ၂၅ နဲ့ ဖွင့်တယ် ပြောတယ်။ ၂၅ က အာမခံမရပဲ ၃၀က ရနိုင်တယ် ပြောကြတယ်။ မသိဘူး။ ထားတော့..

စိတ်ဝင်စားတာက အရည်ကြိုတို့ သတင်းကို ရပြီး ဖမ်းတာရယ်။ သူတို့ကို စွဲချက် တင်ထားကြောင်း တင်ပြတဲ့ စာ ပေါက်ထွက်လာတာရယ်ပါပဲ။ ဘာလို့လဲ ဆိုတော့ တင်ပြစာမှာ လက်မှတ် ထိုးထားတဲ့သူတွေက မင်ပြာနဲ့ ထိုးထားတဲ့ မူရင်းကိုပဲ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ် တင်လိုက်တာ။ ဆိုလိုတာက ဒီ လက်မှတ်ထိုးထားတဲ့ တာဝန်မှူး၊ မြို့နယ် ရဲမှူး၊ စခန်းမှူး သုံးယောက်နဲ့ သူတို့ တင်ပြသော သူ တယောက်ယောက်က ဒီတင်ပြစာကို ဓာတ်ပုံ ရိုက်တင်လိုက်တာ (လို့ အကြမ်းဖျင်း ယူဆလို့ ရတယ်) မဟုတ်ရင်တော့ ဗိုင်ဗာပေါက်လို့ပေါ့လေ။

ဘာ့ကြောင့်လဲ။ တွေးကြည့်ရတာတော့ အခု ပြောနေကြတဲ့ မေမေသား မိုလို့ပဲပေါ့။ မေမေသား နာမည်ပျက်ရင် မေမေ ပျက်မှာပဲလေ။ ဒီတော့ အရည်ကြိုကို အရေးယူတာက တပိုင်းပဲ။ တဖက်က မေမေ့သား ဖြစ်လို့ ဖိတွန်းနေတဲ့ အပိုင်းကိုလည်း မြင်သင့်တယ်။ အရည်ကြိုမလုပ်သင့်တာ လုပ်တာကို မြင်ဖို့ လိုသလို တဖက်က တခြားသော အကြောင်းအချက်တွေကိုလည်း မြင်တတ်ဖို့ လိုမယ်လို့ တွေးမိတယ်။

နောက်ဆုံးတော့ မြေနိမ့်ရာ ယမင်းတို့ ဆည်းဆာတို့ပဲ လှံစိုက်ခံရတာပဲ။ (သက္ကမိုးညို)

မှတ်ချက် ။ ။ တက္ကသိုလ်ရိပ်သာလမ်း The Myast Bar & Lounge နိုက်ကလပ် ဝင်ဖမ်းတုန်းက ပုံတွေ ထွက်မလာခဲ့ပါဘူး။ အဲ့နိုက်ကလပ် ဖမ်းခံရတုန်းက ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်းသားနဲ့ စစ်ဘက်အရာရှိဟောင်းများ၏ သားသမီးတွေ ပါပါတယ်။

crd

zawgyi

အရည္ႀကိဳ ေကတီဗီ သြားတယ္။ ခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉးက သတင္းရ၊ ဖုန္းနဲ႔ သတင္းပို႔ၿပီး ခ႐ိုင္တပ္ဖြဲ႕မႉး ဒုတိယ ရဲမႉးႀကီး ကိုယ္တိုင္ သြားဖမ္းတယ္။ မိတယ္။ မနက္က် အာမခံရၿပီး ဖြင့္ပြဲေတြ ဘာေတြ လုပ္ေတာ့ ဥပေဒ အထက္တြင္ အရည္ႀကိဳ မရွိေစရ ဘလာဘလာေပါ့ေလ။

မွန္တယ္၊ အရည္ႀကိဳမွားရင္ အရည္ႀကိဳကို အေရးယူ။ သားေရကြင္း ဥပေဒကို ကြၽန္ေတာ္ မႀကိဳက္ဘူး။ ဟိုလူက် လြတ္ၿပီး ဒီလူက် ေထာင္က် ဆိုတာမ်ိဳး သေဘာမတူဘူး။ ဒါ့ေၾကာင့္ အရည္ႀကိဳကို သူမ်ားနဲ႔ တန္းတူ အေရးယူဖို႔ အားေပးတယ္။ အခြင့္အေရး မေပးဖို႔ သေဘာတူတယ္။

ဒါေပမယ့္ တေနရာမွာ ဖတ္လိုက္ရတာေတာ့ ပုဒ္မ ကြာလို႔ အာမခံ ေပးတယ္ ေျပာတယ္။ အရည္ႀကိဳကို သဘာ၀ ေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒ ပုဒ္မ ၃၀(က) နဲ႔ အမႈဖြင့္ၿပီး ဆိုင္ရွင္ကိုေတာ့ ၂၅ နဲ႔ ဖြင့္တယ္ ေျပာတယ္။ ၂၅ က အာမခံမရပဲ ၃၀က ရႏိုင္တယ္ ေျပာၾကတယ္။ မသိဘူး။ ထားေတာ့..

စိတ္ဝင္စားတာက အရည္ႀကိဳတို႔ သတင္းကို ရၿပီး ဖမ္းတာရယ္။ သူတို႔ကို စြဲခ်က္ တင္ထားေၾကာင္း တင္ျပတဲ့ စာ ေပါက္ထြက္လာတာရယ္ပါပဲ။ ဘာလို႔လဲ ဆိုေတာ့ တင္ျပစာမွာ လက္မွတ္ ထိုးထားတဲ့သူေတြက မင္ျပာနဲ႔ ထိုးထားတဲ့ မူရင္းကိုပဲ ဓာတ္ပုံ႐ိုက္ၿပီး ေဖ့စ္ဘုတ္ေပၚ တင္လိုက္တာ။ ဆိုလိုတာက ဒီ လက္မွတ္ထိုးထားတဲ့ တာဝန္မႉး၊ ၿမိဳ႕နယ္ ရဲမႉး၊ စခန္းမႉး သုံးေယာက္နဲ႔ သူတို႔ တင္ျပေသာ သူ တေယာက္ေယာက္က ဒီတင္ျပစာကို ဓာတ္ပုံ ႐ိုက္တင္လိုက္တာ (လို႔ အၾကမ္းဖ်င္း ယူဆလို႔ ရတယ္) မဟုတ္ရင္ေတာ့ ဗိုင္ဗာေပါက္လို႔ေပါ့ေလ။

ဘာ့ေၾကာင့္လဲ။ ေတြးၾကည့္ရတာေတာ့ အခု ေျပာေနၾကတဲ့ ေမေမသား မိုလို႔ပဲေပါ့။ ေမေမသား နာမည္ပ်က္ရင္ ေမေမ ပ်က္မွာပဲေလ။ ဒီေတာ့ အရည္ႀကိဳကို အေရးယူတာက တပိုင္းပဲ။ တဖက္က ေမေမ့သား ျဖစ္လို႔ ဖိတြန္းေနတဲ့ အပိုင္းကိုလည္း ျမင္သင့္တယ္။ အရည္ႀကိဳမလုပ္သင့္တာ လုပ္တာကို ျမင္ဖို႔ လိုသလို တဖက္က တျခားေသာ အေၾကာင္းအခ်က္ေတြကိုလည္း ျမင္တတ္ဖို႔ လိုမယ္လို႔ ေတြးမိတယ္။

ေနာက္ဆုံးေတာ့ ေျမနိမ့္ရာ ယမင္းတို႔ ဆည္းဆာတို႔ပဲ လွံစိုက္ခံရတာပဲ။ (သကၠမိုးညိဳ)

မွတ္ခ်က္ ။ ။ တကၠသိုလ္ရိပ္သာလမ္း The Myast Bar & Lounge ႏိုက္ကလပ္ ဝင္ဖမ္းတုန္းက ပုံေတြ ထြက္မလာခဲ့ပါဘူး။ အဲ့ႏိုက္ကလပ္ ဖမ္းခံရတုန္းက ဒုသမၼတေဟာင္း ေဒါက္တာစိုင္းေမာက္ခမ္းသားနဲ႔ စစ္ဘက္အရာရွိေဟာင္းမ်ား၏ သားသမီးေတြ ပါပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *