ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကမ်းရိုးတန်းအတိုင်းလမ်းအရှည် ၉၆ မိုင် ၅ ဒသမ ၅ ဖာလုံ ရှည်လျားသော ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်- ဂွလမ်းအထိ(ကမ်းခြေပတ်လမ်း)စီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင် (၁၀၀) နီးပါးရှည်လျားတဲ့ ဒီလမ်းမသစ်ဟာပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ်ဂွမြို့နယ်အထိကို ကမ်းခြေပတ်လမ်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးဘက်အပိုင်း၌ လမ်းအရှည် ၈၆ မိုင်
၂ ဒသမ ၅ ဖာလုံနှင့် ရခိုင်ပြည်နယ်ဘက်အပိုင်း၌ လမ်းအရှည် ၁၀ မိုင် သုံးဖာလုံဖြင့် စုစုပေါင်း လမ်းအရှည် ၉၆ မိုင် ၅ ဒသမ၅ ဖာလုံရှည်လျားသောလမ်းအား ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
ကမ်းခြေပတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ကမ်းခြေ တစ်လျှောက်၌ လက်ရှိကမ်းခြေနေရာများထက် ပိုမိုလှပသောကမ်းခြေနေရာသစ်များ ဖော်ထုတ် လာနိုင်တော့မည်ဖြစ်၍ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်
အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် ပင်လယ်ထွက်ကုန်ပစ္စည်းများမှ တန်ဖိုးမြင့်ရေထွက် ထုတ်ကုန် ပစ္စည်းများထုတ်လုပ်သော စက်ရုံများနှင့်တိရစ္ဆာန်အစာထုတ်လုပ်သော စက်ရုံများအပါအဝင် အခြားစက်မှုလုပ်ငန်းများအတွက်ပါ စက်မှုဇုန်များ
ပေါ်ထွက်လာနိုင်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနကအကောင်အထည်ဖော် ဆောင်ရွက်သော အဆိုပါ
ကမ်းခြေပတ်လမ်းစီမံကိန်း ဆောင်ရွက်ပြီးစီးပါကဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာပေါ်ထွက် လာမည်ဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် သြစတြေးလျက Gold Coast ကမ်းရိုးတန်းလမ်းမကြီးဟာကမ္ဘာကျော်သလို မြန်မာပြည်ရဲ့အနောက်ဘက်ကမ်းရိုးတန်းလမ်းမကြီးဟာလည်း မြန်မာ့ခရီးသွားလုပ်ငန်းကိုလည်းများစွာအထောက်အကူပြုလာအုံးမှာကဖြင့်မြေကြီးလက်ခတ်မလွဲပါပဲ။ပြည်သူ့အစိုးရရဲ့ ပညာပါပြီး အမြော်အမြင်ကြီးတဲ့ အရွေ့တစ်ခုပါပဲ။
Ref : Myanmar Builder Guide
zawgyi
ဧရာဝတီတိုင္းေဒသႀကီး အေနာက္ဘက္ကမ္း႐ိုးတန္းေဒသ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ကမ္း႐ိုးတန္းအတိုင္းလမ္းအရွည္ ၉၆ မိုင္ ၅ ဒသမ ၅ ဖာလုံ ရွည္လ်ားေသာ င႐ုတ္ေကာင္း-ဆင္မ-ေငြေဆာင္-ေခ်ာင္းသာ-ေ႐ႊေသာင္ယံ-မက်ီးဇင္-ေက်ာက္ခြၽန္- ဂြလမ္းအထိ(ကမ္းေျခပတ္လမ္း)စီမံကိန္းအား ေဆာက္လုပ္ေရးဝန္ႀကီးဌာနက အေကာင္ အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
မိုင္ (၁၀၀) နီးပါးရွည္လ်ားတဲ့ ဒီလမ္းမသစ္ဟာပုသိမ္ခ႐ိုင္ ငပုေတာၿမိဳ႕နယ္ င႐ုတ္ေကာင္းၿမိဳ႕မွ ရခိုင္ျပည္နယ္ဂြၿမိဳ႕နယ္အထိကို ကမ္းေျခပတ္လမ္း ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ဧရာဝတီတိုင္းေဒသႀကီးဘက္အပိုင္း၌ လမ္းအရွည္ ၈၆ မိုင္
၂ ဒသမ ၅ ဖာလုံႏွင့္ ရခိုင္ျပည္နယ္ဘက္အပိုင္း၌ လမ္းအရွည္ ၁၀ မိုင္ သုံးဖာလုံျဖင့္ စုစုေပါင္း လမ္းအရွည္ ၉၆ မိုင္ ၅ ဒသမ၅ ဖာလုံရွည္လ်ားေသာလမ္းအား ေဆာင္႐ြက္ေနျခင္းလည္းျဖစ္သည္။
ကမ္းေျခပတ္လမ္း ေဖာက္လုပ္ၿပီးစီးသြားပါက ကမ္းေျခ တစ္ေလွ်ာက္၌ လက္ရွိကမ္းေျခေနရာမ်ားထက္ ပိုမိုလွပေသာကမ္းေျခေနရာသစ္မ်ား ေဖာ္ထုတ္ လာႏိုင္ေတာ့မည္ျဖစ္၍ေဒသခံျပည္သူမ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္
အေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္း သိရသည္။ထို႔အျပင္ ပင္လယ္ထြက္ကုန္ပစၥည္းမ်ားမွ တန္ဖိုးျမင့္ေရထြက္ ထုတ္ကုန္ ပစၥည္းမ်ားထုတ္လုပ္ေသာ စက္႐ုံမ်ားႏွင့္တိရစာၦန္အစာထုတ္လုပ္ေသာ စက္႐ုံမ်ားအပါအဝင္ အျခားစက္မႈလုပ္ငန္းမ်ားအတြက္ပါ စက္မႈဇုန္မ်ား
ေပၚထြက္လာႏိုင္ရာ ေဆာက္လုပ္ေရးဝန္ႀကီးဌာနကအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေသာ အဆိုပါ
ကမ္းေျခပတ္လမ္းစီမံကိန္း ေဆာင္႐ြက္ၿပီးစီးပါကေဒသခံျပည္သူမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာေပၚထြက္ လာမည္ျဖစ္ေၾကာင္း သိရသည္။
ဒါ့အျပင္ ၾသစေၾတးလ်က Gold Coast ကမ္း႐ိုးတန္းလမ္းမႀကီးဟာကမာၻေက်ာ္သလို ျမန္မာျပည္ရဲ႕အေနာက္ဘက္ကမ္း႐ိုးတန္းလမ္းမႀကီးဟာလည္း ျမန္မာ့ခရီးသြားလုပ္ငန္းကိုလည္းမ်ားစြာအေထာက္အကူျပဳလာအုံးမွာကျဖင့္ေျမႀကီးလက္ခတ္မလြဲပါပဲ။ျပည္သူ႔အစိုးရရဲ႕ ပညာပါၿပီး အေျမာ္အျမင္ႀကီးတဲ့ အေ႐ြ႕တစ္ခုပါပဲ။
Ref : Myanmar Builder Guide