ဂ်ာမနီကျပန္လာတဲ့ ႐ုရွားအတိုက္အခံ Navalny ေမာ္စကိုေလဆိပ္မွာ အဖမ္းခံရျခင္း

ရုရှားအစိုးရကို ဝေဖန်လေ့ရှိတဲ့ အတိုက်အခံခေါင်းဆောင် Alexey Navalny ဟာ ဂျာမနီကနေ ရုရှားနိုင်ငံ မော်စကိုကို တနင်္ဂနွေနေ့ ပြန်ရောက်ရောက်ချင်းမှာပဲ အဖမ်းခံခဲ့ရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သြဂုတ်လ သူအဆိပ်ခတ်ခံခဲ့ရပြီးချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ရုရှားကို ပြန်လာတာ ဖြစ်ပါတယ်။

သူ့ရှေ့နေနဲ့အတူ လာရောက်ခဲ့တဲ့ Navalny ဟာ Sheremetyevo လေဆိပ်က နိုင်ငံကူးလက်မှတ် စစ်ဆေးတဲ့နေရာမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ သူ့ကို ချမှတ်ထားတဲ့ အပြစ်ဒဏ်ကာလ မစေ့ခင် လွှတ်ပေးထားတဲ့ ကတိခံဝန်ချက်ကို ချိုးဖောက်မှုနဲ့ FSIN ဗဟိုအစိုးရ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက ဖမ်းဆီးတာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

Navalny လိုက်ပါလာတဲ့ Pobeda ရုရှားလေကြောင်းလိုင်းဟာ အစိုးရရဲ့ Aeroflot လေကြောင်းပိုင်ဖြစ်ပြီး သူ့လေယာဉ်ဟာ မော်စကိုက Vnukovo လေဆိပ်ကို ဆင်းသက်ရမှာဖြစ်ပေမယ့် ဒီလေယာဉ်ဟာ မော်စကိုက နောက်လေဆိပ်တခု ဖြစ်တဲ့ Sheremetyevo မှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

Navalny ကို ထောက်ခံသူတွေက Vnukovo လေဆိပ်မှာ သူ့ကိုတွေ့ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပြီး သူတို့ အဲဒီလေဆိပ်မှာ ရှိမှာဖြစ်ကြောင်း ဖေ့စ်ဘုတ်မှာ ရေးတင်သူက ၂,၀၀၀ လောက်ရှိပါတယ်။အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မပါတဲ့အတွက် ဒီတွေ့ဆုံပွဲဟာ တရားမဝင်ကြောင်း မော်စကို ရှေ့နေချုပ်ရုံးက ပြောပါတယ်။

COVID-19 ကန့်သတ်ချက်တွေကြောင့် လေဆိပ်ထဲကို သတင်းမီဒီယာတွေ ဝင်ခွင့်မပြုဘူးလို့လည်း လေဆိပ်က ပြောပါတယ်။ပြီးခဲ့တဲလတုန်းက ရုရှားအကျဉ်းဦးစီးဌာနက အမိန့်ထုတ်ပြန်ရာမှာတော့ Navalny ကို သူ့ရဲ့ ကတိခံဝန်ချက်အတွက် ကြားနာပွဲကို လာရောက်ရမှာဖြစ်ကြောင်းနဲ့ တကယ်လို့ သူ့အတွက်ချမှတ်ထားတဲ့ ပြစ်ဒဏ်ဆိုင်းငံ့ထားတဲ့ကာလ ကုန်ဆုံးချိန်မတိုင်ခင် မလာရောက်ရင် ထောင်ကျနိုင်ကြောင်း ပါရှိပါတယ်။ တရားရုံးစာအရ သူဟာ အများဆုံး ထောင်ဒဏ် ၃ နှစ်ခွဲလောက်အထိ ကျခံရနိုင်ဖွယ် ရှိပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ကတော့ Navalny က သူဟာ Pobeda လေကြောင်းလိုင်းနဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ရုရှားကို ပြန်လာမှာဖြစ်ကြောင်း တွစ်တာမှာ ရေးပါတယ်။ဒါ့အပြင် နိုင်ငံတွင်းကနေ သူ့ဟာသူ ထွက်သွားတာ မဟုတ်တဲ့အတွက် ပြန်လာမလာ မေးခွန်းထုတ်နေစရာ မလိုကြောင်းနဲ့ သူဟာ ရုရှားနိုင်ငံ Tomsk မြို့ကနေ မော်စကိုကို လေယာဉ်နဲ့အသွား လမ်းမှာ နာမကျန်းဖြစ်ပြီး Siberia က ဆေးရုံမှာ ဆေးနဲ့ မေ့မျောနေရာကနေ ဂျာမနီကဆေးရုံကို ပြောင်းရွှေ့ပေးခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ အာရုံကြောကို ထိခိုက်စေတဲ့ Novichok အဆိပ်သင့်ခဲ့တာဖြစ်ကြောင်း ဥရောပ ၃ နိုင်ငံက ဓာတ်ခွဲခန်းတွေက အတည်ပြုပါတယ်။ ဒီလိုတွေ့ရှိမှုကြောင့် ရုရှားအရာရှိ ၆ ဦးနဲ့ အစိုးရသုတေသနဌာနတခုကို အီးယူ ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာပါ။

source : VOA

zawgyi

႐ုရွားအစိုးရကို ေဝဖန္ေလ့ရွိတဲ့ အတိုက္အခံေခါင္းေဆာင္ Alexey Navalny ဟာ ဂ်ာမနီကေန ႐ုရွားႏိုင္ငံ ေမာ္စကိုကို တနဂၤေႏြေန႔ ျပန္ေရာက္ေရာက္ခ်င္းမွာပဲ အဖမ္းခံခဲ့ရပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ သူအဆိပ္ခတ္ခံခဲ့ရၿပီးခ်ိန္ကစလို႔ ပထမဆုံးအႀကိမ္အျဖစ္ ႐ုရွားကို ျပန္လာတာ ျဖစ္ပါတယ္။

သူ႔ေရွ႕ေနနဲ႔အတူ လာေရာက္ခဲ့တဲ့ Navalny ဟာ Sheremetyevo ေလဆိပ္က ႏိုင္ငံကူးလက္မွတ္ စစ္ေဆးတဲ့ေနရာမွာ အဖမ္းခံခဲ့ရတာ ျဖစ္ပါတယ္။ သူဟာ သူ႔ကို ခ်မွတ္ထားတဲ့ အျပစ္ဒဏ္ကာလ မေစ့ခင္ လႊတ္ေပးထားတဲ့ ကတိခံဝန္ခ်က္ကို ခ်ိဳးေဖာက္မႈနဲ႔ FSIN ဗဟိုအစိုးရ အက်ဥ္းဦးစီးဌာန တာဝန္ရွိသူေတြက ဖမ္းဆီးတာျဖစ္ေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

Navalny လိုက္ပါလာတဲ့ Pobeda ႐ုရွားေလေၾကာင္းလိုင္းဟာ အစိုးရရဲ႕ Aeroflot ေလေၾကာင္းပိုင္ျဖစ္ၿပီး သူ႔ေလယာဥ္ဟာ ေမာ္စကိုက Vnukovo ေလဆိပ္ကို ဆင္းသက္ရမွာျဖစ္ေပမယ့္ ဒီေလယာဥ္ဟာ ေမာ္စကိုက ေနာက္ေလဆိပ္တခု ျဖစ္တဲ့ Sheremetyevo မွာ ဆင္းသက္ခဲ့တာ ျဖစ္ပါတယ္။

Navalny ကို ေထာက္ခံသူေတြက Vnukovo ေလဆိပ္မွာ သူ႔ကိုေတြ႕ဖို႔ စီစဥ္ခဲ့ၾကတာျဖစ္ၿပီး သူတို႔ အဲဒီေလဆိပ္မွာ ရွိမွာျဖစ္ေၾကာင္း ေဖ့စ္ဘုတ္မွာ ေရးတင္သူက ၂,၀၀၀ ေလာက္ရွိပါတယ္။အာဏာပိုင္ေတြရဲ႕ ခြင့္ျပဳခ်က္ မပါတဲ့အတြက္ ဒီေတြ႕ဆုံပြဲဟာ တရားမဝင္ေၾကာင္း ေမာ္စကို ေရွ႕ေနခ်ဳပ္႐ုံးက ေျပာပါတယ္။

COVID-19 ကန႔္သတ္ခ်က္ေတြေၾကာင့္ ေလဆိပ္ထဲကို သတင္းမီဒီယာေတြ ဝင္ခြင့္မျပဳဘူးလို႔လည္း ေလဆိပ္က ေျပာပါတယ္။ၿပီးခဲ့တဲလတုန္းက ႐ုရွားအက်ဥ္းဦးစီးဌာနက အမိန႔္ထုတ္ျပန္ရာမွာေတာ့ Navalny ကို သူ႔ရဲ႕ ကတိခံဝန္ခ်က္အတြက္ ၾကားနာပြဲကို လာေရာက္ရမွာျဖစ္ေၾကာင္းနဲ႔ တကယ္လို႔ သူ႔အတြက္ခ်မွတ္ထားတဲ့ ျပစ္ဒဏ္ဆိုင္းငံ့ထားတဲ့ကာလ ကုန္ဆုံးခ်ိန္မတိုင္ခင္ မလာေရာက္ရင္ ေထာင္က်ႏိုင္ေၾကာင္း ပါရွိပါတယ္။ တရား႐ုံးစာအရ သူဟာ အမ်ားဆုံး ေထာင္ဒဏ္ ၃ ႏွစ္ခြဲေလာက္အထိ က်ခံရႏိုင္ဖြယ္ ရွိပါတယ္။

ဇန္နဝါရီလ ၁၃ ရက္ေန႔ကေတာ့ Navalny က သူဟာ Pobeda ေလေၾကာင္းလိုင္းနဲ႔ ဇန္နဝါရီ ၁၇ ရက္ေန႔မွာ ႐ုရွားကို ျပန္လာမွာျဖစ္ေၾကာင္း တြစ္တာမွာ ေရးပါတယ္။ဒါ့အျပင္ ႏိုင္ငံတြင္းကေန သူ႔ဟာသူ ထြက္သြားတာ မဟုတ္တဲ့အတြက္ ျပန္လာမလာ ေမးခြန္းထုတ္ေနစရာ မလိုေၾကာင္းနဲ႔ သူဟာ ႐ုရွားႏိုင္ငံ Tomsk ၿမိဳ႕ကေန ေမာ္စကိုကို ေလယာဥ္နဲ႔အသြား လမ္းမွာ နာမက်န္းျဖစ္ၿပီး Siberia က ေဆး႐ုံမွာ ေဆးနဲ႔ ေမ့ေမ်ာေနရာကေန ဂ်ာမနီကေဆး႐ုံကို ေျပာင္းေ႐ႊ႕ေပးခဲ့ရတာ ျဖစ္ပါတယ္။

သူဟာ အာ႐ုံေၾကာကို ထိခိုက္ေစတဲ့ Novichok အဆိပ္သင့္ခဲ့တာျဖစ္ေၾကာင္း ဥေရာပ ၃ ႏိုင္ငံက ဓာတ္ခြဲခန္းေတြက အတည္ျပဳပါတယ္။ ဒီလိုေတြ႕ရွိမႈေၾကာင့္ ႐ုရွားအရာရွိ ၆ ဦးနဲ႔ အစိုးရသုေတသနဌာနတခုကို အီးယူ ဥေရာပသမဂၢက အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္ခဲ့တာပါ။

source : VOA

Leave a Reply

Your email address will not be published. Required fields are marked *