အစုလိုက် နှုတ်ထွက် သည့် အစီ အစဉ် BGF ပြန် ရုတ်သိမ်း

တပ်မ တော်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ကရင်နယ် ခြားစောင့် တပ်(BGF) အရာရှိ တရာခန့် နှုတ်ထွက် စာတင်မှု အား ပြန်ရုတ်သိမ်းမည်ဖြစ်ကြောင်း BGF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။BGF တာဝန်ရှိသူတဦးက “ကျနော်တို့အားလုံး (အစုလိုက်တင်တဲ့ကိစ္စ) နှုတ်ထွက်စာတင်ထားတဲ့ဟာ ပြန်ရုတ်သိမ်းမယ်၊ စီးပွားရေးကဏ္ဍ သီးသန့်သွားမယ့်သူကတော့ နှုတ်ထွက်မယ်ထင်ပါတယ်။ တဦးချင်းကိစ္ စကတော့ လူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ပြောသည်။

အစုလိုက် နှုတ်ထွက်စာ တင်ထားမှုနှင့် ပတ်သက်ပြီး ပြန်လည်ရုတ်သိမ်းမည်ဖြစ်ကြောင်းကိုလည်း BGF ဗဟိုအ ကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့၊ အထွေထွေအတွင်းရေ းမှူး ဗိုလ်မှူးကြီးစောချစ်သူကိုယ်တိုင် သတင်းမီဒီယာအချို့တွင် အတည်ပြုထား သည်ကိုတွေ့ရသည်။

ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများကြောင့် BGF မှ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး တင်ဝင်းနှင့် ဗိုလ်မှူးမုတ်သုန်တို့အား နှုတ်ထွက်ရန်ဖိအားပေးမှုအပေါ် မျှတမှုမ ရှိဟုဆိုကာ နယ်ခြားစောင့်တပ်နယ် ၄ ခုမှ အရာရှိ၊ အရာခံများ ဇန်နဝါရီ ၁၄ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အစုလိုက်အပြုံလိုက် နှုတ် ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့က မြိုင်ကြီးငူဒေသတွင် တပ်မတော်ဘက်မှ အမှတ် ၄ ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး ဦးဆောင်သည့်အဖွဲ့နှင့် BGF ဘက်မှ ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ခေါင်းဆောင်ပိုင်းများ တွေ့ဆုံးဆွေးနွေးခဲ့ပြီး ညှိနှိုင်းသဘောတူညီမှု ရခဲ့ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

BGF တပ်နယ် ၄၊ အမှတ် ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန်ကတော့ နှုတ်ထွက်ရန် ဖိအားပေးမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၈ ရက်နေ့ကတည်းက တဦးတည်း နှုတ်ထွက်စာတွင် လက်မှတ်ရေ းထိုးထားကြောင်း သိရသည်။

ယခုကဲ့သို့ အစုလိုက်နှုတ်ထွက်စာတင်မှုများ ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း မူလညွှန်ကြားချက် ဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး တင်ဝင်းနှင့် ဗိုလ်မှူးမုတ်သုန်တို့အား မိမိသဘောဆန္ဒဖြင့် နှုတ်ထွက်ရန် ပြောကြား ထားမှုမှာ ဖျက်သိမ်းခြင်းမရှိသေးဘဲ ဆိုင်းငံ့ထားပြီး အချိန်တခုယူကာ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များက ပြောသည်။

ဗိုလ်မှူးကြီးစောချစ်သူ ထိန်းချုပ်သည့် ရွှေကုက္ကိုမြိုင်ရှိ တရုတ်လုပ်ငန်းစု၏ ရင်းနှီးမြုပ်နှံမှုဖြင့် မြို့သစ်စီမံကိန်း ဆောင်ရွက်လျှက်ရှိရာတွင် လောင်းကစားနှင့် ငွေကြေးခဝါချမှုကဲ့သို့ ရာဇဝတ် မကင်းသည့် တရုတ်မာဖီးယား ဂိုဏ်းများနှင့် ဆက်စပ်နေ ကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာမှ စွပ်စွဲဝေဖန်ခဲ့ကြပြီး အစိုးရခွင့်ပြုသည်ထက် ကျော်လွန် လုပ်ဆောင်မှုများကြောင့်လည်း စီမံကိန်းရပ်တန့်ထားရန် အစိုးရကညွှန်ကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အစိုးရ၏ စုံစမ်းရေးစတင်ပြီးနောက် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်မှုရှိခဲ့သည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်မှ အရာရှိ ၃ ဦးအား အရေးယူသည့်အနေဖြင့် တပ်မတော်က အငြိမ်းစားပေးခဲ့သည်။
ယင်းနောက်တွင် BGF ခေါင်းဆေ ာင်များအနေဖြင့်လည်း စီးပွားရေးလုပ်ချင်ပါက တပ်မတော်က ထွက်ရန် သတိ ပေးခဲ့ပြီး BGF ခေါင်းဆောင် ၃ ဦးအား နှုတ်ထွက်ရန် ဖိအားပေးရာမှ အစုလိုက်နှုတ်ထွက်သည်အထိ တင်းမာလာခဲ့ ကြခြင်းဖြစ်သည်။

source : IrrawadyNews

zawgyi







ဗိုလ်မှူးကြီးစောချစ်သူ ထိန်းချုပ်သည့် ရွှေကုက္ကိုမြိုင်ရှိ တရုတ်လုပ်ငန်းစု၏ ရင်းနှီးမြုပ်နှံမှုဖြင့် မြို့သစ်စီမံကိန်း ဆောင်ရွက်လျှက်ရှိရာတွင် လောင်းကစားနှင့် ငွေကြေးခဝါချမှုကဲ့သို့ ရာဇဝတ်မကင်းသည့် တရုတ်မာဖီးယား ဂိုဏ်းများနှင့် ဆက်စပ်ေ နကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာမှ စွပ်စွဲဝေဖန်ခဲ့ကြပြီး အစိုးရခွင့်ပြုသည်ထက် ကျော်လွန် လုပ်ဆောင်မှုများကြောင့်လည်း စီမံကိန်းရပ်တန့်ထားရန် အစိုးရကညွှန်ကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။


source : IrrawadyNews

Leave a Reply

Your email address will not be published. Required fields are marked *