အဂၤလန္မွာ ကိုဗစ္ဒုတိယလႈိင္းကာလအတြင္း လူေျခာက္ေယာက္မွာ တစ္ေယာက္ႏႈန္း ေဆး႐ုံတက္ၿပီးမွ ကိုဗစ္ကူးစက္ခံရ

အင်္ဂလန်နိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းစတင်ဖြစ်ပွားတဲ့ စက်တင်ဘာလ နောက်ပိုင်း ဆေးရုံရောက်ပြီးမှ ရောဂါပိုး ကူးစက်ခံရမှုနှုန်းဟာ ခြောက်ယောက်မှာ တစ်ယောက်နှုန်းရှိခဲ့တယ်လို့ အမျိုးသား ကျန်းမာရေးဝန်ဆောင်မှုဋ္ဌာနက ဝန်ခံထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလနောက်ပိုင်းက စတင်ရေတွက်ရင် အခြားဝေဒနာ တစ်ခုခုနဲ့ ဆေးရုံရောက်လာပြီးမှ ကိုဗစ်ကူးစက်ခံရသူပေါင်းဟာ အင်္ဂလန်မှာ (၂၅၀၀၀) ကျော် ရှိခဲ့ပြီလို့ဆိုပါတယ်။ဇန်နဝါရီလထဲမှာ တွေ့ရှိရတဲ့ကိုဗစ်လူနာ (၄၄၃၁၅)ယောက်မှာ (၅၆၈၄) ယောက်က ဆေးရုံရောက်ပြီးမှ ကိုဗစ်ကူးစက်ခံခဲ့ရသူတွေ ဖြစ်ပြီး ခြောက်ယောက်မှာ တစ်ယောက်နှုန်း ကူးစက်ခံခဲ့ရတာပါ။

မစ်ဒ်လန်းဆေးရုံ အရေးပေါ်စောင့်ကြပ်ကြည်ရှုခန်းက ဆရာဝန်တစ်ယောက်ရဲ့ တစ်ရက်တာ လေ့လာထားမှုအရ ဒီအခန်းထဲမှာ ဆေးရုံတက်ပြီးမှ ကိုဗစ်ကူးစက်ခံရမှုနှုန်းက (၄၀)ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်စောင့်ရှောက်မှုပေးတဲ့ သူနာပြုဆရာမတစ်ယောက်ကလည်း သူတို့စောင့်ရှောက်တဲ့ လူနာပေါင်းများစွာဟာ ဆေးရုံတက်ပြီးမှ ကိုဗစ်ကူးစက်ခံရပြီး အသက်ကြီးသူတွေက အသက်ရှင်နိုင်ဖို့ ပိုမိုခက်ခဲတယ်လို့ ပြောပါတယ်။

ကင်ဆာ ဓာတ်ကင်ကုသဖို့ ရက်ချိန်းကျလို့ ဆေးရုံသွားခဲ့ရတဲ့ (၅၂) နှစ်အရွယ်လူနာ ဆူဆန်ကိုလ်ဘုန်းဆိုရင် ရွိုင်ရယ်စတုတ်ဆေးရုံကို သွားပြီးမှ ကိုဗစ်ကူးလာပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဖွင့်ဟခဲ့တယ်။ အခုအချိန်မှာတော့ ဆေးရုံတက်ပြီးမှ ပိုးကူးစက်ခံရမှု နှုန်းဟာ (၇.၇) ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်ဆိုပေမယ့် ကိုဗစ်လူနာထူထပ်တဲ့ ဆေးရုံတွေမှာတော့ ကုတင်တစ်ဝက်ကျော်မှာ ကိုဗစ်ပိုးကူးခံထားရသူ တွေချည်းဖြစ်တဲ့အတွက် ကျန်တဲ့လူတွေကို ပိုမိုကူးစက်နှုန်း များတယ်လို့ ဆိုပါတယ်။

သေဆုံးမှုနှုန်းမှာလည်း အသက်ကြီးသူတွေသာ သေဆုံးမှု အမြင့်မားဆုံးအဖြစ်ဆက်ရှိနေပြီး ပျမ်းမျှ သေဆုံးနှုန်းအသက်ဟာ (၈၂.၄) နှစ်ဖြစ်ပါတယ်။

source : Omedia

zawgyi

အဂၤလန္ႏိုင္ငံမွာ ကိုဗစ္ဒုတိယလႈိင္းစတင္ျဖစ္ပြားတဲ့ စက္တင္ဘာလ ေနာက္ပိုင္း ေဆး႐ုံေရာက္ၿပီးမွ ေရာဂါပိုး ကူးစက္ခံရမႈႏႈန္းဟာ ေျခာက္ေယာက္မွာ တစ္ေယာက္ႏႈန္းရွိခဲ့တယ္လို႔ အမ်ိဳးသား က်န္းမာေရးဝန္ေဆာင္မႈ႒ာနက ဝန္ခံထုတ္ျပန္ခဲ့ပါတယ္။

စက္တင္ဘာလေနာက္ပိုင္းက စတင္ေရတြက္ရင္ အျခားေဝဒနာ တစ္ခုခုနဲ႔ ေဆး႐ုံေရာက္လာၿပီးမွ ကိုဗစ္ကူးစက္ခံရသူေပါင္းဟာ အဂၤလန္မွာ (၂၅၀၀၀) ေက်ာ္ ရွိခဲ့ၿပီလို႔ဆိုပါတယ္။ဇန္နဝါရီလထဲမွာ ေတြ႕ရွိရတဲ့ကိုဗစ္လူနာ (၄၄၃၁၅)ေယာက္မွာ (၅၆၈၄) ေယာက္က ေဆး႐ုံေရာက္ၿပီးမွ ကိုဗစ္ကူးစက္ခံခဲ့ရသူေတြ ျဖစ္ၿပီး ေျခာက္ေယာက္မွာ တစ္ေယာက္ႏႈန္း ကူးစက္ခံခဲ့ရတာပါ။

မစ္ဒ္လန္းေဆး႐ုံ အေရးေပၚေစာင့္ၾကပ္ၾကည္ရႈခန္းက ဆရာဝန္တစ္ေယာက္ရဲ႕ တစ္ရက္တာ ေလ့လာထားမႈအရ ဒီအခန္းထဲမွာ ေဆး႐ုံတက္ၿပီးမွ ကိုဗစ္ကူးစက္ခံရမႈႏႈန္းက (၄၀)ရာခိုင္ႏႈန္းအထိ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ေနအိမ္ေစာင့္ေရွာက္မႈေပးတဲ့ သူနာျပဳဆရာမတစ္ေယာက္ကလည္း သူတို႔ေစာင့္ေရွာက္တဲ့ လူနာေပါင္းမ်ားစြာဟာ ေဆး႐ုံတက္ၿပီးမွ ကိုဗစ္ကူးစက္ခံရၿပီး အသက္ႀကီးသူေတြက အသက္ရွင္ႏိုင္ဖို႔ ပိုမိုခက္ခဲတယ္လို႔ ေျပာပါတယ္။

ကင္ဆာ ဓာတ္ကင္ကုသဖို႔ ရက္ခ်ိန္းက်လို႔ ေဆး႐ုံသြားခဲ့ရတဲ့ (၅၂) ႏွစ္အ႐ြယ္လူနာ ဆူဆန္ကိုလ္ဘုန္းဆိုရင္ ႐ြိဳင္ရယ္စတုတ္ေဆး႐ုံကို သြားၿပီးမွ ကိုဗစ္ကူးလာၿပီး ေသဆုံးခဲ့ရတာျဖစ္တယ္လို႔ ဖြင့္ဟခဲ့တယ္။ အခုအခ်ိန္မွာေတာ့ ေဆး႐ုံတက္ၿပီးမွ ပိုးကူးစက္ခံရမႈ ႏႈန္းဟာ (၇.၇) ရာခိုင္ႏႈန္းအထိ က်ဆင္းလာတယ္ဆိုေပမယ့္ ကိုဗစ္လူနာထူထပ္တဲ့ ေဆး႐ုံေတြမွာေတာ့ ကုတင္တစ္ဝက္ေက်ာ္မွာ ကိုဗစ္ပိုးကူးခံထားရသူ ေတြခ်ည္းျဖစ္တဲ့အတြက္ က်န္တဲ့လူေတြကို ပိုမိုကူးစက္ႏႈန္း မ်ားတယ္လို႔ ဆိုပါတယ္။

ေသဆုံးမႈႏႈန္းမွာလည္း အသက္ႀကီးသူေတြသာ ေသဆုံးမႈ အျမင့္မားဆုံးအျဖစ္ဆက္ရွိေနၿပီး ပ်မ္းမွ် ေသဆုံးႏႈန္းအသက္ဟာ (၈၂.၄) ႏွစ္ျဖစ္ပါတယ္။

source : Omedia

Leave a Reply

Your email address will not be published. Required fields are marked *