ထရမ့္ပ္က တ႐ုတ္၏ Huawei ကုမၸဏီသို႔ ေထာက္ပံ့ေရး ပစၥည္းမ်ားေပးပို႔မႈကို ရပ္ဆိုင္း

ထရမ့်ပ် အုပ်ချုပ်မှုက အမေရိကန် အခြေစိုက်ချစ်ပ် ထုတ်လုပ်သည့် Intel အပါအဝင် Huawei သို့ နည်းပညာ ပစ္စည်းများ ပေးသွင်းသူများထံ ကုန်ပစ္စည်းများ ထောက်ပံ့မှုကို ရပ်ဆိုင်းမိန့်ကို ထုတ်ပြန်ကြောင်း အကြောင်းကြားခဲ့ပြီး တရုတ်ကုမ္ပဏီသို့ ရောင်းချရန်ခွင့်ပြုထားသည့် လိုင်စင်အချို့ကိုလည်း ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။

တရုတ် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီမှ ထောက်ပံ့ထားည့် အခြား အပလီကေးရှင်းများစွာကိုလည်း နိုင်ငံအတွင်း အသုံးပြုခွင့် တားမြစ်ရန် ရည်ရွယ်ကြောင်း နည်းပညာနှင့် နိုင်ငံရေး အကျွမ်းတဝင်ရှိသူများက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်

ရီပတ်ဘလီကန် သမ္မတ ဒွန်နယ်ထရမ့်ပ် လက်အောက်တွင် ဝါရှင်တန်၏ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ရှုမြင်မှကာ ကမ္ဘာပေါ်တွင်အကြီးမားဆုံး ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာထုတ်လုပ်သူ Huawei Technologies ကို ဆန့်ကျင်မှုသော နောက်ဆုံး ကြိုးပမ်းမှုဖြစ်သည်။

ထရမ့်ပ် အုပ်ချုပ်ရေး၏ နောက်ဆုံးသော နေ့ရက်ကာလများ၌ တရုတ်ကို ဆန့်ကျင်သည့် အမေရိကန်၏ ပိတ်ဆို့တားမြစ်မှုများ တသီတတန်းကြီး ထွက်ပေါ်နေသည်။ ဗုဒ္ဓဟူးနေ့တွင် ဒီမိုကရက် ပါတီဂျိုးဘိုင်ဒန် ကသမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်သည်။

ယခု ဖြစ်ရပ်အတွက် Intel Corp ၏ ပြောရေးဆိုခွင့်ရှိသူကမူ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနသည် အမေရိကန်အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြား အကျိုးစီးပွားများကို အကာအကွယ်ပေးသော လိုင်စင်ဆိုင်ရာမူဝါဒများကို ဆက်လက်ကျင့်သုံးရန် ရှိကြောင်း သိရသည်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနသည် Huawei သို့ တင်ပို့ရန် လိုင်စင်တောင်းဆိုမှုနှင့် ခွင့်ပြုချက်များ အားလုံး ပြန်လည်ရုပ်သိမ်းရန် ရည်ရွယ်ထားကြောင်း Semiconductor Industry Association မှ သောကြာနေ့တွင် ပြောကြားခဲ့သည်။

သတင်းရင်းမြစ် တစ်ခုကမူ တရုတ်သို့ နည်းပညာပစ္စည်းများ ထောက်ပံ့နေသည့် ကုမ္ပဏီလေးခုမှ လိုင်စင် ၈ ခု ရုပ်သိမ်းခံရသည်ဟု ဆိုသည်။ ဂျပန် Flash Memory Chip ထုတ်လုပ်သူ Kioxia Corp မှ အနည်းဆုံး လိုင်စင်တစ်ခုသည်လည်း ရုပ်သိမ်းခံရေသော ရှစ်ခုတွင် ပါဝင်သည်ဟု သတင်းရင်းမြစ်ကဆိုသည်။

ယခင်က Toshiba Memory ကော်ပိုရေးရှင်းဟုလူသိများသော ကုမ္ပဏီကမူ“ ကုန်ပစ္စည်း သို့မဟုတ် ဝယ်ယူသူများအတွက် စီးပွားရေးဆိုင်ရာ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိ” သိရသည်။

Semiconductor Industry Association အသင်းက ကုမ္ပဏီများသည် လိုင်စင်ချထားပေးရန်အတွက် လပေါင်းများစွာ စောင့်ဆိုင်းနေရကြောင်းနှင့် တပတ်ပင် မကျန်တော့သည့် ထရမ့်ပ်အုပ်ချုပ်ရေး၏ အစီအစဉ်က နောင်တွင် အပြောင်းအလဲ ဖြစ်မဖြစ်ကို စောင့်ကြည့် နေမည်ဖြစ်ကြောင်း ဆိုသည်။

ယခု အသိပေးချက်များကို လက်ခံရရှိသည့် ကုမ္ပဏီများသည် ကန့်သတ်ချက်များကို ရက်ပေါင်း ၂၀အတွင် အတည်ပြုရမည်ဖြစ်သည်။ သို့သော် ကုန်သွယ်ရေးဌာနမှ ၄၅ ရက်အတွင်း ဆုံးဖြတ်ချက် ပြောင်းလဲခြင်းနှင့် ပတ်သက်၍ မည်သို့ဖြစ်လာမည်ကိုလည်း စောင့်ကြည့်ချင်နေကြသည်။

၂၀၁၉ မေလ အမေရိကန်သည် Huawei ကို ကုန်သွယ်ရေးဌာန၏“entity list” ထဲထည့်သွင်းခဲ့ပြီး ကုန်ပစ္စည်း ပေးသွင်းသူများအား အမေရိကန်ကုန်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချခြင်းကို စတင် ကန့်သတ်ခဲ့ကြောင်းသိရသည်။

source : ကျော်မွန်ဦး

zawgyi

ထရမ့္ပ္ အုပ္ခ်ဳပ္မႈက အေမရိကန္ အေျခစိုက္ခ်စ္ပ္ ထုတ္လုပ္သည့္ Intel အပါအဝင္ Huawei သို႔ နည္းပညာ ပစၥည္းမ်ား ေပးသြင္းသူမ်ားထံ ကုန္ပစၥည္းမ်ား ေထာက္ပံ့မႈကို ရပ္ဆိုင္းမိန႔္ကို ထုတ္ျပန္ေၾကာင္း အေၾကာင္းၾကားခဲ့ၿပီး တ႐ုတ္ကုမၸဏီသို႔ ေရာင္းခ်ရန္ခြင့္ျပဳထားသည့္ လိုင္စင္အခ်ိဳ႕ကိုလည္း ျပန္လည္႐ုပ္သိမ္းေၾကာင္း ေၾကညာခဲ့သည္။

တ႐ုတ္ တယ္လီဖုန္းဆက္သြယ္ေရး ကုမၸဏီမွ ေထာက္ပံ့ထားည့္ အျခား အပလီေကးရွင္းမ်ားစြာကိုလည္း ႏိုင္ငံအတြင္း အသုံးျပဳခြင့္ တားျမစ္ရန္ ရည္႐ြယ္ေၾကာင္း နည္းပညာႏွင့္ ႏိုင္ငံေရး အကြၽမ္းတဝင္ရွိသူမ်ားက ႐ိုက္တာ သတင္းဌာနသို႔ ေျပာၾကားခဲ့သည္

ရီပတ္ဘလီကန္ သမၼတ ဒြန္နယ္ထရမ့္ပ္ လက္ေအာက္တြင္ ဝါရွင္တန္၏ အမ်ိဳးသားလုံၿခဳံေရး ၿခိမ္းေျခာက္မႈအျဖစ္ ရႈျမင္မွကာ ကမာၻေပၚတြင္အႀကီးမားဆုံး ဆက္သြယ္ေရးဆိုင္ရာ ပစၥည္းကိရိယာထုတ္လုပ္သူ Huawei Technologies ကို ဆန႔္က်င္မႈေသာ ေနာက္ဆုံး ႀကိဳးပမ္းမႈျဖစ္သည္။

ထရမ့္ပ္ အုပ္ခ်ဳပ္ေရး၏ ေနာက္ဆုံးေသာ ေန႔ရက္ကာလမ်ား၌ တ႐ုတ္ကို ဆန႔္က်င္သည့္ အေမရိကန္၏ ပိတ္ဆို႔တားျမစ္မႈမ်ား တသီတတန္းႀကီး ထြက္ေပၚေနသည္။ ဗုဒၶဟူးေန႔တြင္ ဒီမိုကရက္ ပါတီဂ်ိဳးဘိုင္ဒန္ ကသမၼတ အျဖစ္ က်မ္းသစၥာက်ိန္ဆိုမည္ ျဖစ္သည္။

ယခု ျဖစ္ရပ္အတြက္ Intel Corp ၏ ေျပာေရးဆိုခြင့္ရွိသူကမူ မွတ္ခ်က္ေပးရန္ ျငင္းဆန္ခဲ့သည္။ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဌာနသည္ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးႏွင့္ ႏိုင္ငံျခား အက်ိဳးစီးပြားမ်ားကို အကာအကြယ္ေပးေသာ လိုင္စင္ဆိုင္ရာမူဝါဒမ်ားကို ဆက္လက္က်င့္သုံးရန္ ရွိေၾကာင္း သိရသည္။

႐ိုက္တာသတင္းဌာန၏ ေဖာ္ျပခ်က္အရ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဌာနသည္ Huawei သို႔ တင္ပို႔ရန္ လိုင္စင္ေတာင္းဆိုမႈႏွင့္ ခြင့္ျပဳခ်က္မ်ား အားလုံး ျပန္လည္႐ုပ္သိမ္းရန္ ရည္႐ြယ္ထားေၾကာင္း Semiconductor Industry Association မွ ေသာၾကာေန႔တြင္ ေျပာၾကားခဲ့သည္။

သတင္းရင္းျမစ္ တစ္ခုကမူ တ႐ုတ္သို႔ နည္းပညာပစၥည္းမ်ား ေထာက္ပံ့ေနသည့္ ကုမၸဏီေလးခုမွ လိုင္စင္ ၈ ခု ႐ုပ္သိမ္းခံရသည္ဟု ဆိုသည္။ ဂ်ပန္ Flash Memory Chip ထုတ္လုပ္သူ Kioxia Corp မွ အနည္းဆုံး လိုင္စင္တစ္ခုသည္လည္း ႐ုပ္သိမ္းခံေရေသာ ရွစ္ခုတြင္ ပါဝင္သည္ဟု သတင္းရင္းျမစ္ကဆိုသည္။

ယခင္က Toshiba Memory ေကာ္ပိုေရးရွင္းဟုလူသိမ်ားေသာ ကုမၸဏီကမူ“ ကုန္ပစၥည္း သို႔မဟုတ္ ဝယ္ယူသူမ်ားအတြက္ စီးပြားေရးဆိုင္ရာ အေသးစိတ္ အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိ” သိရသည္။

Semiconductor Industry Association အသင္းက ကုမၸဏီမ်ားသည္ လိုင္စင္ခ်ထားေပးရန္အတြက္ လေပါင္းမ်ားစြာ ေစာင့္ဆိုင္းေနရေၾကာင္းႏွင့္ တပတ္ပင္ မက်န္ေတာ့သည့္ ထရမ့္ပ္အုပ္ခ်ဳပ္ေရး၏ အစီအစဥ္က ေနာင္တြင္ အေျပာင္းအလဲ ျဖစ္မျဖစ္ကို ေစာင့္ၾကည့္ ေနမည္ျဖစ္ေၾကာင္း ဆိုသည္။

ယခု အသိေပးခ်က္မ်ားကို လက္ခံရရွိသည့္ ကုမၸဏီမ်ားသည္ ကန႔္သတ္ခ်က္မ်ားကို ရက္ေပါင္း ၂၀အတြင္ အတည္ျပဳရမည္ျဖစ္သည္။ သို႔ေသာ္ ကုန္သြယ္ေရးဌာနမွ ၄၅ ရက္အတြင္း ဆုံးျဖတ္ခ်က္ ေျပာင္းလဲျခင္းႏွင့္ ပတ္သက္၍ မည္သို႔ျဖစ္လာမည္ကိုလည္း ေစာင့္ၾကည့္ခ်င္ေနၾကသည္။

၂၀၁၉ ေမလ အေမရိကန္သည္ Huawei ကို ကုန္သြယ္ေရးဌာန၏“entity list” ထဲထည့္သြင္းခဲ့ၿပီး ကုန္ပစၥည္း ေပးသြင္းသူမ်ားအား အေမရိကန္ကုန္ပစၥည္းမ်ားႏွင့္ နည္းပညာမ်ား ေရာင္းခ်ျခင္းကို စတင္ ကန႔္သတ္ခဲ့ေၾကာင္းသိရသည္။

source : ေက်ာ္မြန္ဦး

Leave a Reply

Your email address will not be published. Required fields are marked *