ျမန္မာအစိုးရက သဘာဝဓာတ္ေငြ႕နဲ႔ ေက်ာက္စိမ္း ေရာင္းခ်ရမႈ ပမာဏကို ပြင့္လင္းစြာ ထုတ္ျပန္

လက်ရှိအစိုးရသက်တမ်းငါးနှစ်အတွင်း ကျောက်စိမ်း နှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပ ရောင်းချမှုမှ ဒေါ်လာ ဘီလီယံ၂၀ ခန့်ရရှိထားကြောင်း အစိုးရက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။၂၀၁၅ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ စက်တင်ဘာအထိ ဖြစ်ပြီး သဘာဝဓာတ်ငွေ့မှ ဒေါ်လာ ၁၇ ဘီလီယံခွဲနှင့် ကျောက်စိမ်းမှ ဒေါ်လာနှစ်ဘီလီယံခွဲဖြစ် သည်ဟု အကောက်ခွန်ဦးစီးဌာန ၏စာရင်းများကို အစိုးရကထုတ် ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

သဘာဝဓာတ်ငွေ့ကို ၂၀၁၅ အောက်တိုဘာမှ ၂၀၁၆ စက်တင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ၊၂၀၁၆ အောက်တိုဘာ မှ ၂၀၁၇ စက်တင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ၊ ၂၀၁၇ အောက်တိုဘာမှ ၂၀၁၈ စက်တင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ၊ ၂၀၁၈-၁၉ တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံနှင့် ၂၀၁၉-၂၀၂၀ တွင် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဖိုး ရောင်းချထားတယ်လို့ သိရပါတယ်။

ကျောက်စိမ်းရောင်းချမှုတွင် ၂၀၁၅ အောက်တိုဘာ မှ၂၀၁၆ စက်တင်ဘာအထိ ဒေါ်လာ သန်း ၄၀၀ ကျော်၊
၂၀၁၆-၂၀၁၇ တွင် ဒေါ်လာ သန်း ၃၄၀ ကျော်၊ ၂၀၁၇-၁၈ တွင် ဒေါ်လာ သန်း ၉၇၀ ကျော်၊ ၂၀၁၈-၁၉ တွင် ဒေါ်လာ သန်း ၃၅၀ ကျော်နှင့်၂၀၁၉-၂၀ တွင် ဒေါ်လာသန်း ၄၂၀
ရရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ် နိုင်ငံ၏ ပြည်ပပို့ကုန်မှဝင်ငွေသည် ဒေါ်လာ ၁၁ ဘီလီယံဖြစ်ပြီး ၂၀၁၆-၁၇တွင် ဒေါ်လာ ၁၂ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီ ယံ၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၁၇ ဘီလီယံနှင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၇ ဒသမ ၆၆ ဘီလီယံဖိုး ရရှိခဲ့သည် ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
crd

zawgyi

လက္ရွိအစိုးရသက္တမ္းငါးႏွစ္အတြင္း ေက်ာက္စိမ္း ႏွင့္ သဘာဝဓာတ္ေငြ႕ကို ျပည္ပ ေရာင္းခ်မႈမွ ေဒၚလာ ဘီလီယံ၂၀ ခန႔္ရရွိထားေၾကာင္း အစိုးရက ဇန္နဝါရီ ၁၆ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။၂၀၁၅ ေအာက္တိုဘာ ၁ ရက္မွ ၂၀၂၀ စက္တင္ဘာအထိ ျဖစ္ၿပီး သဘာဝဓာတ္ေငြ႕မွ ေဒၚလာ ၁၇ ဘီလီယံခြဲႏွင့္ ေက်ာက္စိမ္းမွ ေဒၚလာႏွစ္ဘီလီယံခြဲျဖစ္ သည္ဟု အေကာက္ခြန္ဦးစီးဌာန ၏စာရင္းမ်ားကို အစိုးရကထုတ္ ျပန္ခဲ့ျခင္းျဖစ္ပါတယ္။

သဘာဝဓာတ္ေငြ႕ကို ၂၀၁၅ ေအာက္တိုဘာမွ ၂၀၁၆ စက္တင္ဘာအထိ ေဒၚလာ ၃ ဒသမ ၄ ဘီလီယံ၊၂၀၁၆ ေအာက္တိုဘာ မွ ၂၀၁၇ စက္တင္ဘာအထိ ေဒၚလာ ၃ ဒသမ ၁ ဘီလီယံ၊ ၂၀၁၇ ေအာက္တိုဘာမွ ၂၀၁၈ စက္တင္ဘာအထိ ေဒၚလာ ၃ ဒသမ ၅ ဘီလီယံ၊ ၂၀၁၈-၁၉ တြင္ ေဒၚလာ ၃ ဒသမ ၉ ဘီလီယံႏွင့္ ၂၀၁၉-၂၀၂၀ တြင္ ေဒၚလာ ၃ ဒသမ ၅ ဘီလီယံဖိုး ေရာင္းခ်ထားတယ္လို႔ သိရပါတယ္။

ေက်ာက္စိမ္းေရာင္းခ်မႈတြင္ ၂၀၁၅ ေအာက္တိုဘာ မွ၂၀၁၆ စက္တင္ဘာအထိ ေဒၚလာ သန္း ၄၀၀ ေက်ာ္၊
၂၀၁၆-၂၀၁၇ တြင္ ေဒၚလာ သန္း ၃၄၀ ေက်ာ္၊ ၂၀၁၇-၁၈ တြင္ ေဒၚလာ သန္း ၉၇၀ ေက်ာ္၊ ၂၀၁၈-၁၉ တြင္ ေဒၚလာ သန္း ၃၅၀ ေက်ာ္ႏွင့္၂၀၁၉-၂၀ တြင္ ေဒၚလာသန္း ၄၂၀
ရရွိခဲ့တယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

၂၀၁၅-၁၆ ဘ႑ာႏွစ္ ႏိုင္ငံ၏ ျပည္ပပို႔ကုန္မွဝင္ေငြသည္ ေဒၚလာ ၁၁ ဘီလီယံျဖစ္ၿပီး ၂၀၁၆-၁၇တြင္ ေဒၚလာ ၁၂ ဘီလီယံ၊ ၂၀၁၇-၁၈ ဘ႑ာႏွစ္ တြင္ ေဒၚလာ ၁၄ ဒသမ ၈ ဘီလီ ယံ၊ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ေဒၚ လာ ၁၇ ဘီလီယံႏွင့္ ၂၀၁၉-၂၀ ဘ႑ာႏွစ္တြင္ ေဒၚလာ ၁၇ ဒသမ ၆၆ ဘီလီယံဖိုး ရရွိခဲ့သည္ ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ သည္။
crd

Leave a Reply

Your email address will not be published. Required fields are marked *