ကိုဗစ္-၁၉ ကပ္ေရာဂါ မတိုင္မွီ ၂ ႏွစ္အလိုက ဝူဟန္မွ သိပၸံပညာရွင္အခ်ိဳ႕ လင္းႏို႔ကိုက္ခံရသည့္ ဗီဒီယိုမ်ား ထြက္ေပၚလာ

ကိုရိုနာဗိုင်းရပ်စ် မဖြစ်မီ လွန်ခဲ့သော နှစ်နှစ်ခန့်က ဝူဟန်မှ သိပ္ပံပညာရှင်သည် PPE ကို ဂရုတစိုက် မဝတ်ဆင်ခဲ့သောကြောင့် လင်းနို့များ ကိုက်ခံခဲ့ရသော ဗီဒီယို ဖိုင်များတွက် ပေါ်လာသည်။၂၀၁၇ က ဗီဒီယိုတွင် SARS ဗိုင်းရပ်စ်အကြောင်း ပိုမိုသိရှိရန် ကြိုးပမ်းရှာဖွေနေချိန်တွင် ရှိကျန်းလီ ခေါ် Batwoman နှင့် အဖွဲ့သည် ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းသည့် လုံခြုံရေးဆိုင်ရာ အားနည်းချက်များ ရှိခဲ့သည်ကို တွေ့ရသည်။ ထိုဗီယိုဖိုင်ကို Covid-19 ကြောင့် ကမ္ဘာလုံးဆိုင်ရာ သေဆုံးသူ ၂ သန်းကျော်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်ခဲ့သည်။

လင်းနို့များသည် ဗိုင်းရပ်စ်ဖြစ်နိုင်သည့် အရင်းအမြစ်တစ်ခု ဖြစ်သည်ဟုယုံကြည်ရသည်။ ဗီဒီယိုတစ်ခုတွင် သိပ္ပံပညာရှင်သည် လက်ဗလာနှင့် လင်းနို့ကို ကိုင်ထားကြသည်ကို တွေ့ရသည်။ နောက်တစ်ဖိုင်တွင် လက်တို တီရှပ်များကို ဝတ်စဉ်ထားသူက လင်းနို့များ ထုတ်ယူနေသည်ကို တွေ့ခဲ့ရသည်။ သိပ္ပံပညာရှင်အချို့ကို လင်းနို့များကို ကိုင်တွယ်သည့် hazmat ဝတ်စုံများတွင် တွေ့မြင်ရသော်လည်း အချို့မှာ မည်သည့်အကာအကွယ်မှ ရှိနေခဲ့ကြသည်။

ဓာတ်ခွဲခန်းတွင်း၌ သိပ္ပံပညာရှင်နှစ်ဦးသည် “live viruses” သုံးမျိုးမှ နမူနာများကို ကိုင်တွယ်နေသည်ကို တွေ့မြင်ရသော်လည်း မည်သူမျှ နှာခေါင်းစည်း မတပ်ထားကြပေ။ ဗိုင်းရပ်စ်သုတေသီ Cui Jie ဆိုသူကလည်း လင်းနို့ကိုက်ခြင်းခံရသည့် အတွေ့အကြုံကို ပြန်ပြောပြသည်။ သူ၏ လက်အိတ်ကို ရှေ့သွားနှင့် ကိုက်လိုက်သည်မှာ အပ်နှင့် ထိုးခံသည်နှင့် တူသည်ဟု ဆိုသည်။

နောက်ထပ် စိုးရိမ်ဖွယ် ဗီဒီယို ရိုက်ချက်တစ်ခုတွင် လင်းနို့ကိုက်ခံရသည့် အတွက် လူတစ်ဦး ၏ လက်တစ်ဖက်လုံး ရောင်ရမ်းနေသည်ကို ပြသထားသည်။ ထိုင်ဝမ် တိုင်းမ်သတင်းစာ၏ အဆိုအရ Batwoman ဟုခေါ်သော ကိုရိုနာဗိုင်းရပ်စ်ကို သီးသန့် လေ့လာသည့် အမျိုးသမီး သိပ္ပံပညာရှင် ရှိကျန်းလီသည် ယခင်က သူမ၏ ဆောင်းပါတစ်ပုဒ်တွင် သူ့အလုပ်က ‘ အခြားသူများ ထင်သလို အန္တရာယ်မများကြောင်းး” ပြောခဲ့ဖူးသည်ဟု ဆိုထားသည်။

ရှိကျန်းလီက ထိုဆောင်းပါး၌ပင် တပုဒ်တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူသည် လူသားများအချင်းချင်း ကူးစက်နိုင်သည့် အခွင့်အလမ်းမှာ အလွန်နည်းဟု ဆိုခဲ့ဖူးသည်။ ယခုအခါ Wuhan ဝူဟန်တွင် ဗိုင်းရပ်စ် ဇာစ်မြစ်ကို စုံစမ်းသည့် ပညာရှင်များ၏ ခရီးစဉ်တွင် တရုတ် ဓာတ်ခွဲခန်း၏ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ မေးခွန်းများမေးရန် ရှိနေကြောင်း သိရသည်။

source : ChannelKeyMyanmar

zawgyi

ကို႐ိုနာဗိုင္းရပ္စ္ မျဖစ္မီ လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန႔္က ဝူဟန္မွ သိပၸံပညာရွင္သည္ PPE ကို ဂ႐ုတစိုက္ မဝတ္ဆင္ခဲ့ေသာေၾကာင့္ လင္းႏို႔မ်ား ကိုက္ခံခဲ့ရေသာ ဗီဒီယို ဖိုင္မ်ားတြက္ ေပၚလာသည္။၂၀၁၇ က ဗီဒီယိုတြင္ SARS ဗိုင္းရပ္စ္အေၾကာင္း ပိုမိုသိရွိရန္ ႀကိဳးပမ္းရွာေဖြေနခ်ိန္တြင္ ရွိက်န္းလီ ေခၚ Batwoman ႏွင့္ အဖြဲ႕သည္ ထိတ္လန႔္ တုန္လႈပ္ဖြယ္ေကာင္းသည့္ လုံၿခဳံေရးဆိုင္ရာ အားနည္းခ်က္မ်ား ရွိခဲ့သည္ကို ေတြ႕ရသည္။ ထိုဗီယိုဖိုင္ကို Covid-19 ေၾကာင့္ ကမာၻလုံးဆိုင္ရာ ေသဆုံးသူ ၂ သန္းေက်ာ္ၿပီးေနာက္ ရက္အနည္းငယ္အၾကာတြင္ ထြက္ေပၚခဲ့သည္။

လင္းႏို႔မ်ားသည္ ဗိုင္းရပ္စ္ျဖစ္ႏိုင္သည့္ အရင္းအျမစ္တစ္ခု ျဖစ္သည္ဟုယုံၾကည္ရသည္။ ဗီဒီယိုတစ္ခုတြင္ သိပၸံပညာရွင္သည္ လက္ဗလာႏွင့္ လင္းႏို႔ကို ကိုင္ထားၾကသည္ကို ေတြ႕ရသည္။ ေနာက္တစ္ဖိုင္တြင္ လက္တို တီရွပ္မ်ားကို ဝတ္စဥ္ထားသူက လင္းႏို႔မ်ား ထုတ္ယူေနသည္ကို ေတြ႕ခဲ့ရသည္။ သိပၸံပညာရွင္အခ်ိဳ႕ကို လင္းႏို႔မ်ားကို ကိုင္တြယ္သည့္ hazmat ဝတ္စုံမ်ားတြင္ ေတြ႕ျမင္ရေသာ္လည္း အခ်ိဳ႕မွာ မည္သည့္အကာအကြယ္မွ ရွိေနခဲ့ၾကသည္။

ဓာတ္ခြဲခန္းတြင္း၌ သိပၸံပညာရွင္ႏွစ္ဦးသည္ “live viruses” သုံးမ်ိဳးမွ နမူနာမ်ားကို ကိုင္တြယ္ေနသည္ကို ေတြ႕ျမင္ရေသာ္လည္း မည္သူမွ် ႏွာေခါင္းစည္း မတပ္ထားၾကေပ။ ဗိုင္းရပ္စ္သုေတသီ Cui Jie ဆိုသူကလည္း လင္းႏို႔ကိုက္ျခင္းခံရသည့္ အေတြ႕အႀကဳံကို ျပန္ေျပာျပသည္။ သူ၏ လက္အိတ္ကို ေရွ႕သြားႏွင့္ ကိုက္လိုက္သည္မွာ အပ္ႏွင့္ ထိုးခံသည္ႏွင့္ တူသည္ဟု ဆိုသည္။

ေနာက္ထပ္ စိုးရိမ္ဖြယ္ ဗီဒီယို ႐ိုက္ခ်က္တစ္ခုတြင္ လင္းႏို႔ကိုက္ခံရသည့္ အတြက္ လူတစ္ဦး ၏ လက္တစ္ဖက္လုံး ေရာင္ရမ္းေနသည္ကို ျပသထားသည္။ ထိုင္ဝမ္ တိုင္းမ္သတင္းစာ၏ အဆိုအရ Batwoman ဟုေခၚေသာ ကို႐ိုနာဗိုင္းရပ္စ္ကို သီးသန႔္ ေလ့လာသည့္ အမ်ိဳးသမီး သိပၸံပညာရွင္ ရွိက်န္းလီသည္ ယခင္က သူမ၏ ေဆာင္းပါတစ္ပုဒ္တြင္ သူ႔အလုပ္က ‘ အျခားသူမ်ား ထင္သလို အႏၲရာယ္မမ်ားေၾကာင္းး” ေျပာခဲ့ဖူးသည္ဟု ဆိုထားသည္။

ရွိက်န္းလီက ထိုေဆာင္းပါး၌ပင္ တပုဒ္တြင္ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူသည္ လူသားမ်ားအခ်င္းခ်င္း ကူးစက္ႏိုင္သည့္ အခြင့္အလမ္းမွာ အလြန္နည္းဟု ဆိုခဲ့ဖူးသည္။ ယခုအခါ Wuhan ဝူဟန္တြင္ ဗိုင္းရပ္စ္ ဇာစ္ျမစ္ကို စုံစမ္းသည့္ ပညာရွင္မ်ား၏ ခရီးစဥ္တြင္ တ႐ုတ္ ဓာတ္ခြဲခန္း၏ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ပတ္သက္၍ ေမးခြန္းမ်ားေမးရန္ ရွိေနေၾကာင္း သိရသည္။

source : ChannelKeyMyanmar

Leave a Reply

Your email address will not be published. Required fields are marked *