ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို ၂၀၂၂တွင် အပြီးတည်ဆောက်မည်

ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းတုံတက္ကသိုလ်အတွင်း တည်ဆောက်မည့် ဘွဲနှင်းသဘင်ခန်းမအတွက်မဟာပန္နက်တင် အခမ်းအနားကို ၁၅-၁-၂၀၂၁တွင် ကျင်းပခဲ့သည်။

၎င်းဘွဲ့နှင်းသဘင်အဆောက် အအုံသည် အလျား ၁၆၄ပေ × အနံ ၂၀၆ပေ (၆၇၅၆၈ စတုရန်းပေ) ကျယ်ဝန်း၍ ဘတ်ဂျက် ငွေသန်းပေါင်း ၂၁၁၈.၉၃၂ ကုန်ကျခံမည်ဖြစ်ပြီး မြန်မာရတနာရွှေခေတ် ကုမ္ပဏီမှ တာဝန်ယူ၍ ခန့်မှန်းချိန် ၂၀၂၂ခုနှစ်တွင် အပြီးတည်ဆောက် ရန် ရည်မှန်းထားကြောင်းသိရသည်။

၎င်းပန္နက်တင်အခမ်းအနားသို့ စွမ်းအင်နှင့် လျှပ်စစ် ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ မြို့မိမြို့ဖများ ဖြစ်ကြသော ဦးဟောင်ခမ်း၊ ဦးစိုင်းရှဲန်ခမ်း၊ ဦးစိုင်းဆမ်ခမ်းနှင့် ကျိုင်းတုံ တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်နှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာရတနာ ရွှေခေတ်ကုမ္ပဏီအုပ်စုဥက္ကဌ သီရိသုဓမ မဏိဇောတဓရ ဦးစိုင်းဘိုဘို တို့တတ်ရောက် ခဲ့ကြသည်။

source : D-Wave

zawgyi




source : D-Wave

Leave a Reply

Your email address will not be published. Required fields are marked *