နယူးေဒ လီအေနျဖင့္ ႐ုရွားထုတ္ S-400 လက္နက္စနစ္မ် ားအား လက္ခံရရွိခ်ိန္ တြင္ အေမရိ ကန္တို႔ အေရးယူပိတ္ဆို႔မႈမ်ား ခ်မွတ္လာႏိုင္ေၾကာင္း အိႏၵိယႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာန၏ အႀကံေပးေဟာင္းတစ္ဦးမွ ေျပာၾကား

အိႏၵိယႏိုင္ငံဟာ ၂၀၁၈ ခုႏွစ္ကတည္းက ႐ုရွားႏိုင္ငံထုတ္ အက္စ္-၄၀၀ ေလေၾကာင္းရန္ကာကြယ္ေ ရးလက္နက္စနစ္ တပ္ရင္း ၅ ရင္းစာ အေမရိကန္ေဒၚလာ ၅.၄၃ ဘီလီယံဖိုး ဝယ္ယူခဲ့ၿပီးျဖစ္ပါတယ္။ ဒီလိုဝယ္ယူခဲ့တဲ့ အတြက္ အေမရိကန္ႏိုင္ငံကေန ခ်မွတ္လာႏိုင္တဲ့ အေရးယူပိတ္ဆို႔မႈေတြကို ဘယ္နည္းလမ္းနဲ႔ တစ္ဖက္က ေရွာင္ကြင္းႏိုင္မလဲဆိုတာကို အၿမဲႀကိဳပမ္းေနတာ ေတြ႕ရွိပါတယ္။

ဒါေပသိ သမၼတထရန႔္အုပ္ခ်ဳပ္ေရးအဖြဲ႕ကေတာ့ ၎တို႔ရဲ႕ CAATSA လို႔ေခၚတဲ့ သူတို႔နဲ႔မတည့္တဲ့ႏိုင္ငံက စစ္လက္နက္ပစၥည္းေတြ ဝယ္လို႔ ရွိရင္ အေရးယူပိတ္ဆို႔မႈေတြတန္ျပန္လုပ္ေဆာင္မယ့္ ဥပေဒတစ္ရပ္ကို လက္ကိုင ျပဳၿပီး အစဥ္တစိုက္ ၿခိမ္းေျခာက္ေနလ်က္ရွိပါတယ္။ ေနာက္တစ္ပိုင္း ကလည္း အေမရိကန္ထုတ္ ဒုံးက်ည္ကာကြယ္ေရးစနစ္ေတြကို နယူးေဒလီထံကို ကမ္းလွမ္း မႈေတြ ျပဳလုပ္လာႏိုင္ပါတယ္။

အေမရိကန္ႏိုင္ငံဟာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ တူရကီအေပၚမွာ လည္း အေရးယူပိတ္ဆို႔မႈေတြ ခ်မွတ္ထားၿပီးျဖစ္ပါတယ္။ဒါေၾကာင့္ အိႏၵိယႏိုင္ငံ ကာဝန္အႀကံေပးပုဂၢိဳလ္ဟာ လာမည့္ႏွစ္မွာ စလက္ခံရေတာ့မယ့္ ႐ုရွားထုတ္ အက္စ္-၄၀၀ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ အိႏၵိယကို ေရာက္လာခဲ့ရင္ အလားတူ အေရးယူပိတ္ဆို႔မႈေတြမ်ိဳး အေမရိကန္တို႔ လုပ္ေဆာင္လာမွာကို စိုးရိမ္ ေနဟန္ရွိပါတယ္။

#ဘယ္လိုပဲျဖစ္ျဖစ္ အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာန အႀကံေပးပုဂၢိဳလ္ ေဟာင္းတစ္ဦးျဖစ္တဲ့ Amit Cowshish ကေတာ့ အိႏၵိယအစိုးရအေနနဲ႔လည္း တိုးတက္ဖြံ႕ၿဖိဳးမႈအတြက္ စိုးရိမ္ေကာင္းစိုးရိမ္ႏိုင္ေသာ္လည္း စိတ္ေသာကေတာ့ ေရာက္လိမ့္မယ္မဟုတ္ဘူးဆိုတာ တထစ္ခ်ယုံၾကည္ေနမွာပါ။

အေမရိကန္လႊတ္ေတာ္ကေတာ့ ႏိုင္ငံေတာ္ကာကြယ္ေရးအခြင့္အာဏာ အက္ဥပေဒ(National Defence Authorisation Act (NDAA))ကို အတည္ျပဳ ႏိုင္ဖို႔ ယခုလအေစာပိုင္းကပဲ ခြင့္ျပဳလိုက္ပါၿပီ။ ဒီကာကြယ္ေရး အခြင့္အာဏာ ဥပေဒထဲမွာေတာ့ အင္ကာရာကို ႐ုရွားထုတ္ ေလကာစနစ္ေတြဝယ္ခဲ့လို႔ စီးပြား ေရးဆိုင္ရာ အေရးယူပိတ္ဆို႔မႈေတြ လုပ္ေဆာင္ဖို႔အခ်က္ေတြလည္း ပါဝင္ေနခဲ့ ပါတယ္။

#တူရကီႏိုင္ငံကို ခ်မွတ္ထားတဲ့ အေရးယူပိတ္ဆို႔မႈေတြဟာ ၎တို႔ရဲ႕ ရန္သူေတာ္ႀကီး ႐ုရွားဆီကေန ကာကြယ္ေရးစစ္လက္နက္ပစၥည္းမ်ားဝယ္ယူ အသုံးျပဳခဲ့မႈအေပၚ အေမရိကန္ႏိုင္ငံရဲ႕ CAATSA (Countering American Adversaries Through Sanctions Act) အက္ဥပေဒအတိုင္း ေျဖရွင္းေဆာင္႐ြက္ သြားျခင္းကို ျပသလိုက္ျခင္းပင္ျဖစ္ေၾကာင္း Cowshish က ေထာက္ျပေျပာဆို သြားပါတယ္။

“အိႏၵိယႏိုင္ငံဟာ ႏိုင္ငံတိုးတက္ဖြံ႕ၿဖိဳးမႈအတြက္ စိုးရိမ္ေကာင္းစိုးရိမ္ ႏိုင္ပါ တယ္၊အနာဂတ္မွာ အေရးယူပိတ္ဆို႔မႈေတြ ခ်မွတ္ခံလာရႏိုင္တယ္လို႔ ေျပာတာ မဟုတ္ပါဘူး၊ အမွန္ေတာ့ တူရကီႏိုင္ငံက ႐ုရွားထုတ္ကာကြယ္ေရး စနစ္ ဝယ္တာကို အေမရိကန္ေတြရဲ႕ CAATSA နဲ႔တြန္းအားေပးဖို႔ ဆုံးျဖတ္ခ်က္နဲ႔အတူ အေရးယူပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့တာဆိုတာ ေဖာ္ျပေနပါတယ္၊ဒီ လက္နက္စနစ္ကို အိႏၵိယလည္း ဝယ္ထားခဲ့ပါၿပီလို႔ ” Cowshish ကအေလးအနက္ထား ေျပာၾကား ခဲ့ပါတယ္။

CAATSA အက္ဥပေဒသက္ေရာက္ဖို႔ ကေတာ့ ႐ုရွားႏိုင္ငံ ကာကြယ္ေရးႏွင့္ ေထာက္လွမ္းေရးက႑ေတြနဲ႔ သိသာထင္ရွားတဲ့ အေရာင္းအဝယ္ျပဳလုပ္ေသာ လူပုဂၢိဳလ္ေတြ/အဖြဲ႕အစည္းေတြကို အေရးယူဒဏ္ခတ္ပိတ္ဆို႔ျခင္းေတြ လိုအပ္ပါ တယ္။

ျဖစ္ႏိုင္ေျခရွိေသာ အေရးယူပိတ္ဆို႔မႈမ်ား သက္ေရာက္လာႏိုင္မႈမ်ား မွတ္ခ်က္ျပဳထြက္ေပၚလာသည့္ၾကားကပင္ နယူးေဒလီအေနနဲ႔ကေတာ့ ႐ုရွား ႏိုင္ငံထံက ကာကြယ္ေရးစစ္လက္နက္ပစၥည္းေတြဝယ္ယူမႈကို တစ္ခါမွ လက္ ေရွာင္တာမရွိခဲ့ပါဘူး။ယခုႏွစ္ ဇူလိုင္လေႏွာင္းပိုင္းမွာ MiG-29 ၂၁ စီးနဲ႔ Su-30 MKI ၁၂ စီးကို အေမရိကန္ေဒၚလာ ၄.၂၅ ဘီလီယံဖိုးဝယ္ယူဖို႔ သေဘာတူညီခဲ့ ပါေသးတယ္။

#ဒါ့အျပင္ ႏွစ္ႏိုင္ငံေတြ႕ဆုံေဆြးေႏြးမႈေတြမွာ အေရးယူပိတ္ဆို႔မႈခ်မွတ္ျခင္း ကင္းလြတ္ေစေရးကို တင္ျပေတာင္းဆိုျခင္းမ်ားအျပင္ အိႏၵိယႏိုင္ငံ ျပည္ပ ဆက္ဆံေရးဝန္ႀကီး S. Jaishankar က မဟာမိတ္ထက္ပိုမိုေသာ ၊ တစ္ဦးထက္ ပိုမိုေသာ ဘုံဆက္ဆံေရးတစ္ရပ္ျဖင့္ ဘက္စုံကမာၻ multipolar world တြင္ လုပ္ကိုင္သြားႏိုင္ေရးကို ဝါရွင္တန္အား ၿပီးခဲ့သည္ဩဂုတ္လအတြင္းက အႀကံေပး ေျပာၾကားထားခဲ့ပါေသးတယ္။

ဒါေၾကာင့္ ဘယ္လိုပဲျဖစ္ျဖစ္ အေမရိကန္က နယူးေဒလီကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္မယ္ဆိုရင္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္ ႐ြက္မႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ တိုးခ်ဲ႕လုပ္ကိုင္ေဆာင္႐ြက္မႈမ်ားအေပၚ အဟန႔္ အတားျဖစ္ေစလိမ့္မွာျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သုံးသပ္ၾကပါတယ္။

ဒီလိုေႁမြမေသတုတ္မက်ိဳးအေျခအေနဟာ ႐ုရွားထံက ဝယ္ယူေရးမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ျပန္လည္စတင္လာႏိုင္႐ုံသာမက ဥေရာပႏိုင္ငံ မ်ားနဲ႔တစ္ျခားႏိုင္ငံမ်ားထံက နည္းပညာတိုးတက္ဖြံ႕ၿဖိဳးမႈေတြ၊ အေထာက္အကူ ျပဳအရင္းအျမစ္အသစ္ေတြကို အိႏၵိယႏိုင္ငံထဲမွာပင္ ပိုမိုလုပ္ေဆာင္လာႏိုင္ဖို႔ တြန္းအားမ်ားကို ရရွိလာေစမွာျဖစ္ေၾကာင္း Cowhsish က အေလးေပးေျပာၾကား ခဲ့ပါတယ္။

ယခုႏွစ္အေစာပိုင္းကပင္ အိႏၵိယႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး Rajnath Singh က အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း Ladakh ျပည္နယ္တြင္ တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္တင္းမာမႈမ်ားျဖစ္ေပၚေနသည့္ၾကားက အဆင့္ျမင့္ေလေၾကာင္းရန္ ကာကြယ္ေရးလက္နက္စနစ္ အက္စ္-၄၀၀ ကို အျမန္တင္ပို႔ေပးသြားႏိုင္ေရးအား တိုက္တြန္းေျပာၾကားခဲ့တာပါ။

အိႏၵိယႏိုင္ငံဟာ တာေဝးပစ္ဒုံးက်ည္စနစ္သည္ ႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ျဖစ္သည္ဟုမွတ္ယူၿပီး အေမရိကန္ထံမွ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားရွိေသာ္လည္း သေဘာတူညီခ်က္ကို စြန႔္လႊတ္ဖို႔အတြက္ ျငင္းဆန္ခဲ့ပါတယ္။

ေနာက္ဆုံးတစ္ခ်က္ကေတာ့ အိႏၵိယေလတပ္ဟာ ႐ုရွားထုတ္ အက္စ္-၄၀၀ ေလေၾကာင္းနဲ႔ဒုံးက်ည္ကာကြယ္ေရးစနစ္ကို ပိုင္ဆိုင္ထားျခင္းဟာ အိႏၵိယႏိုင္ငံအတြက္ နည္းပညာဆိုင္ရာ ခ်ိန္ခြင္လွ်ာကို တစ္ဖက္ေစာင္းနင္း ပိုင္ဆိုင္ထားႏိုင္လိမ့္မည္ဟု ယုံၾကည္ထားပုံရေနေၾကာင္း ေရးသားတင္ျပလိုက္ရ ပါတယ္။

#Ex-Adviser to Indian Defence Ministry: US May Impose Sanctions Once Delhi Receives Russia’s S-400s ကို ဘာသာျပန္ဆိုထားျခင္းျဖစ္ပါသည္။

#မူရင္းလင့္ခ္ https://sputniknews.com/world/202012171081490292-ex-adviser-to-indian-defence-ministry-us-may-impose-sanctions-once-delhi-receives-russias-s-400s/?fbclid=IwAR17gVYxZ6TJx80Vueycf3RSfDse535XM6ekoETc5n5acaBIpCPWQp4rlCk

CRD_သက္ထူးခန္႔ပိုင္ ( ေရနံေခ်ာင္း )

Unicode

နယူးဒေလီအနေဖြင့် ရုရှားထုတ် S-400 လက်နက်စနစ်များအား လက်ခံရရှိချိန် တွင် အမေရိကန်တို့ အရေးယူပိတ်ဆို့မှုများ ချမှတ်လာနိုင်ကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ အကြံပေးဟောင်းတစ်ဦးမှ ပြောကြား

အိန္ဒိယနိုင်ငံဟာ ၂၀၁၈ ခုနှစ်ကတည်းက ရုရှားနိုင်ငံထုတ် အက်စ်-၄၀၀ လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ် တပ်ရင်း ၅ ရင်းစာ အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံဖိုး ဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဝယ်ယူခဲ့တဲ့ အတွက် အမေရိကန်နိုင်ငံကနေ ချမှတ်လာနိုင်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ဘယ်နည်းလမ်းနဲ့ တစ်ဖက်က ရှောင်ကွင်းနိုင်မလဲဆိုတာကို အမြဲကြိုပမ်းနေတာ တွေ့ရှိပါတယ်။

ဒါပေသိ သမ္မတထရန့်အုပ်ချုပ်ရေးအဖွဲ့ကတော့ ၎င်းတို့ရဲ့ CAATSA လို့ခေါ်တဲ့ သူတို့နဲ့မတည့်တဲ့နိုင်ငံက စစ်လက်နက်ပစ္စည်းတွေ ဝယ်လို့ ရှိရင် အရေးယူပိတ်ဆို့မှုတွေတန်ပြန်လုပ်ဆောင်မယ့် ဥပဒေတစ်ရပ်ကို လက်ကိုင ပြုပြီး အစဉ်တစိုက် ခြိမ်းခြောက်နေလျက်ရှိပါတယ်။ နောက်တစ်ပိုင်း ကလည်း အမေရိကန်ထုတ် ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို နယူးဒေလီထံကို ကမ်းလှမ်း မှုတွေ ပြုလုပ်လာနိုင်ပါတယ်။

အမေရိကန်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တူရကီအပေါ်မှာ လည်း အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပြီးဖြစ်ပါတယ်။ဒါကြောင့် အိန္ဒိယနိုင်ငံ ကာဝန်အကြံပေးပုဂ္ဂိုလ်ဟာ လာမည့်နှစ်မှာ စလက်ခံရတော့မယ့် ရုရှားထုတ် အက်စ်-၄၀၀ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အိန္ဒိယကို ရောက်လာခဲ့ရင် အလားတူ အရေးယူပိတ်ဆို့မှုတွေမျိုး အမေရိကန်တို့ လုပ်ဆောင်လာမှာကို စိုးရိမ် နေဟန်ရှိပါတယ်။

#ဘယ်လိုပဲဖြစ်ဖြစ် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဟောင်းတစ်ဦးဖြစ်တဲ့ Amit Cowshish ကတော့ အိန္ဒိယအစိုးရအနေနဲ့လည်း တိုးတက်ဖွံ့ဖြိုးမှုအတွက် စိုးရိမ်ကောင်းစိုးရိမ်နိုင်သော်လည်း စိတ်သောကတော့ ရောက်လိမ့်မယ်မဟုတ်ဘူးဆိုတာ တထစ်ချယုံကြည်နေမှာပါ။

အမေရိကန်လွှတ်တော်ကတော့ နိုင်ငံတော်ကာကွယ်ရေးအခွင့်အာဏာ အက်ဥပဒေ(National Defence Authorisation Act (NDAA))ကို အတည်ပြု နိုင်ဖို့ ယခုလအစောပိုင်းကပဲ ခွင့်ပြုလိုက်ပါပြီ။ ဒီကာကွယ်ရေး အခွင့်အာဏာ ဥပဒေထဲမှာတော့ အင်ကာရာကို ရုရှားထုတ် လေကာစနစ်တွေဝယ်ခဲ့လို့ စီးပွား ရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့အချက်တွေလည်း ပါဝင်နေခဲ့ ပါတယ်။

#တူရကီနိုင်ငံကို ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ၎င်းတို့ရဲ့ ရန်သူတော်ကြီး ရုရှားဆီကနေ ကာကွယ်ရေးစစ်လက်နက်ပစ္စည်းများဝယ်ယူ အသုံးပြုခဲ့မှုအပေါ် အမေရိကန်နိုင်ငံရဲ့ CAATSA (Countering American Adversaries Through Sanctions Act) အက်ဥပဒေအတိုင်း ဖြေရှင်းဆောင်ရွက် သွားခြင်းကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း Cowshish က ထောက်ပြပြောဆို သွားပါတယ်။

“အိန္ဒိယနိုင်ငံဟာ နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုအတွက် စိုးရိမ်ကောင်းစိုးရိမ် နိုင်ပါ တယ်၊အနာဂတ်မှာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခံလာရနိုင်တယ်လို့ ပြောတာ မဟုတ်ပါဘူး၊ အမှန်တော့ တူရကီနိုင်ငံက ရုရှားထုတ်ကာကွယ်ရေး စနစ် ဝယ်တာကို အမေရိကန်တွေရဲ့ CAATSA နဲ့တွန်းအားပေးဖို့ ဆုံးဖြတ်ချက်နဲ့အတူ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာဆိုတာ ဖော်ပြနေပါတယ်၊ဒီ လက်နက်စနစ်ကို အိန္ဒိယလည်း ဝယ်ထားခဲ့ပါပြီလို့ ” Cowshish ကအလေးအနက်ထား ပြောကြား ခဲ့ပါတယ်။

CAATSA အက်ဥပဒေသက်ရောက်ဖို့ ကတော့ ရုရှားနိုင်ငံ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကဏ္ဍတွေနဲ့ သိသာထင်ရှားတဲ့ အရောင်းအဝယ်ပြုလုပ်သော လူပုဂ္ဂိုလ်တွေ/အဖွဲ့အစည်းတွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့ခြင်းတွေ လိုအပ်ပါ တယ်။

ဖြစ်နိုင်ခြေရှိသော အရေးယူပိတ်ဆို့မှုများ သက်ရောက်လာနိုင်မှုများ မှတ်ချက်ပြုထွက်ပေါ်လာသည့်ကြားကပင် နယူးဒေလီအနေနဲ့ကတော့ ရုရှား နိုင်ငံထံက ကာကွယ်ရေးစစ်လက်နက်ပစ္စည်းတွေဝယ်ယူမှုကို တစ်ခါမှ လက် ရှောင်တာမရှိခဲ့ပါဘူး။ယခုနှစ် ဇူလိုင်လနှောင်းပိုင်းမှာ MiG-29 ၂၁ စီးနဲ့ Su-30 MKI ၁၂ စီးကို အမေရိကန်ဒေါ်လာ ၄.၂၅ ဘီလီယံဖိုးဝယ်ယူဖို့ သဘောတူညီခဲ့ ပါသေးတယ်။

#ဒါ့အပြင် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုတွေမှာ အရေးယူပိတ်ဆို့မှုချမှတ်ခြင်း ကင်းလွတ်စေရေးကို တင်ပြတောင်းဆိုခြင်းများအပြင် အိန္ဒိယနိုင်ငံ ပြည်ပ ဆက်ဆံရေးဝန်ကြီး S. Jaishankar က မဟာမိတ်ထက်ပိုမိုသော ၊ တစ်ဦးထက် ပိုမိုသော ဘုံဆက်ဆံရေးတစ်ရပ်ဖြင့် ဘက်စုံကမ္ဘာ multipolar world တွင် လုပ်ကိုင်သွားနိုင်ရေးကို ဝါရှင်တန်အား ပြီးခဲ့သည်ဩဂုတ်လအတွင်းက အကြံပေး ပြောကြားထားခဲ့ပါသေးတယ်။

ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်က နယူးဒေလီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုရင် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် အဟန့် အတားဖြစ်စေလိမ့်မှာဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။

ဒီလိုမြွေမသေတုတ်မကျိုးအခြေအနေဟာ ရုရှားထံက ဝယ်ယူရေးများနှင့် ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်စတင်လာနိုင်ရုံသာမက ဥရောပနိုင်ငံ များနဲ့တစ်ခြားနိုင်ငံများထံက နည်းပညာတိုးတက်ဖွံ့ဖြိုးမှုတွေ၊ အထောက်အကူ ပြုအရင်းအမြစ်အသစ်တွေကို အိန္ဒိယနိုင်ငံထဲမှာပင် ပိုမိုလုပ်ဆောင်လာနိုင်ဖို့ တွန်းအားများကို ရရှိလာစေမှာဖြစ်ကြောင်း Cowhsish က အလေးပေးပြောကြား ခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းကပင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Rajnath Singh က အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Ladakh ပြည်နယ်တွင် တရုတ်နိုင်ငံနဲ့ နယ်စပ်တင်းမာမှုများဖြစ်ပေါ်နေသည့်ကြားက အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးလက်နက်စနစ် အက်စ်-၄၀၀ ကို အမြန်တင်ပို့ပေးသွားနိုင်ရေးအား တိုက်တွန်းပြောကြားခဲ့တာပါ။

အိန္ဒိယနိုင်ငံဟာ တာဝေးပစ်ဒုံးကျည်စနစ်သည် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက်ဖြစ်သည်ဟုမှတ်ယူပြီး အမေရိကန်ထံမှ ဒဏ်ခတ်ပိတ်ဆို့မှုများရှိသော်လည်း သဘောတူညီချက်ကို စွန့်လွှတ်ဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ အိန္ဒိယလေတပ်ဟာ ရုရှားထုတ် အက်စ်-၄၀၀ လေကြောင်းနဲ့ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပိုင်ဆိုင်ထားခြင်းဟာ အိန္ဒိယနိုင်ငံအတွက် နည်းပညာဆိုင်ရာ ချိန်ခွင်လျှာကို တစ်ဖက်စောင်းနင်း ပိုင်ဆိုင်ထားနိုင်လိမ့်မည်ဟု ယုံကြည်ထားပုံရနေကြောင်း ရေးသားတင်ပြလိုက်ရ ပါတယ်။

#Ex-Adviser to Indian Defence Ministry: US May Impose Sanctions Once Delhi Receives Russia’s S-400s ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

#မူရင်းလင့်ခ် https://sputniknews.com/world/202012171081490292-ex-adviser-to-indian-defence-ministry-us-may-impose-sanctions-once-delhi-receives-russias-s-400s/?fbclid=IwAR17gVYxZ6TJx80Vueycf3RSfDse535XM6ekoETc5n5acaBIpCPWQp4rlCk

CRD_သက်ထူးခန့်ပိုင် ( ရေနံချောင်း )

Leave a Reply

Your email address will not be published. Required fields are marked *