ေ႐ြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္၏ က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္မီ လက္နက္ကိုင္ဆႏၵျပမႈမ်ားေၾကာင့္ အေမရိကန္ႏိုင္ငံတစ္ဝန္း လုံၿခဳံေရး တင္းက်ပ္

လက္နက္ကိုင္ေဆာင္ထားသူအခ်ိဳ႕ အပါအဝင္ ဆႏၵျပသမားအဖြဲ႕အခ်ိဳ႕သည္ ယမန္ေန႔က ဝါရွင္တန္ၿမိဳ႕ ေတာ္ရွိ ေအာက္လႊတ္ေတာ္အေဆာက္အအုံ၌ လူေသဆုံးမႈရွိေသာ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားၿပီးေနာက္ တင္းမာမႈ မ်ား ျမင့္တက္လ်က္ရွိရာ ျပည္နယ္လႊတ္ေတာ္မ်ား၌ စုေဝးခဲ့ၾကသည္။

အေမရိကန္ႏိုင္ငံ တကၠဆတ္၊ ေအာ္ရီဂြန္၊ မီခ်ီဂန္၊ အိုဟိုင္းယိုျပည္နယ္မ်ားရွိ လႊတ္ေတာ္အေဆာက္အအုံ မ်ားျပင္ပ၌ ဆႏၵျပပြဲမ်ား ျဖစ္ပြားလ်က္ရွိသည္။ဇန္နဝါရီလ ၂၀ ရက္တြင္ျပဳလုပ္မည့္ ေ႐ြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္၏ က်မ္းသစၥာက်ိန္ဆိုပြဲ အခမ္းအ နားမတိုင္မီ လက္နက္ကိုင္ ဆႏၵေဖာ္ထုတ္မႈမ်ား ျဖစ္လာႏိုင္ေၾကာင္း အက္ဖ္ဘီအိုင္က သတိေပးခဲ့သည္။

ဇန္နဝါရီလ ၆ ရက္က ဝါရွင္တန္ဒီစီၿမိဳ႕ရွိ ေအာက္လႊတ္ေတာ္အေဆာက္အအုံကို ထရမ့္ကို ေထာက္ခံသူ မ်ားက စီးနင္းခဲ့ရာ ရဲအရာရွိတစ္ဦးအပါအဝင္ ငါးဦး ေသဆုံးၿပီးေနာက္ ႏွစ္ပတ္အၾကာ ယခုလ ၂၀ ရက္တြင္ ေ႐ြး ေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္ က်မ္းသစၥာက်ိန္ဆိုမည္ျဖစ္သည္။

ဂ်ိဳးဘိုင္ဒင္၏ က်မ္းသစၥာက်ိန္ဆိုပြဲအတြက္ လုံၿခဳံေရးေဆာင္႐ြက္ေပးရန္ အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ဝင္ ၂၅၀၀၀ ကို ဝါရွင္တန္ၿမိဳ႕သို႔ ေစလႊတ္မည္ဟု ပင္တဂြန္က ေျပာသည္။အေမရိကန္ႏိုင္ငံတစ္ဝန္းရွိ ၿမိဳ႕အမ်ားအျပား၌ အၾကမ္းဖက္ဆႏၵျပပြဲမ်ားျပဳလုပ္ရန္ စီစဥ္ေနၿပီး အစိုးရက အတားအဆီးမ်ားျပဳလုပ္ျခင္း၊ ေထာင္ခ်ီေသာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေစလႊတ္ျခင္းတို႔ ျပဳလုပ္လ်က္ရွိသည္။

–ကိုးကား–ဘီဘီစီ
Ref; Biden inauguration: Fortified US statehouses see some small protests
CRD _People Media

Unicode

လက်နက်ကိုင်ဆောင်ထားသူအချို့ အပါအဝင် ဆန္ဒပြသမားအဖွဲ့အချို့သည် ယမန်နေ့က ဝါရှင်တန်မြို့ တော်ရှိ အောက်လွှတ်တော်အဆောက်အအုံ၌ လူသေဆုံးမှုရှိသော အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် တင်းမာမှု များ မြင့်တက်လျက်ရှိရာ ပြည်နယ်လွှတ်တော်များ၌ စုဝေးခဲ့ကြသည်။

အမေရိကန်နိုင်ငံ တက္ကဆတ်၊ အော်ရီဂွန်၊ မီချီဂန်၊ အိုဟိုင်းယိုပြည်နယ်များရှိ လွှတ်တော်အဆောက်အအုံ များပြင်ပ၌ ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသည်။ဇန်နဝါရီလ ၂၀ ရက်တွင်ပြုလုပ်မည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအ နားမတိုင်မီ လက်နက်ကိုင် ဆန္ဒဖော်ထုတ်မှုများ ဖြစ်လာနိုင်ကြောင်း အက်ဖ်ဘီအိုင်က သတိပေးခဲ့သည်။

ဇန်နဝါရီလ ၆ ရက်က ဝါရှင်တန်ဒီစီမြို့ရှိ အောက်လွှတ်တော်အဆောက်အအုံကို ထရမ့်ကို ထောက်ခံသူ များက စီးနင်းခဲ့ရာ ရဲအရာရှိတစ်ဦးအပါအဝင် ငါးဦး သေဆုံးပြီးနောက် နှစ်ပတ်အကြာ ယခုလ ၂၀ ရက်တွင် ရွေး ကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးဆောင်ရွက်ပေးရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၅၀၀၀ ကို ဝါရှင်တန်မြို့သို့ စေလွှတ်မည်ဟု ပင်တဂွန်က ပြောသည်။အမေရိကန်နိုင်ငံတစ်ဝန်းရှိ မြို့အများအပြား၌ အကြမ်းဖက်ဆန္ဒပြပွဲများပြုလုပ်ရန် စီစဉ်နေပြီး အစိုးရက အတားအဆီးများပြုလုပ်ခြင်း၊ ထောင်ချီသော လုံခြုံရေးတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းတို့ ပြုလုပ်လျက်ရှိသည်။

–ကိုးကား–ဘီဘီစီ
Ref; Biden inauguration: Fortified US statehouses see some small protests
CRD _People Media

Leave a Reply

Your email address will not be published. Required fields are marked *