အိႏၵိယထုတ္ ကိုဗစ္ကာကြယ္ေဆး ရက္သတၱပတ္အနည္းငယ္အတြင္း ျမန္မာနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြကို ပို႔ေတာ့မည္

အိႏၵိယႏိုင္ငံဟာ ရက္သတၱပတ္အနည္းငယ္အတြင္း ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြထံ ကိုဗစ္ကာကြယ္ေဆးေတြ ေပးပို႔သြားေတာ့မယ္လို႔ Indiatimes သတင္းဌာနက ေရးသားေဖာ္ျပခဲ့တယ္။ကာကြယ္ေဆးေတြကို သံတမန္အေရးအရ အိမ္နီးခ်င္ႏိုင္ငံေတြထံ အျမန္ဆုံးပို႔ေပးတာမ်ိဳးျဖစ္ၿပီး ေဈးႏႈန္းကလည္း သူတို႔ႏိုင္ငံက ကာကြယ္ေဆးအတြက္ေပးရတဲ့ ကုန္က်စရိတ္အတိုင္းသာ ေပးရမွာျဖစ္တယ္လို႔ သိရပါတယ္။

အိႏၵိယႏိုင္ငံဟာ သူတို႔ႏိုင္ငံအတြက္ ကာကြယ္ေဆးလုံလုံေလာက္ေလာက္ထိုးႏွံႏိုင္မယ့္ ပမာဏကိုတြက္ခ်က္ၿပီးတာနဲ႔ ျမန္မာ၊ နီေပါ၊ ဘူတန္၊ ဘဂၤလားေဒ့ရွ္၊ သီရိလကၤာ၊ ေမာ္လ္ဒိုက္၊ ေမာေရးသွ် စတဲ့ႏိုင္ငံေတြကို ေဆးစတင္ေပးပို႔သြားမယ္လို႔ ဆိုပါတယ္။

အိႏၵိယႏိုင္ငံဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ (၁၆) ရက္ စေနေန႔မွာ တစ္ရက္တည္းနဲ႔ လူေပါင္း (၁.၉) သိန္းအထိ ကာကြယ္ေဆး ထိုးေပးႏိုင္ခဲ့ၿပီး ပထမအဆင့္ ကာကြယ္ေဆးျဖန႔္ေဝတာကို မူရင္းေဈးအတိုင္းပဲ အိမ္နီးခ်င္းေတြထံေရာင္းသြားမွာ ျဖစ္ပါတယ္။ဒါေပမဲ့ ေနာက္ပိုင္းထပ္ေရာင္းခ်မယ့္ေဆးေတြရဲ႕ ေဈးႏႈန္းကေတာ့ ေဆးထုတ္လုပ္တဲ့ ကုမၸဏီႀကီးႏွစ္ခုျဖစ္တဲ့ Serum Institute နဲ႔ Bharat Biotech တို႔အေပၚမူတည္ေနတယ္လို႔ သိရပါတယ္။

နီေပါ၊ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတြဟာ ကိုဗစ္ကာကြယ္ေဆးအတြက္ Serum Institute နဲ႔ ညႇိႏႈိင္းစာခ်ဳပ္ေတြ ခ်ဳပ္ဆိုထားၿပီးျဖစ္ပါတယ္။ သီရိလကၤာႏိုင္ငံအတြက္လည္း ဒီကာကြယ္ေဆးေဝငွဖို႔ သေဘာတူထားေၾကာင္း အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

တျခားျပည္ပ ႏိုင္ငံေတြကလည္း ဒီကုမၸဏီႏွစ္ခုထံကေန ေဆးဝယ္ဖို႔အတြက္ ေဆြးေႏြးႏိုင္တယ္လို႔ အိႏၵိယအစိုးရက ထုတ္ျပန္ခဲ့ေပမယ့္ တကယ္တမ္းမွာ ဘရာဇီး၊ ယူေအအီး၊ ေဆာ္ဒီ၊ ေမာ္႐ိုကို၊ ေတာင္အာဖရိကႏိုင္ငံေတြကို Serum Institute က ေရာင္းခ်ဖို႔ စာခ်ဳပ္ေတြခ်ဳပ္ထားၿပီးသား ျဖစ္ေနတဲ့အတြက္ ေဝဖန္စရာေတာ့ ျဖစ္ေနပါတယ္။

ဘရာဇီးႏိုင္ငံက Fiocruz Institute ဟာ Serum Institute ထံက ေဆးဝယ္ဖို႔ သေဘာတူစာခ်ဳပ္ၿပီးထားၿပီး ေဆးအလုံး ႏွစ္သန္းသယ္ ေဆာင္သြားဖို႔ ေလယာဥ္ေတာင္ျပင္ဆင္ထားၿပီး ျပည္တြင္းမွာ လုံလုံေလာက္ေလာက္မထိုးႏွံရေသးပဲ ျပည္ပကိုေရာင္းခ်ခဲ့တဲ့အတြက္ ေဝဖန္မႈေတြ ခံေနရပါတယ္။
Ref : Indiatime
Photo : AFP
CRD – Omedia

Unicode

အိန္ဒိယနိုင်ငံဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေထံ ကိုဗစ်ကာကွယ်ဆေးတွေ ပေးပို့သွားတော့မယ်လို့ Indiatimes သတင်းဌာနက ရေးသားဖော်ပြခဲ့တယ်။ကာကွယ်ဆေးတွေကို သံတမန်အရေးအရ အိမ်နီးချင်နိုင်ငံတွေထံ အမြန်ဆုံးပို့ပေးတာမျိုးဖြစ်ပြီး ဈေးနှုန်းကလည်း သူတို့နိုင်ငံက ကာကွယ်ဆေးအတွက်ပေးရတဲ့ ကုန်ကျစရိတ်အတိုင်းသာ ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံဟာ သူတို့နိုင်ငံအတွက် ကာကွယ်ဆေးလုံလုံလောက်လောက်ထိုးနှံနိုင်မယ့် ပမာဏကိုတွက်ချက်ပြီးတာနဲ့ မြန်မာ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊ မောရေးသျှ စတဲ့နိုင်ငံတွေကို ဆေးစတင်ပေးပို့သွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၆) ရက် စနေနေ့မှာ တစ်ရက်တည်းနဲ့ လူပေါင်း (၁.၉) သိန်းအထိ ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ပြီး ပထမအဆင့် ကာကွယ်ဆေးဖြန့်ဝေတာကို မူရင်းဈေးအတိုင်းပဲ အိမ်နီးချင်းတွေထံရောင်းသွားမှာ ဖြစ်ပါတယ်။ဒါပေမဲ့ နောက်ပိုင်းထပ်ရောင်းချမယ့်ဆေးတွေရဲ့ ဈေးနှုန်းကတော့ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Serum Institute နဲ့ Bharat Biotech တို့အပေါ်မူတည်နေတယ်လို့ သိရပါတယ်။

နီပေါ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဟာ ကိုဗစ်ကာကွယ်ဆေးအတွက် Serum Institute နဲ့ ညှိနှိုင်းစာချုပ်တွေ ချုပ်ဆိုထားပြီးဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံအတွက်လည်း ဒီကာကွယ်ဆေးဝေငှဖို့ သဘောတူထားကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

တခြားပြည်ပ နိုင်ငံတွေကလည်း ဒီကုမ္ပဏီနှစ်ခုထံကနေ ဆေးဝယ်ဖို့အတွက် ဆွေးနွေးနိုင်တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ပေမယ့် တကယ်တမ်းမှာ ဘရာဇီး၊ ယူအေအီး၊ ဆော်ဒီ၊ မော်ရိုကို၊ တောင်အာဖရိကနိုင်ငံတွေကို Serum Institute က ရောင်းချဖို့ စာချုပ်တွေချုပ်ထားပြီးသား ဖြစ်နေတဲ့အတွက် ဝေဖန်စရာတော့ ဖြစ်နေပါတယ်။

ဘရာဇီးနိုင်ငံက Fiocruz Institute ဟာ Serum Institute ထံက ဆေးဝယ်ဖို့ သဘောတူစာချုပ်ပြီးထားပြီး ဆေးအလုံး နှစ်သန်းသယ် ဆောင်သွားဖို့ လေယာဉ်တောင်ပြင်ဆင်ထားပြီး ပြည်တွင်းမှာ လုံလုံလောက်လောက်မထိုးနှံရသေးပဲ ပြည်ပကိုရောင်းချခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံနေရပါတယ်။
Ref : Indiatime
Photo : AFP
CRD – Omedia

Leave a Reply

Your email address will not be published. Required fields are marked *