ဖိုင္ဇာကထုတ္တဲ့ ကိုဗစ္ေဆးေၾကာင့္ အသက္ (၈၀) နဲ႔ အထက္ေတြ ေသဆုံးမႈ ေနာ္ေဝမွာျဖစ္ပြား

ဖိုင္ဇာနဲ႔ ဘိုင္အြန္တက္တို႔ ပူးေပါင္းထုတ္လုပ္ထားတဲ့ ကိုဗစ္ကာကြယ္ေဆးဟာ ေဘးထြက္ဆိုးက်ိဳးတစ္ခ်ိဳ႕ရွိေနၿပီး ဒီေဆးေၾကာင့္ အသက္ (၈၀) အ႐ြယ္နဲ႔အထက္ေတြ ေသဆုံးတဲ့ျပႆနာျဖစ္ေပၚေနေၾကာင္း ေနာ္ေဝအေျခစိုက္သတင္းမီဒီယာ The Local က ေဖာ္ျပလိုက္ပါတယ္။

ေနာ္ေဝႏိုင္ငံမွာ ဖိုင္ဇာနဲ႔ ဘိုင္အြန္တက္တို႔ ပူးေပါင္းထုတ္လုပ္တဲ့ ကိုဗစ္ကာကြယ္ေဆးရဲ႕ေနာက္ဆက္တြဲ အက်ိဳးဆက္ ႐ိုက္ခတ္မႈေတြ အမ်ားအျပားျဖစ္ေပၚေနၿပီး ကာကြယ္ေဆးထိုးၿပီးတဲ့ သက္ႀကီးပိုင္းေတြ ေသဆုံးမႈအေရအတြက္ စံခ်ိန္တင္ျမင့္တက္သြားလို႔ အေရးေပၚအေျဖရွာမႈေတြ ျပဳလုပ္ေနရၿပီ ျဖစ္ပါတယ္။

ဇန္နဝါရီလ (၁၄) ရက္မွာတင္ ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူေတြထဲက (၂၃) ေယာက္အထိ ေသဆုံးခဲ့ၿပီး စစ္ေဆးမႈေတြအရ ကာကြယ္ေဆးရဲ႕ေဘးထြက္ဆိုးက်ိဳးေၾကာင့္ဆိုတဲ့ အေျဖထြက္လာခဲ့တယ္လို႔ ေနာ္ေဝေဆးသုေတသနေအဂ်င္စီ အႀကီးအကဲ ေဒါက္တာ ဆီဂတ္ဒ္ေဟာ္တီမိုက ေျပာပါတယ္။

အခုအခ်ိန္မွာ ကာကြယ္ေဆးထိုးတဲ့ မူဝါဒကို အေျပာင္းအလဲလုပ္ဖို႔ ေနာ္ေဝ ေဆးဘက္ဆိုင္ရာပညာရွင္ေတြ ေဆြးေႏြးေနၾကၿပီျဖစ္ၿပီး ခြန္အားေလ်ာ့နည္းတဲ့ သက္ႀကီးပိုင္းေတြကို ဘယ္လိုပုံစံမ်ိဳးနဲ႔ ကာကြယ္ေဆးထိုးေပးရမလဲ ဆိုတာကို အေလးထားတိုင္ပင္ေနေၾကာင္း ေဒါက္တာေဟာ္တီမိုက အသိေပးသြားခဲ့ပါတယ္။

ေနာ္ေဝျပည္သူ႔က်န္းမာေရးအဖြဲ႕က ထုတ္ျပန္ထားတဲ့ ကိန္းၫႊန္းေတြအရ ေနအိမ္မွာ သူနာျပဳအေစာင့္အေရွာက္နဲ႔ ထားရွိရတဲ့ သက္ႀကီးပိုင္းေတြထဲက တစ္ပတ္ကို ပ်မ္းမွ် လူေလးရာေလာက္ဟာ က်န္းမာေရးခ်ိဳ႕ယြင္းၿပီး အသက္ေသဆုံးေနတယ္လို႔ ဆိုပါတယ္။

ကိုဗစ္ကာကြယ္ေဆးထိုးၿပီးတဲ့ေနာက္ ရက္ပိုင္းအတြင္းမွာတင္ အသက္ႀကီးသူေတြ ေသဆုံးေနရတဲ့အျဖစ္ဟာ တစ္ကမာၻလုံးအတြက္ သတိျပဳစရာအေနအထားမ်ိဳးျဖစ္ေနေၾကာင္းလည္း ေနာ္ေဝျပည္သူ႔က်န္းမာေရးအဖြဲ႕က မွတ္ခ်က္ေပးထားပါတယ္။

အခုျဖစ္ပ်က္ေနတာေတြအတြက္ ေနာ္ေဝေဆးသုေတသနဆီကေန အခ်က္အလက္ေတြေတာင္းခံေနၿပီး ကိုဗစ္ကာကြယ္ေဆးထိုးၿပီးတဲ့ေနာက္ပိုင္း အသက္ (၈၀) နဲ႔အထက္ သက္ႀကီးပိုင္းေတြ ေသဆုံးေနရတဲ့ အေၾကာင္းအရင္းကို အေျဖရွာသြားမယ္လို႔ ဖိုင္ဇာနဲ႔ ဘိုင္အြန္တက္က သတင္းထုတ္ျပန္ထားပါတယ္။
Ref : The Local
Photo : AFP
CRD -Omedia

Unicode

ဖိုင်ဇာနဲ့ ဘိုင်အွန်တက်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုးတစ်ချို့ရှိနေပြီး ဒီဆေးကြောင့် အသက် (၈၀) အရွယ်နဲ့အထက်တွေ သေဆုံးတဲ့ပြဿနာဖြစ်ပေါ်နေကြောင်း နော်ဝေအခြေစိုက်သတင်းမီဒီယာ The Local က ဖော်ပြလိုက်ပါတယ်။

နော်ဝေနိုင်ငံမှာ ဖိုင်ဇာနဲ့ ဘိုင်အွန်တက်တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးရဲ့နောက်ဆက်တွဲ အကျိုးဆက် ရိုက်ခတ်မှုတွေ အများအပြားဖြစ်ပေါ်နေပြီး ကာကွယ်ဆေးထိုးပြီးတဲ့ သက်ကြီးပိုင်းတွေ သေဆုံးမှုအရေအတွက် စံချိန်တင်မြင့်တက်သွားလို့ အရေးပေါ်အဖြေရှာမှုတွေ ပြုလုပ်နေရပြီ ဖြစ်ပါတယ်။

ဇန်နဝါရီလ (၁၄) ရက်မှာတင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေထဲက (၂၃) ယောက်အထိ သေဆုံးခဲ့ပြီး စစ်ဆေးမှုတွေအရ ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ဆိုတဲ့ အဖြေထွက်လာခဲ့တယ်လို့ နော်ဝေဆေးသုတေသနအေဂျင်စီ အကြီးအကဲ ဒေါက်တာ ဆီဂတ်ဒ်ဟော်တီမိုက ပြောပါတယ်။

အခုအချိန်မှာ ကာကွယ်ဆေးထိုးတဲ့ မူဝါဒကို အပြောင်းအလဲလုပ်ဖို့ နော်ဝေ ဆေးဘက်ဆိုင်ရာပညာရှင်တွေ ဆွေးနွေးနေကြပြီဖြစ်ပြီး ခွန်အားလျော့နည်းတဲ့ သက်ကြီးပိုင်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ ကာကွယ်ဆေးထိုးပေးရမလဲ ဆိုတာကို အလေးထားတိုင်ပင်နေကြောင်း ဒေါက်တာဟော်တီမိုက အသိပေးသွားခဲ့ပါတယ်။

နော်ဝေပြည်သူ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ကိန်းညွှန်းတွေအရ နေအိမ်မှာ သူနာပြုအစောင့်အရှောက်နဲ့ ထားရှိရတဲ့ သက်ကြီးပိုင်းတွေထဲက တစ်ပတ်ကို ပျမ်းမျှ လူလေးရာလောက်ဟာ ကျန်းမာရေးချို့ယွင်းပြီး အသက်သေဆုံးနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာတင် အသက်ကြီးသူတွေ သေဆုံးနေရတဲ့အဖြစ်ဟာ တစ်ကမ္ဘာလုံးအတွက် သတိပြုစရာအနေအထားမျိုးဖြစ်နေကြောင်းလည်း နော်ဝေပြည်သူ့ကျန်းမာရေးအဖွဲ့က မှတ်ချက်ပေးထားပါတယ်။

အခုဖြစ်ပျက်နေတာတွေအတွက် နော်ဝေဆေးသုတေသနဆီကနေ အချက်အလက်တွေတောင်းခံနေပြီး ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့နောက်ပိုင်း အသက် (၈၀) နဲ့အထက် သက်ကြီးပိုင်းတွေ သေဆုံးနေရတဲ့ အကြောင်းအရင်းကို အဖြေရှာသွားမယ်လို့ ဖိုင်ဇာနဲ့ ဘိုင်အွန်တက်က သတင်းထုတ်ပြန်ထားပါတယ်။
Ref : The Local
Photo : AFP
CRD -Omedia

Leave a Reply

Your email address will not be published. Required fields are marked *