႐ုရွားသို႔ေရာင္းစားရန္ေအာက္လႊတ္ေခါင္းေဆာင္၏ ကြန္ျပဴတာကို ခိုးျခင္းျဖစ္ႏိုင္ဟုFBI ေျပာ

ဇန္နဝါရီ ၆ ရက္ အေမရိကန္လႊတ္ေတာ္အေဆာက္အဦိကို က်ဴးေက်ာ္ဝင္ေရာက္သူေတြထဲက အမ်ိဳးသမီးတဦးဟာ အေမရိကန္ ေအာက္လႊတ္ေတာ္ေခါင္းေဆာင္ Nancy Pelosi ရဲ႕ လက္ပ္ေတာ့ကြန္ျပဴတာကို ခိုးယူသြားတာျဖစ္ႏိုင္ေျခရွိၿပီး ႐ုရွားကိုေရာင္းဖို႔ ႀကံစည္တာ ျဖစ္ႏိုင္တယ္လို႔ ဖယ္ဒရယ္ေထာက္လွမ္းေရးဌာန FBI က ေျပာပါတယ္။

လက္ပ္ေတာ့ကို ခိုးတဲ့အေထာက္အထား လက္ကိုင္ မရွိေသးသလို စုံစမ္းစစ္ေဆးဆဲအမႈအျဖစ္ တရား႐ုံးက မွတ္တမ္းတင္ထားတယ္လို႔လဲ FBI က ေျပာပါတယ္။

လႊတ္ေတာ္အေဆာက္အဦတြင္း ဗီဒီယိုမွတ္တမ္းမွာ ပင္ဆယ္ေဗးနီးယားက Riley June Williams ဆိုတဲ့ အမ်ိဳးသမီးဟာ Pelosi ႐ုံးခန္းရွိရာ အေပၚထပ္ကို တက္ၾကဖို႔ ၫႊန္ေနတာ ေတြ႕ရတယ္လို႔ သတင္းေပးတဦးရဲ႕ က်မ္းက်ိန္ထြက္ဆိုခ်က္ ရထားပါတယ္။

Pelosi ရဲ႕ ႐ုံးခန္းထဲက လက္ေတာ့ပ္ကြန္ျပဴတာ ဒါမွမဟုတ္ ဟာ့ဒ္ဒ႐ိုက္ဗ္ကို Williams ယူေနတဲ့ ဗီဒီယိုမွတ္တမ္းကို ျမင္ခဲ့ရတယ္လို႔ အဲဒီသတင္းေပးက ေျပာပါတယ္။ကြန္ျပဴတာကို Williams က ႐ုရွားရွိ သူငယ္ခ်င္းတဦးဆီ ပို႔ဖို႔ႀကံထားၿပီး အဲဒီသူငယ္ခ်င္းဆိုသူကလဲ ႐ုရွား ျပည္ပ ေထာက္လွမ္းေရး SVR ကို ေရာင္းဖို႔ စီစဥ္ထားတယ္လို႔လဲ သတင္းေပးက ေျပာပါတယ္။

႐ုရွားဘက္ကို ကြန္ျပဴတာလႊဲေျပာင္းေရးဟာ အမည္မသိ အေၾကာင္းတခုေၾကာင့္ ပ်က္သြားၿပီး Williams လက္ထဲမွာ ရွိေသးလား၊ ဖ်က္ဆီးပစ္လိုက္ၿပီလားဆိုတာလဲ မသိဘူးလို႔လဲ FBI ကို ေျပာတယ္လို႔ ဆိုပါတယ္။

Williams ကို ခိုးမႈနဲ႔ တရားစြဲမထားပါဘူး။ ဇန္နဝါရီ ၆ ရက္မွာ ပါဝင္ခဲ့သူအမ်ားလိုပဲ ကက္ပီေတာ္ထဲ အၾကမ္းဖက္ က်ဴးေက်ာ္ဝင္ေရာက္မႈနဲ႔ပဲ တရားစြဲထားတာပါ။Williams ဟာ ထြက္ေျပးသြားေၾကာင္း ထင္ရွားၿပီး ဆိုရွယ္မီဒီယာအေကာင့္ေတြကိုလဲ ဖ်က္သြားၿပီလို႔ FBI က ေျပာပါတယ္။ ။
Source : CNN

Unicode

ဇန်နဝါရီ ၆ ရက် အမေရိကန်လွှတ်တော်အဆောက်အဦိကို ကျူးကျော်ဝင်ရောက်သူတွေထဲက အမျိုးသမီးတဦးဟာ အမေရိကန် အောက်လွှတ်တော်ခေါင်းဆောင် Nancy Pelosi ရဲ့ လက်ပ်တော့ကွန်ပြူတာကို ခိုးယူသွားတာဖြစ်နိုင်ခြေရှိပြီး ရုရှားကိုရောင်းဖို့ ကြံစည်တာ ဖြစ်နိုင်တယ်လို့ ဖယ်ဒရယ်ထောက်လှမ်းရေးဌာန FBI က ပြောပါတယ်။

လက်ပ်တော့ကို ခိုးတဲ့အထောက်အထား လက်ကိုင် မရှိသေးသလို စုံစမ်းစစ်ဆေးဆဲအမှုအဖြစ် တရားရုံးက မှတ်တမ်းတင်ထားတယ်လို့လဲ FBI က ပြောပါတယ်။

လွှတ်တော်အဆောက်အဦတွင်း ဗီဒီယိုမှတ်တမ်းမှာ ပင်ဆယ်ဗေးနီးယားက Riley June Williams ဆိုတဲ့ အမျိုးသမီးဟာ Pelosi ရုံးခန်းရှိရာ အပေါ်ထပ်ကို တက်ကြဖို့ ညွှန်နေတာ တွေ့ရတယ်လို့ သတင်းပေးတဦးရဲ့ ကျမ်းကျိန်ထွက်ဆိုချက် ရထားပါတယ်။

Pelosi ရဲ့ ရုံးခန်းထဲက လက်တော့ပ်ကွန်ပြူတာ ဒါမှမဟုတ် ဟာ့ဒ်ဒရိုက်ဗ်ကို Williams ယူနေတဲ့ ဗီဒီယိုမှတ်တမ်းကို မြင်ခဲ့ရတယ်လို့ အဲဒီသတင်းပေးက ပြောပါတယ်။ကွန်ပြူတာကို Williams က ရုရှားရှိ သူငယ်ချင်းတဦးဆီ ပို့ဖို့ကြံထားပြီး အဲဒီသူငယ်ချင်းဆိုသူကလဲ ရုရှား ပြည်ပ ထောက်လှမ်းရေး SVR ကို ရောင်းဖို့ စီစဉ်ထားတယ်လို့လဲ သတင်းပေးက ပြောပါတယ်။

ရုရှားဘက်ကို ကွန်ပြူတာလွှဲပြောင်းရေးဟာ အမည်မသိ အကြောင်းတခုကြောင့် ပျက်သွားပြီး Williams လက်ထဲမှာ ရှိသေးလား၊ ဖျက်ဆီးပစ်လိုက်ပြီလားဆိုတာလဲ မသိဘူးလို့လဲ FBI ကို ပြောတယ်လို့ ဆိုပါတယ်။

Williams ကို ခိုးမှုနဲ့ တရားစွဲမထားပါဘူး။ ဇန်နဝါရီ ၆ ရက်မှာ ပါဝင်ခဲ့သူအများလိုပဲ ကက်ပီတော်ထဲ အကြမ်းဖက် ကျူးကျော်ဝင်ရောက်မှုနဲ့ပဲ တရားစွဲထားတာပါ။Williams ဟာ ထွက်ပြေးသွားကြောင်း ထင်ရှားပြီး ဆိုရှယ်မီဒီယာအကောင့်တွေကိုလဲ ဖျက်သွားပြီလို့ FBI က ပြောပါတယ်။ ။
Source : CNN

Leave a Reply

Your email address will not be published. Required fields are marked *