ဒီခ်ဳပ္အစိုးရအဖြဲ႕သစ္ကို ေထာက္ခံအားေပးသည့္အေနျဖင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဇန္နဝါရီပထမပတ္ ေနျပည္ေတာ္လာမည္

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပြီး ငါးနှစ်သက်တမ်းထပ်မံ အာဏာရမည့် ဒီချုပ်အစိုးရအဖွဲ့ ကို ထောက်ခံအားပေးသည့်အနေ ဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီသည် လာမည့် ဇန်န ဝါရီ ပထမပတ်တွင် မြန်မာနိုင်ငံ သို့ လာရောက်မည်ဟု နေပြည် တော်အခြေစိုက် အစိုးရအကြီး တန်းအရာရှိတစ်ဦးက အတည်ပြု သည်။

အထက်ပါ တရုတ်နိုင်ငံခြား ရေးဝန်ကြီးသည် ၂၀၁၆ တွင် ဒီချုပ်အစိုးရ စတင်အာဏာရစဉ် ကလည်း နေပြည်တော်သို့ ပထမ ဆုံးလာရောက်သည့် နိုင်ငံခြားသံတမန်တစ်ဦးဖြစ်ခဲ့ပြီး ယခုခရီးစဉ် သည်လည်း ယင်းကဲ့သို့ပင်ဖြစ် ကြောင်းနှင့်

၂၀၂၀ ဇန်နဝါရီတွင် နေပြည်တော်သို့ လာရောက်ခဲ့ သော တရုတ်သမ္မတစီကျင်းပင်၏ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ သည့်ကိစ္စရပ်များကို အရှိန်အဟုန် မပြတ် အကောင်အထည်ဖော်ရေး အတွက်ဖြစ်ကြောင်း အထက်ပါ အကြီးတန်းအရာရှိက ဆိုသည်။

တရုတ်နိုင်ငံတော်ကောင်စီ ဝင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီ၏ အထက်ပါမြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် သံရုံးများက တရားဝင်ထုတ်ပြန် ကြေညာခြင်းမရှိသေးပေ။

အစိုးရအဖွဲ့အသစ်မတက်မီ နေပြည်တော် လာရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ခရီးစဉ်အတွင်း ယခင်ခရီးစဉ်များ ကဲ့သို့ပင် နိုင်ငံတော်သမ္မတ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် သီးခြားစီတွေ့ဆုံဆွေး နွေးဖွယ်ရှိနေသည်။

‘‘အခု ကိုဗစ်-၁၉ ကပ်ဆိုက် နေချိန်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးခရီးစဉ်က ကာကွယ်ဆေး ဒီပလိုမေစီလည်း ထိပ်ဆုံးကပါ လိမ့်မယ်။ မြန်မာအတွက် တရုတ် ကိုဗစ်ကာကွယ်ဆေး ဘယ်လိုကူ ညီမယ်၊ ဘယ်လောက်ကူညီမယ် ဆိုတဲ့ ကြေညာချက်မျိုး သူ့ခရီးစဉ် မှာပါလာနိုင်တယ်။ကာကွယ် ဆေးနဲ့ တစ်ပါတည်းပါလာမှာက တရုတ်ရပ်ဝန်းလမ်းကြောင်းအစီ အစဉ် (BRI)အောက်က ဒီCMEC စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ တိုက်တွန်းမှာပဲ။

ကျန်တဲ့ သံတမန်ရေးအရ ပူးပေါင်းဆောင် ရွက်ကြောင်းတွေ၊ ငြိမ်းချမ်းရေး၊ နယ်စပ်လုံခြုံတည်ငြိမ်ရေး၊ ဒေသ တွင်းပူးပေါင်း ဆောင်ရွက်ရေး အစရှိတာတွေလည်း မပါမဖြစ် ထုံးစံအတိုင်း ပါပါလိမ့်မယ်’’ ဟုမြန်မာ့ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးလေ့လာမှုအဖွဲ့ Burma Ocean and Land Dialogue (BOLD) ဒါရိုက်တာ မငြိမ်းငြိမ်း ပြည့်က ပြောသည်။

တရုတ်သည် မြန်မာအပေါ် စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် ပြည် တွင်း၊ ပြည်ပဇာတ်ခုံတွင် အသာ စီးရနေခြင်းမှာ အားလုံးအသိဖြစ် ပြီး တပ်မတော်နှင့် တရုတ်အစိုးရ အကြား ဆက်ဆံရေးသည် ယခင် ကဲ့သို့ ကောင်းမွန်သည့်အခြေအ နေမမြင်တွေ့ရဘဲ ဒေါ်အောင် ဆန်းစုကြည်ခေါင်းဆောင်သည့် မြန်မာအစိုးရနှင့် တရုတ်အစိုးရ အကြား ဆက်ဆံရေးမှာ နိုင်ငံ ရေး၊ စီးပွားရေး အကြောင်း ကြောင်းကြောင့် ပေါင်းသင်းရမှု (Marriage of Convenience)’ အနေအထားဖြစ်ကြောင်း မငြိမ်း ငြိမ်းပြည့်က ရှုမြင်သည်။

‘‘အခုလာမယ့်အစိုးရသက် တမ်းမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ ကြားမှာ မြန်မာအစိုးရဆုံးဖြတ် ချက်ချရတော့မယ့် အခြေအနေ တွေလည်းရှိတယ်။

မြန်မာနိုင်ငံ က တရုတ်စီမံကိန်းကြီးတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်းရှိ တော့ မြန်မာအစိုးရက ပြန်သုံး သပ်တာ၊ ဆိုင်းထားတာ၊ တခြား နည်းလမ်းရှာတာ စသဖြင့် လုပ် နေတယ်။အထူးသဖြင့် ရွေး ကောက်ပွဲမတိုင်ခင် ဘာမှ ကြီး ကြီးမားမား ဆုံးဖြတ်ချက်ချ အကောင်အထည် မဖော်ခဲ့ဘူး။ ဖြစ်နိုင်ခြေလေ့လာတာတွေ၊ မူ အရ သဘောတူတာတွေပဲ လုပ် နေခဲ့တယ်။

ဒီအတောအတွင်း ဂျပန်စီမံကိန်း၊ ကိုရီးယားစီမံကိန်း တွေ ရှေ့တိုးသွားတာနဲ့ယှဉ်ကြည့် ရင် မြင်နိုင်ပါတယ်။ဒါပေမဲ့ အခု ရွေးကောက်ပွဲပြီး အစိုးရသစ် လက်ထက်မှာတော့ တရုတ်စီမံကိန်းကြီးတွေနဲ့ပတ်သက်လို့ အ ချိန်ဆွဲထားတာတွေကို ရင်ဆိုင်ရ တော့မယ်။

ပထဝီဝင်နိုင်ငံရေးနဲ့ နိုင်ငံတကာဇာတ်ခုံအခင်းအ ကျင်းကလည်း ပြီးခဲ့တဲ့သက်တမ်း ငါးနှစ်နဲ့ မတူတော့မယ့်အခြေအ နေဖြစ်လာတဲ့အတွက် မြန်မာ အစိုးရဟာလည်း နိုင်ငံခြားရေး ခြေစွမ်းပြရမယ့်အချိန်ဖြစ်လာပါ ပြီ’’ ဟု ၎င်းကဆိုသည်။

မြန်မာအစိုးရ တာဝန်ရှိသူ အချို့ကမူ မြန်မာ-တရုတ်နယ် စပ်တွင် တရုတ်နိုင်ငံက ခြံစည်းရိုး ခတ်နေခြင်းသည် အနောက်နိုင်ငံ များမှ မီဒီယာများရေးသားသကဲ့ သို့မဟုတ်ဘဲ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ တရားမဝင်မူးယစ် ဆေးဝါးရောင်းဝယ်မှု၊

လူကုန်ကူး မှု စသည့်ကိစ္စရပ်များကြောင့် လူနေထူထပ်သည့် နေရာများ တွင် ခြံစည်းရိုးခတ်နေခြင်းဖြစ် ကြောင်း ပြောသည်။ အဆိုပါ တရုတ်၏ ခြံစည်းရိုးခတ်နေခြင်း နှင့်ပတ်သက်၍ ဘေဂျ င်းနှင့် နေ ပြည်တော် ဗဟိုအစိုးရချင်းဆက် သွယ်မှုလည်းရှိကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သို့သော် နှစ်နိုင်ငံအကြား မတည်ဆောက်ရသည့် ဧရိယာ တွင် တရုတ်က တည်ဆောက်နေ ခြင်းမျိုးရှိသဖြင့် ကန့်ကွက်ခဲ့ သည့်ဖြစ်စဉ်များလည်းရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြော သည်။ ခြံစည်းရိုးသည် အမြဲတမ်း အတွက် တည်ဆောက်နေခြင်းမျိုး မဟုတ်ဘဲ ယာယီအတွက်သာ ဖြစ်သည်ဟုလည်း အစိုးရတာဝန် ရှိသူအချို့က ယူဆထားသည်။

လက်ရှိအချိန်အထိ နှစ်နိုင်ငံအကြား ပြဿနာကြီးကြီးမားမား မရှိဘဲ အိမ်နီးချင်းကောင်းဆက်ဆံ ရေးရှိကာ ညှိနှိုင်းဆောင်ရွက်မှုများရှိကြောင်း ၎င်းတို့က ပြောသည်။

မစ္စတာဝမ်ယီသည် ဒီချုပ်၏ ပထမအစိုးရသက်တမ်းတွင် နေ ပြည်တော်သို့ လေးကြိမ်အထိလာ ရောက်ခဲ့ပြီး ၂၀၁၆ ဧပြီလဆန်း တွင် လာရောက်သော ခရီးစဉ် တွင် နိုင်ငံတော်သမ္မတဦးထင် ကျော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် အတိုက်အခံပါတီ ပြည်ခိုင်ဖြိုးထိပ်တန်းတာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံ ခဲ့သည်။

၂၀၁၇ တွင် နေပြည်တော်၌ကျင်းပသော အာရှ-ဥရောပထိပ်သီးအစည်းအဝေး (ASEM) သို့တက် ရောက်ရန် ဝမ်ယီ လာရောက်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

၂၀၁၉ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံက အပြည်ပြည်ဆိုင် ရာတရားရုံး (ICJ)သို့ သွားရောက် တရားမရင်ဆိုင်မီ မစ္စတာဝမ်ယီ နေပြည်တော်သို့ လာရောက်ခဲ့ သည်။နောက်ဆုံးလာရောက်ခဲ့ သောခရီးစဉ်မှာ ၂၀၂၀ ဇန်နဝါရီ တွင် တရုတ်သမ္မတစီကျင်းပင်၏ မြန်မာနိုင်ငံခရီးစဉ်၌ လိုက်ပါခဲ့ ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ် တွင်

တရုတ်-မြန်မာစီးပွားရေး စင်္ကြံထူထောင်ရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရန်ကုန် မြို့သစ်စီမံကိန်းအကောင်အ ထည်ဖော်ရေးအပါအဝင် နှစ်နိုင်ငံသဘောတူညီချက်၊ နားလည်မှုစာချွန်လွှာ၊ စာလွှာများ စုစုပေါင်း ၃၀ ခုကို လဲလှယ်ခဲ့သည်။

source : 7DayNews

zawgyi

၂၀၂၀ ေ႐ြးေကာက္ပြဲ အႏိုင္ရၿပီး ငါးႏွစ္သက္တမ္းထပ္မံ အာဏာရမည့္ ဒီခ်ဳပ္အစိုးရအဖြဲ႕ ကို ေထာက္ခံအားေပးသည့္အေန ျဖင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယီသည္ လာမည့္ ဇန္န ဝါရီ ပထမပတ္တြင္ ျမန္မာႏိုင္ငံ သို႔ လာေရာက္မည္ဟု ေနျပည္ ေတာ္အေျခစိုက္ အစိုးရအႀကီး တန္းအရာရွိတစ္ဦးက အတည္ျပဳ သည္။

အထက္ပါ တ႐ုတ္ႏိုင္ငံျခား ေရးဝန္ႀကီးသည္ ၂၀၁၆ တြင္ ဒီခ်ဳပ္အစိုးရ စတင္အာဏာရစဥ္ ကလည္း ေနျပည္ေတာ္သို႔ ပထမ ဆုံးလာေရာက္သည့္ ႏိုင္ငံျခားသံတမန္တစ္ဦးျဖစ္ခဲ့ၿပီး ယခုခရီးစဥ္ သည္လည္း ယင္းကဲ့သို႔ပင္ျဖစ္ ေၾကာင္းႏွင့္

၂၀၂၀ ဇန္နဝါရီတြင္ ေနျပည္ေတာ္သို႔ လာေရာက္ခဲ့ ေသာ တ႐ုတ္သမၼတစီက်င္းပင္၏ခရီးစဥ္အတြင္း ေဆြးေႏြးခဲ့ သည့္ကိစၥရပ္မ်ားကို အရွိန္အဟုန္ မျပတ္ အေကာင္အထည္ေဖာ္ေရး အတြက္ျဖစ္ေၾကာင္း အထက္ပါ အႀကီးတန္းအရာရွိက ဆိုသည္။

တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီ ဝင္ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ ဝမ္ယီ၏ အထက္ပါျမန္မာႏိုင္ငံ ခရီးစဥ္ႏွင့္ပတ္သက္၍ ႏွစ္ႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားႏွင့္ သံ႐ုံးမ်ားက တရားဝင္ထုတ္ျပန္ ေၾကညာျခင္းမရွိေသးေပ။

အစိုးရအဖြဲ႕အသစ္မတက္မီ ေနျပည္ေတာ္ လာေရာက္မည့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးသည္ ခရီးစဥ္အတြင္း ယခင္ခရီးစဥ္မ်ား ကဲ့သို႔ပင္ ႏိုင္ငံေတာ္သမၼတ၊ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္တို႔ႏွင့္ သီးျခားစီေတြ႕ဆုံေဆြး ေႏြးဖြယ္ရွိေနသည္။

‘‘အခု ကိုဗစ္-၁၉ ကပ္ဆိုက္ ေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးခရီးစဥ္က ကာကြယ္ေဆး ဒီပလိုေမစီလည္း ထိပ္ဆုံးကပါ လိမ့္မယ္။ ျမန္မာအတြက္ တ႐ုတ္ ကိုဗစ္ကာကြယ္ေဆး ဘယ္လိုကူ ညီမယ္၊ ဘယ္ေလာက္ကူညီမယ္ ဆိုတဲ့ ေၾကညာခ်က္မ်ိဳး သူ႔ခရီးစဥ္ မွာပါလာႏိုင္တယ္။ကာကြယ္ ေဆးနဲ႔ တစ္ပါတည္းပါလာမွာက တ႐ုတ္ရပ္ဝန္းလမ္းေၾကာင္းအစီ အစဥ္ (BRI)ေအာက္က ဒီCMEC စီမံကိန္းေတြ အေကာင္အထည္ ေဖာ္ဖို႔ တိုက္တြန္းမွာပဲ။

က်န္တဲ့ သံတမန္ေရးအရ ပူးေပါင္းေဆာင္ ႐ြက္ေၾကာင္းေတြ၊ ၿငိမ္းခ်မ္းေရး၊ နယ္စပ္လုံၿခဳံတည္ၿငိမ္ေရး၊ ေဒသ တြင္းပူးေပါင္း ေဆာင္႐ြက္ေရး အစရွိတာေတြလည္း မပါမျဖစ္ ထုံးစံအတိုင္း ပါပါလိမ့္မယ္’’ ဟုျမန္မာ့ပထဝီႏိုင္ငံေရး၊ စီးပြားေရး၊ လုံၿခဳံေရးေလ့လာမႈအဖြဲ႕ Burma Ocean and Land Dialogue (BOLD) ဒါ႐ိုက္တာ မၿငိမ္းၿငိမ္း ျပည့္က ေျပာသည္။

တ႐ုတ္သည္ ျမန္မာအေပၚ စီးပြားေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ ျပည္ တြင္း၊ ျပည္ပဇာတ္ခုံတြင္ အသာ စီးရေနျခင္းမွာ အားလုံးအသိျဖစ္ ၿပီး တပ္မေတာ္ႏွင့္ တ႐ုတ္အစိုးရ အၾကား ဆက္ဆံေရးသည္ ယခင္ ကဲ့သို႔ ေကာင္းမြန္သည့္အေျခအ ေနမျမင္ေတြ႕ရဘဲ ေဒၚေအာင္ ဆန္းစုၾကည္ေခါင္းေဆာင္သည့္ ျမန္မာအစိုးရႏွင့္ တ႐ုတ္အစိုးရ အၾကား ဆက္ဆံေရးမွာ ႏိုင္ငံ ေရး၊ စီးပြားေရး အေၾကာင္း ေၾကာင္းေၾကာင့္ ေပါင္းသင္းရမႈ (Marriage of Convenience)’ အေနအထားျဖစ္ေၾကာင္း မၿငိမ္း ၿငိမ္းျပည့္က ရႈျမင္သည္။

‘‘အခုလာမယ့္အစိုးရသက္ တမ္းမွာ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ၾကားမွာ ျမန္မာအစိုးရဆုံးျဖတ္ ခ်က္ခ်ရေတာ့မယ့္ အေျခအေန ေတြလည္းရွိတယ္။

ျမန္မာႏိုင္ငံ က တ႐ုတ္စီမံကိန္းႀကီးေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြလည္းရွိ ေတာ့ ျမန္မာအစိုးရက ျပန္သုံး သပ္တာ၊ ဆိုင္းထားတာ၊ တျခား နည္းလမ္းရွာတာ စသျဖင့္ လုပ္ ေနတယ္။အထူးသျဖင့္ ေ႐ြး ေကာက္ပြဲမတိုင္ခင္ ဘာမွ ႀကီး ႀကီးမားမား ဆုံးျဖတ္ခ်က္ခ် အေကာင္အထည္ မေဖာ္ခဲ့ဘူး။ ျဖစ္ႏိုင္ေျခေလ့လာတာေတြ၊ မူ အရ သေဘာတူတာေတြပဲ လုပ္ ေနခဲ့တယ္။

ဒီအေတာအတြင္း ဂ်ပန္စီမံကိန္း၊ ကိုရီးယားစီမံကိန္း ေတြ ေရွ႕တိုးသြားတာနဲ႔ယွဥ္ၾကည့္ ရင္ ျမင္ႏိုင္ပါတယ္။ဒါေပမဲ့ အခု ေ႐ြးေကာက္ပြဲၿပီး အစိုးရသစ္ လက္ထက္မွာေတာ့ တ႐ုတ္စီမံကိန္းႀကီးေတြနဲ႔ပတ္သက္လို႔ အ ခ်ိန္ဆြဲထားတာေတြကို ရင္ဆိုင္ရ ေတာ့မယ္။

ပထဝီဝင္ႏိုင္ငံေရးနဲ႔ ႏိုင္ငံတကာဇာတ္ခုံအခင္းအ က်င္းကလည္း ၿပီးခဲ့တဲ့သက္တမ္း ငါးႏွစ္နဲ႔ မတူေတာ့မယ့္အေျခအ ေနျဖစ္လာတဲ့အတြက္ ျမန္မာ အစိုးရဟာလည္း ႏိုင္ငံျခားေရး ေျခစြမ္းျပရမယ့္အခ်ိန္ျဖစ္လာပါ ၿပီ’’ ဟု ၎ကဆိုသည္။

ျမန္မာအစိုးရ တာဝန္ရွိသူ အခ်ိဳ႕ကမူ ျမန္မာ-တ႐ုတ္နယ္ စပ္တြင္ တ႐ုတ္ႏိုင္ငံက ၿခံစည္း႐ိုး ခတ္ေနျခင္းသည္ အေနာက္ႏိုင္ငံ မ်ားမွ မီဒီယာမ်ားေရးသားသကဲ့ သို႔မဟုတ္ဘဲ ကိုဗစ္-၁၉ ေရာဂါ ထိန္းခ်ဳပ္ေရး၊ တရားမဝင္မူးယစ္ ေဆးဝါးေရာင္းဝယ္မႈ၊

လူကုန္ကူး မႈ စသည့္ကိစၥရပ္မ်ားေၾကာင့္ လူေနထူထပ္သည့္ ေနရာမ်ား တြင္ ၿခံစည္း႐ိုးခတ္ေနျခင္းျဖစ္ ေၾကာင္း ေျပာသည္။ အဆိုပါ တ႐ုတ္၏ ၿခံစည္း႐ိုးခတ္ေနျခင္း ႏွင့္ပတ္သက္၍ ေဘဂ် င္းႏွင့္ ေန ျပည္ေတာ္ ဗဟိုအစိုးရခ်င္းဆက္ သြယ္မႈလည္းရွိေၾကာင္း အစိုးရ တာဝန္ရွိသူတစ္ဦးက ဆိုသည္။

သို႔ေသာ္ ႏွစ္ႏိုင္ငံအၾကား မတည္ေဆာက္ရသည့္ ဧရိယာ တြင္ တ႐ုတ္က တည္ေဆာက္ေန ျခင္းမ်ိဳးရွိသျဖင့္ ကန႔္ကြက္ခဲ့ သည့္ျဖစ္စဥ္မ်ားလည္းရွိေၾကာင္း အဆိုပါတာဝန္ရွိသူက ေျပာ သည္။ ၿခံစည္း႐ိုးသည္ အၿမဲတမ္း အတြက္ တည္ေဆာက္ေနျခင္းမ်ိဳး မဟုတ္ဘဲ ယာယီအတြက္သာ ျဖစ္သည္ဟုလည္း အစိုးရတာဝန္ ရွိသူအခ်ိဳ႕က ယူဆထားသည္။

လက္ရွိအခ်ိန္အထိ ႏွစ္ႏိုင္ငံအၾကား ျပႆနာႀကီးႀကီးမားမား မရွိဘဲ အိမ္နီးခ်င္းေကာင္းဆက္ဆံ ေရးရွိကာ ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ားရွိေၾကာင္း ၎တို႔က ေျပာသည္။

မစၥတာဝမ္ယီသည္ ဒီခ်ဳပ္၏ ပထမအစိုးရသက္တမ္းတြင္ ေန ျပည္ေတာ္သို႔ ေလးႀကိမ္အထိလာ ေရာက္ခဲ့ၿပီး ၂၀၁၆ ဧၿပီလဆန္း တြင္ လာေရာက္ေသာ ခရီးစဥ္ တြင္ ႏိုင္ငံေတာ္သမၼတဦးထင္ ေက်ာ္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္ႏွင့္ အတိုက္အခံပါတီ ျပည္ခိုင္ၿဖိဳးထိပ္တန္းတာဝန္ရွိသူမ်ားႏွင့္ သီးျခားစီေတြ႕ဆုံ ခဲ့သည္။

၂၀၁၇ တြင္ ေနျပည္ေတာ္၌က်င္းပေသာ အာရွ-ဥေရာပထိပ္သီးအစည္းအေဝး (ASEM) သို႔တက္ ေရာက္ရန္ ဝမ္ယီ လာေရာက္ခဲ့ၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံေဆြးေႏြး ခဲ့သည္။

၂၀၁၉ ႏွစ္ကုန္ပိုင္းတြင္ ျမန္မာႏိုင္ငံက အျပည္ျပည္ဆိုင္ ရာတရား႐ုံး (ICJ)သို႔ သြားေရာက္ တရားမရင္ဆိုင္မီ မစၥတာဝမ္ယီ ေနျပည္ေတာ္သို႔ လာေရာက္ခဲ့ သည္။ေနာက္ဆုံးလာေရာက္ခဲ့ ေသာခရီးစဥ္မွာ ၂၀၂၀ ဇန္နဝါရီ တြင္ တ႐ုတ္သမၼတစီက်င္းပင္၏ ျမန္မာႏိုင္ငံခရီးစဥ္၌ လိုက္ပါခဲ့ ျခင္းျဖစ္သည္။ အဆိုပါခရီးစဥ္ တြင္

တ႐ုတ္-ျမန္မာစီးပြားေရး စႀကႍထူေထာင္ေရး၊ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ႏွင့္ ရန္ကုန္ ၿမိဳ႕သစ္စီမံကိန္းအေကာင္အ ထည္ေဖာ္ေရးအပါအဝင္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္၊ နားလည္မႈစာခြၽန္လႊာ၊ စာလႊာမ်ား စုစုေပါင္း ၃၀ ခုကို လဲလွယ္ခဲ့သည္။

source : 7DayNews

Leave a Reply

Your email address will not be published. Required fields are marked *