တ႐ုတ္တို႔ ေဖ်ာက္ထား တဲ့ ရာဇ၀င္ (သို႔မဟုတ္) တ႐ုတ္တို႔၏ မေအာင္ျမင္ခဲ့ေသာက်ဴးေက်ာ္စစ္ ၄ ႀကိမ္

ရွည္လ်ား က်ယ္ေျပာေသာ နယ္နိမိတ္ ထိစပ္မႈသည္ ျမန္မာျပည္ ႏွင့္ တ႐ုတ္ျပည္ အၾကား ႏွစ္ပရိေစဒ ၾကာျမင့္စြာ ျပႆ နာ အလ်ည္း မရွိပဲ ခြဲျခား တည္ရွိခဲ့ပါသည္။မင္ မင္းဆက္ (၁၃၈၀-၁၃၈၈ ေအဒီ) လက္ထက္တြင္ တ႐ုတ္တို႔သည္ ယူနန္နယ္ အား ၄င္း တို႔၏ နယ္နိမိတ္ အျဖစ္ ပိုင္ပိုင္ႏိုင္ႏိုင္ သြမ္းသြင္းႏိုင္ခဲ့သည္။ေတာင္ငူေခတ္ ၁၅၅၇ ခုႏွစ္တြင္ ဘုရင့္ေနာင္ မင္းတရားႀကီး သည္ ရွမ္းက်ိဳင္း႐ုံးႀကီး နယ္(ယေန႔ေခတ္ ကခ်င္/ရွမ္း/ကယားနယ္) မ်ားအား သိမ္း ပိုက္ေအာင္ႏိုင္ ခဲ့ပါသည္။သို႔ေသာ္ျငားလည္း ေဒသခံ ေစာ္ဘြားမ်ားသည္ နယ္ခ်င္း ထိစပ္ေနေသာ တ႐ုတ္ ယူနန္ ဘုရင္ခံ ႏွင့္ျမန္မာ ေနျပည္ေတာ္ထံသို႔ ႏွစ္ဘက္ စလုံးအား အခြန္ အတုပ္မ်ားေပးေဆာင္ကာ ၄င္းတို႔၏ ပေဒသရာဇ္ အုပ္ခ်ဳပ္မႈ အားဆက္လက္ တည္တံ့ေအာင္ႀကီဳးစားခဲ့ၾကသည္။

နယ္စပ္ အေျခအေန မ်ားသည္ ခ်င္ မင္းဆက္ (၁၇၃၀) လက္ထက္ သို႔ေရာက္ရွိ လာခ်ိန္တြင္ ေျပာင္းလဲလာခဲ့သည္။ရွမ္းနယ္မ်ား အေပၚ တ႐ုတ္တို႔၏ စိတ္၀င္စားမႈသည္ ပိုမိုကာ ထက္သန္ လာခဲ့သည္၁၇၃၂ တြင္ ယူနန္ ဘုရင္ခံ သည္ ရွမ္းေစာ္ဘြား မ်ား အေပၚ အခြန္ အတုပ္အား ႐ုတ္တရက္ ၂ဆ တိုးကာ ေကာက္ ခံ လိုက္သည္။ရွမ္းေစာ္ဘြားမ်ားက ထို အခ်က္ကို လက္မခံႏိုင္ပဲ ျမန္မာမင္းထံ တင္ျပခဲ့ရာ ျမန္မာ ဘုရင္၏တပ္မ်ား ေကာင္းတုံ ၿမိဳ႕တြင္ ရွမ္းေစာ္ဘြားတပ္မ်ားႏွင့္ ပူးေပါင္းကာခံၿမိဳ႕ တည္ေဆာက္ ခဲ့ရာ ကြင္ မင္းဆက္ႏွင့္ အေျခအေနမ်ား စတင္ တင္းမာခဲ့သည္။ပထမ က်ဴးေက်ာ္စစ္ (၁၇၆၅-၁၇၆၆)၁၇၆၅ ႏွစ္ဦးပိုင္းတြင္ ယိုးဒယားသို႔ခ်ီတက္ တိုက္ခိုက္ရန္အတြက္ ေကာင္းတုံ တပ္မႈး ဗိုလ္ခ်ဳပ္ေနမ်ိဳးသီဟပိုက္၏ တပ္၂၀၀၀၀ သည္ၿမိဳ႕ အားေခတၱ စြန္႔ခြာခဲ့သည္။ထို အခ်ိန္ကို အခြင့္ေကာင္းယူကာ ယူနန္ ဘုရင္ခံလ်ဴ သည္ နယ္စပ္တြင္ ကုန္သည္ အခ်င္းခ်င္းျဖစ္ပြားေသာ အခ်င္းမ်ားမႈကိုခုတုံးလုပ္ကာ ၁၇၆၅ ဒီဇင္ဘာတြင္ ျမန္မာ့ ပိုင္နက္အတြင္း စတင္က်ဴးေက်ာ္ ခဲ့သည္။

၃၅၀၀၀ ခန္႔ အင္အားရွိ ပီကင္းေနျပည္ေတာ္မွ အစိမ္းေရာင္ ကိုယ္ၾကပ္ တပ္ဖြဲ႕ႏွင့္ ယူနန္ ထိုင္း တပ္ဖြဲ႕ မ်ားသည္ ေကာင္းတုံၿမိဳ႕ အား လြယ္လင့္တကူ သိမ္းပိုက္ႏိုင္ခဲ့ေသာ္လည္းတလ အၾကာတြင္ ေနျပည္ေတာ္မွ ဗိုလ္ခ်ဳပ္ေနမ်ိဳးစည္သူ၏ တပ္မ်ားမွ လာေရာက္ တိုက္ခိုက္ရာတ႐ုတ္ တို႔သည္ မခံႏိုင္ေတာ့ ပဲ ဆုတ္ခြာ ခဲ့ရာ ေနမ်ိဳးစည္သူ သည္ ယူနန္ နယ္ ပ်ဴ အာ လြင္ျပင္ အထိ တ႐ုတ္ တို႔အား လိုက္လံ တိုက္ခိုက္ခဲ့သည္။ပထမ စစ္ပြဲတြင္ တ႐ုတ္ စစ္ သည္ ၃၀၀၀၀ ခန္႔ ျမန္မာတို႔၏လက္ခ်က္အစာေရစာျပတ္လပ္မႈႏွင့္ ေရာဂါ ဘယ တို႔ေၾကာင့္က်ဆုံးခဲ့ရသည္။ယူနန္ ဘုရင္ခံ လ်ဴ သည္ စစ္ပြဲ ၏ ရႈံးနိမ့္မႈေၾကာင့္ မိမိကိုယ္ မိမိ လည္ေခ်ာင္း ကိုျဖတ္ကာ အဆုံးစီရင္ခဲ့သည္။အဆိုပါ ရႈံးနိမ့္ မႈေၾကာင့္ ကြင္မင္းႀကီးသည္ အျပင္းအထန္ေဒါသပုန္ထခဲ့ၿပီး ဇီက်န္းႏွင့္ ဂြမ္ဇိုး နယ္မ်ားအား ေအာင္ႏိုင္ခဲ့ေသာ နာမည္ေက်ာ္ စစ္သူႀကီး ရန္ရင္ဂ်ဴး အား ျပည္သိမ္း တပ္ဖြဲ႕ ၏ စတိအျဖစ္ေသနာပတိ အျဖစ္ခန္႔ အပ္ခဲ့သည္။

ဒုတိယ က်ဴးေက်ာ္စစ္ ( ၁၇၆၆-၁၇၆၇)၁၇၆၆ ေႏြဦး တြင္ ျပည္သိမ္း တပ္ဖြဲ႕ အား စစ္သူႀကီး ရန္ က စတင္ကြပ္ကဲမႈ ယူခဲ့သည္။ရန္သည္ ေကာင္းတုံ အားေက်ာ္လႊား ကာ အထက္ ဗမာျပည္ အား တိုက္႐ိုက္ ထိုးစစ္ဆင္ရန္ အစီအစဥ္ ေရးဆြဲ ခဲ့သည္။အဆုံး စြန္ေသာ ရည္မွန္းခ်က္ မွာျမန္မာျပည္ တျပည္လုံးအား ကြင္ႏိုင္ငံေတာ္ အတြင္းသို႔သြတ္ သြင္းေရး ပင္ျဖစ္သည္။ရန္သည္ ဗန္းေမာ္ၿမိဳ႕ ကို တိုက္ခိုက္ေျခကုတ္ ယူ ၿပီး အင္း၀ ကို တိုက္႐ိုက္ ခ်ီတက္ရန္ျဖစ္ သည္။ျမန္မာတို႔ သည္ တ႐ုတ္ တို႔၏ စီမံခ်က္ ကို ႀကိဳ တင္ ရိပ္စားမိခဲ့ၿပီး ဧရာ၀တီျမစ္ေၾကာင္း တေလ်ာက္ ခံစစ္ အစီအစဥ္ မ်ားေကာင္းစြာျပင္ ဆင္ ထားခဲ့သည္။စစ္သူႀကီး မဟာသီဟသူရ သည္ ဗန္းေမာ္ၿမိဳ႕ အား လက္လႊတ္ရန္ အမိန္႔ေပး ခဲ့ၿပီး ဗန္းေမာ္ၿမိဳ႕ ေတာင္ဘက္ မိုင္ အနည္းငယ္ သာေဝးေသာ ေကာင္းတုံၿမိဳ႕တြင္စစ္သည္ အင္အား ၂၅၀၀၀ ျပင္သစ္ လူမ်ိဳး အေျမာက္တပ္ဖြဲ႕ မ်ားႏွင့္ ခံစစ္ ကို ခိုင္မာေအာင္ျပင္ဆင္ ထားခဲ့ သည္။

ထို႔အတူ ယူနန္နယ္ျခား ကန္ေဟာင္းၿမိဳ႕ မွ မဟာသီဟ သူရ အားလည္း ေတာင္ဘက္ျခမ္းမွ ပတ္ကာ ဗန္းေမာ္ သို႔ခ်ီတက္ေစသည္။ဗန္းေမာ္-ေကာင္းတုံေထာင္ေခ်ာက္ခ်င္ စစ္သည္ တို႔သည္ ၁၇၆၆ ဒီဇင္ဘာ တြင္ ဗန္းေမာ္အား အခုအခံ မရွိ သိမ္းပိုက္ ခဲ့ၿပီး ေထာက္ပံ့ေရးစခန္း အျဖစ္အေျခခ် ခဲ့သည္။ေကာင္းတုံ အား ဆက္လက္ တိုက္ခိုက္ခဲ့ေသာ္ လည္း ဗလမင္းထင္၏ ခုခံမႈေၾကာင့္တ႐ုတ္ တို႔ အက်အဆုံးမ်ားခဲ့သည္။ဒီဇင္ဘာလကုန္ တြင္ မဟာသီဟသူရ ၏ တပ္မ်ားေတာင္ဘက္ ရွမ္းေတာင္တန္းမ်ား ဆီမွ ဆင္းသက္လာသျဖင့္ တ႐ုတ္ ၄၅၀၀၀ ခန္႔ မွ ဗန္းေမာ္ၿမိဳ႕အတြင္း ပိတ္မိေတာ့သည္။တ႐ုတ္တို႔ အင္အား စိတ္ဓာတ္ပိုင္း က်ဆင္းလာခ်ိန္တြင္ ျမန္မာတို႔သည္ ထိုးစစ္ႀကီး ဆင္ႏြဲေတာ့သည္။

စစ္မ်က္ႏွာႏွစ္ဖက္ ရင္ဆိုင္ရေသာ တ႐ုတ္တို႔သည္ မခံႏိုင္ေတာ့ပဲ အေရွ႕ေျမာက္ဘက္ ယူနန္နယ္ အတြင္း သို႔ ဧရာ၀တီျမစ္႐ိုး အတိုင္း ဆုတ္ခြာ ရာ ျမစ္၏ အေရွ႕မွဗလမင္းထင္ ၏ တပ္ဖြဲ႕မ်ား အေနာက္ ဘက္ မွ မဟာသီဟသူရ ၏ တပ္ဖြဲ႕မ်ားမွ ထက္ၾကပ္ လိုက္လံ စစ္ဆင္ေခ်မႈန္းခဲ့ရာ ယူနန္နယ္ အတြင္းရွိ တ႐ုတ္ ပိုင္ ၿမိဳ႕ ၇ၿမိဳ႕ အား ဆက္လက္ သိမ္းပိုက္ ရရွိခဲ့သည္။ေအာင္ႏိုင္သူျမန္မာ တပ္မ်ား သည္ အေျမာက္ လက္နက္ေ႐ႊေငြ မ်ားအား တ႐ုတ္ၿမိဳ႕ မ်ားမွ သိမ္းဟူ ကာေမလတြင္အင္းဝေနျပည္ေတာ္သို႔ျပန္လည္ေရာက္ရွိခဲ့သည္။တ႐ုတ္ ဧကရာဇ္ ခ်င္းလုံ သည္ စစ္သူႀကီး ရန္ အား မိမိကိုယ္ မိမိ အဆုံးစီရင္ရန္ အမိန္႔ ခ်မွတ္ခဲ့ သည္။

တိယ က်ဴးေက်ာ္စစ္ (၁၇၆၇-၁၇၆၈)စစ္ပြဲ ၂ ႀကိမ္ ရႈံးနိမ့္ၿပီးေနာက္ တ႐ုတ္ ဧကရာဇ္ သည္ျမန္မာ တို႔အား ႏိုင္ငံငယ္ ဟူၿပီး အထင္မေသး ဝံ့ ေတာ့ေခ်။၁၇၆၇ တြင္ မန္ခ်ဴး နာမည္ေက်ာ္ စစ္သူႀကီး မင္းေယြ႕ အား စစ္ေသနာပတိ ခန္႔ အပ္ခဲ့သည္။မင္းေယြ႕သည္ ဧကရာဇ္ ၏ သမက္ေတာ္ လည္းျဖစ္သည္။မင္းေယြ႕ သည္ မိုးကုန္ပိုင္း တြင္ စစ္ေၾကာင္း ၂ေၾကာင္း ခြဲကာ ထိုးစစ္ ဆင္ရန္ စီစဥ္ ခဲ့သည္ပင္မ စစ္ေၾကာင္း ကို ၄င္းကိုယ္တိုင္ ဦးစီးကာ နမၼတူေခ်ာင္း အတိုင္းလာရႈိး ကို သိမ္းပိုက္ရန္ႏွင့္ဗိုလ္ခ်ဳပ္ အီတန္ဂီ ဦးစီး သည့္ ဒုတိယစစ္ေၾကာင္း သည္ ဗန္းေမာ္ လမ္းေၾကာင္း အတိုင္း ခ်ီတက္ ရန္ျဖစ္သည္။စစ္ဆင္ေရးရည္မွန္းခ်က္ မွာ အင္းျဝမို႔ေတာ္ အား အေရွ႕ အေနာက္ႏွစ္ဖက္ ညႇပ္ရန္ျဖစ္သည္။ျမန္မာ တို႔ သည္ အီတန္ဂီ ၏ ဒုတိယစစ္ေၾကာင္းအားေကာင္းတုံ မွေနမ်ိဳးစည္သူ ဦးစီးထိန္းခ်ဳပ္ၿပီး

ဗလမင္းထင္ႏွင့္ မဟာသီဟသူရ တို႔၏ တပ္မ်ား က အေရွ႕ေျမာက္ဘက္ တြင္ ပင္မ စစ္ေၾကာင္းအား ထိန္းခ်ဳပ္ရန္ျဖစ္သည္။၁၇၆၇ ႏို၀င္ဘာ တြင္ မင္းေယြ႕၏ တပ္မ်ား သည္ ဗန္းေမာ္ ကို သိမ္းပိုက္ပီး ေကာင္းတုံေတာင္ဘက္ ဟန္စင္ အား ရိကၡာေထာက္ စခန္းအျဖစ္ စစ္သည္ ၅၀၀၀ ႏွင့္ အေစာင့္ ခ်ထားခဲ့သည္။စစ္သည္ ၁၅၀၀၀၀ ျဖင့္ အင္း၀ သို႔ဆက္လက္ ခ်ီတက္ခဲ့သည္။ဒီဇင္ဘာေႏွာင္းပိုင္းတြင္ ဂုတ္ထိပ္ တြင္ ေနမ်ိဳးစည္သူ တပ္မ်ားႏွင့္ ရင္ဆိုင္ ခဲ့ရာ သီဟစည္သူ တပ္မ်ား ဆုတ္ ခြာေပးခဲ့ ရသည္။ထိုအခ်ိန္ တြင္ မဟာ သီဟသူရ ၏ တပ္မ်ားသည္ ဟတ္စင္ အားေနာက္ပိုင္းမွ ၀င္ေရာက္ တိုက္ခိုက္ၿပီးရန္သူ႔ ရိကၡာေထာက္လမ္း အားျဖတ္ေတာက္ ခဲ့သည္။မင္းေယြ႕ တပ္မ်ား သည္ ဆုတ္ခြာသြားေသာေနမ်ိဳးစစ္သူ ၏ တပ္မ်ားေနာက္သို႔ေတာက္ေလ်ာက္ လိုက္ခဲ့ရာ

၁၇၆၈ ႏွစ္ဦးတြင္ အင္းဝၿမိဳ႕ ေျမာက္ဘက္ မိုင္ ၃၀ အကြာ စဥ့္ ကူးၿမိဳ႕ သို႔ ေရာက္ရွိ လာခဲ့သည္။သို႔ေသာ္ လည္း ေတာင္ဘက္ မွ အီတန္ဂီ ၏ တပ္မ်ားက္ို မဟာသီဟသူရ မွ ထိန္းခ်ဳပ္ႏိုင္ခဲ့ သျဖင့္ တပ္မႏွစ္ဖက္ မွာ ဟန္ခ်က္ပ်က္ သြားခဲ့သည္။အင္း၀ ခံစစ္ တြင္ ဆင္ျဖဴရွင္ မင္း ကိုယ္တိုင္ ဦးစီးၿပီး စဥ့္ကူ ရွိ တ႐ုတ္တို႔ကို တန္ျပန္ ထိုးစစ္ဆင္ႏြဲရန္ ညီေတာ္မင္းသားမ်ားႏွင့္ တိုက္ပြဲ၀င္ခဲ့သည္။တ႐ုတ္တို႔ ၏ ရွည္လ်ား လွေသာ ေထာက္ပံ့ေရး လမ္းေၾကာင္း အား ဗိုလ္မႉး တိမ္ၾကားမင္းေခါင္ ၏ ေျပာက္ က်ား တပ္ဖြဲ႕ မ်ား က အဆက္မျပတ္ျဖတ္ေတာက္ တိုက္ခိုက္ၾက သျဖင့္ တ႐ုတ္တို႔မွာ ရိကၡာ ခဲယမ္း မ်ားစြာ အခက္ အခဲေတြ႕လာခဲ့သည္။မင္းေယြ႕ ၏ အေျခအေန သည္ ခံစစ္သို႔ ကူးေျပာင္း လာခဲ့သည္ ေတာင္ဘက္ မွ အီတန္ဂီ ၏ ဒုတိယ စစ္ေၾကာင္း သည္ လည္း ေကာင္းတုံ မွ အက် အဆုံးမ်ား စြာ ျဖင့္ ဆုတ္ခြာ ခဲ့ရ သျဖင့္

မင္ေယြ႕သည္ ဆုတ္ ခြာ ရန္ျပင္ဆင္ခဲ့ၿပီး ၁၇၆၈ ႏွစ္ဦး တြင္ ဆုတ္ခြာခဲ့ၿပီး မင္ေယြ႕သည္ ဟန္ဆင္ ေရာက္သည္ တြင္ အဆုံးစီရင္ ခဲ့သည္။ေထာင္ပါင္း မ်ားစြာေသာ တ႐ုတ္ ဧကရာဇ္ ၏ နာမည္ေက်ာ္ အလံကိုင္ တပ္ဖြဲ႕ (Bannerman) ၀င္ မ်ားသည္ ရွမ္းေတာင္တန္း တေၾကာ တြင္ ျမန္မာ တို႔၏ တိုက္ခိုက္မႈ ေရာဂါဘယ တို႔ေၾကာင့္ ေသဆုံး ခဲ့ရသည္။စတုထၱ က်ဴးေက်ာ္စစ္ (၁၇၆၉)ကြင္ေလာင္ ဧကရာဇ္ သည္ ၄င္း ၏ ဝါရင့္ စစ္သူႀကီး ဖူေဟာင္း အား အလံကိုင္ တပ္ဖြဲ႕၀င္ ၆၀၀၀၀ အား ကြပ္ ကဲရန္ တာ၀န္ေပးအပ္ ခဲ့သည္။ဖူေဟာင္းသည္ တပ္ေတာ္ ၃ခုျဖင့္ စစ္မ်က္ႏွာ ၃ခု မွ တိုက္ခိုက္ရန္ စီမံ ခဲ့သည္။စစ္ေၾကာင္း ၁ခု သည္ ဗန္းေမာ္ႏွင့္ေကာင္းတုံ အား တိုက္ခိုက္ရန္။အျခား တပ္ေတာ္ ၂ခု သည္ ဗန္းေမာ္ႏွင့္ ေကာင္း တုံ အားေရွာင္ကြင္း ကာ ဧရာ၀တီ ျမစ္ကမ္း တစ္ဖက္ တစ္ခ်က္ မွ ျမစ္႐ိုး အတိုင္း အင္း၀ သို႔စုန္ဆင္း တိုက္ခိုက္ရန္။

ျမစ္ အတြင္းမွ တပ္ေတာ္အား အေထာက္ အကူျပဳရန္ ဖူဂ်ီရန္ေရတပ္ဖြဲ႕ မွ စစ္ေလွ ရာေပါင္းမ်ားစြာ ပါ၀င္ပါသည္။ျမန္မာ တို႔သည္ မဟာသီဟသူရ အား စစ္ေသနာပတိ အျဖစ္ခန္႔အပ္ ကာ ဗလမင္းထင္ အားေကာင္းတုံ တပ္မႉး အျဖစ္ တာ၀န္ေပးအပ္ ခဲ့သည္။ျမန္မာ တပ္ဖြဲ႕ တြင္ ျပင္သစ္ စစ္ဗိုလ္ ပီရီး ဒီမီလာ့ ၏ နာမည္ေက်ာ္ မာစကပ္တီးယားစစ္သည္ မ်ား သည္ ဗလမင္းထင္ ၏ လက္ေအာက္တြင္ ပါ၀င္ခဲ့သည္။မဟာသီဟသူရ သည္ ဘုရင့္ ေရတပ္ ႏွင့္ အတူ ေအာက္တိုဘာ လဆန္း တြင္ ဗန္းေမာ္ သို႔ခ်ီတက္ ခဲ့သည္။ဖူေဟာင္း သည္ မိုးမကုန္မီ ပင္ အေလာင္းအစား ဆန္စြာျဖင့္ ထိုးစစ္ကို စတင္ခဲ့ၿပီး အစီအစဥ္ အတိုင္း ဗန္းေမာ္ ေကာင္းတုံၿမိဳ႕ မ်ားအား သိမ္းပိုက္ရန္ခ်ီတက္ ခဲ့သည္။သို႔ေသာ္လည္း တ႐ုတ္ တပ္မ်ား အား ဗလမင္းထင္ မွ ေကာင္းတုံတြင္ ထိန္းခ်ဳပ္ႏိုင္ခဲ့ ယုံမွ် မက ျမစ္ေၾကာင္း အတိုင္း ခ်ီတက္ လာေသာ တ႐ုတ္ စစ္ေၾကာင္း မ်ား သည္

ျမန္မာေရတပ္ ၾကည္းတပ္ တို႔၏ ႏွစ္ဖက္ညႇပ္ ထိုး စစ္မ်ားေၾကာင့္ အက် အဆုံး အလြန္တရာ မ်ားျပားခဲ့ပါ သည္။ေ႐ႊေညာင္ပင္ ခံတပ္အား သိမ္းပိုက္ႏိုင္ခဲ့ေသာ္ လည္း ေကာင္းတုံ ႏွင့္ ဗန္းေမာ္ မဟာသီရသူရ တပ္မ်ားက တ႐ုတ္ တို႔အား လုံး၀ နီးပါး ဝိုင္းပတ္ ပိတ္ဆို႔ခဲ့ၿပီး ႏို၀င္ဘာလ အတြင္း တြင္ ေ႐ႊေညာင္ပင္ အားျပန္ လည္ သိမ္းပိုက္ ခဲ့သည္။ထိုအခ်ိန္ တြင္ တ႐ုတ္ တပ္မ်ားသည္ ဗန္းေမာ္ ေကာင္းတုံ ေ႐ႊေညာင္ပင္ စက္ဝိုင္း အတြင္း လုံး၀ ပိတ္ဆို႔ ခံလိုက္ရေတာ့သည္။တ႐ုတ္ စစ္သည္ ၂၀၀၀၀ ေက်ာ္ က်ဆုံးၿခဲ့ ပီး ပိတ္ဆို႔ခံရေသာ အခ်ိန္တြင္ မဟာသီဟသူရ သည္ ဖူေဟာင္း ထံေအာက္ပါ အတိုင္း သ၀ဏ္လႊာ ပို႔လိုက္သည္……”အေဆြေတာ္ စစ္သူႀကီး ယခု ငါ သင္တို႔ကို ဝိုင္းထား သည္ ယခု အေျခအေန မွာ ငါတို႔ႏိုင္သည္

သို႔ေသာ္ ယခု သင္ ၏ တပ္ရႈံး ရင္ ေနာက္တတပ္ သင္တို႔ထပ္လာမည္ ေနာက္ တတပ္ ၿပီးေနာက္ တတပ္ ထပ္လာ မည္သို႔ျဖစ္ကား ျပည္သူ တို႔ ကား နားေနရမည္ မဟုတ္ငါတို႔ႏွစ္ဖက္ျပည္သူ အက်ိဳးရည္ ကာ စစ္ေျပၿငိမ္း ရေအာင္ ” ဟု ဆိုေလ သည္။သို႔ျဖစ္ သျဖင့္ ၁၇၆၉ ဒီဇင္ဘာ ၁၃ရက္ေန႔ တြင္ ေကာင္းတုံ တြင္ ေအာက္ပါ အခ်က္မ်ား ပါ၀င္ေသာ စစ္ေျပၿငိမ္း စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည္-၁.. တ႐ုတ္ ျပည္ အတြင္း ခိုလႈံေနေသာျမန္မာ မင္းအား ပုန္စား သူေစာ္ဘြား မ်ား သူပုန္မ်ား အားလုံး လက္ နက္စြန္႔ရမည္ ။၂.. တ႐ုတ္တို႔အေနျဖင့္ျမန္မာ ပိုင္ ရွမ္းေဒသ အား ထိပါးျခင္း မရွိေစရ ျမန္မာ တို႔၏ အခ်ဳပ္ အျခာ ပိုင္နက္ ကိုေလးစား ရမည္ ။၃… ႏွစ္ဘက္ စစ္သုံ႔ ပန္း မ်ားျပန္လႊတ္ ရမည္ ။၄.. ႏွစ္ ဖက္ မင္းမ်ား မဟာမိတ္ အျဖစ္ ခ်စ္ၾကည္စြာ ဆက္ဆံကာ အျပန္အလွန္ သံတဲ မ်ား ထားရွိရမည္။ထိုသို႔ျဖင့္ တ႐ုတ္ျမန္မာ စစ္ပြဲႀကီးၿပီးဆုံး ခဲ့ပါသည္။

Credit : (ၾကယ္နီ)
Via : Sooth

unicode

ရှည်လျား ကျယ်ပြောသော နယ်နိမိတ် ထိစပ်မှုသည် မြန်မာပြည် နှင့် တရုတ်ပြည် အကြား နှစ်ပရိစေဒ ကြာမြင့်စွာ ပြဿ နာ အလျည်း မရှိပဲ ခွဲခြား တည်ရှိခဲ့ပါသည်။မင် မင်းဆက် (၁၃၈၀-၁၃၈၈ အေဒီ) လက်ထက်တွင် တရုတ်တို့သည် ယူနန်နယ် အား ၎င်း တို့၏ နယ်နိမိတ် အဖြစ် ပိုင်ပိုင်နိုင်နိုင် သွမ်းသွင်းနိုင်ခဲ့သည်။တောင်ငူခေတ် ၁၅၅၇ ခုနှစ်တွင် ဘုရင့်နောင် မင်းတရားကြီး သည် ရှမ်းကျိုင်းရုံးကြီး နယ်(ယနေ့ခေတ် ကချင်/ရှမ်း/ကယားနယ်) များအား သိမ်း ပိုက်အောင်နိုင် ခဲ့ပါသည်။သို့သော်ငြားလည်း ဒေသခံ စော်ဘွားများသည် နယ်ချင်း ထိစပ်နေသော တရုတ် ယူနန် ဘုရင်ခံ နှင့်မြန်မာ နေပြည်တော်ထံသို့ နှစ်ဘက် စလုံးအား အခွန် အတုပ်များပေးဆောင်ကာ ၎င်းတို့၏ ပဒေသရာဇ် အုပ်ချုပ်မှု အားဆက်လက် တည်တံ့အောင်ကြီုးစားခဲ့ကြသည်။

နယ်စပ် အခြေအနေ များသည် ချင် မင်းဆက် (၁၇၃၀) လက်ထက် သို့ရောက်ရှိ လာချိန်တွင် ပြောင်းလဲလာခဲ့သည်။ရှမ်းနယ်များ အပေါ် တရုတ်တို့၏ စိတ်ဝင်စားမှုသည် ပိုမိုကာ ထက်သန် လာခဲ့သည်၁၇၃၂ တွင် ယူနန် ဘုရင်ခံ သည် ရှမ်းစော်ဘွား များ အပေါ် အခွန် အတုပ်အား ရုတ်တရက် ၂ဆ တိုးကာ ကောက် ခံ လိုက်သည်။ရှမ်းစော်ဘွားများက ထို အချက်ကို လက်မခံနိုင်ပဲ မြန်မာမင်းထံ တင်ပြခဲ့ရာ မြန်မာ ဘုရင်၏တပ်များ ကောင်းတုံ မြို့တွင် ရှမ်းစော်ဘွားတပ်များနှင့် ပူးပေါင်းကာခံမြို့ တည်ဆောက် ခဲ့ရာ ကွင် မင်းဆက်နှင့် အခြေအနေများ စတင် တင်းမာခဲ့သည်။ပထမ ကျူးကျော်စစ် (၁၇၆၅-၁၇၆၆)၁၇၆၅ နှစ်ဦးပိုင်းတွင် ယိုးဒယားသို့ချီတက် တိုက်ခိုက်ရန်အတွက် ကောင်းတုံ တပ်မှုး ဗိုလ်ချုပ်နေမျိုးသီဟပိုက်၏ တပ်၂၀၀၀၀ သည်မြို့ အားခေတ္တ စွန့်ခွာခဲ့သည်။ထို အချိန်ကို အခွင့်ကောင်းယူကာ ယူနန် ဘုရင်ခံလျူ သည် နယ်စပ်တွင် ကုန်သည် အချင်းချင်းဖြစ်ပွားသော အချင်းများမှုကိုခုတုံးလုပ်ကာ ၁၇၆၅ ဒီဇင်ဘာတွင် မြန်မာ့ ပိုင်နက်အတွင်း စတင်ကျူးကျော် ခဲ့သည်။

၃၅၀၀၀ ခန့် အင်အားရှိ ပီကင်းနေပြည်တော်မှ အစိမ်းရောင် ကိုယ်ကြပ် တပ်ဖွဲ့နှင့် ယူနန် ထိုင်း တပ်ဖွဲ့ များသည် ကောင်းတုံမြို့ အား လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့သော်လည်းတလ အကြာတွင် နေပြည်တော်မှ ဗိုလ်ချုပ်နေမျိုးစည်သူ၏ တပ်များမှ လာရောက် တိုက်ခိုက်ရာတရုတ် တို့သည် မခံနိုင်တော့ ပဲ ဆုတ်ခွာ ခဲ့ရာ နေမျိုးစည်သူ သည် ယူနန် နယ် ပျူ အာ လွင်ပြင် အထိ တရုတ် တို့အား လိုက်လံ တိုက်ခိုက်ခဲ့သည်။ပထမ စစ်ပွဲတွင် တရုတ် စစ် သည် ၃၀၀၀၀ ခန့် မြန်မာတို့၏လက်ချက်အစာရေစာပြတ်လပ်မှုနှင့် ရောဂါ ဘယ တို့ကြောင့်ကျဆုံးခဲ့ရသည်။ယူနန် ဘုရင်ခံ လျူ သည် စစ်ပွဲ ၏ ရှုံးနိမ့်မှုကြောင့် မိမိကိုယ် မိမိ လည်ချောင်း ကိုဖြတ်ကာ အဆုံးစီရင်ခဲ့သည်။အဆိုပါ ရှုံးနိမ့် မှုကြောင့် ကွင်မင်းကြီးသည် အပြင်းအထန်ဒေါသပုန်ထခဲ့ပြီး ဇီကျန်းနှင့် ဂွမ်ဇိုး နယ်များအား အောင်နိုင်ခဲ့သော နာမည်ကျော် စစ်သူကြီး ရန်ရင်ဂျူး အား ပြည်သိမ်း တပ်ဖွဲ့ ၏ စတိအဖြစ်သေနာပတိ အဖြစ်ခန့် အပ်ခဲ့သည်။

ဒုတိယ ကျူးကျော်စစ် ( ၁၇၆၆-၁၇၆၇)၁၇၆၆ နွေဦး တွင် ပြည်သိမ်း တပ်ဖွဲ့ အား စစ်သူကြီး ရန် က စတင်ကွပ်ကဲမှု ယူခဲ့သည်။ရန်သည် ကောင်းတုံ အားကျော်လွှား ကာ အထက် ဗမာပြည် အား တိုက်ရိုက် ထိုးစစ်ဆင်ရန် အစီအစဉ် ရေးဆွဲ ခဲ့သည်။အဆုံး စွန်သော ရည်မှန်းချက် မှာမြန်မာပြည် တပြည်လုံးအား ကွင်နိုင်ငံတော် အတွင်းသို့သွတ် သွင်းရေး ပင်ဖြစ်သည်။ရန်သည် ဗန်းမော်မြို့ ကို တိုက်ခိုက်ခြေကုတ် ယူ ပြီး အင်း၀ ကို တိုက်ရိုက် ချီတက်ရန်ဖြစ် သည်။မြန်မာတို့ သည် တရုတ် တို့၏ စီမံချက် ကို ကြို တင် ရိပ်စားမိခဲ့ပြီး ဧရာဝတီမြစ်ကြောင်း တလျောက် ခံစစ် အစီအစဉ် များကောင်းစွာပြင် ဆင် ထားခဲ့သည်။စစ်သူကြီး မဟာသီဟသူရ သည် ဗန်းမော်မြို့ အား လက်လွှတ်ရန် အမိန့်ပေး ခဲ့ပြီး ဗန်းမော်မြို့ တောင်ဘက် မိုင် အနည်းငယ် သာဝေးသော ကောင်းတုံမြို့တွင်စစ်သည် အင်အား ၂၅၀၀၀ ပြင်သစ် လူမျိုး အမြောက်တပ်ဖွဲ့ များနှင့် ခံစစ် ကို ခိုင်မာအောင်ပြင်ဆင် ထားခဲ့ သည်။

ထို့အတူ ယူနန်နယ်ခြား ကန်ဟောင်းမြို့ မှ မဟာသီဟ သူရ အားလည်း တောင်ဘက်ခြမ်းမှ ပတ်ကာ ဗန်းမော် သို့ချီတက်စေသည်။ဗန်းမော်-ကောင်းတုံထောင်ချောက်ချင် စစ်သည် တို့သည် ၁၇၆၆ ဒီဇင်ဘာ တွင် ဗန်းမော်အား အခုအခံ မရှိ သိမ်းပိုက် ခဲ့ပြီး ထောက်ပံ့ရေးစခန်း အဖြစ်အခြေချ ခဲ့သည်။ကောင်းတုံ အား ဆက်လက် တိုက်ခိုက်ခဲ့သော် လည်း ဗလမင်းထင်၏ ခုခံမှုကြောင့်တရုတ် တို့ အကျအဆုံးများခဲ့သည်။ဒီဇင်ဘာလကုန် တွင် မဟာသီဟသူရ ၏ တပ်များတောင်ဘက် ရှမ်းတောင်တန်းများ ဆီမှ ဆင်းသက်လာသဖြင့် တရုတ် ၄၅၀၀၀ ခန့် မှ ဗန်းမော်မြို့အတွင်း ပိတ်မိတော့သည်။တရုတ်တို့ အင်အား စိတ်ဓာတ်ပိုင်း ကျဆင်းလာချိန်တွင် မြန်မာတို့သည် ထိုးစစ်ကြီး ဆင်နွဲတော့သည်။

စစ်မျက်နှာနှစ်ဖက် ရင်ဆိုင်ရသော တရုတ်တို့သည် မခံနိုင်တော့ပဲ အရှေ့မြောက်ဘက် ယူနန်နယ် အတွင်း သို့ ဧရာဝတီမြစ်ရိုး အတိုင်း ဆုတ်ခွာ ရာ မြစ်၏ အရှေ့မှဗလမင်းထင် ၏ တပ်ဖွဲ့များ အနောက် ဘက် မှ မဟာသီဟသူရ ၏ တပ်ဖွဲ့များမှ ထက်ကြပ် လိုက်လံ စစ်ဆင်ချေမှုန်းခဲ့ရာ ယူနန်နယ် အတွင်းရှိ တရုတ် ပိုင် မြို့ ၇မြို့ အား ဆက်လက် သိမ်းပိုက် ရရှိခဲ့သည်။အောင်နိုင်သူမြန်မာ တပ်များ သည် အမြောက် လက်နက်ရွှေငွေ များအား တရုတ်မြို့ များမှ သိမ်းဟူ ကာမေလတွင်အင်းဝနေပြည်တော်သို့ပြန်လည်ရောက်ရှိခဲ့သည်။တရုတ် ဧကရာဇ် ချင်းလုံ သည် စစ်သူကြီး ရန် အား မိမိကိုယ် မိမိ အဆုံးစီရင်ရန် အမိန့် ချမှတ်ခဲ့ သည်။

တိယ ကျူးကျော်စစ် (၁၇၆၇-၁၇၆၈)စစ်ပွဲ ၂ ကြိမ် ရှုံးနိမ့်ပြီးနောက် တရုတ် ဧကရာဇ် သည်မြန်မာ တို့အား နိုင်ငံငယ် ဟူပြီး အထင်မသေး ဝံ့ တော့ချေ။၁၇၆၇ တွင် မန်ချူး နာမည်ကျော် စစ်သူကြီး မင်းယွေ့ အား စစ်သေနာပတိ ခန့် အပ်ခဲ့သည်။မင်းယွေ့သည် ဧကရာဇ် ၏ သမက်တော် လည်းဖြစ်သည်။မင်းယွေ့ သည် မိုးကုန်ပိုင်း တွင် စစ်ကြောင်း ၂ကြောင်း ခွဲကာ ထိုးစစ် ဆင်ရန် စီစဉ် ခဲ့သည်ပင်မ စစ်ကြောင်း ကို ၎င်းကိုယ်တိုင် ဦးစီးကာ နမ္မတူချောင်း အတိုင်းလာရှိုး ကို သိမ်းပိုက်ရန်နှင့်ဗိုလ်ချုပ် အီတန်ဂီ ဦးစီး သည့် ဒုတိယစစ်ကြောင်း သည် ဗန်းမော် လမ်းကြောင်း အတိုင်း ချီတက် ရန်ဖြစ်သည်။စစ်ဆင်ရေးရည်မှန်းချက် မှာ အင်းဝြမို့တော် အား အရှေ့ အနောက်နှစ်ဖက် ညှပ်ရန်ဖြစ်သည်။မြန်မာ တို့ သည် အီတန်ဂီ ၏ ဒုတိယစစ်ကြောင်းအားကောင်းတုံ မှနေမျိုးစည်သူ ဦးစီးထိန်းချုပ်ပြီး

ဗလမင်းထင်နှင့် မဟာသီဟသူရ တို့၏ တပ်များ က အရှေ့မြောက်ဘက် တွင် ပင်မ စစ်ကြောင်းအား ထိန်းချုပ်ရန်ဖြစ်သည်။၁၇၆၇ နိုဝင်ဘာ တွင် မင်းယွေ့၏ တပ်များ သည် ဗန်းမော် ကို သိမ်းပိုက်ပီး ကောင်းတုံတောင်ဘက် ဟန်စင် အား ရိက္ခာထောက် စခန်းအဖြစ် စစ်သည် ၅၀၀၀ နှင့် အစောင့် ချထားခဲ့သည်။စစ်သည် ၁၅၀၀၀၀ ဖြင့် အင်း၀ သို့ဆက်လက် ချီတက်ခဲ့သည်။ဒီဇင်ဘာနှောင်းပိုင်းတွင် ဂုတ်ထိပ် တွင် နေမျိုးစည်သူ တပ်များနှင့် ရင်ဆိုင် ခဲ့ရာ သီဟစည်သူ တပ်များ ဆုတ် ခွာပေးခဲ့ ရသည်။ထိုအချိန် တွင် မဟာ သီဟသူရ ၏ တပ်များသည် ဟတ်စင် အားနောက်ပိုင်းမှ ဝင်ရောက် တိုက်ခိုက်ပြီးရန်သူ့ ရိက္ခာထောက်လမ်း အားဖြတ်တောက် ခဲ့သည်။မင်းယွေ့ တပ်များ သည် ဆုတ်ခွာသွားသောနေမျိုးစစ်သူ ၏ တပ်များနောက်သို့တောက်လျောက် လိုက်ခဲ့ရာ

၁၇၆၈ နှစ်ဦးတွင် အင်းဝမြို့ မြောက်ဘက် မိုင် ၃၀ အကွာ စဉ့် ကူးမြို့ သို့ ရောက်ရှိ လာခဲ့သည်။သို့သော် လည်း တောင်ဘက် မှ အီတန်ဂီ ၏ တပ်များကို မဟာသီဟသူရ မှ ထိန်းချုပ်နိုင်ခဲ့ သဖြင့် တပ်မနှစ်ဖက် မှာ ဟန်ချက်ပျက် သွားခဲ့သည်။အင်း၀ ခံစစ် တွင် ဆင်ဖြူရှင် မင်း ကိုယ်တိုင် ဦးစီးပြီး စဉ့်ကူ ရှိ တရုတ်တို့ကို တန်ပြန် ထိုးစစ်ဆင်နွဲရန် ညီတော်မင်းသားများနှင့် တိုက်ပွဲဝင်ခဲ့သည်။တရုတ်တို့ ၏ ရှည်လျား လှသော ထောက်ပံ့ရေး လမ်းကြောင်း အား ဗိုလ်မှူး တိမ်ကြားမင်းခေါင် ၏ ပြောက် ကျား တပ်ဖွဲ့ များ က အဆက်မပြတ်ဖြတ်တောက် တိုက်ခိုက်ကြ သဖြင့် တရုတ်တို့မှာ ရိက္ခာ ခဲယမ်း များစွာ အခက် အခဲတွေ့လာခဲ့သည်။မင်းယွေ့ ၏ အခြေအနေ သည် ခံစစ်သို့ ကူးပြောင်း လာခဲ့သည် တောင်ဘက် မှ အီတန်ဂီ ၏ ဒုတိယ စစ်ကြောင်း သည် လည်း ကောင်းတုံ မှ အကျ အဆုံးများ စွာ ဖြင့် ဆုတ်ခွာ ခဲ့ရ သဖြင့်

မင်ယွေ့သည် ဆုတ် ခွာ ရန်ပြင်ဆင်ခဲ့ပြီး ၁၇၆၈ နှစ်ဦး တွင် ဆုတ်ခွာခဲ့ပြီး မင်ယွေ့သည် ဟန်ဆင် ရောက်သည် တွင် အဆုံးစီရင် ခဲ့သည်။ထောင်ပါင်း များစွာသော တရုတ် ဧကရာဇ် ၏ နာမည်ကျော် အလံကိုင် တပ်ဖွဲ့ (Bannerman) ဝင် များသည် ရှမ်းတောင်တန်း တကြော တွင် မြန်မာ တို့၏ တိုက်ခိုက်မှု ရောဂါဘယ တို့ကြောင့် သေဆုံး ခဲ့ရသည်။စတုထ္တ ကျူးကျော်စစ် (၁၇၆၉)ကွင်လောင် ဧကရာဇ် သည် ၎င်း ၏ ဝါရင့် စစ်သူကြီး ဖူဟောင်း အား အလံကိုင် တပ်ဖွဲ့ဝင် ၆၀၀၀၀ အား ကွပ် ကဲရန် တာဝန်ပေးအပ် ခဲ့သည်။ဖူဟောင်းသည် တပ်တော် ၃ခုဖြင့် စစ်မျက်နှာ ၃ခု မှ တိုက်ခိုက်ရန် စီမံ ခဲ့သည်။စစ်ကြောင်း ၁ခု သည် ဗန်းမော်နှင့်ကောင်းတုံ အား တိုက်ခိုက်ရန်။အခြား တပ်တော် ၂ခု သည် ဗန်းမော်နှင့် ကောင်း တုံ အားရှောင်ကွင်း ကာ ဧရာဝတီ မြစ်ကမ်း တစ်ဖက် တစ်ချက် မှ မြစ်ရိုး အတိုင်း အင်း၀ သို့စုန်ဆင်း တိုက်ခိုက်ရန်။

မြစ် အတွင်းမှ တပ်တော်အား အထောက် အကူပြုရန် ဖူဂျီရန်ရေတပ်ဖွဲ့ မှ စစ်လှေ ရာပေါင်းများစွာ ပါဝင်ပါသည်။မြန်မာ တို့သည် မဟာသီဟသူရ အား စစ်သေနာပတိ အဖြစ်ခန့်အပ် ကာ ဗလမင်းထင် အားကောင်းတုံ တပ်မှူး အဖြစ် တာဝန်ပေးအပ် ခဲ့သည်။မြန်မာ တပ်ဖွဲ့ တွင် ပြင်သစ် စစ်ဗိုလ် ပီရီး ဒီမီလာ့ ၏ နာမည်ကျော် မာစကပ်တီးယားစစ်သည် များ သည် ဗလမင်းထင် ၏ လက်အောက်တွင် ပါဝင်ခဲ့သည်။မဟာသီဟသူရ သည် ဘုရင့် ရေတပ် နှင့် အတူ အောက်တိုဘာ လဆန်း တွင် ဗန်းမော် သို့ချီတက် ခဲ့သည်။ဖူဟောင်း သည် မိုးမကုန်မီ ပင် အလောင်းအစား ဆန်စွာဖြင့် ထိုးစစ်ကို စတင်ခဲ့ပြီး အစီအစဉ် အတိုင်း ဗန်းမော် ကောင်းတုံမြို့ များအား သိမ်းပိုက်ရန်ချီတက် ခဲ့သည်။သို့သော်လည်း တရုတ် တပ်များ အား ဗလမင်းထင် မှ ကောင်းတုံတွင် ထိန်းချုပ်နိုင်ခဲ့ ယုံမျှ မက မြစ်ကြောင်း အတိုင်း ချီတက် လာသော တရုတ် စစ်ကြောင်း များ သည်

မြန်မာရေတပ် ကြည်းတပ် တို့၏ နှစ်ဖက်ညှပ် ထိုး စစ်များကြောင့် အကျ အဆုံး အလွန်တရာ များပြားခဲ့ပါ သည်။ရွှေညောင်ပင် ခံတပ်အား သိမ်းပိုက်နိုင်ခဲ့သော် လည်း ကောင်းတုံ နှင့် ဗန်းမော် မဟာသီရသူရ တပ်များက တရုတ် တို့အား လုံး၀ နီးပါး ဝိုင်းပတ် ပိတ်ဆို့ခဲ့ပြီး နိုဝင်ဘာလ အတွင်း တွင် ရွှေညောင်ပင် အားပြန် လည် သိမ်းပိုက် ခဲ့သည်။ထိုအချိန် တွင် တရုတ် တပ်များသည် ဗန်းမော် ကောင်းတုံ ရွှေညောင်ပင် စက်ဝိုင်း အတွင်း လုံး၀ ပိတ်ဆို့ ခံလိုက်ရတော့သည်။တရုတ် စစ်သည် ၂၀၀၀၀ ကျော် ကျဆုံးခြဲ့ ပီး ပိတ်ဆို့ခံရသော အချိန်တွင် မဟာသီဟသူရ သည် ဖူဟောင်း ထံအောက်ပါ အတိုင်း သဝဏ်လွှာ ပို့လိုက်သည်……”အဆွေတော် စစ်သူကြီး ယခု ငါ သင်တို့ကို ဝိုင်းထား သည် ယခု အခြေအနေ မှာ ငါတို့နိုင်သည်

သို့သော် ယခု သင် ၏ တပ်ရှုံး ရင် နောက်တတပ် သင်တို့ထပ်လာမည် နောက် တတပ် ပြီးနောက် တတပ် ထပ်လာ မည်သို့ဖြစ်ကား ပြည်သူ တို့ ကား နားနေရမည် မဟုတ်ငါတို့နှစ်ဖက်ပြည်သူ အကျိုးရည် ကာ စစ်ပြေငြိမ်း ရအောင် ” ဟု ဆိုလေ သည်။သို့ဖြစ် သဖြင့် ၁၇၆၉ ဒီဇင်ဘာ ၁၃ရက်နေ့ တွင် ကောင်းတုံ တွင် အောက်ပါ အချက်များ ပါဝင်သော စစ်ပြေငြိမ်း စာချုပ် ချုပ်ဆိုခဲ့သည်-၁.. တရုတ် ပြည် အတွင်း ခိုလှုံနေသောမြန်မာ မင်းအား ပုန်စား သူစော်ဘွား များ သူပုန်များ အားလုံး လက် နက်စွန့်ရမည် ။၂.. တရုတ်တို့အနေဖြင့်မြန်မာ ပိုင် ရှမ်းဒေသ အား ထိပါးခြင်း မရှိစေရ မြန်မာ တို့၏ အချုပ် အခြာ ပိုင်နက် ကိုလေးစား ရမည် ။၃… နှစ်ဘက် စစ်သုံ့ ပန်း များပြန်လွှတ် ရမည် ။၄.. နှစ် ဖက် မင်းများ မဟာမိတ် အဖြစ် ချစ်ကြည်စွာ ဆက်ဆံကာ အပြန်အလှန် သံတဲ များ ထားရှိရမည်။ထိုသို့ဖြင့် တရုတ်မြန်မာ စစ်ပွဲကြီးပြီးဆုံး ခဲ့ပါသည်။

Credit : (ကြယ်နီ)
Via : Sooth

Leave a Reply

Your email address will not be published. Required fields are marked *