တပ္မေတာ္အား ႏိုင္ငံတကာမွအေရးယူေပးရန္ စစ္ေရွာင္မ်ားေတာင္းဆို(ျပည္သူ့ဆီကအစိုးရတပ္မေတာ္ သားေတြခိုး ယူ သြားတဲ့ ပစၥည္းေတြကိုျပန္ေပးပါ……)

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများလုပ်ဆောင်နေတဲ့ တပ်မတော်ကို နိုင်ငံတကာမှအရေးယူပေးဖို့အတွက်ရခိုင်စစ်ဘေးရှောင်တွေကဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။အဆိုပါတောင်းဆိုဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လည် ၂နာရီကျော်အချိန်က ကျောက်တော်မြို့ပေါ်မှာပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲမှာ ”တပ်မတော်တို့ချဲ့စစ်အင်အားနှင့်စစ်စခန်းများအား ချက်ချင်း ရုပ်သိမ်းပေး။” ”အကြမ်းဖက်ကျူးလွန်နေသောအစိုးရတပ်မတော်မှတာဝန်ရှိသူများအား ချက်ချင်း အရေးယူပေး။” ”ရွာသားပိုင်ပစ္စည်းများကို ရွာသားများအား လွတ်လပ်စွာ သယ်ယူခွင့်ချက်ချင်းပေး။” ”ရွာသားများအား ရွာသို့ လွတ်လပ်စွာ သွားလာခွင့် ချက်ချင်းပေး။

” ”တပ်မတော်သားများ ရွာမှမတရားယူဆောင်သွားသော စပါး၊ဆန်၊နွား၊ဝက်၊ဆိတ်၊သစ်၊ဆိုင်ကယ်၊ထွေလာဂျီ၊ထွန်စက်၊ရေစုပ်စက်၊စက်ဘီးနှင့်အခြားပစ္စည်းများအား ချက်ချက်းပြန်ပေး။’ ”ရွာနှင့်အနီဝန်းကျင်၌မြုပ်ထားသောမြေမြုပ်မိုင်းများအား ချက်ချင်းဖယ်ရှာပေး။”စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

https://www.myanmaplatform.com/a/53593.html
#MyanmaPlatform #News #Domestic
Photo – Kaung Mrat Naing / MPA

zawgyi

ရခိုင္ျပည္နယ္အတြင္း အၾကမ္းဖက္မႈမ်ားလုပ္ေဆာင္ေနတဲ့ တပ္မေတာ္ကို ႏိုင္ငံတကာမွအေရးယူေပးဖို႔အတြက္ရခိုင္စစ္ေဘးေရွာင္ေတြကဆႏၵျပေတာင္းဆိုလိုက္ၾကပါတယ္။အဆိုပါေတာင္းဆိုဆႏၵျပပြဲကို ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ ေန႔လည္ ၂နာရီေက်ာ္အခ်ိန္က ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီဆႏၵျပပြဲမွာ ”တပ္မေတာ္တို႔ခ်ဲ႕စစ္အင္အားႏွင့္စစ္စခန္းမ်ားအား ခ်က္ခ်င္း ႐ုပ္သိမ္းေပး။” ”အၾကမ္းဖက္က်ဴးလြန္ေနေသာအစိုးရတပ္မေတာ္မွတာဝန္ရွိသူမ်ားအား ခ်က္ခ်င္း အေရးယူေပး။” ”႐ြာသားပိုင္ပစၥည္းမ်ားကို ႐ြာသားမ်ားအား လြတ္လပ္စြာ သယ္ယူခြင့္ခ်က္ခ်င္းေပး။” ”႐ြာသားမ်ားအား ႐ြာသို႔ လြတ္လပ္စြာ သြားလာခြင့္ ခ်က္ခ်င္းေပး။တပ္မေတာ္သားမ်ား ႐ြာမွမတရားယူေဆာင္သြားေသာ စပါး၊ဆန္၊ႏြား၊ဝက္၊ဆိတ္၊သစ္၊ဆိုင္ကယ္၊ေထြလာဂ်ီ၊ထြန္စက္၊ေရစုပ္စက္၊စက္ဘီးႏွင့္အျခားပစၥည္းမ်ားအား ခ်က္ခ်က္းျပန္ေပး။’ ”႐ြာႏွင့္အနီဝန္းက်င္၌ျမဳပ္ထားေသာေျမျမဳပ္မိုင္းမ်ားအား ခ်က္ခ်င္းဖယ္ရွာေပး။”စတဲ့ အခ်က္ေတြကို ေတာင္းဆိုခဲ့ၾကပါတယ္။

https://www.myanmaplatform.com/a/53593.html
#MyanmaPlatform #News #Domestic
Photo – Kaung Mrat Naing / MPA

Leave a Reply

Your email address will not be published. Required fields are marked *