အိႏၵိယက Oxford ကိုဗစ္ကာကြယ္ေဆးကို ယေန႔ကစၿပီး ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြကို တင္ပို႔ၿပီ

အိႏၵိယႏိုင္ငံက ကာကြယ္ေဆးသံတမန္ဆိုင္ရာအရ လာမယ့္သီတင္းပတ္အနည္းငယ္အတြင္း ကိုဗစ္ကာကြယ္ေဆးေတြကို အိမ္နီးခ်င္းႏိုင္ငံေတြကို တင္ပို႔ဖို႔စီစဥ္ေနေၾကာင္း သိရပါတယ္။ ျမန္မာႏိုင္ငံဟာလည္း ဒီအပတ္ထဲမွာပဲ ဦးစားေပးအေနနဲ႔ ပထမအသုတ္ကိုရရွိမယ္လို႔ဆိုပါတယ္။ပထမဆုံးအေနနဲ႔ ျမန္မာႏိုင္ငံအပါအဝင္ နီေပါ၊ဘူတန္၊ ဘဂၤလားေဒ့ရွ္၊ သီရိလကၤာ၊ အာဖဂန္နစၥတန္၊ ေမာ္လ္ဒိုက္စ္ႏိုင္ငံတို႔ကို ျဖန႔္ေဝဖို႔ စီစဥ္ေနပါတယ္။ ပထမဆုံး ကာကြယ္ေဆးတင္ပို႔မႈဟာ ခ်စ္ၾကည္ေရးအျပဳအမူတစ္ရပ္ျဖစ္ၿပီး ေနာက္ပိုင္းမွာ သက္ဆိုင္ရာႏိုင္ငံေတြအေနနဲ႔ ကာကြယ္ေဆးထုတ္လုပ္ရာ Serum Institute ဒါမွမဟုတ္ Bharat Biotech ကေန ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။

အိႏၵိယႏိုင္ငံမွာေတာ့ ကိုဗစ္ကာကြယ္ေဆးထိုးႏွံမႈအစီအစဥ္ကို စေနေန႔က စတင္ေနၿပီး ပထမဆုံးေန႔မွာပဲ လူေပါင္း ၁.၉ သိန္းေက်ာ္ ကာကြယ္ေဆးထိုးေပးၿပီး ျဖစ္ပါတယ္။ နီေပါႏိုင္ငံက အိႏၵိယအစိုးရထံ ကာကြယ္ေဆး အကူအညီေနာက္ဆုံးေတာင္းခံထားပါတယ္။ျမန္မာအစိုးရကလည္း အိႏၵိယ Serum Institute ထံက ကာကြယ္ေဆးဝယ္ယူဖို႔ လက္မွတ္ေရးထိုးထားေၾကာင္း ေၾကညာထားၿပီး ဘဂၤလားေဒ့ရွ္ကလည္း ဝယ္ယူဖို႔ သေဘာတူညီထားပါတယ္။ ထို႔အတူ သီရိလကၤာႏိုင္ငံအတြက္လည္း ကာကြယ္ေဆးရရွိဖို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး အက္စ္ဂ်ိဳင္းရွန္ကာက ကတိေပးထားေၾကာင္း သိရပါတယ္။

အိႏၵိယကာကြယ္ေဆးအတြက္ ႏိုင္ငံျခားတိုင္းျပည္ေတြအေနနဲ႔ ပိုၿပီး ကုန္က်ဖြယ္မရွိဘူးလို႔လည္း အိႏၵိယအစိုးရသတင္းရပ္ကြက္ကဆိုပါတယ္။ ဒါအျပင္ ျပည္ပကို မတင္ပို႔ခင္ ႏိုင္ငံတြင္း ထိုးႏွံဖို႔ ကာကြယ္ေဆး အလုံအေလာက္ရွိေၾကာင္းလည္း ေျပာၾကားထားပါတယ္။

ႏိုင္ငံျခားတိုင္းျပည္ေတြအေနနဲ႔ အိႏၵိယအစိုးရက်န္းမာေရးအဖြဲ႕အစည္းေတြနဲ႔ ကုမၸဏီေတြကတဆင့္ သက္ဆိုင္ရာကုမၸဏီေတြႏွစ္ခုကေန ကာကြယ္ေဆး ဝယ္ယူႏိုင္တယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ ဘရာဇီးလ္ Fiocruz Institute က Serum Institute နဲ႔ သေဘာတူညီထားၿပီး ယူေအအီး၊ ေဆာ္ဒီအာေရးဗီးယား၊ ေမာ္႐ိုကိုနဲ႔ ေတာင္အာဖရိကတို႔လည္း သေဘာတူညီထားတယ္လို႔ သိရပါတယ္။

MyanmaPlatform

unicode

အိန္ဒိယနိုင်ငံက ကာကွယ်ဆေးသံတမန်ဆိုင်ရာအရ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း ကိုဗစ်ကာကွယ်ဆေးတွေကို အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ဖို့စီစဉ်နေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဟာလည်း ဒီအပတ်ထဲမှာပဲ ဦးစားပေးအနေနဲ့ ပထမအသုတ်ကိုရရှိမယ်လို့ဆိုပါတယ်။ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံအပါအဝင် နီပေါ၊ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်စ်နိုင်ငံတို့ကို ဖြန့်ဝေဖို့ စီစဉ်နေပါတယ်။ ပထမဆုံး ကာကွယ်ဆေးတင်ပို့မှုဟာ ချစ်ကြည်ရေးအပြုအမူတစ်ရပ်ဖြစ်ပြီး နောက်ပိုင်းမှာ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးထုတ်လုပ်ရာ Serum Institute ဒါမှမဟုတ် Bharat Biotech ကနေ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို စနေနေ့က စတင်နေပြီး ပထမဆုံးနေ့မှာပဲ လူပေါင်း ၁.၉ သိန်းကျော် ကာကွယ်ဆေးထိုးပေးပြီး ဖြစ်ပါတယ်။ နီပေါနိုင်ငံက အိန္ဒိယအစိုးရထံ ကာကွယ်ဆေး အကူအညီနောက်ဆုံးတောင်းခံထားပါတယ်။မြန်မာအစိုးရကလည်း အိန္ဒိယ Serum Institute ထံက ကာကွယ်ဆေးဝယ်ယူဖို့ လက်မှတ်ရေးထိုးထားကြောင်း ကြေညာထားပြီး ဘင်္ဂလားဒေ့ရှ်ကလည်း ဝယ်ယူဖို့ သဘောတူညီထားပါတယ်။ ထို့အတူ သီရိလင်္ကာနိုင်ငံအတွက်လည်း ကာကွယ်ဆေးရရှိဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်းရှန်ကာက ကတိပေးထားကြောင်း သိရပါတယ်။

အိန္ဒိယကာကွယ်ဆေးအတွက် နိုင်ငံခြားတိုင်းပြည်တွေအနေနဲ့ ပိုပြီး ကုန်ကျဖွယ်မရှိဘူးလို့လည်း အိန္ဒိယအစိုးရသတင်းရပ်ကွက်ကဆိုပါတယ်။ ဒါအပြင် ပြည်ပကို မတင်ပို့ခင် နိုင်ငံတွင်း ထိုးနှံဖို့ ကာကွယ်ဆေး အလုံအလောက်ရှိကြောင်းလည်း ပြောကြားထားပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေအနေနဲ့ အိန္ဒိယအစိုးရကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေကတဆင့် သက်ဆိုင်ရာကုမ္ပဏီတွေနှစ်ခုကနေ ကာကွယ်ဆေး ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဘရာဇီးလ် Fiocruz Institute က Serum Institute နဲ့ သဘောတူညီထားပြီး ယူအေအီး၊ ဆော်ဒီအာရေးဗီးယား၊ မော်ရိုကိုနဲ့ တောင်အာဖရိကတို့လည်း သဘောတူညီထားတယ်လို့ သိရပါတယ်။

MyanmaPlatform

Leave a Reply

Your email address will not be published. Required fields are marked *