ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးေသာ ေဈးဆိုင္ခန္းမ်ားပါဝင္သည့္ လူသြားဉမင္ ေဆာက္လုပ္ေနမႈ ပထမတစ္ပိုင္းသည္ (၉၅)ရာခိုင္ႏႈန္းထိ ၿပီးစီး…

မန္မာႏိုင္ငံရဲ႕ ပထမဆုံးေသာ ေဈးဆိုင္ခန္းမ်ားပါဝင္သည့္ လူသြားဉမင္ ေဆာက္လုပ္ေနမႈပထမတစ္ပိုင္းသည္ (၉၅)ရာခိုင္ႏႈန္းထိ ၿပီးဆုံးသြားျဖစ္ေၾကာင္းရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဝင္ တစ္ဦးမွေျပာၾကားသြားပါသည္အဆိုပါ အဖြဲ႕ဝင္တစ္ဦး၏‌ ေျပာၾကားခ်က္အရလူသြားဉမင္ (Underpass) ကို အပိုင္း ၂ ပိုင္းခြဲေဆာက္လုပ္ေနတာျဖစ္ေၾကာင္းနဲ႔ ဒုတိယတစ္ပိုင္းမွာလည္း(၇၅) ရာခိုင္ႏႈန္းထိ ၿပီးစီးေနၿပီျဖစ္ေၾကာင္သိရွိရပါသည္။အပူခ်ိန္ျမင့္တက္လာသည့္ႏွင့္အမွ် အလိုအေလ်ာက္ေရျဖန္းသည့္စနစ္ကို တပ္ဆင္ထားပါသည္။ကိုဗစ္ (၁၉) ကာလတြင္ ေလဝင္ေလထြက္စနစ္လည္းအေရးႀကီးသည္ျဖစ္ေသာေၾကာင့္ FCU (Fan Coil- Unit)၅ခု တပ္ဆင္ထားၿပီး ေလသန႔္မ်ားကိုထုတ္ေပးမည္ျဖစ္သည္။

ေလပူေတြကို ျပန္ထုတ္ေပးႏိုင္ေသာ Exhaust-Fan ၄ လုံးတပ္ဆင္ထားေၾကာင္းကိုလည္း သိရွိရပါသည္။ဒါ့အျပင္ ငလ်င္ဒဏ္ႏွင့္ပတ္သက္ၿပီး ထည့္သြင္းစဥ္းစားဒီဇိုင္းဆြဲသည့္အခါမွာလည္း ျမန္မာႏိုင္ငံတြင္ ၁၉၃၀ဝန္းက်င္ေလာက္က ျဖစ္ပြားခဲ့ေသာ ပဲခူးငလ်င္ ၇.အဆင့္ရွိ အျပင္းထန္ဆုံးငလ်င္ဒဏ္ကို အေျခခံၿပီးသဘာဝေဘးအႏၲရာယ္ကိုပါ ခံႏိုင္ရည္ရွိေအာင္လူသြားဉမင္ကို တည္ေဆာက္ထားျခင္းျဖစ္ပါသည္လူသြားဉမင္ (Underpass)ရဲ႕ ထူးျခားခ်က္ကေတာ့ဂရိတ္ -၃၅ အဆင့္ သံကြန္ကရစ္ကိုသာအသုံးျပဳထားၿပီး တန္ ၆၀ေက်ာ္ကုန္တင္ယာဥ္မ်ားပါသြားလာႏိုင္ေၾကာင္း စစ္ေဆးစမ္းသပ္ၿပီးျဖစ္ေသာေၾကာင့္ အမ်ားျပည္သူမ်ားစိတ္ခ်စြာသြားလာႏိုင္မည္ျဖစ္သည္။

TTC ပညာေရးေကာလိပ္အနီး ျပည္လမ္းမေပၚသည္ေရစီးေရလာေကာင္းမြန္သည့္အတြက္ ၁၀ႏွစ္တာမိုး‌‌ေရခ်ိန္ကိုပါ တြက္ခ်က္၍ ေရလွ်ံျခင္းမရွိေစရန္အဆင့္မွီတည္ေဆာက္ထားေၾကာင္းကိုလည္းထပ္မံေျပာၾကားသြားေလသည္။လူသြားဉမင္အတက္အဆင္းေနရာ အမိုးကိုေတာ့လိပ္ခုံးအသြင္ ဒီဇိုင္းဆြဲထားၿပီး ေဈးဆိုင္တြဲမ်ားအျပင္႐ိုး႐ိုးေလွကား၊ စက္ေလွကားအျပင္မသန္စြမ္းသူမ်ားနဲ႔ အသက္ႀကီးသူမ်ားပါအဆင္ေျပေျပသြားလာႏိုင္ေစရန္ ဓာတ္ေလွကားမ်ားကိုတပ္ဆင္ထားပါသည္။ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလကုန္တြင္လူသြားဉမင္တည္ေဆာက္ေရးလုပ္ငန္းမ်ားကိုအၿပီးစီးေဆာက္လုပ္ႏိုင္ရန္ ရည္႐ြယ္လုပ္ေဆာင္ေနေၾကာင္းကိုလည္း သိရွိရပါေသးသည္။

CRD_ShweProperty.com

unicode

မန်မာနိုင်ငံရဲ့ ပထမဆုံးသော ဈေးဆိုင်ခန်းများပါဝင်သည့် လူသွားဉမင် ဆောက်လုပ်နေမှုပထမတစ်ပိုင်းသည် (၉၅)ရာခိုင်နှုန်းထိ ပြီးဆုံးသွားဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးမှပြောကြားသွားပါသည်အဆိုပါ အဖွဲ့ဝင်တစ်ဦး၏‌ ပြောကြားချက်အရလူသွားဉမင် (Underpass) ကို အပိုင်း ၂ ပိုင်းခွဲဆောက်လုပ်နေတာဖြစ်ကြောင်းနဲ့ ဒုတိယတစ်ပိုင်းမှာလည်း(၇၅) ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်သိရှိရပါသည်။အပူချိန်မြင့်တက်လာသည့်နှင့်အမျှ အလိုအလျောက်ရေဖြန်းသည့်စနစ်ကို တပ်ဆင်ထားပါသည်။ကိုဗစ် (၁၉) ကာလတွင် လေဝင်လေထွက်စနစ်လည်းအရေးကြီးသည်ဖြစ်သောကြောင့် FCU (Fan Coil- Unit)၅ခု တပ်ဆင်ထားပြီး လေသန့်များကိုထုတ်ပေးမည်ဖြစ်သည်။

လေပူတွေကို ပြန်ထုတ်ပေးနိုင်သော Exhaust-Fan ၄ လုံးတပ်ဆင်ထားကြောင်းကိုလည်း သိရှိရပါသည်။ဒါ့အပြင် ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ထည့်သွင်းစဉ်းစားဒီဇိုင်းဆွဲသည့်အခါမှာလည်း မြန်မာနိုင်ငံတွင် ၁၉၃၀ဝန်းကျင်လောက်က ဖြစ်ပွားခဲ့သော ပဲခူးငလျင် ၇.အဆင့်ရှိ အပြင်းထန်ဆုံးငလျင်ဒဏ်ကို အခြေခံပြီးသဘာဝဘေးအန္တရာယ်ကိုပါ ခံနိုင်ရည်ရှိအောင်လူသွားဉမင်ကို တည်ဆောက်ထားခြင်းဖြစ်ပါသည်လူသွားဉမင် (Underpass)ရဲ့ ထူးခြားချက်ကတော့ဂရိတ် -၃၅ အဆင့် သံကွန်ကရစ်ကိုသာအသုံးပြုထားပြီး တန် ၆၀ကျော်ကုန်တင်ယာဉ်များပါသွားလာနိုင်ကြောင်း စစ်ဆေးစမ်းသပ်ပြီးဖြစ်သောကြောင့် အများပြည်သူများစိတ်ချစွာသွားလာနိုင်မည်ဖြစ်သည်။

TTC ပညာရေးကောလိပ်အနီး ပြည်လမ်းမပေါ်သည်ရေစီးရေလာကောင်းမွန်သည့်အတွက် ၁၀နှစ်တာမိုး‌‌ရေချိန်ကိုပါ တွက်ချက်၍ ရေလျှံခြင်းမရှိစေရန်အဆင့်မှီတည်ဆောက်ထားကြောင်းကိုလည်းထပ်မံပြောကြားသွားလေသည်။လူသွားဉမင်အတက်အဆင်းနေရာ အမိုးကိုတော့လိပ်ခုံးအသွင် ဒီဇိုင်းဆွဲထားပြီး ဈေးဆိုင်တွဲများအပြင်ရိုးရိုးလှေကား၊ စက်လှေကားအပြင်မသန်စွမ်းသူများနဲ့ အသက်ကြီးသူများပါအဆင်ပြေပြေသွားလာနိုင်စေရန် ဓာတ်လှေကားများကိုတပ်ဆင်ထားပါသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်တွင်လူသွားဉမင်တည်ဆောက်ရေးလုပ်ငန်းများကိုအပြီးစီးဆောက်လုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်နေကြောင်းကိုလည်း သိရှိရပါသေးသည်။

CRD_ShweProperty.com

Leave a Reply

Your email address will not be published. Required fields are marked *