ဒီချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့် ဧည့်သည့်တွေ့ဆုံခြင်းအစီအစဉ်အချို့ကို ဖျက်သိမ်းခဲ့တာဆိုတာ မဟုတ်မှန်ဘူးလို့ပါတီ ပြန်ကြားရေး တာဝန်ယူထားသည့် ဦးကြည်တိုးက ပြောကြားလိုက်ပါတယ်။ဦးကြည်တိုးက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ယခုရက်ပိုင်း ကျန်းမာရေးအခြေအနေကြောင့် ဧည့်သည့်တွေ့ဆုံခြင်းအစီအစဉ်အချို့ကို ဖျက်သိမ်းခဲ့ရကြောင်း စသည်ဖြင့် မဟုတ်မမှန်ရေးသားနေမှုများအားလုံးသည် သတင်းတု သတင်းမှားများသာ ဖြစ်ကြောင်း သိစေအပ်ပါတယ်”လို့ ယနေ့နေ့လယ်ပိုင်းမှာ လူမှုကွန်ယက်မှတစ်ဆင့် အသိပေးပြောကြားလိုက်တာဖြစ်ပါတယ်။
ယင်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန် ပါတီတာဝန်ဖြင့် နေပြည်တော်မှာရောက်နေတာ ဩဂုတ်လကတည်းကဖြစ်ပြီး ယနေ့အချိန်ထိ မည်သည့်မီဒီယာများနှင့်မျှ တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ အင်တာဗျူးဖြေကြားခြင်းများကို လုံးဝမပြုလုပ်ခဲ့ကြောင်းသိစေအပ်ပါတယ်လို့ ထပ်မံ ပြောကြားထားပါတယ်။
crd….MyanmaPlatForm
zawgyi
crd….MyanmaPlatForm