Next Gen Aircraft Carrier Program စတင်ရန် ပြင်သစ်ကြေညာ




crd…..

unicode

ပြင်သစ်၏ နျူစွမ်းအင်သုံး NG လေယာဉ်တင်သင်္ဘောသစ် PANG Program အား စတင်ရန် သမ္မတ Macron က ကြေညာခဲ့ပါတယ်။ အဆိုပါ ပြင်သစ်၏ အနာဂတ်အလံဆောင်ရေယာဉ်ကြီးအား ၂၀၃၈ တွင် လက်ရှိ Carrier FS Charles de Gaulle(R91) နေရာတွင် အစားထိုးသွားမှာ ဖြစ်ပါတယ်။ အဆိုပါကြေညာချက်ကိုတော့ သမ္မတ၏ ပြင်သစ်နျူစွမ်းအင်ကုမ္ပဏီ Framatome ခရီးစဉ်တွင် ယခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ လက်ရှိ ကျွန်တော်တို့ရဲ့ A/c Carrier ကြီးဟာ ၂၀၃၈ မှာ သက်တမ်းပြည့်မှာဖြစ်တဲ့အတွက် ယခုလို Carrier အသစ်တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မူလလေယာဉ်တင်သင်္ဘောလိုပဲ နျူစွမ်းအင်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အဆိုပါ Framatome Ltd ဟာဆိုရင် ဆယ်စုနှစ်များစွာ ပြင်သစ်ရေတပ်အတွက် Charles de Gaulle နဲ့ ရေငုပ်သင်္ဘောများအပါအဝင် အဓိကစစ်ရေယာဉ်များအား ပံ့ပိုးပေးခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း နျူစွမ်းအင်သုံး Barracuda Class တိုက်ခိုက်ရေးရေယာဉ်များနဲ့ Ballistic Missile တင် NG နျူရေငုပ်သင်္ဘော (SNLE3G) များအား တည်ဆောက်ပေးလျက်ရှိနေပါတယ်။ ရေတပ်၏ပြောကြားချက်အရ ယခု တည်ဆောက်မည့် လေယာဉ်တင်သင်္ဘောသစ်ဟာ မူလထက် အလေးချိန်ရော အလျားပါ ပိုမိုကြီးမားမှာဖြစ်တယ်လို့ သိရပါတယ်။

အလျား ပေ ၉၉၀ နဲ့ အကျယ် ၁၃၀ ပေရှိပြီး တန်ချိန် ၇၅၀၀ဝ ခန့်ရှိမည်ဖြစ်သည်။ တစ်ခုလျှင် 220 MW ရရှိမည့် K22 Nuclear Reactor ၂ ခုအား အသုံးပြုမှာဖြစ်ကာ တစ်ခုလျှင် 80 MW ဖြင့် Shaft line ၃ခု (သို့) ၄ခုသုံးသွားမှာဖြစ်ပြီး မူလ Carrier လိုပဲ Max Sp 27 kts ရရှိမှာ ဖြစ်ပါတယ်။ Air Wing အနေနဲ့ E-2D Hawkeye ၃စင်းအပါအဝင် NG တိုက်လေယာဉ် ၃၂ စင်းနဲ့ မောင်းသူမဲ့လေယာဉ်များပါ တင်ဆောင်အသုံးပြုမှာ ဖြစ်ပါတယ်။ တစ်ခုလျှင် တန် ၄၀ အထိ သယ်မနိုင်သည့် ဓာတ်လှေကား ၂ ခုပါရှိပြီး လေယာဉ်ရုံမှာ 54000 Sq ft ကျယ်ဝန်းမှာဖြစ်ပါတယ်။ ပျံသန်းရေးကုန်းပတ်မှာ ၃.၉ ဧက ကျယ်ဝန်ပြီး ပေ ၃၀၀ အရှည်ရှိ GA ထုတ် လျှပ်စစ်သံလိုက်စနစ်သုံး လေယာဉ်ပျံသန်းရေးလောက်လွှဲ (EMALS) ၃ခု ပါရှိမှာဖြစ်ပါတယ်။ Self Protection အတွက် Seafire Radar ဖြင့် MBDA Aster SAM များအပါအဝင် AA Gun များ၊ RapidFire CIWS များ ပါရှိမှာဖြစ်ပါတယ်။ ရေယာဉ်တပ်ဖွဲ့ ၁၉၈၀ အပြင် Air Crew ၆၂၀ ကိုပါ တင်ဆောင်နိုင်ပါတယ်။

ပြင်သစ်အစိုးရအနေနဲ့ အဆိုပါ Carrier အတွက် ကန်ဒေါ်လာ 1.2 Bil အား ကနဦးရင်းနှီးထားပြီး ၂၀၃၈ တွင် မူလ Charles de gaulle အား တပ်တော်ဝင်အဖြစ်မှ ဖျက်သိမ်းခြင်းနဲ့အတူ Carrier အသစ်ကိုပါ တပ်တော်ဝင်အသုံးပြုနိုင်ရန် ၂၀၂၅ တွင် Steel Cutting ပြုလုပ်မှာဖြစ်ကာ ၂၀၃၆ တွင် Sea Trial ပြုလုပ်သွားမှာ ဖြစ်တယ်လို့် သိရပါတယ်။ ပြင်သစ်ရေတပ်အနေနဲ့ ယခင်ကလည်း PA 2 လေယာဉ်တင်သင်္ဘောအား တော်ဝင်ရေတပ်မှ Queen Elizabeth A/c Carrier ကို အခြေခံ၍ တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ၂၀၁၃ ခုနစ်ထုတ် ကာကွယ်ရေးဆိုင်ရာစက္ကူဖြူစာတမ်းအရ ပျက်ပြားခဲ့ပါတယ်။
crd…..

Leave a Reply

Your email address will not be published. Required fields are marked *