အေမရိကန္သမၼတ ထရမ့္၏ ေနာက္ဆုံး (၂၄) နာရီ ႏွင့္ ေနထိုင္စရာ အိမ္ပင္မရွိတဲ့ ဒုသမၼတ မိုက္ပင့္စ္

ထရန့်သည် အိမ်ဖြူတော်မှ ထွက်ခွာရန် နှစ်ဆယ့်လေးနာရီပင် မရှိတော့သည့် အချိန်၌ သူ၏ အနားတွင် အတွေ့အကြုံ မရှိဘဲ အိမ်ဖြူတော် အကြံပေးများ အဖြစ် ခန့်အပ်ထားသည့် သမီးနှင့် သားမက်မှ လွဲ၍ မည်သူမျှ မရှိ ကြတော့သည့်အပြင် အနောက်ဆောင်တွင် ရှိသော ဝန်ထမ်းများက ၎င်းတို့၏ စားပွဲ များကို ရှင်းလင်းရင်း အလုပ်များနေကြပြီ ဖြစ်သည်။ အိမ်ဖြူတော်အတွင်း မျက်နှာလို မျက်နှာရ လုပ်ကာ မကြာခဏ အဝင်အထွက် လုပ်ခဲ့ကြသော ကွန်ဆာဗေးတစ် ခေါင်းဆောင်များသည် ယခုအခါ ထုံးစံရှိသည့် အတိုင်း ထရန့်၏ သမ္မတသက်တမ်း လေးနှစ်အတွင်း အောင်မြင်ခဲ့မှုများကို ချီးကျူးပြောဆိုဖို့ ဝေးစွ၊ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပြီ ဖြစ်သည်။

ထရန့်၏ ဥပဒေ အကြံပေးများက ထရန့် အနေနှင့် သူနှင့် သူ၏သားသမီးများကို သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလုပ်ခြင်းကို မထုတ်ပြန်ရန် ထပ်တလဲလဲ အကြံပေးနေကြသည်။ ထိုသို့ ပြုမည်ဆိုလျှင် မိမိတွင် အပြစ် ရှိကြောင်း ကြိုတင်ဝန်ခံရာ ရောက်မည့်အပြင် ရှေ့လျောက် ဥပဒေကြောင်းအရ လွန်စွာ အန္တရာယ်များသည့် လမ်းကြောင်းပေါ် ရောက်ရှိသွားမည်ဟု ပြောဆိုနေကြသည်။ ထရန့်သည် ထိုသို့ ပြုလုပ်နိုင်ခွင့် အာဏာ အပြည့်အဝကို ဗုဒ္ဓဟူးနေ့ နေလည်ပိုင်းအထိ ရရှိထားသည်။

ဒုသမ္မတ မိုက်ပင့်စ် သည် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အမှီပြန်ရမည် ဆိုကာ ထရန့်၏ မရိမ်းဝမ်း ရဟတ်ယာဉ် ဆင်းသက်မည့် အင်ဒရူး လေတပ်စခန်းသို့ လာရောက် တွေ့ဆုံပြီး မနှုတ်ဆက်နိုင်ကြောင်း မိုက်ပင့်စ်၏ ကိုယ်ရေး အရာရှိက ဆိုသည်။ ထရန့်သည် အမေရိကန် သမိုင်းတွင် သမ္မတ သစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ မတက်ရောက်မည့် လေးဦးမြောက် သမ္မတ ဖြစ်လာခဲ့သည်။ သူသည် ထိုမှတဆင့် သူနေထိုင်ရာ ဖလော်ရီဒါပြည်နယ် ပမ်းလ်ဘိချ် ရှိ မာရာလာဂို ကလပ် စံအိမ်ကြီးသို့ လေယာဉ်ဖြင့် ထွက်ခွာမည် ဖြစ်သည်။သို့သော် မိုက်ပင့်စ် အဖို့ကား ပြန်စရာ အိမ်မရှိ ဖြစ်နေသည်။ သူသည် ဒုသမ္မတ စံအိမ်သို့ ပြောင်းရွှေ့မလာမီ အင်ဒီယားနား ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် (၈) နှစ်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး အုပ်ချုပ်ရေးမှူး အိမ်တော်တွင်ပင် နေထိုင်ခဲ့သူ ဖြစ်သည်။ မည်သည့် နေရာတွင် နေထိုင်သွားမည်ကို မိုက်ပင့်စ် က ပြောဆိုခြင်း မရှိသေးပေ။

1

ထရန့် ရာထူးမှ ထွက်ခွာချိန်တွင် အလုပ်လက်မဲ့ နှုန်းသည် သူတာဝန်ယူခဲ့သည့် အချိန်ထက် သုံးပုံတပုံခန့် မြင့်မားနေပြီး ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူ လေးသိန်းကျော် ရှိနေခဲ့သည်။ သို့သော် ထရန့်သည် သူ၏ နောက်တကြော့အတွက် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် သူ့အား မဲပေးခဲ့သူ ၇၄ သန်း အတွက် တံခါးဟထားပေးဆဲပင် ဖြစ်သည်။သန်းပေါင်းများစွာက ကက်ပီတို စီးနင်းတိုက်ခိုက်မှုကြီး အပြီးတွင်ပင် ထရန့်အား ထောက်ခံနေကြဆဲ ဖြစ်သည်။ ထရန့်သည်သာ အမေရိကန် အလုပ်သမား လူတန်းစား အကျိုးကို ဖေါ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်ဟု ယုံကြည် နေကြသည်။ ရီပတ်ဘလီကင် ပါတီဝင် ၆၄% က သက်သေအထောက်အထား တစုံတရာ ထုတ်ဖေါ် မပြနိုင်သော်လည်း ထရန့်သည် မဲမသမာမှုကြောင့် ရှုံးရသည်ဟု ယုံကြည်လျှက် ရှိသည်။

ဝါရှင်တန်တွင် ယခင် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲများကလို ထောက်ခံသူများ၊ ဟောလီဝုဒ်မှ နာမည်ကျော်များ၊ လူမှုရေး နယ်ပယ်မှ အထင်ကရများ၊ လော်ဘီသမားများကို မတွေ့ရဘဲ တိတ်ဆိတ်ခြောက်ကပ်လျှက်ရှိသည်။ ကိုဗစ်ကြောင့် လော့ဒေါင်းချထားသည့်အပြင် အကြမ်းဖက် တိုက်ခိုက်လာမည့် အရေးကို ကာကွယ်ရန် အမျိုးသား အစောင့်တပ် ၂၀,၀၀၀ ခန့်ကို လည်း နေရာအနှံ့ တွင် တွေ့နေရသည်။ ကက်ပီတို အဆောက်အအုံ၊ အိမ်ဖြူတော် နှင့် အခြား အစိုးရ အဆောက်အအုံများကို သံဆူးကြိုးများဖြင့် ကာရံထားသည်။ဗုဒ္ဓဟူးနေ့ နေ့လည်တွင် တရားသူကြီးချုပ် ဂျွန် ရော်ဘတ်က ဂျိုး ဘိုင်ဒင်အား ကက်ပီတို ၏ အနောက်ဖက် အဆောင်တွင် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုပေးမည် ဖြစ်သည်။ သို့သော် ပြည်နယ် ၅၀ မှ အနုပညာရှင်များက စီစဉ်ထားသည့် “Parade Across America” အတိုင်း အွန်လိုင်းမှ ဖျော်ဖြေကြမည် ဖြစ်သည်။

ဝါရှင်တန် လုံခြုံရေး ကို တာဝန်ယူနေသော အမျိုးသား အစောင့်တပ်ဖွဲ့ဝင် တဒါဇင်ခန့်ကို လက်ယာ လူဖြူ အစွန်းရောက် သမားများနှင့် အဆက်အသွယ် ရှိသည်ဟု FBI က ဖေါ်ထုတ်နိုင်ခဲ့သဖြင့် တာဝန်များမှ ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ ယခု အခါ သမ္မတ၏ လုံခြုံရေး ကို တာဝန်ယူရမည့် Secret Service အဖွဲ့ဝင်များသည် ရှေ့လျှောက် လွန်စွာ အန္တရာယ်ကြီးမားလှသော တာဝန်ကြီးကို သတိလက်လွတ်မခံဘဲ ထမ်းဆောင်သွားရတော့မည် ဖြစ်သည်။ထရန့်သည် အင်္ဂါနေ့ ညနေတွင် ထုတ်လွှင်ခဲ့သော သူ၏ မိနစ်နှစ်ဆယ်ကြာ အမေရိကန် ပြည်သူများ အတွက် နှုတ်ဆက် မိန့်ခွန်းတွင် ဘိုင်ဒင်၏ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့မှုကို အသိအမှတ် ပြုသွားခဲ့ပြီး အစိုးရ အသစ် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းသွားခဲ့သည်၊ သို့သော် မိန့်ခွန်း အစအဆုံး ဘိုင်ဒင်၏ အမည်ကို ခေါ်ဝေါ် သုံးနှုံးသွားခဲ့ခြင်း မရှိပေ။

ထရန့်သည် အိမ်ဖြူတော်မှ ထွက်ခွာပြီးလျှင်ပြီးချင်း ၎င်းအား ဘဏ္ဍာရေး အရ အရေခွံ ဆုတ်ရန် ပြင်ဆင်ထားသည့် သတ်ကွင်းထဲသို့ ဝင်ရောက်သွားရပြီ ဖြစ်သည်။

crd….(လှစိုးဝေ)

zawgyi

ထရန႔္သည္ အိမ္ျဖဴေတာ္မွ ထြက္ခြာရန္ ႏွစ္ဆယ့္ေလးနာရီပင္ မရွိေတာ့သည့္ အခ်ိန္၌ သူ၏ အနားတြင္ အေတြ႕အႀကဳံ မရွိဘဲ အိမ္ျဖဴေတာ္ အႀကံေပးမ်ား အျဖစ္ ခန႔္အပ္ထားသည့္ သမီးႏွင့္ သားမက္မွ လြဲ၍ မည္သူမွ် မရွိ ၾကေတာ့သည့္အျပင္ အေနာက္ေဆာင္တြင္ ရွိေသာ ဝန္ထမ္းမ်ားက ၎တို႔၏ စားပြဲ မ်ားကို ရွင္းလင္းရင္း အလုပ္မ်ားေနၾကၿပီ ျဖစ္သည္။ အိမ္ျဖဴေတာ္အတြင္း မ်က္ႏွာလို မ်က္ႏွာရ လုပ္ကာ မၾကာခဏ အဝင္အထြက္ လုပ္ခဲ့ၾကေသာ ကြန္ဆာေဗးတစ္ ေခါင္းေဆာင္မ်ားသည္ ယခုအခါ ထုံးစံရွိသည့္ အတိုင္း ထရန႔္၏ သမၼတသက္တမ္း ေလးႏွစ္အတြင္း ေအာင္ျမင္ခဲ့မႈမ်ားကို ခ်ီးက်ဴးေျပာဆိုဖို႔ ေဝးစြ၊ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ကုန္ၾကၿပီ ျဖစ္သည္။

ထရန႔္၏ ဥပေဒ အႀကံေပးမ်ားက ထရန႔္ အေနႏွင့္ သူႏွင့္ သူ၏သားသမီးမ်ားကို သမၼတမွ လြတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳလုပ္ျခင္းကို မထုတ္ျပန္ရန္ ထပ္တလဲလဲ အႀကံေပးေနၾကသည္။ ထိုသို႔ ျပဳမည္ဆိုလွ်င္ မိမိတြင္ အျပစ္ ရွိေၾကာင္း ႀကိဳတင္ဝန္ခံရာ ေရာက္မည့္အျပင္ ေရွ႕ေလ်ာက္ ဥပေဒေၾကာင္းအရ လြန္စြာ အႏၲရာယ္မ်ားသည့္ လမ္းေၾကာင္းေပၚ ေရာက္ရွိသြားမည္ဟု ေျပာဆိုေနၾကသည္။ ထရန႔္သည္ ထိုသို႔ ျပဳလုပ္ႏိုင္ခြင့္ အာဏာ အျပည့္အဝကို ဗုဒၶဟူးေန႔ ေနလည္ပိုင္းအထိ ရရွိထားသည္။

ဒုသမၼတ မိုက္ပင့္စ္ သည္ သမၼတ က်မ္းသစၥာ က်ိန္ဆိုပြဲကို အမွီျပန္ရမည္ ဆိုကာ ထရန႔္၏ မရိမ္းဝမ္း ရဟတ္ယာဥ္ ဆင္းသက္မည့္ အင္ဒ႐ူး ေလတပ္စခန္းသို႔ လာေရာက္ ေတြ႕ဆုံၿပီး မႏႈတ္ဆက္ႏိုင္ေၾကာင္း မိုက္ပင့္စ္၏ ကိုယ္ေရး အရာရွိက ဆိုသည္။ ထရန႔္သည္ အေမရိကန္ သမိုင္းတြင္ သမၼတ သစ္ က်မ္းသစၥာ က်ိန္ဆိုပြဲသို႔ မတက္ေရာက္မည့္ ေလးဦးေျမာက္ သမၼတ ျဖစ္လာခဲ့သည္။ သူသည္ ထိုမွတဆင့္ သူေနထိုင္ရာ ဖေလာ္ရီဒါျပည္နယ္ ပမ္းလ္ဘိခ်္ ရွိ မာရာလာဂို ကလပ္ စံအိမ္ႀကီးသို႔ ေလယာဥ္ျဖင့္ ထြက္ခြာမည္ ျဖစ္သည္။သို႔ေသာ္ မိုက္ပင့္စ္ အဖို႔ကား ျပန္စရာ အိမ္မရွိ ျဖစ္ေနသည္။ သူသည္ ဒုသမၼတ စံအိမ္သို႔ ေျပာင္းေ႐ႊ႕မလာမီ အင္ဒီယားနား ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးအျဖစ္ (၈) ႏွစ္ၾကာ ထမ္းေဆာင္ခဲ့သူ ျဖစ္ၿပီး အုပ္ခ်ဳပ္ေရးမႉး အိမ္ေတာ္တြင္ပင္ ေနထိုင္ခဲ့သူ ျဖစ္သည္။ မည္သည့္ ေနရာတြင္ ေနထိုင္သြားမည္ကို မိုက္ပင့္စ္ က ေျပာဆိုျခင္း မရွိေသးေပ။

ထရန႔္ ရာထူးမွ ထြက္ခြာခ်ိန္တြင္ အလုပ္လက္မဲ့ ႏႈန္းသည္ သူတာဝန္ယူခဲ့သည့္ အခ်ိန္ထက္ သုံးပုံတပုံခန႔္ ျမင့္မားေနၿပီး ေကာ္႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသြားသူ ေလးသိန္းေက်ာ္ ရွိေနခဲ့သည္။ သို႔ေသာ္ ထရန႔္သည္ သူ၏ ေနာက္တေၾကာ့အတြက္ ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ သူ႔အား မဲေပးခဲ့သူ ၇၄ သန္း အတြက္ တံခါးဟထားေပးဆဲပင္ ျဖစ္သည္။သန္းေပါင္းမ်ားစြာက ကက္ပီတို စီးနင္းတိုက္ခိုက္မႈႀကီး အၿပီးတြင္ပင္ ထရန႔္အား ေထာက္ခံေနၾကဆဲ ျဖစ္သည္။ ထရန႔္သည္သာ အေမရိကန္ အလုပ္သမား လူတန္းစား အက်ိဳးကို ေဖၚေဆာင္ႏိုင္ခဲ့သူ ျဖစ္သည္ဟု ယုံၾကည္ ေနၾကသည္။ ရီပတ္ဘလီကင္ ပါတီဝင္ ၆၄% က သက္ေသအေထာက္အထား တစုံတရာ ထုတ္ေဖၚ မျပႏိုင္ေသာ္လည္း ထရန႔္သည္ မဲမသမာမႈေၾကာင့္ ရႈံးရသည္ဟု ယုံၾကည္လွ်က္ ရွိသည္။

ဝါရွင္တန္တြင္ ယခင္ သမၼတ က်မ္းသစၥာ က်ိန္ဆိုပြဲမ်ားကလို ေထာက္ခံသူမ်ား၊ ေဟာလီဝုဒ္မွ နာမည္ေက်ာ္မ်ား၊ လူမႈေရး နယ္ပယ္မွ အထင္ကရမ်ား၊ ေလာ္ဘီသမားမ်ားကို မေတြ႕ရဘဲ တိတ္ဆိတ္ေျခာက္ကပ္လွ်က္ရွိသည္။ ကိုဗစ္ေၾကာင့္ ေလာ့ေဒါင္းခ်ထားသည့္အျပင္ အၾကမ္းဖက္ တိုက္ခိုက္လာမည့္ အေရးကို ကာကြယ္ရန္ အမ်ိဳးသား အေစာင့္တပ္ ၂၀,၀၀၀ ခန႔္ကို လည္း ေနရာအႏွံ႔ တြင္ ေတြ႕ေနရသည္။ ကက္ပီတို အေဆာက္အအုံ၊ အိမ္ျဖဴေတာ္ ႏွင့္ အျခား အစိုးရ အေဆာက္အအုံမ်ားကို သံဆူးႀကိဳးမ်ားျဖင့္ ကာရံထားသည္။ဗုဒၶဟူးေန႔ ေန႔လည္တြင္ တရားသူႀကီးခ်ဳပ္ ဂြၽန္ ေရာ္ဘတ္က ဂ်ိဳး ဘိုင္ဒင္အား ကက္ပီတို ၏ အေနာက္ဖက္ အေဆာင္တြင္ တရားဝင္ က်မ္းသစၥာ က်ိန္ဆိုေပးမည္ ျဖစ္သည္။ သို႔ေသာ္ ျပည္နယ္ ၅၀ မွ အႏုပညာရွင္မ်ားက စီစဥ္ထားသည့္ “Parade Across America” အတိုင္း အြန္လိုင္းမွ ေဖ်ာ္ေျဖၾကမည္ ျဖစ္သည္။

ဝါရွင္တန္ လုံၿခဳံေရး ကို တာဝန္ယူေနေသာ အမ်ိဳးသား အေစာင့္တပ္ဖြဲ႕ဝင္ တဒါဇင္ခန႔္ကို လက္ယာ လူျဖဴ အစြန္းေရာက္ သမားမ်ားႏွင့္ အဆက္အသြယ္ ရွိသည္ဟု FBI က ေဖၚထုတ္ႏိုင္ခဲ့သျဖင့္ တာဝန္မ်ားမွ ႐ုပ္သိမ္းလိုက္ၿပီ ျဖစ္သည္။ ယခု အခါ သမၼတ၏ လုံၿခဳံေရး ကို တာဝန္ယူရမည့္ Secret Service အဖြဲ႕ဝင္မ်ားသည္ ေရွ႕ေလွ်ာက္ လြန္စြာ အႏၲရာယ္ႀကီးမားလွေသာ တာဝန္ႀကီးကို သတိလက္လြတ္မခံဘဲ ထမ္းေဆာင္သြားရေတာ့မည္ ျဖစ္သည္။ထရန႔္သည္ အဂၤါေန႔ ညေနတြင္ ထုတ္လႊင္ခဲ့ေသာ သူ၏ မိနစ္ႏွစ္ဆယ္ၾကာ အေမရိကန္ ျပည္သူမ်ား အတြက္ ႏႈတ္ဆက္ မိန႔္ခြန္းတြင္ ဘိုင္ဒင္၏ ေ႐ြးေကာက္ပြဲ အႏိုင္ရရွိခဲ့မႈကို အသိအမွတ္ ျပဳသြားခဲ့ၿပီး အစိုးရ အသစ္ ေအာင္ျမင္ပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းသြားခဲ့သည္၊ သို႔ေသာ္ မိန႔္ခြန္း အစအဆုံး ဘိုင္ဒင္၏ အမည္ကို ေခၚေဝၚ သုံးႏႈံးသြားခဲ့ျခင္း မရွိေပ။

ထရန႔္သည္ အိမ္ျဖဴေတာ္မွ ထြက္ခြာၿပီးလွ်င္ၿပီးခ်င္း ၎အား ဘ႑ာေရး အရ အေရခြံ ဆုတ္ရန္ ျပင္ဆင္ထားသည့္ သတ္ကြင္းထဲသို႔ ဝင္ေရာက္သြားရၿပီ ျဖစ္သည္။

crd….(လွစိုးေဝ)

Leave a Reply

Your email address will not be published. Required fields are marked *