အေမရိကန္သမၼတစီးတဲ့ ကား (THE BEAST) ရဲ႕ ေၾကာက္စရာအေကာင္းဆုံးႏွင့္ အထူးျခားဆုံး (၁၀) ခ်က္

၂၀-၁-၂၀၂၁ နေ့ အမေရိကန်သမတသစ် ဂျိုးဘိုင်ဒင်စီးတဲ့ကားနံပတ်က ၄၆ တဲ့။ ၄၆ ဦးမြောက်သမတဖြစ်တယ်။အမေရိကန်သမတတွေစီးတဲ့ကား အမျိုးအစားက Cadillac limousine (ကက်ဒီလက် လင်မိုဆင်း) ဖြစ်ပါတယ်။

အခေါ်အဝေါ်ကတော့ (ဘိ့စ်) တဲ့။ဘာသာပြန်ရင် တောကောင်ကြီးလို့က အဆီလျှော်ဆုံးထင်ပါတယ်။လူတိရစ္ဆာန်၊ တောရိုင်းသတ္တဝါ၊ ကြောက်စရာသားရဲကောင်။Cadillac One လို့လည်းခေါ်တယ်။First Car လို့လည်းခေါ်တယ်။Stagecoach လို့လည်းခေါ်တယ်။

လက်ရှိကားကို ၂၄-၉-၂၀၁၈ နေ့ကစသုံးနေတယ်။သမတစီးတဲ့ကားကို အထူးတလည်ပြုလုပ်ပြီး လျို့ဝှက်ဌာနရဲ့ အဆင့်အတန်းနဲ့ လုံခြုံအောင်သတ်မှတ်ထားပါတယ်။သိပ်မကြာသေးခင်က ထွက်လာတဲ့ လှို့ဝှက်ချက် (၁ဝ) ချက်ရှိတာသိလာရပါတယ်။

၁။ အိုဘားမားစီးနေတာက အရင်သမတတွေစီးတဲ့ Cadillac (ကက်ဒီလက်) မဟုတ်တော့ပါ။ဒီဇယ်အင်ဂျင်။Chevrolet Kodiak (ချက်ဗရိုလက် ကိုက်) လို မီးကူးနည်းသုံးထားတယ်။ရှေ့မီးတွေက Escalade ကဟာမျိုး။နောက်မီးတွေက STS ကဟာမျိုး။ အိမ်ပြောင်းရာမှာငှားသုံးလေ့ရှိတဲ့ U-Haul truck ထရပ်ကားပစ္စည်းတွေလည်းပါသေးတယ်။

၂။ သံချပ်ကာကားနဲ့တူတယ်လို့ပြောရတာထက် ပိုပါတယ်။ကမ္ဘာပေါ်မှာ ပြူတင်းပေါက်ပါ သံချပ်ကာကားဆိုလို့ (ဘိ့စ်) ထက်သာတာမရှိပါ။သံထုက ၈ လက္မထူတယ်။တံခါးတချပ်ဟာ ဘိုရင်း ၇၅၇ တံခါးလောက်လေးတယ်။ပြူတင်းပေါက် သံထုက ၅ လက္မထူတယ်။ ၅ ထပ်ရှိတယ်။ ကျည်ကာဖြစ်တယ်။

Goodyear ကားတာယာတွေက ဘတ်စ်ကား တာယာလောက်ရှိတယ်။ဘီးပေါက်ရင်လည်း အကွာအဝေးတခုအထိ ဆက်မောင်းလို့ရတယ်။အတွင်းထဲကို အပြင်လောကနဲ့ ခြားထားပေးတယ်။ဆီတိုင်ကီကို အထူးပြုလုပ်ထားတဲ့ အမြှုပ်နဲ့ အုပ်ပေးထားတယ်။

၃။ ကရိယာတန်ဆာပလာတွေက စုံလင်တယ်။မီးသတ်ဗူး၊ အောက်စီဂျင်ဗူး၊ အရေးပေါ်သုံးဆေးပစ္စည်းတိုင်းဟာ သမတ သွေးအမျိုးအစားနဲ့ ကိုက်ညီအောင်ထည့်ပေးထားတယ်။လက်နက်တွေလည်းပါတယ်။သေနတ်အတိုတွေ၊ မျက်ရည်ယိုဗုံး၊ ပခုံးထမ်းလောင်ချာ။အဲလိုထပ်ဖြည့်ဘို့ဟာ ၂၂-၁၁-၁၉၆၃ နေ့က သမတကနေဒီ ဒါးလပ်စ်မှာ လုပ်ကြံခံရအပြီးမှ ဖြစ်လာတာပါ။

၄။ လူ (၇) ယောက်စီးလို့ရတယ်။သမတ၊ ဒရိုင်ဘာနဲ့ သမတလုံခြုံရေးအရာရှိက ရှေ့ဆုံးမှာ။နောက်ခန်းမှာ သမတရဲ့ ဧည့်သည်တော်။သမတနဲ့ ဧည့်သည်ကြား စားပွဲငယ်တခုရှိတယ်။သမတထိုင်တဲ့ခုံက သားရေခုံမဟုတ်ပါ။နက်ပြာရောင် အဝတ်သာဖြစ်တယ်။ထိုင်ခုံခါးပတ်က တမျိုး။

၅။ တောကောင်ကြီးဘယ်သွားသွား တကောက်တည်း မဟုတ်ပါ။ဆင်တူကားတွေပါနေမယ်။တခြား (လင်မိုဆင်း) တွေမှာ ဧည့်သည်နဲ့ ထိပ်တန်းအရာရှိတွေစီးတယ်။

၆။ Duramax diesel engine ဒီဇယ်အင်ဂျင်သုံးတယ်။Chevrolet နဲ့ GMC ထရပ်ကားတွေလိုပဲ။

၇။ ကားမောင်းသမားတွေကို အထူးသင်တန်းပေးထားတယ်။ပြိုင်ကားမောင်းသမားနဲ့မတူပဲ ကျောင်းကားမောင်းသမားနဲ့ ပိုတူတယ်။J-turns ကွေ့ကွေ့တတ်တယ်။ရဲကားတွေလိုလည်း လူရှင်းနည်းနာသင်ပေးထားတယ်။

၈။ ကားရဲ့ အတိုင်းအတာတွေသိရင် အားကျ အံ့သြသွားမယ်။ဥပမာ ပေါင် ၂ သောင်းတင်နိုင်တယ်။60 mph နှုန်းနဲ့ မောင်းနေရာကနေ ၁၅ စက္ကန့်နဲ့ လုံးဝရပ်သွားစေနိုင်တယ်။အမြင်ဆုံးပြေးနှုန်းက မိုင် (၆ဝ)။

၉။ C-17 Globemaster ပို့ဆောင်ရေးလေယာဉ်နဲ့ သယ်ရရွေ့ရတယ်။အကာအကွယ်အထူစားတွေ တပ်ထားလို့ Chevrolet Suburban communications vehicle ခေါ်တယ်။SATCOM dome ခေါ် အမေရိန်ကန်စစ်တပ်သုံးဂြိုလ်တုက ကားအထက်မှာ အမြဲရှိနေမယ်။

၁ဝ။ တခါတလေမှာ သမတဟာ တခြား အထူးမွမ်းမံထားတဲ့ Chevrolet Suburban ကားစီးတယ်။Prevost bus ဘတ်စ်ကားလိုပဲ။ အဲတာကို Ground Force One လို့ခေါ်တယ်။

Credit : ဒေါက်တာတင့်ဆွေ

zawgyi

၂၀-၁-၂၀၂၁ ေန႔ အေမရိကန္သမတသစ္ ဂ်ိဳးဘိုင္ဒင္စီးတဲ့ကားနံပတ္က ၄၆ တဲ့။ ၄၆ ဦးေျမာက္သမတျဖစ္တယ္။အေမရိကန္သမတေတြစီးတဲ့ကား အမ်ိဳးအစားက Cadillac limousine (ကက္ဒီလက္ လင္မိုဆင္း) ျဖစ္ပါတယ္။

အေခၚအေဝၚကေတာ့ (ဘိ့စ္) တဲ့။ဘာသာျပန္ရင္ ေတာေကာင္ႀကီးလို႔က အဆီေလွ်ာ္ဆုံးထင္ပါတယ္။လူတိရစာၦန္၊ ေတာ႐ိုင္းသတၱဝါ၊ ေၾကာက္စရာသားရဲေကာင္။Cadillac One လို႔လည္းေခၚတယ္။First Car လို႔လည္းေခၚတယ္။Stagecoach လို႔လည္းေခၚတယ္။

လက္ရွိကားကို ၂၄-၉-၂၀၁၈ ေန႔ကစသုံးေနတယ္။သမတစီးတဲ့ကားကို အထူးတလည္ျပဳလုပ္ၿပီး လ်ိဳ႕ဝွက္ဌာနရဲ႕ အဆင့္အတန္းနဲ႔ လုံၿခဳံေအာင္သတ္မွတ္ထားပါတယ္။သိပ္မၾကာေသးခင္က ထြက္လာတဲ့ လႈိ႕ဝွက္ခ်က္ (၁ဝ) ခ်က္ရွိတာသိလာရပါတယ္။

၁။ အိုဘားမားစီးေနတာက အရင္သမတေတြစီးတဲ့ Cadillac (ကက္ဒီလက္) မဟုတ္ေတာ့ပါ။ဒီဇယ္အင္ဂ်င္။Chevrolet Kodiak (ခ်က္ဗ႐ိုလက္ ကိုက္) လို မီးကူးနည္းသုံးထားတယ္။ေရွ႕မီးေတြက Escalade ကဟာမ်ိဳး။ေနာက္မီးေတြက STS ကဟာမ်ိဳး။ အိမ္ေျပာင္းရာမွာငွားသုံးေလ့ရွိတဲ့ U-Haul truck ထရပ္ကားပစၥည္းေတြလည္းပါေသးတယ္။

၂။ သံခ်ပ္ကာကားနဲ႔တူတယ္လို႔ေျပာရတာထက္ ပိုပါတယ္။ကမာၻေပၚမွာ ျပဴတင္းေပါက္ပါ သံခ်ပ္ကာကားဆိုလို႔ (ဘိ့စ္) ထက္သာတာမရွိပါ။သံထုက ၈ လကၼထူတယ္။တံခါးတခ်ပ္ဟာ ဘိုရင္း ၇၅၇ တံခါးေလာက္ေလးတယ္။ျပဴတင္းေပါက္ သံထုက ၅ လကၼထူတယ္။ ၅ ထပ္ရွိတယ္။ က်ည္ကာျဖစ္တယ္။

Goodyear ကားတာယာေတြက ဘတ္စ္ကား တာယာေလာက္ရွိတယ္။ဘီးေပါက္ရင္လည္း အကြာအေဝးတခုအထိ ဆက္ေမာင္းလို႔ရတယ္။အတြင္းထဲကို အျပင္ေလာကနဲ႔ ျခားထားေပးတယ္။ဆီတိုင္ကီကို အထူးျပဳလုပ္ထားတဲ့ အျမႇဳပ္နဲ႔ အုပ္ေပးထားတယ္။

၃။ ကရိယာတန္ဆာပလာေတြက စုံလင္တယ္။မီးသတ္ဗူး၊ ေအာက္စီဂ်င္ဗူး၊ အေရးေပၚသုံးေဆးပစၥည္းတိုင္းဟာ သမတ ေသြးအမ်ိဳးအစားနဲ႔ ကိုက္ညီေအာင္ထည့္ေပးထားတယ္။လက္နက္ေတြလည္းပါတယ္။ေသနတ္အတိုေတြ၊ မ်က္ရည္ယိုဗုံး၊ ပခုံးထမ္းေလာင္ခ်ာ။အဲလိုထပ္ျဖည့္ဘို႔ဟာ ၂၂-၁၁-၁၉၆၃ ေန႔က သမတကေနဒီ ဒါးလပ္စ္မွာ လုပ္ႀကံခံရအၿပီးမွ ျဖစ္လာတာပါ။

၄။ လူ (၇) ေယာက္စီးလို႔ရတယ္။သမတ၊ ဒ႐ိုင္ဘာနဲ႔ သမတလုံၿခဳံေရးအရာရွိက ေရွ႕ဆုံးမွာ။ေနာက္ခန္းမွာ သမတရဲ႕ ဧည့္သည္ေတာ္။သမတနဲ႔ ဧည့္သည္ၾကား စားပြဲငယ္တခုရွိတယ္။သမတထိုင္တဲ့ခုံက သားေရခုံမဟုတ္ပါ။နက္ျပာေရာင္ အဝတ္သာျဖစ္တယ္။ထိုင္ခုံခါးပတ္က တမ်ိဳး။

၅။ ေတာေကာင္ႀကီးဘယ္သြားသြား တေကာက္တည္း မဟုတ္ပါ။ဆင္တူကားေတြပါေနမယ္။တျခား (လင္မိုဆင္း) ေတြမွာ ဧည့္သည္နဲ႔ ထိပ္တန္းအရာရွိေတြစီးတယ္။

၆။ Duramax diesel engine ဒီဇယ္အင္ဂ်င္သုံးတယ္။Chevrolet နဲ႔ GMC ထရပ္ကားေတြလိုပဲ။

၇။ ကားေမာင္းသမားေတြကို အထူးသင္တန္းေပးထားတယ္။ၿပိဳင္ကားေမာင္းသမားနဲ႔မတူပဲ ေက်ာင္းကားေမာင္းသမားနဲ႔ ပိုတူတယ္။J-turns ေကြ႕ေကြ႕တတ္တယ္။ရဲကားေတြလိုလည္း လူရွင္းနည္းနာသင္ေပးထားတယ္။

၈။ ကားရဲ႕ အတိုင္းအတာေတြသိရင္ အားက် အံ့ၾသသြားမယ္။ဥပမာ ေပါင္ ၂ ေသာင္းတင္ႏိုင္တယ္။60 mph ႏႈန္းနဲ႔ ေမာင္းေနရာကေန ၁၅ စကၠန႔္နဲ႔ လုံးဝရပ္သြားေစႏိုင္တယ္။အျမင္ဆုံးေျပးႏႈန္းက မိုင္ (၆ဝ)။

၉။ C-17 Globemaster ပို႔ေဆာင္ေရးေလယာဥ္နဲ႔ သယ္ရေ႐ြ႕ရတယ္။အကာအကြယ္အထူစားေတြ တပ္ထားလို႔ Chevrolet Suburban communications vehicle ေခၚတယ္။SATCOM dome ေခၚ အေမရိန္ကန္စစ္တပ္သုံးၿဂိဳလ္တုက ကားအထက္မွာ အၿမဲရွိေနမယ္။

၁ဝ။ တခါတေလမွာ သမတဟာ တျခား အထူးမြမ္းမံထားတဲ့ Chevrolet Suburban ကားစီးတယ္။Prevost bus ဘတ္စ္ကားလိုပဲ။ အဲတာကို Ground Force One လို႔ေခၚတယ္။

Credit : ေဒါက္တာတင့္ေဆြ

Leave a Reply

Your email address will not be published. Required fields are marked *