ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ထိုင်းနိုင်ငံဘက်ကအကောင်အထည်ဖော်ရန်ကြိုးစားနေဦးမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက အင်္ဂါနေ့တွင်ပြောသည်။ထိုင်းစတော့အိတ်ချိန်းတွင်မှတ်ပုံတင်ထားသည့် အီတလီထိုင်းဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ(ITD)၏ လုပ်ငန်း လုပ်ပိုင်ခွင့်ကို မြန်မာနိုင်ငံဘက်ကရပ်ဆိုင်းလိုက်ပြီးနောက်ပြောခြင်းဖြစ်သည်။
(ITD)တစိတ်တပိုင်းပိုင်ဆိုင်မှုရှိသော ထားဝယ်အထူးစီးပွားရေးဇုန်(DSEZ)ရှိ စီမံကိန်းကုမ္ပဏီ ၅ ခုကို လုပ်ငန်းလုပ်ပိုင်ခွင့်သဘောတူညီချက် ၇ ခုကို အပြီးရုတ်သိမ်းကြောင်း ပြီးခဲ့သည့်သောကြာနေ့တွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ(DSEZ MC)က သတိပေးစာပို့ခဲ့ပြီးနောက် ITD က ထိုင်းအစိုးရထံအကူအညီတောင်းခံခဲ့သည်။
ထိုကိစ္စရပ်အတွက် မြန်မာအရာရှိများနှင့်ဆွေးနွေးညှိနှိုင်းရန် DSEZ အတွက် ထိုင်း-မြန်မာပူးပေါင်းအဆင့်မြင့် ကော်မတီ JHC ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးချုပ် ဆူပတ်တာနာပေါင် ပန်မီချာဝို နှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ JCC ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးဝန်ကြီး အာခွန် တမ်အစ်တာယာပိုင်ဆစ် တို့ကို ညွှန်ကြားထားသည်ဟု ဝန်ကြီးချုပ် ပရာရွတ်ကပြောသည်။
ITD နှင့် DSEZ MC ကြားစာချုပ်သည် အာဆီယံပဋိညာဉ်အောက်တွင်ရှိ၊ မရှိ စစ်ဆေးရန်လည်း ညွှန်ကြားထား သည်။အာဆီယံပဋိညာဉ်သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအတွက် တရားဥပဒေအရအခြေအနေနှင့် ဖွဲ့စည်းမှုမူ ဘောင်များဖြည့်ဆည်းပေးရန် ဖွဲ့စည်းပုံဖြစ်သည်။
Ref : Prayut set on repairing cancelled Dawei contract
source : PeopleMedia
zawgyi
ထားဝယ္ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းအတြက္ ထိုင္းႏိုင္ငံဘက္ကအေကာင္အထည္ေဖာ္ရန္ႀကိဳးစားေနဦးမည္ဟု ထိုင္းဝန္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္အိုခ်ာက အဂၤါေန႔တြင္ေျပာသည္။ထိုင္းစေတာ့အိတ္ခ်ိန္းတြင္မွတ္ပုံတင္ထားသည့္ အီတလီထိုင္းဖြံ႕ၿဖိဳးတိုးတက္မႈကုမၸဏီ(ITD)၏ လုပ္ငန္း လုပ္ပိုင္ခြင့္ကို ျမန္မာႏိုင္ငံဘက္ကရပ္ဆိုင္းလိုက္ၿပီးေနာက္ေျပာျခင္းျဖစ္သည္။
(ITD)တစိတ္တပိုင္းပိုင္ဆိုင္မႈရွိေသာ ထားဝယ္အထူးစီးပြားေရးဇုန္(DSEZ)ရွိ စီမံကိန္းကုမၸဏီ ၅ ခုကို လုပ္ငန္းလုပ္ပိုင္ခြင့္သေဘာတူညီခ်က္ ၇ ခုကို အၿပီး႐ုတ္သိမ္းေၾကာင္း ၿပီးခဲ့သည့္ေသာၾကာေန႔တြင္ ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန္႔ခြဲမႈေကာ္မတီ(DSEZ MC)က သတိေပးစာပို႔ခဲ့ၿပီးေနာက္ ITD က ထိုင္းအစိုးရထံအကူအညီေတာင္းခံခဲ့သည္။
ထိုကိစၥရပ္အတြက္ ျမန္မာအရာရွိမ်ားႏွင့္ေဆြးေႏြးညႇိႏႈိင္းရန္ DSEZ အတြက္ ထိုင္း-ျမန္မာပူးေပါင္းအဆင့္ျမင့္ ေကာ္မတီ JHC ဥကၠ႒ႏွင့္ ဒုတိယဝန္ႀကီးခ်ဳပ္ ဆူပတ္တာနာေပါင္ ပန္မီခ်ာဝို ႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး ေကာ္မတီ JCC ဥကၠ႒ႏွင့္ ဘ႑ာေရးဝန္ႀကီး အာခြန္ တမ္အစ္တာယာပိုင္ဆစ္ တို႔ကို ၫႊန္ၾကားထားသည္ဟု ဝန္ႀကီးခ်ဳပ္ ပရာ႐ြတ္ကေျပာသည္။
ITD ႏွင့္ DSEZ MC ၾကားစာခ်ဳပ္သည္ အာဆီယံပဋိညာဥ္ေအာက္တြင္ရွိ၊ မရွိ စစ္ေဆးရန္လည္း ၫႊန္ၾကားထား သည္။အာဆီယံပဋိညာဥ္သည္ အာဆီယံအဖြဲ႕ဝင္ ၁၀ ႏိုင္ငံအတြက္ တရားဥပေဒအရအေျခအေနႏွင့္ ဖြဲ႕စည္းမႈမူ ေဘာင္မ်ားျဖည့္ဆည္းေပးရန္ ဖြဲ႕စည္းပုံျဖစ္သည္။
Ref : Prayut set on repairing cancelled Dawei contract
source : PeopleMedia