တရားခံပြေးအဖြစ် ကြေညာခံထားရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှဆွေ သည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဒဂုံမြို့နယ်၊ ပဒုမ္မာလမ်းရှိ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို လာ ရောက်အဖမ်းခံခဲ့ကြောင်းသိရသည်။
ထွက်ပြေးတိမ်းရှောင်တာနေတာနဲ့ပတ်သက်ပြီး ဘူးလက်လှဆွေက ပြောကြားရာမှာ “ကျွန်တော့်ကိုစွဲထားတဲ့ ပုဒ်မနဲ့ ကျွန်တော်လုပ်တဲ့လုပ်ရပ်နဲ့က ထိုက်တန်မှုမရှိလို့ ရှောင်နေတာ။ ကျွန်တော့်ကို စွဲထားတဲ့ပုဒ်မကြီးက လွန်လွန်းအားကြီးတယ်။ တရားမျှတမှုမရှိတဲ့ အစိုးရလက်အောက်မှာ ဝရမ်းပြေးတို့၊ သူပုန်တို့ဖြစ်နေတာ ပိုပြီးတော့ သတ္တိရှိလို့” ဟု ပြောသည်။
ဘူးလက်လှဆွေသည် တရားခံပြေးကြေညာထားသော်လည်း အချိန်ကြာမြင့်စွာ ထွက်ပြေးတိမ်းရှောင်နေရာမှ ယနေ့မှာ လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်ပြီး၊ ဘူးလက်လှဆွေကို အနောက်ပိုင်းခရိုင်တရားရုံးသို့ ပို့ဆောင်ရမန်ယူ နေကြောင်း သိရသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ၁၂၄(က) ဖြင့် ဖမ်းဝရမ်းထုတ်ခံရသူတစ်ဦးဖြစ်ပြီး တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်ပြီးနောက် လာရောက်အဖမ်းခံခြင်းဖြစ်သည်။
source : PeopleMedia
zawgyi
တရားခံေျပးအျဖစ္ ေၾကညာခံထားရသည့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဘူးလက္လွေဆြ သည္ ယေန႔နံနက္ ၉ နာရီ ၃၀ မိနစ္တြင္ ဒဂုံၿမိဳ႕နယ္၊ ပဒုမၼာလမ္းရွိ အေနာက္ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွဴး႐ုံးကို လာ ေရာက္အဖမ္းခံခဲ့ေၾကာင္းသိရသည္။
ထြက္ေျပးတိမ္းေရွာင္တာေနတာနဲ႔ပတ္သက္ၿပီး ဘူးလက္လွေဆြက ေျပာၾကားရာမွာ “ကၽြန္ေတာ့္ကိုစြဲထားတဲ့ ပုဒ္မနဲ႔ ကၽြန္ေတာ္လုပ္တဲ့လုပ္ရပ္နဲ႔က ထိုက္တန္မႈမရွိလို႔ ေရွာင္ေနတာ။ ကၽြန္ေတာ့္ကို စြဲထားတဲ့ပုဒ္မႀကီးက လြန္လြန္းအားႀကီးတယ္။ တရားမွ်တမႈမရွိတဲ့ အစိုးရလက္ေအာက္မွာ ဝရမ္းေျပးတို႔၊ သူပုန္တို႔ျဖစ္ေနတာ ပိုၿပီးေတာ့ သတၱိရွိလို႔” ဟု ေျပာသည္။
ဘူးလက္လွေဆြသည္ တရားခံေျပးေၾကညာထားေသာ္လည္း အခ်ိန္ၾကာျမင့္စြာ ထြက္ေျပးတိမ္းေရွာင္ေနရာမွ ယေန႔မွာ လာေရာက္အဖမ္းခံခဲ့ျခင္းျဖစ္ၿပီး၊ ဘူးလက္လွေဆြကို အေနာက္ပိုင္းခရိုင္တရား႐ုံးသို႔ ပို႔ေဆာင္ရမန္ယူ ေနေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ ၁၂၄(က) ျဖင့္ ဖမ္း၀ရမ္းထုတ္ခံရသူတစ္ဦးျဖစ္ၿပီး တစ္ႏွစ္ေက်ာ္ၾကာ ထြက္ေျပးတိမ္းေရွာင္ၿပီးေနာက္ လာေရာက္အဖမ္းခံျခင္းျဖစ္သည္။
source : PeopleMedia