မြန်မာ့ရေတပ်မတော်က ငါးဖမ်းသမား ၂၀ ကို ပင်လယ်ပြင်မှ ခေါ်ဆောင်သွားဟု ဘင်္ဂလားဒေ့ရှ် ပြော။ စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားပင်လယ်အော်၌ လှေ ၄-စီးဖြင့် ငါးဖမ်းနေစဉ် ခေါ်ဆောင်ခံရခြင်းဖြစ်ဟု ဆို

ကော့ခ်ဘဇားနယ်မြေ စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားပင်လယ်အော်၌ ၎င်းတို့ နိုင်ငံသား ငါးဖမ်းသမား ၂၀ – ယောက်မှာ လှေ ၄-စီးဖြင့် ငါးဖမ်းနေစဉ် မြန်မာ့ရေတပ်မတော်က ခေါ်ဆောင်သွားခြင်းခံရသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ဗုဒ္ဓဟူးနေ့ နံနက် ၁၁ -နာရီခန့်တွင် ဘင်္ဂလားပင်လယ်အော် ဆီတာပါဟာရေပြင်၌ ထိုသို့ဖြစ်ပွားခြင်းဖြစ်ပြီး၊ ခေါ်ဆောင်သွားခြင်းခံရသူအားလုံးမှာ ရှာပရီယာဒစ်ဒေသနေထိုင်သူများဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းတို့အမည်နှင့် လိပ်စာအတိအကျကိုမူ လောလောဆယ် မသိရှိရသေးကြောင်း ဆာဘရန်းယူနီယံ အမှတ် ၈ နယ်မြေ အထက်လွှတ်တော်အမတ် မိုဟာမက်နျူးအာမင်က ပြောဆိုသည်ဟု ဒါကာအခြေစိုက် သတင်းမီဒီယာက ဖော်ပြသည်။

source : OungMarine

zawgyi

ကော့ခ်ဘဇားနယ်မြေ စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားပင်လယ်အော်၌ ၄င်းတို့ နိုင်ငံသား ငါးဖမ်းသမား ၂၀ – ယောက်မှာ လှေ ၄-စီးဖြင့် ငါးဖမ်းနေစဉ် မြန်မာ့ရေတပ်မတော်က ခေါ်ဆောင်သွားခြင်းခံရသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။
..
ဗုဒ္ဓဟူးနေ့ နံနက် ၁၁ -နာရီခန့်တွင် ဘင်္ဂလားပင်လယ်အော် ဆီတာပါဟာရေပြင်၌ ထိုသို့ဖြစ်ပွားခြင်းဖြစ်ပြီး၊ ခေါ်ဆောင်သွားခြင်းခံရသူအားလုံးမှာ ရှာပရီယာဒစ်ဒေသနေထိုင်သူများဖြစ်ကြောင်း၊ သို့သော်လည်း ၄င်းတို့အမည်နှင့် လိပ်စာအတိအကျကိုမူ လောလောဆယ် မသိရှိရသေးကြောင်း ဆာဘရန်းယူနီယံ အမှတ် ၈ နယ်မြေ အထက်လွှတ်တော်အမတ် မိုဟာမက်နျူးအာမင်က ပြောဆိုသည်ဟု ဒါကာအခြေစိုက် သတင်းမီဒီယာက ဖော်ပြသည်။

source : OungMarine

Leave a Reply

Your email address will not be published. Required fields are marked *