ျမန္မာျပည္မွာ ကိုဗစ္ ကူးစက္မႈႏႈန္း က်လာတာကို မယုံၾကည္သူေတြအတြက္ သက္ေသတခု

မြန်မာပြည်မှာ ကိုဗစ်လူနာတွေ ကျလာတာပါလို့ ပြောတာကို မယုံသေးတဲ့ သူတစ်ချို့ ရှိနေပါသေးတယ်။ စစ်သင့်တဲ့သူတွေ မစစ်လို့ Positive ဖြစ်သူတွေ လွတ်နေတာလို့ ပြောသူတွေ ရှိပါတယ်။ ကိုယ့်ဘာသာ ကျိတ်ကုနေလို့ Data တွေ မမှန်တာလို့ ပြောနေသူတွေ ရှိပါတယ်။

အိမ်မှာ ကျိတ်ကုဦးတော့ အောက်ဆီဂျင် ၁၀ လီတာ ထက်ပိုလိုလာရင် ဆေးရုံကို လာကို လာရမှာပါ။ အနည်းဆုံး မန္တလေးမှာတော့ အောက်ဆီဂျင်လိုအပ်သူ လူနာ အရေအတွက် ကျလာနေတာ သိသာပါတယ်။ မစစ်လို့ လူနာသစ်တွေ မတွေ့ဘူးဆိုပြီး စာရွက်ပေါ်မှာ ကျလာဦးတော့ သေမယ့်လူနာတွေကတော့ ဆေးရုံမှာ ကျလာစရာ မရှိပါ။ မဖြစ်မနေ ဆေးရုံမှာ လာသေကြဖို့ များပါတယ်။

သေသူတွေ စာရင်းကတော့ ကျလာတာ သိသာပါတယ်။ အလောင်းမြေချဖို့ သေကြောင်း လက်မှတ်လို သေးတာကိုး။ ကြံဖန်ပြီး မြေချလို့ ရအောင် စီစဉ်သွားသူတွေ ရှိဦးတော့ ဒီလောက် ခေါက်ချိုးတော့ ကျလာနိုင်စရာ မရှိပါ။

ဒီတော့ ကိုဗစ် ဖြစ်နှုန်းကျလာနေတာကို ယုံကြည်ပါတယ်။ ဘယ်လောက်အထိ ဆက်ကျမယ်ဆိုတာကတော့ ကျနော်တို့ လူထုအပေါ်မှာပဲ တည်တာပါ။

source : (ဒေါက်တာမောင်မောင်ဦး)

zawgyi

ျမန္မာျပည္မွာ ကိုဗစ္လူနာေတြ က်လာတာပါလို႔ ေျပာတာကို မယုံေသးတဲ့ သူတစ္ခ်ိဳ႕ ရွိေနပါေသးတယ္။ စစ္သင့္တဲ့သူေတြ မစစ္လို႔ Positive ျဖစ္သူေတြ လြတ္ေနတာလို႔ ေျပာသူေတြ ရွိပါတယ္။ ကိုယ့္ဘာသာ က်ိတ္ကုေနလို႔ Data ေတြ မမွန္တာလို႔ ေျပာေနသူေတြ ရွိပါတယ္။

အိမ္မွာ က်ိတ္ကုဦးေတာ့ ေအာက္ဆီဂ်င္ ၁၀ လီတာ ထက္ပိုလိုလာရင္ ေဆး႐ုံကို လာကို လာရမွာပါ။ အနည္းဆုံး မႏၲေလးမွာေတာ့ ေအာက္ဆီဂ်င္လိုအပ္သူ လူနာ အေရအတြက္ က်လာေနတာ သိသာပါတယ္။ မစစ္လို႔ လူနာသစ္ေတြ မေတြ႕ဘူးဆိုၿပီး စာ႐ြက္ေပၚမွာ က်လာဦးေတာ့ ေသမယ့္လူနာေတြကေတာ့ ေဆး႐ုံမွာ က်လာစရာ မရွိပါ။ မျဖစ္မေန ေဆး႐ုံမွာ လာေသၾကဖို႔ မ်ားပါတယ္။

ေသသူေတြ စာရင္းကေတာ့ က်လာတာ သိသာပါတယ္။ အေလာင္းေျမခ်ဖို႔ ေသေၾကာင္း လက္မွတ္လို ေသးတာကိုး။ ႀကံဖန္ၿပီး ေျမခ်လို႔ ရေအာင္ စီစဥ္သြားသူေတြ ရွိဦးေတာ့ ဒီေလာက္ ေခါက္ခ်ိဳးေတာ့ က်လာႏိုင္စရာ မရွိပါ။

ဒီေတာ့ ကိုဗစ္ ျဖစ္ႏႈန္းက်လာေနတာကို ယုံၾကည္ပါတယ္။ ဘယ္ေလာက္အထိ ဆက္က်မယ္ဆိုတာကေတာ့ က်ေနာ္တို႔ လူထုအေပၚမွာပဲ တည္တာပါ။

source : (ေဒါက္တာေမာင္ေမာင္ဦး)

Leave a Reply

Your email address will not be published. Required fields are marked *