တူရဂီအားပိတ္ဆို႔မႈမ်ား ျပဳလုပ္ၿပီးေနာက္ ႐ု႐ွားထုတ္ S 400 SAM မ်ား ဝယ္ယူျခင္းမျပဳရန္ အိႏၵိယအား US ထပ္မံသတိေပး

မကြာသေးမီကမှ အဆိုပါ S 400 SAM များ ဝယ်ယူမည့် Turkey အား ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး အလားတူဝယ်ယူမည့် အိန္ဒိယကိုလည်း ခွင့်ပြုရန်အလားအလာ မရှိဘူးလို့ US အစိုးရက ဆိုလိုက်တာပါ။ ရုရှားထုတ် စစ်လက်နက်များ ဝယ်ယူခြင်းမှတားမြစ်ထားသည့် 2017 US Law အရ SAM ၅ စုံစာ ကန်ဒေါ်လာ 5.5 Bil ကုန်ကျမည့် ယခုအစီအစဉ်အား လက်လျော့ရန်နဲ့ မလိုလားအပ်တဲ့ နှစ်နိုင်ငံ သံတမန်ရေးပြသနာများကို မဖန်တီးဖို့ Trump အစိုးရက ပြီးခဲ့တဲ့ နှစ်ပိုင်းကတည်းက ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

မနေ့ကပဲ US ၏ ရွေးကောက်ခံသမ္မတသစ် Biden က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ၎င်းအစိုးရလက်ထပ်မှာလည်း ယခုတားမြစ်မှုဟာ ပြောင်းလဲလာစရာမရှိဘူးလို့ ဆိုပါတယ်။ US ကာကွယ်ရေးဝန်ကြီးအသစ်ကလည်း US ရဲ့ အဓိကရန်သူဟာ တရုတ်နဲ့ ရုရှားဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောထားပြီး ဖြစ်ပါတယ်။

အိန္ဒိယကတော့ ၎င်းတို့ရင်ဆိုင်နေရတဲ့ India-China Standoff အရ ယခုလို တာဝေးပစ် S 400 Triumf SAM များ လိုအပ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယဟာ အမေရိကန်နဲ့ ကြီးမားတဲ့ မဟာဗျူဟာမြောက်မဟာမိတ်များ ဖြစ်သလို ရုရှားနဲ့လည်း မဟာဗျူဟာမြောက် အထူးမဟာမိတ်များ ဖြစ်ပါတယ်။ အိန္ဒိယဟာ လွတ်လပ်တဲ့နိုင်ငံခြားရေးမူဝါဒကို အမြဲ ကျင့်သုံးလာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိတို့နိုင်ငံလုံခြုံရေးအတွက် လိုအပ်တဲ့ စစ်လက်နက်တွေကို လိုချင်တဲ့နိုင်ငံကနေ ဝယ်ယူနိုင်ခွင့် အပြည့်အဝရှိတယ်လို့ တုံ့ပြန်ထားပါတယ်။

အဆိုပါ SAM များဟာ 600 km အတွင်း ပစ်မှတ်များအား ထောက်လှမ်းနိုင်ပြီး 400 km အတွင်း ဝင်လာသည့် မည့်သည့်ပစ်မှတ်ကိုမဆို ချေမှုန်းဖျက်ဆီးနိုင်ပါတယ်။ အိန္ဒိယအနေနဲ့ အဆိုပါ S 400 Squadron ၅ ခု ဖွဲ့စည်းရန် ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

US က အဆိုပါ SAM များ ဝယ်ယူမည့် တူရဂီကိုလည်း အမေရိကန်၏ရန်ဘက်များအား ဆန့်ကျင့်ပိတ်ဆို့ရေးဥပဒေ (CAATSA) အရ ပြီးခဲ့တဲ့လပိုင်းကပဲ ပိတ်ဆို့ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့မဟာမိတ်နဲ့ Partnership နိုင်ငံတွေကို ရုရှားနဲ့ ပတ်သက်ဆက်နွှယ်မှုတွေမလုပ်ဖို့ CAATSA အရ တိုက်တွန်းတားမြစ်သွားမှာ ဖြစ်ပါတယ်။ ယခု Sanctions Act ဟာ နိုင်ငံကိုမူတည်ပြီး ခွဲခြားထားတာမျိုး မရှိတဲ့အတွက် ယခု အိန္ဒိယကိုလည်း သဘောတူမှာ မဟုတ်ပါဘူး လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ အဆိုပါ S 400 SAM များအတွက် ကန်ဒေါ်လာ 800 Mil အား ကနဦးပေးချေပြီးဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှာ လွှဲပြောင်းပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ US အနေနဲ့ကတော့ အိန္ဒိယအပေါ် ပိတ်ဆို့မှုသည် Nuclear Weapon များ စတင်စမ်းသပ်ခဲ့သည့် ၁၉၉၈ မှ စတင်လာခဲ့တာ ဖြစ်ပါတယ်။ ရုရှားဟာ ဆယ်စုနှစ်များစွာ အိန္ဒိယ၏ အမာခံ စစ်လက်နက်ထောက်ပံ့သူဖြစ်လာခဲ့ပြီး မကြာသေးမီကမှ အိန္ဒိယအနေနဲ့ လေယာဉ်နဲ့ UAV များ ဝယ်ယူရန် US နဲ့ Isreal ဘက်သို့ ခြေဦးလှည့်လာခဲ့တာ ဖြစ်ပါတယ်။ ဘီလာရုဇ်နိုင်ငံကလည်း ရုရှားထုတ် အဆိုပါ S 400 Triumf SAM များအား ပထမဆုံးအနေနဲ့ ဝယ်ယူရန် ပြီးခဲ့တဲ့အပတ်ကပဲ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသေးတယ်။
crd

zawgyi

မၾကာေသးမီကမွ အဆိုပါ S 400 SAM မ်ား ဝယ္ယူမည့္ Turkey အား ပိတ္ဆို႔မႈမ်ား ျပဳလုပ္ခဲ့ၿပီး အလားတူဝယ္ယူမည့္ အိႏၵိယကိုလည္း ခြင့္ျပဳရန္အလားအလာ မ႐ွိဘူးလို႔ US အစိုးရက ဆိုလိုက္တာပါ။ ႐ု႐ွားထုတ္ စစ္လက္နက္မ်ား ဝယ္ယူျခင္းမွတားျမစ္ထားသည့္ 2017 US Law အရ SAM ၅ စံုစာ ကန္ေဒၚလာ 5.5 Bil ကုန္က်မည့္ ယခုအစီအစဥ္အား လက္ေလ်ာ့ရန္နဲ႔ မလိုလားအပ္တဲ့ ႏွစ္ႏိုင္ငံ သံတမန္ေရးျပသနာမ်ားကို မဖန္တီးဖို႔ Trump အစိုးရက ၿပီးခဲ့တဲ့ ႏွစ္ပိုင္းကတည္းက ေျပာၾကားလာခဲ့တာ ျဖစ္ပါတယ္။

မေန႔ကပဲ US ၏ ေရြးေကာက္ခံသမၼတသစ္ Biden က က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီး ၄င္းအစိုးရလက္ထပ္မွာလည္း ယခုတားျမစ္မႈဟာ ေျပာင္းလဲလာစရာမ႐ွိဘူးလို႔ ဆိုပါတယ္။ US ကာကြယ္ေရးဝန္ႀကီးအသစ္ကလည္း US ရဲ႕ အဓိကရန္သူဟာ တ႐ုတ္နဲ႔ ႐ု႐ွားျဖစ္လာလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာထားၿပီး ျဖစ္ပါတယ္။

အိႏၵိယကေတာ့ ၄င္းတို႔ရင္ဆိုင္ေနရတဲ့ India-China Standoff အရ ယခုလို တာေဝးပစ္ S 400 Triumf SAM မ်ား လိုအပ္တယ္လို႔ ဆိုပါတယ္။ အိႏၵိယဟာ အေမရိကန္နဲ႔ ႀကီးမားတဲ့ မဟာဗ်ဴဟာေျမာက္မဟာမိတ္မ်ား ျဖစ္သလို ႐ု႐ွားနဲ႔လည္း မဟာဗ်ဴဟာေျမာက္ အထူးမဟာမိတ္မ်ား ျဖစ္ပါတယ္။ အိႏၵိယဟာ လြတ္လပ္တဲ့ႏိုင္ငံျခားေရးမူဝါဒကို အျမဲ က်င့္သံုးလာတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ မိမိတို႔ႏိုင္ငံလံုျခံဳေရးအတြက္ လိုအပ္တဲ့ စစ္လက္နက္ေတြကို လိုခ်င္တဲ့ႏိုင္ငံကေန ဝယ္ယူႏိုင္ခြင့္ အျပည့္အဝ႐ွိတယ္လို႔ တံု႔ျပန္ထားပါတယ္။

အဆိုပါ SAM မ်ားဟာ 600 km အတြင္း ပစ္မွတ္မ်ားအား ေထာက္လွမ္းႏိုင္ၿပီး 400 km အတြင္း ဝင္လာသည့္ မည့္သည့္ပစ္မွတ္ကိုမဆို ေခ်မႈန္းဖ်က္ဆီးႏိုင္ပါတယ္။ အိႏၵိယအေနနဲ႔ အဆိုပါ S 400 Squadron ၅ ခု ဖြဲ႔စည္းရန္ ရည္ရြယ္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

US က အဆိုပါ SAM မ်ား ဝယ္ယူမည့္ တူရဂီကိုလည္း အေမရိကန္၏ရန္ဘက္မ်ားအား ဆန္႔က်င့္ပိတ္ဆို႔ေရးဥပေဒ (CAATSA) အရ ၿပီးခဲ့တဲ့လပိုင္းကပဲ ပိတ္ဆို႔ခဲ့ၿပီး ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ကြၽန္ေတာ္တို႔ရဲ႕မဟာမိတ္နဲ႔ Partnership ႏိုင္ငံေတြကို ႐ု႐ွားနဲ႔ ပတ္သက္ဆက္ႏႊယ္မႈေတြမလုပ္ဖို႔ CAATSA အရ တိုက္တြန္းတားျမစ္သြားမွာ ျဖစ္ပါတယ္။ ယခု Sanctions Act ဟာ ႏိုင္ငံကိုမူတည္ၿပီး ခြဲျခားထားတာမ်ိဳး မ႐ွိတဲ့အတြက္ ယခု အိႏၵိယကိုလည္း သေဘာတူမွာ မဟုတ္ပါဘူး လို႔ ဆိုပါတယ္။

အိႏၵိယအစိုးရအေနနဲ႔ အဆိုပါ S 400 SAM မ်ားအတြက္ ကန္ေဒၚလာ 800 Mil အား ကနဦးေပးေခ်ၿပီးျဖစ္ၿပီး ယခုႏွစ္ကုန္ပိုင္းမွာ လႊဲေျပာင္းေပးအပ္မွာျဖစ္တယ္လို႔ သိရပါတယ္။ US အေနနဲ႔ကေတာ့ အိႏၵိယအေပၚ ပိတ္ဆို႔မႈသည္ Nuclear Weapon မ်ား စတင္စမ္းသပ္ခဲ့သည့္ ၁၉၉၈ မွ စတင္လာခဲ့တာ ျဖစ္ပါတယ္။ ႐ု႐ွားဟာ ဆယ္စုႏွစ္မ်ားစြာ အိႏၵိယ၏ အမာခံ စစ္လက္နက္ေထာက္ပံ့သူျဖစ္လာခဲ့ၿပီး မၾကာေသးမီကမွ အိႏၵိယအေနနဲ႔ ေလယာဥ္နဲ႔ UAV မ်ား ဝယ္ယူရန္ US နဲ႔ Isreal ဘက္သို႔ ေျခဦးလွည့္လာခဲ့တာ ျဖစ္ပါတယ္။ ဘီလာ႐ုဇ္ႏိုင္ငံကလည္း ႐ု႐ွားထုတ္ အဆိုပါ S 400 Triumf SAM မ်ားအား ပထမဆံုးအေနနဲ႔ ဝယ္ယူရန္ ၿပီးခဲ့တဲ့အပတ္ကပဲ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ပါေသးတယ္။
crd

Leave a Reply

Your email address will not be published. Required fields are marked *