ဂ်ိဳးဘိုင္ဒန္က က်မ္းသစၥာက်ိန္ဆိုၿပီးေနာက္ နာရီပိုင္းအတြင္း ဒြန္နယ္ထရမ့္၏ အဓိက မူဝါဒအခ်ိဳ႕ကိုပယ္ဖ်က္

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ကျိန်ဆိုပြီးနောက် နာရီပိုင်းအကြာတွင် ဒွန်နယ်ထရမ့်၏ အဓိက မူဝါဒအချို့ကို ပယ်ဖျက်လိုက်သည်။“ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းများကို ဖြေရှင်းဖို့ အချိန်ဖြုန်းတီးနေ လို့မရဘူး” ဟု ဆိုကာ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အိမ်ဖြူတော်သို့ တန်းသွားခဲ့သည်။
သမ္မတဘိုင်ဒန်သည် အမိန့် ၁၅ ခုကို လက်မှတ်ရေးထိုးခဲ့ရာ ထိုအထဲတွင် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ဖက်ဒရယ်မှ တုန့်ပြန်မှုကို တိုးမြှင့်ရန် ရှေ့ဆုံးမှ ပါသည်။

အခြားအမိန့်များအဖြစ် ရာသီဥတုပြောင်းလဲမှုနှင့် လူဝင်မှုကြီးကြပ်ရေးအပေါ် Trump ထရမ့်ပ် အုပ်ချုပ်ရေး၏ ရပ်တည်ချက်များကို ရုပ်သိမ်းခဲသည်။ မစ္စတာဘိုင်ဒင်သည် အမေရိကန်ပြည်ထောင်စု၏ ၄၆ ယောက်မြောက်သမ္မတအဖြစ် ဗုဒ္ဓဟူးနေ့ အစောပိုင်းက ကျမ်းသစ္စာကျိန်ဆိုပြီးသည်နှင့် ဘဲဥပုံရုံး၌ အလုပ်လုပ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များကြောင့် ကျမ်းသစ္စာကျိန်ဆိုမှုနှင့် အခမ်းအနားများကို လူအနည်းငယ်ဖြင့်သာ ကျင်းပခဲ့သည်။ ဒွန်နယ်ထရမ့်ပ်သည် သမ္မတရာထူးအတွက် မစ္စတာဘိုင်ဒန်အား တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးသည့်အတွက် နှစ်ရှည်လများရှိခဲ့သော ထုံးတမ်းစဉ်လာနှင့် ဆန့်ကျင်ကာ အရေးမစိုက်ဘဲ နေခဲ့သည်။

တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်က ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် သမ္မတဘိုင်ဒင်က ဒီမိုကရေစီစနစ်သည် အောင်မြင်လွှမ်းမိုးနေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် စည်းလုံးညီညွတ်မှုဆိုင်ရာ သတင်းစကားအဖြင့် သူ့ကိုဆန့်ကျင်မဲပေးသူများ အပါအဝင် “အားလုံးသော အမေရိကန်များအတွက်” သမ္မတဖြစ်ရန် ကတိပေးခဲ့သည်။

မစ္စတာဘိုင်ဒင်သည် သမ္မတဘားရက်အိုဘားမား လက်ထပ် ရှစ်နှစ်တာကာလအတွင်း ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခမ်းအနားတွင် ဘီလ်ကလင်တန်နှင့် ဂျော့ခ်ျဒဗလျူဘုရှ်တို့အပြင် အိုဘားမားလည်း တက်ရောက်ခဲ့သည်။

ခါမာလာဟားရစ်သည် မစ္စတာ ဘိုင်ဒင် မတိုင်မီ ဒုတိယသမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ သူမသည် အမေရိနကန်၏ ပထမဆုံးအမျိုးသမီး ဒုသမ္မတနှင့် ပထမဆုံး ရာထူးအမြင့်ဆုံးရသည့် အာရှ – အမေရိကန်လူမျိုးဖြစ်သည်။

source : ကျော်မွန်ဦး
Ref; AP
ChannelKeyMyanmar

zawgyi

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ က်ိန္ဆိုၿပီးေနာက္ နာရီပိုင္းအၾကာတြင္ ဒြန္နယ္ထရမ့္၏ အဓိက မူဝါဒအခ်ိဳ႕ကို ပယ္ဖ်က္လိုက္သည္။“ ကြၽန္ေတာ္တို႔ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းမ်ားကို ေျဖရွင္းဖို႔ အခ်ိန္ျဖဳန္းတီးေန လို႔မရဘူး” ဟု ဆိုကာ ဖြင့္ပြဲအခမ္းအနားအၿပီးတြင္ အိမ္ျဖဴေတာ္သို႔ တန္းသြားခဲ့သည္။
သမၼတဘိုင္ဒန္သည္ အမိန႔္ ၁၅ ခုကို လက္မွတ္ေရးထိုးခဲ့ရာ ထိုအထဲတြင္ ကို႐ိုနာဗိုင္းရပ္စ္ အက်ပ္အတည္းကို ဖက္ဒရယ္မွ တုန႔္ျပန္မႈကို တိုးျမႇင့္ရန္ ေရွ႕ဆုံးမွ ပါသည္။

အျခားအမိန႔္မ်ားအျဖစ္ ရာသီဥတုေျပာင္းလဲမႈႏွင့္ လူဝင္မႈႀကီးၾကပ္ေရးအေပၚ Trump ထရမ့္ပ္ အုပ္ခ်ဳပ္ေရး၏ ရပ္တည္ခ်က္မ်ားကို ႐ုပ္သိမ္းခဲသည္။ မစၥတာဘိုင္ဒင္သည္ အေမရိကန္ျပည္ေထာင္စု၏ ၄၆ ေယာက္ေျမာက္သမၼတအျဖစ္ ဗုဒၶဟူးေန႔ အေစာပိုင္းက က်မ္းသစၥာက်ိန္ဆိုၿပီးသည္ႏွင့္ ဘဲဥပုံ႐ုံး၌ အလုပ္လုပ္ခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ ကန႔္သတ္ခ်က္မ်ားေၾကာင့္ က်မ္းသစၥာက်ိန္ဆိုမႈႏွင့္ အခမ္းအနားမ်ားကို လူအနည္းငယ္ျဖင့္သာ က်င္းပခဲ့သည္။ ဒြန္နယ္ထရမ့္ပ္သည္ သမၼတရာထူးအတြက္ မစၥတာဘိုင္ဒန္အား တရားဝင္ အသိအမွတ္ျပဳျခင္း မရွိေသးသည့္အတြက္ ႏွစ္ရွည္လမ်ားရွိခဲ့ေသာ ထုံးတမ္းစဥ္လာႏွင့္ ဆန႔္က်င္ကာ အေရးမစိုက္ဘဲ ေနခဲ့သည္။

တရားသူႀကီးခ်ဳပ္ ဂြၽန္ေရာဘတ္စ္က က်မ္းသစၥာ က်ိန္ဆိုၿပီးေနာက္ သမၼတဘိုင္ဒင္က ဒီမိုကေရစီစနစ္သည္ ေအာင္ျမင္လႊမ္းမိုးေနေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ျပင္ စည္းလုံးညီၫြတ္မႈဆိုင္ရာ သတင္းစကားအျဖင့္ သူ႔ကိုဆန႔္က်င္မဲေပးသူမ်ား အပါအဝင္ “အားလုံးေသာ အေမရိကန္မ်ားအတြက္” သမၼတျဖစ္ရန္ ကတိေပးခဲ့သည္။

မစၥတာဘိုင္ဒင္သည္ သမၼတဘားရက္အိုဘားမား လက္ထပ္ ရွစ္ႏွစ္တာကာလအတြင္း ဒုသမၼတအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ယခုအခမ္းအနားတြင္ ဘီလ္ကလင္တန္ႏွင့္ ေဂ်ာ့ခ္်ဒဗလ်ဴဘုရွ္တို႔အျပင္ အိုဘားမားလည္း တက္ေရာက္ခဲ့သည္။

ခါမာလာဟားရစ္သည္ မစၥတာ ဘိုင္ဒင္ မတိုင္မီ ဒုတိယသမၼတ အျဖစ္ က်မ္းသစၥာ က်ိန္ဆိုခဲ့သည္။ သူမသည္ အေမရိနကန္၏ ပထမဆုံးအမ်ိဳးသမီး ဒုသမၼတႏွင့္ ပထမဆုံး ရာထူးအျမင့္ဆုံးရသည့္ အာရွ – အေမရိကန္လူမ်ိဳးျဖစ္သည္။

source : ေက်ာ္မြန္ဦး
Ref; AP
ChannelKeyMyanmar

Leave a Reply

Your email address will not be published. Required fields are marked *