တရုတ်ကြည်းတပ်က ကမ္ဘာ့အပေါ့ပါးဆုံးစက်သေနတ်အကြီးစားစနစ်ကို လက်ခံရရှိ ( အဆိုပါလက်နက် စနစ်သည် တရုတ်တပ်မတော်အတွင်း၌ ပစ်ခတ်မှုစွမ်းအားအကောင်းဆုံးလက်နက် စနစ်တစ်ခုလည်းဖြစ်)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ကြည်း) က ကမ်းတိုက် တိုက်ပွဲ လေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အဆိုပါလေ့ကျင့်မှုမှာ အကြီးစား စက်သေနတ် သစ်တစ်မျိုးကို တွေ့ရှိခဲ့ရသလို ၎င်းသေနတ်သည် ကမ္ဘာပေါ်ရှိ မျိုးတူများထဲ၌ အပေါ့ပါးဆုံးဖြစ်နိုင်သည်ဟုဆိုသည်။ ထို့အပြင် အဆိုပါလက်နက် စနစ်သည် တရုတ်တပ်မတော်အတွင်း၌ ပစ်ခတ်မှုစွမ်းအားအကောင်းဆုံးလက်နက် စနစ်တစ်ခုလည်းဖြစ်သည်ဟု သိရှိရသည်။
၎င်းစစ်ရေးလေ့ကျင့်မှုကို PLA Marine Corps မှ တရုတ်ပြည်နယ်တောင်ပိုင်းရှိ Guangdong ပြည်နယ်၏ ကမ်းခြေ၌ ကျင်းပပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်ဟု CCTV သတင်းဌာနက အစီရင်ခံဖော်ပြခဲ့သည်။
သေနတ်နှင့်ပတ်သက်၍ အတိအကျမသိရှိရသေးသော်လည်း ၁၂.၇ မီလီမီတာ ဖြစ်ပြီး QJZ-89 ၏ တည်ဆောက်ပုံနှင့်ဆင်တူမှုရှိသည်ဟုဆိုသည်။ သို့သော် ချိန်ဆိုဒ်နှင့်ကျည်ဘောက်သည် ကွဲပြားခြားနားမှုရှိနေသည်ကို တွေ့ရှိရမည် ဖြစ်သည်။ သို့သော် QJZ-89 ထက် အလေးချိန်ပိုမိုပေါ့ပါးမှုရှိသည်ဟု သိရှိရသည်။
QJZ-89 သည် အလေးချိန် ၂၆ ကီလိုဂရမ်လေးသော်လည်း ယခုသေနတ်အသစ် သည် ၂၀ ကီလိုဂရမ်သာရှိသည်ဟုဆိုသည်။ ထိုသို့ပေါ့ပါးမှုရှိခြင်းကြောင့်လည်း တရုတ်စစ်သည်တစ်ဦးချင်းအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲ ပေါ့ပါးစွာဖြင့် သယ်ဆောင် စစ်ကစားနိုင်မည်လည်းဖြစ်သည်။
အပေါ့စားစက်သေနတ်ဟုဆိုသော်လည်း တိကျမှုအားနည်းနိုင်မည်မဟုတ်ဘဲ သေနတ်၏ ဒီဇိုင်းကို မျှခြေအနေအထားဖြင့် ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်ဟု လေ့လာဆန်းစစ်သူများကဆိုသည်။
သေနတ်ကို ကမ်းတက်တိုက်ပွဲများအတွက်သာမက တောင်ပေါ်ဒေသ တိုက်ပွဲ များ၊ လျင်မြန်မှုလိုအပ်သော စစ်ဆင်ရေးများတွင် ကောင်းစွာအသုံးပြုတိုက်ပွဲ ဝင်နိုင်မည်လည်းဖြစ်သည်။ယခုဆောင်ရွက်ခဲ့သော လေ့ကျင့်မှုအပြီးတွင် တရုတ်ကြည်းတပ်အတွက် သေနတ်အသစ်ကို အမြောက်အမြားထုတ်လုပ်ဖွယ်ရှိနေကြောင်း သိရှိရသည်။
CRD : MyanmarNews24
zawgyi
တ႐ုတ္ၾကည္းတပ္က ကမာၻ႔အေပါ့ပါးဆုံးစက္ေသနတ္အႀကီးစားစနစ္ကို လက္ခံရရွိ ( အဆိုပါလက္နက္ စနစ္သည္ တ႐ုတ္တပ္မေတာ္အတြင္း၌ ပစ္ခတ္မႈစြမ္းအားအေကာင္းဆုံးလက္နက္ စနစ္တစ္ခုလည္းျဖစ္)
တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္(ၾကည္း) က ကမ္းတိုက္ တိုက္ပြဲ ေလ့က်င့္မႈတစ္ခုကို ျပဳလုပ္ခဲ့ၿပီး အဆိုပါေလ့က်င့္မႈမွာ အႀကီးစား စက္ေသနတ္ သစ္တစ္မ်ိဳးကို ေတြ႕ရွိခဲ့ရသလို ၎ေသနတ္သည္ ကမာၻေပၚရွိ မ်ိဳးတူမ်ားထဲ၌ အေပါ့ပါးဆုံးျဖစ္ႏိုင္သည္ဟုဆိုသည္။ ထို႔အျပင္ အဆိုပါလက္နက္ စနစ္သည္ တ႐ုတ္တပ္မေတာ္အတြင္း၌ ပစ္ခတ္မႈစြမ္းအားအေကာင္းဆုံးလက္နက္ စနစ္တစ္ခုလည္းျဖစ္သည္ဟု သိရွိရသည္။
၎စစ္ေရးေလ့က်င့္မႈကို PLA Marine Corps မွ တ႐ုတ္ျပည္နယ္ေတာင္ပိုင္းရွိ Guangdong ျပည္နယ္၏ ကမ္းေျခ၌ က်င္းပျပဳလုပ္ခဲ့ျခင္းလည္းျဖစ္သည္ဟု CCTV သတင္းဌာနက အစီရင္ခံေဖာ္ျပခဲ့သည္။
ေသနတ္ႏွင့္ပတ္သက္၍ အတိအက်မသိရွိရေသးေသာ္လည္း ၁၂.၇ မီလီမီတာ ျဖစ္ၿပီး QJZ-89 ၏ တည္ေဆာက္ပုံႏွင့္ဆင္တူမႈရွိသည္ဟုဆိုသည္။ သို႔ေသာ္ ခ်ိန္ဆိုဒ္ႏွင့္က်ည္ေဘာက္သည္ ကြဲျပားျခားနားမႈရွိေနသည္ကို ေတြ႕ရွိရမည္ ျဖစ္သည္။ သို႔ေသာ္ QJZ-89 ထက္ အေလးခ်ိန္ပိုမိုေပါ့ပါးမႈရွိသည္ဟု သိရွိရသည္။
QJZ-89 သည္ အေလးခ်ိန္ ၂၆ ကီလိုဂရမ္ေလးေသာ္လည္း ယခုေသနတ္အသစ္ သည္ ၂၀ ကီလိုဂရမ္သာရွိသည္ဟုဆိုသည္။ ထိုသို႔ေပါ့ပါးမႈရွိျခင္းေၾကာင့္လည္း တ႐ုတ္စစ္သည္တစ္ဦးခ်င္းအတြက္ ဝန္ထုတ္ဝန္ပိုးမျဖစ္ေစဘဲ ေပါ့ပါးစြာျဖင့္ သယ္ေဆာင္ စစ္ကစားႏိုင္မည္လည္းျဖစ္သည္။
အေပါ့စားစက္ေသနတ္ဟုဆိုေသာ္လည္း တိက်မႈအားနည္းႏိုင္မည္မဟုတ္ဘဲ ေသနတ္၏ ဒီဇိုင္းကို မွ်ေျခအေနအထားျဖင့္ ေဆာင္႐ြက္ႏိုင္ရန္ တည္ေဆာက္ထားျခင္းျဖစ္သည္ဟု ေလ့လာဆန္းစစ္သူမ်ားကဆိုသည္။
ေသနတ္ကို ကမ္းတက္တိုက္ပြဲမ်ားအတြက္သာမက ေတာင္ေပၚေဒသ တိုက္ပြဲ မ်ား၊ လ်င္ျမန္မႈလိုအပ္ေသာ စစ္ဆင္ေရးမ်ားတြင္ ေကာင္းစြာအသုံးျပဳတိုက္ပြဲ ဝင္ႏိုင္မည္လည္းျဖစ္သည္။ယခုေဆာင္႐ြက္ခဲ့ေသာ ေလ့က်င့္မႈအၿပီးတြင္ တ႐ုတ္ၾကည္းတပ္အတြက္ ေသနတ္အသစ္ကို အေျမာက္အျမားထုတ္လုပ္ဖြယ္ရွိေနေၾကာင္း သိရွိရသည္။
CRD : MyanmarNews24