အမ်ိဳးသမီးပုံ ေအာက္ ကေန ရဟန္းရွင္လူေတြ သြားလာတာ မသင့္ေတာ္ ဘူးဆိုလို႔ ေနရာေ႐ႊ႕ေပးခဲ့ရတဲ့ ဗြီႏိုင္း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့မှာ အန်နယ်ဒီဝန်းရံသူတွေက “အစိုးရသစ်အား လှိုက်လှဲစွာ ကြိုဆိုပါ၏” ဆိုတဲ့ ဗွီနိုင်းကို ဒီနေ့ ဇန်နဝါရီလ (၂၁) ရက်နေ့ မြို့အဝင်မှာ ချိတ်ဆွဲပြီး အစိုးရ သစ်ကို ကြိုဆိုမှုပြုလုပ်ကြပါတယ်။

အဲဒီချိတ်ဆွဲ ကြိုဆိုတာကို သက်ဆိုင်ရာဆီမှာ ခွင့်ပြုချက်တောင်းယူခဲ့ သလို စည်ပင်မှာလည်း အခွန်ဆောင်ပြီး လမ်းကို ကန့်လန့်ဖြတ်ချိတ်ဆွဲခဲ့ပါတယ်။ ဒါပေမဲ့ ကြံ့ပါတီဝင်တစ်ယောက် က အမျိုးသမီးတစ်ယောက် ပုံရဲ့ အောက်ကနေ ရဟန်းရှင်လူ၊ ပြည်သူတွေ သွားလာတာ မသင့်တော်ဘူးဆိုပြီး ကန့်ကွက်ခဲ့တာကြောင့် လမ်းဘေးကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဗွီနိုင်းချိတ်ဆွဲသူ ကိုအောင်ကျော်စိုးက ပြောပါတယ်။

“ကျွန်တော်ကတော့ သူတို့ကျေနပ်အောင် နေရာပြောင်းပေးလိုက်တယ်။ ဒီနေ့ ခွင့်ပြုချက်တောင်းပြီး ဒီနေ့ပဲ ချိတ်ဆွဲလိုက်တာပါ” လို့ ကိုအောင်ကျော်စိုးက ပြောပါတယ်။ ကိုအောင်ကျော်စိုးဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း အစိုးရသစ်ကာလမှာ သမ္မတကြီးဦးထင်ကျော်ကို ကြိုဆိုပါတယ်ဆိုပြီး ဗွီနိုင်းချိတ်ဆွဲခဲ့ပါသေးတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ဖြူမြို့နယ် အန်နယ်ဒီဥက္ကဋ္ဌ ဦးကျော်မင်း နိုင်က “ပါတီတွေက စီစဥ်တာ၊ လုပ်တာမဟုတ်ဘူးဗျ။ (၃) ရွာလောက်တော့ ရှိပြီဗျ။ စံပြ၊ မုန်တောကြီး၊ ကျောင်းတော်ရာ မုန်တောကြီးမှာတော့ ကိုယ့်အိမ်နဲ့ကိုယ်တင်တာ ပြဿနာလေးတွေရှိတယ်လို့ ကြားရတယ်ဗျ။ ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေ၊ ရဲတွေက မေးတာ တွေလုပ်တယ်လို့ သိရတယ်။” လို့ ပြောပါတယ်။

အစိုးရသစ်ကို ကြိုဆိုကြောင်း ကျောင်းတော်ရာ၊ လယ်ကိုင်း၊ မကျည်းကုန်း၊ ညောင်ပင်ရွာ၊ သောင်ရင်း ရွာသစ် ကျေးရွာတွေမှာလည်း ဗွီနိုင်းတွေ ချိတ်ဆွဲနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ကိုအောင်ကျော်စိုး

zawgyi

မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕မွာ အန္နယ္ဒီဝန္းရံသူေတြက “အစိုးရသစ္အား လႈိက္လွဲစြာ ႀကိဳဆိုပါ၏” ဆိုတဲ့ ဗြီႏိုင္းကို ဒီေန႔ ဇန္နဝါရီလ (၂၁) ရက္ေန႔ ၿမိဳ႕အဝင္မွာ ခ်ိတ္ဆြဲၿပီး အစိုးရသစ္ကို ႀကိဳဆိုမႈျပဳလုပ္ၾကပါတယ္။

အဲဒီခ်ိတ္ဆြဲ ႀကိဳဆိုတာကို သက္ဆိုင္ရာဆီမွာ ခြင့္ျပဳခ်က္ေ တာင္းယူခဲ့သလို စည္ပင္မွာလည္း အခြန္ေဆာင္ၿပီး လမ္းကို ကန႔္လန႔္ျဖတ္ခ်ိတ္ဆြဲခဲ့ပါတယ္။ ဒါေပမဲ့ ႀကံ့ပါတီဝင္တစ္ေယာက္က အမ်ိဳးသမီးတစ္ေယာက္ ပုံရဲ႕ ေအာက္ကေန ရဟန္းရွင္လူ၊ ျပည္သူေတြ သြားလာတာ မသင့္ေတာ္ဘူးဆိုၿပီး ကန႔္ကြက္ခဲ့တာေၾကာင့္ လမ္းေဘးကို ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ ဗြီႏိုင္းခ်ိတ္ဆြဲသူ ကိုေအာင္ေက်ာ္စိုးက ေျပာပါတယ္။

“ကြၽန္ေတာ္ကေတာ့ သူတို႔ေက်နပ္ေအာင္ ေနရာေျပာင္းေပးလိုက္တယ္။ ဒီေန႔ ခြင့္ျပဳခ်က္ေတာင္းၿပီး ဒီေန႔ပဲ ခ်ိတ္ဆြဲလိုက္တာပါ” လို႔ ကိုေအာင္ေက်ာ္စိုးက ေျပာပါတယ္။ ကိုေအာင္ေက်ာ္စိုးဟာ ၂၀၁၅ ခုႏွစ္တုန္းကလည္း အစိုးရသစ္ကာလမွာ သမၼတႀကီးဦးထင္ေက်ာ္ကို ႀကိဳဆိုပါတယ္ဆိုၿပီး ဗြီႏိုင္းခ်ိတ္ဆြဲခဲ့ပါေသးတယ္။

အဆိုပါကိစၥနဲ႔ ပတ္သက္ၿပီး ပြင့္ျဖဴၿမိဳ႕နယ္ အန္နယ္ဒီဥကၠ႒ ဦးေက်ာ္မင္းႏိုင္က “ပါတီေတြက စီစဥ္တ ာ၊ လုပ္တာမဟုတ္ဘူးဗ်။ (၃) ႐ြာေလာက္ေတာ့ ရွိၿပီဗ်။ စံျပ၊ မုန္ေတာႀကီး၊ ေက်ာင္းေတာ္ရာ မုန္ေတာႀကီးမွာေတာ့ ကိုယ့္အိမ္နဲ႔ကိုယ္တင္တာ ျပႆနာေ လးေတြရွိတယ္လို႔ ၾကားရတယ္ဗ်။ ရပ္ေက်းအုပ္ခ်ဳပ္ ေရးမႉးေတြ၊ ရဲေတြက ေမးတာေတြလုပ္တ ယ္လို႔ သိရတယ္။” လို႔ ေျပာပါတယ္။

အစိုးရသစ္ကို ႀကိဳဆိုေၾကာင္း ေက်ာင္းေတာ္ရာ၊ လယ္ကိုင္း၊ မက်ည္းကုန္း၊ ေညာင္ပင္႐ြာ၊ ေသာင္ရင္း႐ြာသစ္ ေက်း႐ြာေတြမွာလည္း ဗြီႏိုင္းေတြ ခ်ိတ္ဆြဲေနတယ္လို႔ သိရပါတယ္။

ဓါတ္ပုံ – ကိုေအာင္ေက်ာ္စိုး

Leave a Reply

Your email address will not be published. Required fields are marked *