ထူးထူးျခားျခား ေရေပၚေလယာဥ္ ကြင္းမ်ား ဆန္ဆန္ တည္ေဆာက္ မည့္ ႐ုရွားေလယာဥ္ တင္သေဘၤာ အသစ္မ်ား

ရုရှားရေတပ်အတွက် လေယာဉ်တင်သင်္ဘောအသစ်၏ ဒီဇိုင်းကို ရုရှားနိုင်ငံ၏ ထိပ်တန်းသင်္ဘောတည်ဆောက်တဲ့ ကုမ္ပဏီဖြစ်တဲ့ Nevskoe Design Bureau က တာဝန်ယူ နေတာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ရုရှားရေတပ်အတွက် နှစ်မျိုးစပ်သင်္ဘောမျ ားအပါအဝင် အမျိုးမျိုးသော မော်ကျူလာလေယာဉ်တင်သင်္ဘောအသစ်များရဲ့ ဒီဇိုင်းများကို ရေးဆွဲ တင်ပြပေးနေတာပဲ ဖြစ်ပါတယ်။

အခုတော့ ရုရှားပင်လယ်သွား စစ်သင်္ဘောများတည်ဆောက်သူ Nevskoe က ရုရှားရေတပ်အတွက် ရှေ့ပြေးပုံစံ လေယာဉ်တင်သင်္ဘောဟာ မော်ကျူလာနည်းပညာဖြင့် ထုတ်လုပ်မှာဖြစ်ပြီး Varan လို့အမည်တွ င်တယ် လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ ဒီသင်္ဘောရဲ့ အဓိက ရည်ရွယ်ချက်မှာ တိုက်ခိုက်ရေးလေယာဉ်များအတွက် ဘက်စုံသုံး ရေပေါ် လေယာဉ်ကွင်းအနေဖြင့် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ Varan သင်္ဘောတွင် လေယာဉ်ပြေးလမ်းတစ်ခုနှင့်အတူ အလိုအလျှောက်စန စ်များစွာနှင့် စက်ရုပ်နည်းပညာများကိုပင် အသုံးပြုထားဖွယ်ရှိပါတယ်။ ဒီသင်္ဘောဟာ ဘက်စုံသုံးလေယာဉ် ၂၄ စီး၊ ရဟတ်ယာဉ် ၆ စီးနှင့် မောင်းသူမဲ့လေယာဉ် အစီး ၂၀ အထိ တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မော်ကျူလာဆိုသည်မှာ ကလေးများ မော်ကျူလာ ဘလော့တုံးများဆက်ကာ ကစားသကဲ့သို့ သင်္ဘောများအား အစိတ်အပိုင်းများအလိုက် တည်ဆောက်ပြီး ဆက်စပ်ပေးခြင်းဖြစ်ပါတယ်။ မော်ကျူလာစနစ်ဟာ စစ်သင်္ဘောတွေအတွက် ရှုပ်ထွေးပေမည့် အားသာချက်မှာ အချိန်တိုအတွင်းမှာ ပြီးစီးအောင်တည်ဆောက်နိုင်ပြီး လိုသလိုချဲ့ထွင်နိုင်ပါတယ်။

တန် ၄၅၀၀၀ လောက်ရှိမယ့် ဒီသင်္ဘေ ာဟာ အရှည် ၂၅၀ မီတာ (၈၃၀ ပေ ခန့်)၊ အမြင့် ၆၅ မီတာ (၂၁၃ ပေ ခန့်) နှင့် ရေစူး ၉ မီတာ (ပေ ၃၀ ခန့်) ရှိကာ ၂၆ နော်တီကယ်မိုင် (တစ်နာရီ မိုင် ၃၀ ခန့်) နှင့် မောင်းနှင်နိုင်မှာပါ။ ဒီ လေယာဉ်တင်သင်္ဘောစနစ်ဟာ အာတိတ်ဒေသရှိ ရုရှားနှင့် မိတ်ဖက်နိုင်ငံများ၏ လှုပ်ရှားမှုတခုလုံးကို ထောက်ပံ့ဖို့ရာ ဗဟိုချက်တစ်ခုဖြစ်လာလိမ့်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ဒီရေပေါ် လေယာဉ်ကွင်းများဟာ အာတိတ်ဒေသမှာရှိတဲ့ သယ်သူပို့ဆောင်ရေး၊ ကယ်ဆ ယ်ရေး နှင့် စစ်ဘက်ဆိုင်ရာလေကြောင်း လှုပ်ရှားမှုများကို အထောက်အပံ့ပေးသွားနိုင်မှာဖြစ်သည့်အပြင် မြောက်ပိုင်းပင်လယ်ရှိ ဓာတ်ငွေ့သိုက် အသစ်များ တည်ဆောက်ရန်၊ ထိုဒေသရှိ လမ်း ကြောင်းများ၏ ဘေးကင်းလုံခြုံမှုရှိရန် နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းများကို ဆောင်ရွက်ရန် အတွက် အသုံး ပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

CRD_Knowledgeworm

zawgyi

႐ုရွားေရတပ္အ တြက္ ေလယာဥ္တင္သေဘၤာအသစ္၏ ဒီဇိုင္းကို ႐ုရွားႏိုင္ငံ၏ ထိပ္တန္းသေဘၤာတည္ေဆာက္တဲ့ ကုမၸဏီျဖစ္တဲ့ Nevskoe Design Bureau က တာဝန္ယူေနတာ ျဖစ္ပါတယ္။ ဒီကုမၸဏီဟာ ႐ုရွားေရတပ္အတြက္ ႏွစ္မ်ိဳးစပ္သေဘၤာမ်ား အပါအဝင္ အမ်ိဳးမ်ိဳးေသာ ေမာ္က်ဴလာေလယာဥ္တင္သေဘၤာအသစ္မ်ားရဲ႕ ဒီဇိုင္းမ်ားကို ေရးဆြဲ တင္ျပေပးေနတာပဲ ျဖစ္ပါတယ္။

အခုေတာ့ ႐ုရွားပင္လယ္သြား စစ္ သေဘၤာမ်ားတည္ေဆာက္သူ Nevskoe က ႐ုရွားေရတပ္အ တြက္ ေရွ႕ေျပးပုံစံ ေလယာဥ္တင္သေဘၤာဟာ ေမာ္က်ဴလာနည္းပညာျဖင့္ ထုတ္လုပ္မွာျဖစ္ၿပီး Varan လို႔အမည္တြင္တယ္ လို႔ သိရပါတယ္။ ကုမၸဏီရဲ႕ အဆိုအရ ဒီသေဘၤာရဲ႕ အဓိက ရည္႐ြယ္ခ်က္မွာ တိုက္ခိုက္ေရးေလယာဥ္မ်ားအတြက္ ဘက္စုံသုံး ေရေပၚ ေလယာဥ္ကြင္းအေနျဖင့္ တာဝန္ထမ္းေဆာင္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ဒီ Varan သေဘၤာတြင္ ေလယာဥ္ေျပးလမ္းတစ္ခုႏွင့္အ တူ အလိုအေလွ်ာက္စနစ္မ်ားစြာႏွင့္ စက္႐ုပ္နည္းပညာမ်ားကိုပင္ အသုံးျပဳထားဖြယ္ရွိပါတယ္။ ဒီသေဘၤာဟာ ဘက္စုံသုံးေလယာဥ္ ၂၄ စီး၊ ရဟတ္ယာဥ္ ၆ စီးႏွင့္ ေမာင္းသူမဲ့ေလယာဥ္ အစီး ၂၀ အထိ တင္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

ေမာ္က်ဴလာဆိုသည္ မွာ ကေလးမ်ား ေမာ္က်ဴလာ ဘေလာ့တုံးမ်ားဆက္ကာ ကစားသကဲ့သို႔ သေဘၤာမ်ားအား အစိတ္အပိုင္းမ်ားအလိုက္ တည္ေဆာက္ၿပီး ဆက္စပ္ေပးျခင္းျဖစ္ပါတယ္။ ေမာ္က်ဴလာစနစ္ဟာ စစ္သေဘၤာေတြအတြက္ ရႈပ္ေ ထြးေပမည့္ အားသာခ်က္မွာ အခ်ိန္တိုအတြင္းမွာ ၿပီးစီးေအာင္တည္ေဆာက္ႏိုင္ၿပီး လိုသလိုခ်ဲ႕ထြင္ႏိုင္ပါတယ္။

တန္ ၄၅၀၀၀ ေလာက္ရွိမယ့္ ဒီသေဘၤာဟာ အရွည္ ၂၅၀ မီတာ (၈၃၀ ေပ ခန႔္)၊ အျမင့္ ၆၅ မီတာ (၂၁၃ ေပ ခန႔္) ႏွင့္ ေရစူး ၉ မီတာ (ေပ ၃၀ ခန႔္) ရွိကာ ၂၆ ေနာ္တီကယ္မိုင္ (တစ္နာရီ မိုင္ ၃၀ ခန႔္) ႏွင့္ ေမာင္းႏွင္ႏိုင္မွာပါ။ ဒီ ေလယာဥ္တင္သေဘၤာစနစ္ ဟာ အာတိတ္ေဒသရွိ ႐ုရွားႏွင့္ မိတ္ဖက္ႏိုင္ငံမ်ား၏ လႈပ္ရွားမႈတခုလုံးကို ေထာက္ပံ့ဖို႔ရာ ဗဟိုခ်က္ တစ္ခုျဖစ္လာလိမ့္မယ္လို႔ ကုမၸဏီက ဆိုပါတယ္။

ဒီေရေပၚ ေလယာဥ္ကြင္းမ်ားဟာ အာတိတ္ေဒ သမွာရွိတဲ့ သယ္သူပို႔ေဆာင္ေရး၊ ကယ္ဆယ္ေရး ႏွင့္ စစ္ဘက္ဆိုင္ရာေလေၾကာင္း လႈပ္ရွားမႈမ်ားကို အေထာက္အပံ့ေပးသြားႏိုင္မွာျဖစ္သည့္အျပင္ ေျမာက္ပိုင္းပင္လယ္ရွိ ဓာတ္ေငြ႕သိုက္ အသစ္မ်ား တည္ေဆာက္ရန္၊ ထိုေဒသရွိ လမ္း ေၾကာင္းမ်ား၏ ေဘးကင္းလုံၿခဳံမႈရွိရန္ ႏွင့္ ကာကြယ္ေရးဝန္ႀကီးဌာန၏ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ရန္ အတြက္ အသုံးျပဳႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

CRD_Knowledgeworm

Leave a Reply

Your email address will not be published. Required fields are marked *